အောင်ချိမ့်
| အောင်ချိမ့် | |
|---|---|
| မွေးဖွား | ကျော်သန်း ၁၉၄၈၊မေလတစ်ရက် ကျောက်မြောင်း၊ ရန်ကုန်မြို့[၁] |
| ကွယ်လွန် | ဩဂုတ် ၉၊ ၂၀၂၁ (အသက် ၇၂–၇၃) ရန်ကုန် |
| အလုပ်အကိုင် | ကဗျာဆရာ |
| ကျော်ကြားမှုအရင်းခံ | ခင်ခင်ပျို၊ ဂန္ထဝင်မမ |
| အိမ်ထောင်ဖက်(များ) | ဒေါ်ညွန့်ညွန့်သိန်း |
| မိဘ(များ) | ဦးဘအေး၊ ဒေါ်သန်း |
အောင်ချိမ့် (၁၉၄၈–၉ ဩဂုတ် ၂၀၂၁) သည် မြန်မာနိုင်ငံသား ကဗျာဆရာဖြစ်သည်။ ခေတ်ပေါ်ကဗျာ(သို့) မော်ဒန်ကဗျာခေတ်ကို ဦးဆောင်ပုံဖော်ခဲ့သော ကဗျာဆရာများထဲမှ တစ်ယောက်ဖြစ်သည်။ အောင်ချိမ့်သည် မြန်မာကဗျာဆရာများအပေါ် ဩဇာလွှမ်းမိုးခဲ့သောကဗျာအများအပြားကိုရေးသားခဲ့သည်။
ငယ်ဘဝ
[ပြင်ဆင်ရန်]အောင်ချိမ့်ကို ၁၉၄၈ ခုတွင် မွေးဖွားခဲ့သည်။ အထက်တန်းအထိ ပညာသင်ယူခဲ့ပြီး စာပေသင်ယူခြင်းထက် ရန်ကုန်ခရိုင်ကျောင်းသားသမဂ္ဂ ကျောင်းသားလှုပ်ရှားမှုများတွင် ပိုမိုစိတ်ဝင်စား၍ပါဝင်လှုပ်ရှားဆောင်ရွက်ခဲ့သည်။ ၁၉၆၄ခုနှစ်၊ အသက် (၁၆) နှစ်အရွယ်တွင် ဖမ်းဆီးထိန်းသိမ်းခံရပြီး ထောင်တွင်း(၁၅)လ နေခဲ့ရ၏ ။ တိုက်ပိတ်ခံရစဉ် ကာလများမှစ၍ ကဗျာများစတင်ရေးခဲ့သည်။
အနုပညာလမ်းကြောင်း
[ပြင်ဆင်ရန်]အောင်ချိမ့်သည် သုခမိန်လှိုင်(သိဒ္ဓတ္တလှိုင်)၊ မောင်ချောနွယ်၊ ဖော်ဝေးအပါအဝင် အခြားသော ကဗျာဆရာများနှင့်အတူ ခေတ်ပေါ် မြန်မာကဗျာ အရွေ့ကို ဦးဆောင်ခဲ့သူတစ်ဦးဖြစ်သည်။[၂] အောင်ချိမ့်၊ မောင်ချောနွယ်၊ ဖော်ဝေး တို့ (၃) ဦးရေးသားခဲ့သော သစ်ရွက်အသေများပေါ်က ရက်စက်သောဂီတမှာ အထူးထင်ရှားသော ကဗျာစာအုပ်ဖြစ်သည်။ အောင်ချိမ့်၏ ထင်ရှားသော ကဗျာအချို့မှာ ဂန္ထဝင်မမ (၁၉၇၄ တွင် ရေးသားခဲ့ပြီး ၁၉၇၇ တွင် ထုတ်ဝေ)၊ ခင်ခင်ပျိုရေ စောင့်ခဲ့တယ်၊ အသည်းစွဲ ကဗျာဆရာ၊ တောလား တို့ဖြစ်သည်။
ဘဝနိဂုံး
[ပြင်ဆင်ရန်]အောင်ချိမ့်သည် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၉ ရက်၊ ည ၈ နာရီ ၊ ၁၂ မိနစ်တွင် ကွယ်လွန်ခဲ့သည်။[၃] [၄]
ရေးသားထုတ်ဝေခဲ့သောစာအုပ်များ
[ပြင်ဆင်ရန်]| စဉ် | စာအုပ်အမည် | ထုတ်ဝေခုနှစ် | မှတ်ချက် |
|---|---|---|---|
| ၁ | သစ်ရွက်အသေများပေါ်က ရက်စက်သောဂီတ | ၁၉၇၄ | (တရားမဝင်ထွက်ခဲ့) |
| ၂ | ဂန္ထဝင်မမ | ၁၉၇၉ | |
| ၃ | ဂန္ထဝင်မမ | ၁၉၉၃ | (ဒုတိယအကြိမ်) |
| ၄ | ကဗျာ ၁၂ ပုဒ် စုစည်းမှု ၁ | ၁၉၉၅ | |
| ၅ | သမိုင်းဖတ်စာ | ၂၀၀၂ | (မောင်ချောနွယ်နဲ့တွဲဖက်၍) |
| ၆ | ပြဇာတ်မင်းသား | ၂၀၀၃ | |
| ၇ | ဂန္ထဝင်မမ | ၂၀၀၃ | (တတိယအကြိမ်) |
| ၈ | ပုံပြောသူ | ၂၀၀၃ | |
| ၉ | ကဗျာ ၁၂ ပုဒ် စုစည်းမှု ၂ | ၂၀၀၅ | |
| ၁၀ | ဒီစာမျက်နှာပေါ်က ငါ့ခြစ်ရာများ | ၂၀၀၆ | |
| ၁၁ | အသည်းစွဲကဗျာဆရာ | ၂၀၀၈ | |
| ၁၂ | တောလား | ၂၀၁၀ | |
| ၁၃ | ကဗျာ ၁၂ ပုဒ် စုစည်းမှု ၃ | ၂၀၁၀ | |
| ၁၄ | ခင်ခင်ပျိုရေ စောင့်ခဲ့တယ် | ၂၀၁၁ | |
| ၁၅ | လူငယ်တစ်ယောက်အကြောင်း | ၂၀၁၂ | |
| ၁၆ | ပြည်သူလူထုအတွက် ငါ့ကဗျာကိုဖတ်ပါ... | ၂၀၁၃ | |
| ၁၇ | ကပ်ဖ်ကာသို့ | ၂၀၁၃ | |
| ၁၈ | ဆေးရှူတဲ့မောင် | ၂၀၁၃ | |
| ၁၉ | Cheimt & Chan | ၂၀၁၃ | (ပန်းချီချမ်းအေး၏ပန်းချီကားများနှင့် ကဗျာများပေါင်းစည်းခြင်း) |
| ၂၀ | ကဗျာ ၁၂ ပုဒ် စုစည်းမှု ၄ | ၂၀၁၄ | |
| ၂၁ | များများစားစား | ၂၀၁၄ | |
| ၂၂ | ငါ့စုဗူး | ၂၀၁၄ | |
| ၂၃ | ဂန္ထဝင်မမ | ၂၀၁၅ | (စတုတ္ထအကြိမ်) |
| ၂၄ | အန်တီ | ၂၀၁၅ | |
| ၂၅ | ကဗျာ ၁၂ ပုဒ် စုစည်းမှု ၅ | ၂၀၁၅ | |
| ၂၆ | ချစ်မိတ်ဆွေနှင့် အခြား | ၂၀၁၆ | |
| ၂၇ | သစ်ရွက်အသေများပေါ်က ရက်စက်သောဂီတ | ၂၀၁၆ | |
| ၂၈ | ကက်သလောက် | ၂၀၁၆ | (စကားပြေအရေးအသားများ) |
| ၂၉ | Cheimt & Chan ဒုတိယမ္ပိ | ၂၀၁၆ | (ပန်းချီချမ်းအေး၏ပန်းချီကားများနှင့် ကဗျာများပေါင်းစည်းခြင်း) |
| ၃၀ | ကဗျာတစ်ဦးတစ်ယောက်များ | ၂၀၁၆ | |
| ၃၁ | တစ္ဆေ | ၂၀၁၇ | |
| ၃၂ | သမိုင်းဆိုင်ရာ ရုပ်ဝါဒ | ၂၀၁၇ | |
| ၃၃ | စုစုပေါင်း (၁၈)ပုဒ် | ၂၀၁၇ | |
| ၃၄ | ယခုစာအုပ် | ၂၀၁၈ | |
| ၃၅ | ရိုမန့်တစ်ခေတ် | ၂၀၁၈ | |
| ၃၆ | ဂန္ထဝင်မမ | ၂၀၁၉ | (ပဉ္စမအကြိမ်) |
| ၃၇ | ကဗျာဆရာ | ၂၀၁၉ | |
| ၃၈ | ဇာတ်ခုံ | ၂၀၂၁ | |
| ၃၉ | ကဗျာတစ်ဦးတစ်ယောက်များ | ၂၀၂၂ | (ဒုတိယအကြိမ်) |
| ၄၁ | လူငယ်တစ်ယောက်အကြောင်း | ၂၀၂၂ | (ဒုတိယအကြိမ်) |
| ၄၀ | ကပ်ဖ်ကာသို့ | ၂၀၂၂ | (ဒုတိယအကြိမ်) |
ကိုးကား
[ပြင်ဆင်ရန်]- ↑ ကဗျာဆရာကြီး အောင်ချိမ့် ကွယ်လွန် (in en)။ Mizzima Myanmar News and Insight။ ၁၀ ဩဂုတ် ၂၀၂၁ တွင် ပြန်စစ်ပြီး။
- ↑ အောင်ချိမ့် သို့မဟုတ် အနုပညာကို ဘာနဲ့မှ မလဲနိုင်သူ (၁၈ နိုဝင်ဘာ ၂၀၁၇)။ ၉ ဩဂုတ် ၂၀၂၁ တွင် ပြန်စစ်ပြီး။
- ↑ ကဗျာဆရာကြီး ဆရာအောင်ချိမ့် ကွယ်လွန်။ Eleven Media Group။ ၂၀၂၁-၀၈-၀၉ တွင် ပြန်စစ်ပြီး။
- ↑ ထင်ရှားတဲ့ မြန်မာစာရေးဆရာသုံးဦး တနင်္လာနေ့က ကွယ်လွန်။ VOA (မြန်မာပိုင်း)။ ၂၀၂၁-၀၈-၁၀ တွင် ပြန်စစ်ပြီး။
| ဤ မြန်မာလူပုဂ္ဂိုလ် အတ္ထုပ္ပတ္တိ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |