အုံးလီးဖန်

ဝီကီပီးဒီးယား မှ
OnlyFans
ဖတ်ရှုရရှိနိုင်မှုEnglish
တည်ထောင်နိုဝင်ဘာ ၂၀၁၆; ၇ နှစ် အကြာက (၂၀၁၆-၁၁)
ဌာနချုပ်
လန်ဒန်, အင်္ဂလန်
ပိုင်ဆိုင်သူFenix International Limited
တည်ထောင်သူများတင် စတုတ်ကလီ
စီအီးအိုတင် စတုတ်ကလီ
လက်ရှိ အခြေအနေActive

ဥံးလီးဖန် (အင်္ဂလိပ်: OnlyFans) သည် လန်ဒန်အခြေစိုက် အသင်းဝင်ကြေးယူ အကြောင်းအချက်မျှဝေရေး ဝန်ဆောင်မှုတခုဖြစ်ပြီး အကြောင်းအချက်များဖန်တီးသူတို့သည် အသင်းဝင်ကြေးသွင်းသူတို့ ပေးသောငွေကို ရယူခွင့် ရှိသည်။ [၁] အသင်းဝင်သူတို့ထံမှ လစဉ်ကြေးဖြင့် ငွေရနိုင်သည့်အပြင် အပိုဆုပေးစနစ်၊ တခါကြည့်တခါပေးစနစ်များလည်း ထည့်သွင်းပေးထားသည်။ [၂]

ဝန်ဆောင်မှုတွင် ဂီတပညာရှင်များ၊ ကိုယ်ကာယကြံ့ခိုင်ရေးပညာရှင်များနှင့် အခြားစိတ်ဝင်စားဖွယ်ဗီဒီယို ဖန်တီးနိုင်သူများ ရှိသော်လည်း ဖန်တီးသူအများစုမှာ လိင်လုပ်သားများ ဖြစ်နေသည်။ ၂၀၂၁ ခု၊ ဩဂုတ်လ ၁၉ ရက်တွင် အောက်တိုဘာလမှစ၍ လိင်ပိုင်းဆိုင်ရာအကြောင်းအချက်များကို ဝက်ဘ်ဆိုက်ပေါ်မှ ဖယ်ရှားကာ နောင်တွင် အလားတူအကြောင်းအချက်မျိုး တင်၍ ငွေရှာခွင့်ပြုတော့မည်မဟုတ်ဟု ကြေညာချက်ထုတ်ပြန်ခဲ့ပြီးနောက် [၃]တစ်ပတ်အကြာမှာပဲကုမ္ပဏီ၏ CEOတင် စတုတ်ကလီ ဖြစ်သူက ကြေညာချက်အားရုပ်သိမ်းခဲ့ပြီး လိင်အသားပေး ရုပ်သံများအား ပြန်လည်မျှဝေခွင့်ပြုခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. "FENIX INTERNATIONAL LIMITED - company report". Dun & Bradstreet.
  2. Jankowicz, Mia. "We spoke to a woman earning more than $100,000 a year selling explicit content on OnlyFans — this is exactly how she makes her money". Business Insider. Retrieved 13 May 2020.
  3. Shaw, Lucas (19 August 2021). "OnlyFans to Block Sexually Explicit Videos Starting in October". Bloomberg. Retrieved 19 August 2021.