အုပ်စုတူအဆင့်တူအချင်းချင်းများ

ဝီကီပီးဒီးယား မှ
ဗဟိုအခြေခံ အဆောက်အအုံမပါရှိပဲ အုပ်စုတူ အဆင့်တူအချင်းချင်း စနစ်တစ်ခု၏ဆုံမှတ်။
ဗဟိုချုပ်ကိုင်သော ဆာဗာအခြေပြုဝန်ဆောင်မှုပုံစံ။

အုပ်စုတူအဆင့်တူအချင်းချင်း (အင်္ဂလိပ်: Peer-to-peer) တွက်ချက်ခြင်း သို့မဟုတ် ကွန်ယက်ဆက်သွယ်ခြင်း သည် ဖြန့်ဝေထားပြီးဖြစ်သော အသုံးပြုခြင်းတည်ဆောက်ပုံဖြစ်သည်။ ၎င်းသည် အုပ်စုတူအဆင့်တူ များအကြား တာဝန်ဝတ္တရားများ သို့မဟုတ် အလုပ်ပမာဏခွဲဝေပိုင်းခြားခြင်းကို ပြုလုပ်သည်။ အသုံးပြုသူစွမ်းရည်တူညီသော ပါဝင်သူအုပ်စုတူအဆင့်တူများ တူညီစွာအကျိုးခံစားကြသည်။ ၎င်းတို့ကို ဆုံမှတ်များ၏ အုပ်စုတူအဆင့်တူအချင်းချင်း ကွန်ယက်တစ်ခုဖွဲ့စည်းမှုဆုံမှတ်ဟု ဆိုကြသည်။ အုပ်စုတူအဆင့်တူတို့သည် ၎င်းတို့၏ အရင်းအမြစ်များ၏အပိုင်းတစ်ခုကို ပြုလုပ်ကြသည်။

၎င်းတို့မှာ စွမ်းအင်အလုပ်လုပ်ခြင်း၊ disk သိမ်းဆည်းခြင်း သို့မဟုတ် ဆက်သွယ်ရေးကွန်ယက်အပေါ် အများဆုံးအချက်အလက်လွှဲပြောင်းပေးပို့နိုင်မှု ကွန်ယက် server များ သို့မဟုတ် အခြား ကွန်ပျူတာများအတွက် Server တစ်ခုသဖွယ်ဆောင်ရွက်သည့် တည်ငြိမ်သော ကွန်ပျူတာများ အားဖြင့် ဗဟိုပူးပေါင်းဆောင်ရွက်ခြင်းအတွက် လိုအပ်ချက်မရှိပဲ အခြားကွန်ယက်တွင် ပါဝင်သူ များသို့ တိုက်ရိုက်ရရှိနိုင်သည်။ အုပ်စုတူအဆင့်တူတို့သည် အရင်းအမြစ်ထောက်ပံ့ပေးသူ များနှင့် သုံးစွဲသူနှစ်မျိုးစလုံး ဖြစ်ကြသည်။ Server များကသာထောက်ပံ့ပြီး Client သုံးစွဲသည့်နေရာများရှိ သမားရိုးကျ ကလိုင်းရန့် ဆာဗာနမူနာပုံစံ များ နှင့် မတူညီပါ။

Napster ကဲ့သို့သော ဖိုင်မျှဝေစနစ်အားဖြင့် အုပ်စုတူအဆင့်တူအချင်းချင်း အသုံးချခြင်း ပုံစံသည် လူသိများလာခဲ့သည်။ အုပ်စုတူအဆင့်တူအချင်းချင်း တွက်ချက်ခြင်းပုံစံသည် အသစ်သောဖွဲ့စည်းပုံများနှင့် လူသားတို့အပြန်အလှန်ပြုမူခြင်း၏ အခြားနယ်နိမိတ်အတွင်းရှိ အတွေးအခေါ်များကို လွှမ်းမိုးထားသည်။ ထိုကဲ့သို့သော လူမှုရေးနောက်ကြောင်းများတွင် အုပ်စုတူအဆင့်တူအချင်းချင်းကဲ့သို့သော လူမှုရေးအလေ့အထတစ်ခု ကို တူညီသောအခွင့်အ ရေးများအတွက် လှုံ့ဆော်သူများ လူမှုရေးကွန်ယက်ပြုခြင်းကို ရည်ညွှန်းသည်။ ၎င်းကို လူမှုဝန်း ကျင်တစ်ခုလုံးတွင် တွေ့ရှိနေပြီဖြစ်ပြီး ယေဘုယျအားဖြင့် အင်တာနက်နည်းပညာများအားဖြင့် ရရှိခြင်းဖြစ်သည်။


P2Pစနစ်များ၏ဗိသုကာ[ပြင်ဆင်ရန်]

အုပ်စုတူအဆင့်တူ အချင်းချင်းစနစ်များသည် မကြာခဏ လက်တွေ့နှင့်အလှမ်းဝေးကွာသည့် ထပ်ဆင့်ထားသောကွန်ယက်တစ်ခု အကောင်အထည်ဖော်ဆောင်ရွက်သည်။ အသုံးချခြင်း အလွှာဖြစ်သည့် စတင်သည့်နေရာ ထိပ်ဆုံး သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာကွန်ယက် topology တွင်တည်ဆောက်သည်။ ထိုသို့သော ထပ်ဆင့်ဖြစ်မှုဖြစ်စဉ်တို့ကို ဖော်ပြခြင်းနှင့် အုပ်စုတူ အဆင့်တူရှာဖွေခြင်းနှင့် P 2 P စနစ်ကို ရုပ်ပိုင်းဆိုင်ရာကွန်ယက် topology မှ လွတ်လပ်မှုရှိစေရန် ပြုလုပ်ခြင်းအတွက် အသုံးပြုသည်။ ပါဝင်မှုသည် အင်တာနက်လုပ်ထုံးလုပ်နည်း ( IP ) ကွန်ယက်အောက်တွင် ရှိနေမှုအပေါ် ဝိသေသကျစွာ တိုက်ရိုက်ပြောင်းလဲမှုဖြစ်သည်။ အမည် မသိ အုပ်စုတူအဆင့်တူအချင်းချင်း စနစ်များသည် ချွင်းချက်တစ်ခုဖြစ်ပြီး အရင်းအမြစ်၏ သက်သေ သို့မဟုတ် ခရီးဆုံးရှာဖွေမှုများကို မမှတ်မိစေရန် အပိုအလွှာလမ်းကြောင်းဖေါက် ခြင်းကို အကောင်အထည်ဖော်ဆောင်ရွက်သည်။

ဖွဲ့စည်းထားသော အုပ်စုတူအဆင့်တူအချင်းချင်းကွန်ယက်တွင် အုပ်စုတူအဆင့်တူများ (နှင့်၊ တစ်ခါတစ်ရံလုပ်ဆောင်ချက်များ၊ အရင်းအမြစ်များ) တို့သည် အောက်ပါ အသေးစိတ် စံထားသတ်မှတ်ချက် များနှင့် တစ်ဆင့်ပြီးတစ်ဆင့် ပြဿနာဖြေရှင်းသည့်လုပ်နည်းလုပ်ဟန်ကို စီစဉ်သည်။ ၎င်း သည် တိကျသော topology များနှင့် ပိုင်ဆိုင်မှုများတို့ ထပ်ဆင့်ထားရန် ဦးတည်သည်။ ၎င်းတို့ သည် ဖြန့်ဝေထားသည့် အသေးစိတ်ဇယားအခြေပြု (DHT ) ဖော်ပြချက်ကို Chord စနစ် ( MIT )တွင်အသုံးပြုသည်။ မဖွဲ့စည်းထားသော အုပ်စုတူအဆင့်တူအချင်းချင်းကွန်ယက်များသည် မည်သည့်တစ်ဆင့်ပြီး တစ်ဆင့်ဆောင်ရွက်သည့် လုပ်နည်းလုပ်ဟန်ကို အဖွဲ့အစည်း သို့မဟုတ် ကွန်ယက်ဆက် သွယ်မှုများအတွက် အမြင့်ဆုံးထုတ်လုပ်မှု မပေးပါ။

အထူးသဖြင့် မဖွဲ့စည်းထား သော တည်ဆောက်ပုံသုံးခုကို သတ်မှတ်သည်။ ရိုးရှင်းသော အုပ်စုတူအဆင့်တူအချင်းချင်း စနစ် တွင် ကွန်ယက်တစ်ခုလုံး စွမ်းဆောင်ရည်တူညီသော အုပ်စုတူအဆင့်တူများသာ ပါဝင်သည်။ မည်သည့်အထူးအခြေခံအဆောက်အအုံနှင့် နှစ်သက်သောဆုံမှတ်များမရှိသကဲ့သို့ အလွှာ လမ်းကြောင်းဖေါက်ခြင်း တစ်ခုတည်းသာရှိသည်။ ပေါင်းစပ်ထားသော အုပ်စုတူအဆင့်တူ အချင်းချင်း စနစ်များသည် ထိုသို့သောအခြေခံအဆောက်အအုံဆုံမှတ် တည်ရှိနေရန် ခွင့်ပြု သည်။ ၎င်းကို အကောင်းဆုံးထုတ်လွှတ်မှုများဟု မကြာခဏ ခေါ်ဆိုကြသည်။ ဗဟိုထိန်း ချုပ်သည့် အုပ်စုတူအဆင့်တူအချင်းချင်းစနစ်များတွင် ဗဟို server တစ်ခုသည် လုပ်ဆောင် ချက်များကိုဖော်ပြခြင်းနှင့် စနစ်တစ်ခုလုံးကို တစ်ဦးတည်းနှင့် ပြီးမြောက်စေရန် အသုံးပြု သည်။ သို့သော် ဤအရာတွင် ဖွဲ့စည်းထားသော တည်ဆောက်ပုံတစ်ခုနှင့် ဆင်တူသည်။

အုပ်စုတူအဆင့်တူများအကြားရှိ ဆက်သွယ်ခြင်းများကို မည်သည့်တစ်ဆင့်ပြီး တစ်ဆင့် ပြဿနာဖြေရှင်းသည့်လုပ်နည်းလုပ်ဟန်ကမှ မဆုံးဖြတ်ပါ။ ပထမအရေးကြီးဆုံးနှင့် လူသိများသော အုပ်စုတူအဆင့်တူအချင်းချင်းဖိုင်မျှဝေခြင်းစနစ် Napster သည် ဗဟိုချုပ် ကိုင်သည့်ပုံစံ၏ ဥပမာတစ်ခုဖြစ်သည်။ အခြားတစ်ဖက်ရှိ Gnutella နှင့် Freenet တို့သည် ဗဟိုချုပ်ကိုင်မှုမရှိသော ဥပမာပုံစံတစ်ခုဖြစ်သည်။ Kazaa သည် ပေါင်းစပ်ထားသောပုံစံ၏ ဥပမာ တစ်ခုဖြစ်သည်။ P 2 P ကွန်ယက်များသည် ထုံးစံအတိုင်း ကြီးစွာသော ရုတ်တရက် ဆက်သွယ်ခြင်းများအားဖြင့် ထုတ်လွှတ်မှုဆုံမှတ်များ ဆက်သွယ်ခြင်းအတွက် အသုံးပြုသည်။

အချက်အလက် ဒစ်ဂျစ်တယ်ပုံစံများအပါအဝင် အစရှိသော အသံဖိုင်များနှင့် အချိန်နှင့်တစ်ပြေးညီ အချက်အ လက်ကဲ့သို့သော telephony ဆက်သွယ်ရေးကွန်ယက်အတွင်းရှိ သတင်းစကားအစုအဝေး သည် P 2 P နည်းပညာအသုံးပြုခြင်း အောင်မြင်သည်။ သန့်ရှင်းသော P 2 P ကွန်ယက်တွင် client သို့မဟုတ် server များ၏ အယူအဆများ မရှိပါ။ သို့သော် တူညီသော အုပ်စုတူအဆင့်တူ ထုတ်လုပ်မှုဆုံမှတ်များတွင်သာ ၎င်းသည် ကွန်ယက်ပေါ်ရှိ အခြားသောဆုံမှတ်များသို့ client များ နှင့် server များ နှစ်မျိုး စလုံးကဲ့သို့ တစ်ပြိုင်တည်းဆောင်ရွက်သည်။ ဤသို့သော ကွန်ယက်၏ပုံစံ စီစဉ်မှုသည် Client server ပုံစံနှင့် ကွဲပြားခြားနားသည်။ ဆက်သွယ်ခြင်းသည် ဗဟို server တစ်ခု ပုံမှန်အားဖြင့် အသွားအပြန်ရှိသောနေရာတွင် ဖြစ်သည်။ P 2 P ပုံစံကို အသုံးမပြုပဲ ဖိုင်တစ်ခု လွှဲပြောင်းခြင်း၏ သိသာသော ဥပမာတစ်ခုမှာ ဖိုင်လွှဲပြောင်းခြင်း လုပ်ထုံးလုပ်နည်း (FTP) ဝန်ဆောင်မှုဖြစ်သည်။ ၎င်းတွင် client နှင့် server program များ ထင်ရှားသည်။ client များလွှဲပြောင်းခြင်းကို အစပြုပြီး server များ ဤသို့သော တောင်းဆိုမှုချက် များကို ကျေနပ်အောင်လုပ်ဆောင်ပေးသည်။

ကွန်ယက်ထုတ်လုပ်မှု ဆုံမှတ်များကဲ့သို့ P 2 P ထပ်ဆင့်ထားသောကွန်ယက်သည် အားလုံး သော ပူးပေါင်းပါဝင်သည့် အုပ်စုတူအဆင့်တူများပါဝင်သည်။ တစ်ခုနှင့်တစ်ခုသိသော မည် သည့်ထုတ်လုပ်မှုအမှတ်နှစ်ခုအကြား ဆက်သွယ်ခြင်းများရှိသည်။ ဆိုလိုသည်မှာ အကယ်၍ ပူးပေါင်းပါဝင်သော အုပ်စုတူအဆင့်တူတစ်ဦး P 2 P ကွန်ယက်အတွင်း အခြားအုပ်စုတူအဆင့် တူတစ်ဦး၏ တည်နေရာကိုသိရှိလျှင် ယခင်ထုတ်လုပ်မှုဆုံမှတ်မှ မကြာသေးမှီ ထပ်ဆင့်ထား သောကွန်ယက်သို့ ညွှန်ကြားထားသော အစွန်းထွက်တစ်ခုရှိသည်။ ထပ်ဆင့်ထားသော ကွန် ယက်တွင် ထုတ်လုပ်မှုအမှတ်အသားများ တစ်ခုနှင့်တစ်ခု မည်သို့ချိတ်ဆက်ထားရှိမှုတွင် အခြေခံ၍ P 2 P ကွန်ယက်များကို မဖွဲ့စည်းထားသော သို့မဟုတ် ဖွဲ့စည်းသောကွန်ယက် အဖြစ် ကျွန်ုပ်တို့ ခွဲခြားနိုင်သည်။


ဖွဲ့စည်းထားသော စနစ်များ[ပြင်ဆင်ရန်]

ဖိုင်သည် လွန်စွာရှားပါးသော်ငြားလည်း ဖွဲ့စည်းထားသော P 2 P ကွန်ယက်များ တစ်ကမ္ဘာလုံး ကိုက်ညီသော လုပ်ထုံးလုပ်နည်းအသုံးပြုရန် ထားရှိနေသည်။ မည်သည့်ထုတ်လုပ်မှုအမှတ်မဆို အလိုရှိသောဖိုင်ရှိသည့် အချို့အုပ်စုတူရှာဖွေခြင်းတစ်ခုကို ထိမိစွာသေချာသောလမ်းကြောင်း ပြုခြင်းကို သေချာစေရန်ဖြစ်သည်။ ထပ်ဆင့်သော အဆက်အသွယ်များ၏ ပို၍ဖွဲ့စည်းထား သည့် ပုံစံတစ်ခု၊ ထိုသို့သော အာမခံတစ်ခု တာဝန်ယူသည်။ လွန်စွာ ယေဘုယျအကျဆုံးဖွဲ့ စည်းထားသည့် P 2 P ကွန်ယက်၏ အမျိုးအစားသည် ဖြန့်ဝေထားသည့် အသေးစိတ်ဇယားများ (DHT) ဖြစ်သည်။ ၎င်းတွင် ကိုက်ညီစွာ အသေးစိတ်ထားခြင်း၏ ကွဲလွဲမှုတစ်ခုကို ဖိုင် တစ်ခုချင်း၏ ပိုင်ဆိုင်မှုကို အဓိကအုပ်စုတူအဆင့်တူတစ်ခုသို့ ခန့်အပ်ရန်အသုံးပြုသည်။ အခြားတစ်ဖက်တွင် သော့ချက်တိုင်းအဓိကဆက်သွယ်မှုတစ်ခုကိုစီစဉ်ရန် မိရိုးဖလာ အသေး စိတ်ဇယားတစ်ခု၏ အလုပ်တာဝန်နှင့် တူညီမှုရှိသည်။

ဖြန့်ဝေထားသည့် အသေးစိတ်ဇယားများ[ပြင်ဆင်ရန်]

ဖြန့်ဝေထားသော အသေးစိတ်ဇယားများ

ဖြန့်ဝေထားသော အသေးစိတ်ဇယားများ (DHTs) သည် ဗဟိုချုပ်ကိုင်မှုမရှိသောဖြန့်ဝေထား သောစနစ်များ၏ အမျိုးအစားတစ်ခုဖြစ်သည်။ ၎င်းသည် အသေးစိတ်ဇယားတစ်ခုကဲ့သို့ပင် ရှာဖွေခြင်းဝန်ဆောင်မှုတစ်ခုကို ပေးသည်။ (သော့ချက်၊ တန်ဖိုး) အစုံတို့ကို DHT တွင် သိမ်းဆည်းထားပြီး မည်သည့်ပူးပေါင်းပါဝင်သော ဆုံမှတ်မဆို ပေးထားသောသော့ချက်နှင့် ပတ်သက်သောတန်ဖိုးကို ထိမိစွာပြန်လည်ရယူနိုင်သည်။ သော့ချက်များမှ တန်ဖိုးများသို့ လျာထားသည်ကို ပြုပြင်ရန်အတွက်တာဝန်သည် ထုတ်လုပ်မှုအမှတ်များအကြား ဖြန့်ဝေခြင်း ဖြစ်သည်။ ဤနည်းအားဖြင့် သတ်မှတ်ထားသော ပူပေါင်းပါဝင်သူများသည် အလွန်နည်းပါး သော အနှောင့်အယှက်ပမာဏကို ဖြစ်ပေါ်စေသည်။ ဤအခြင်းအရာသည် DHT များကို အလွန်အမင်းကြီးမားသော ထုတ်လွှတ်မှုအမှတ်အသားများ အရေအတွက်များ ချိန်တွယ်ရန် နှင့် ဆက်တိုက်ရောက်ရှိလာသော ထုတ်လွှတ်မှုဆုံမှတ်များ ထွက်ခွါခြင်းများနှင့် ကျဆုံးခြင်း တို့ကို စီမံကိုင်တွယ်ရန် ခွင့်ပြုသည်။

DHT များသည် အခြေခံအဆောက်အအုံတစ်ခုကို ဖွဲ့စည်းသည်။ ၎င်းသည် အုပ်စုတူအ ဆင့်တူအချင်းချင်း ကွန်ယက်တည်ထောင်ရန် အသုံးပြုနိုင်သည်။ DHT များ အသုံးပြု သည့် မှတ်သားလောက်သော ဖြန့်ဝေထားသည့်ကွန်ယက်များသည် BitTorrent ၏ဖြန့်ဝေ ထားသောလမ်းကြောင်းရှာဖွေသူ၊ ငွေကြေးကွန်ယက်၊ Kad ကွန်ယက်၊ Storm botnet ၊ YaCy နှင့် Coral ပါဝင်မှုဖြန့်ဝေခြင်းကွန်ယက်တို့ ပါဝင်သည်။ အခြား အရေးကြီးသောသုတေသနအစီအစဉ်များတွင် Chord စီမံကိန်း၊ PAST သိုလောင် ခြင်းအသုံးပြုမှု၊ P-Grid ၊ ကိုယ်တိုင်စီစဉ်၍ စတင်ဖြစ်ပေါ်လာသော ထပ်ဆင့်ထားသော ကွန် ယက်တစ်ခုနှင့် CoopNet ပါဝင်မှုဖြန့်ဝေခြင်းစနစ် (ဤစီမံကိန်းများနှင့်ပတ်သက်သော ပြင်ပအ ဆက်အသွယ်များကို အောက်တွင်ကြည့်ပါ) တို့ပါဝင်သည်။ ထိရောက်သော အရင်းအမြစ်ရှာဖွေခြင်း အပြီးသတ်နိုင်ရန်အတွက် DHT အခြေပြုကွန် ယက်များကို ကျယ်ပြန့်စွာ အသုံးပြုခဲ့ပြီးဖြစ်သည်။

Grid တွက်ချက်ခြင်းစနစ်များအတွက် နှင့် အရင်းအမြစ်စီမံမှုတွင် ပါဝင်ကူညီရန်နှင့် ဆောင်ရွက်မှုများကို အစီအစဉ်ချမှတ်ရန်ဖြစ် သည်။ အရင်းအမြစ်ရှာဖွေခြင်းဆောင်ရွက်ချက်သည် အသုံးပြုသူ၏ အကောင်အထည်ဖော် ခြင်းအတွက် လိုအပ်ချက်များနှင့်ကိုက်ညီသော သင့်လျော်သည့်အရင်းအမြစ်အမျိုးအစားရှာ ဖွေခြင်းတွင် ပါဝင်လုပ်ဆောင်သည်။ မကြာသေးမှီက ဗဟိုချုပ်ကိုင်မှုမရှိသော အရင်းအမြစ် ရှာဖွေခြင်း၏ Domain တွင်ရှိသော တိုးတက်မှုများသည် လက်ရှိ DHT များတိုးချဲ့ခြင်းတွင် အခြေခံခဲ့ခြင်းဖြစ်သည်။ ၎င်းတွင် ထောင့်ပေါင်းစုံသော အချက်အလက်အဖွဲ့အစည်း၏စွမ်းရည် များနှင့် မေးမြန်းသောလမ်းကြောင်း ပါဝင်သည်။ အများဆုံးဆောင်ရွက်မှုများကိုSpace လေဟာနယ် အတွင်း data based ကိုထည့်သွင်းခြင်း ဆောင်ရွက်မှုအချက်အလက်များကဲ့သို့သော လေ ဟာနယ်ဖြည့်ဆည်းခြင်းမျဉ်းကွေးများ Space Filling Curves (FC) အပါအဝင် Hilbert curve များ၊ Z – curve များ၊ k-d tree ၊ MX-CIF ၊ Quad နှင့် အုပ် ချုပ်မှု၊ လမ်းဖောက်ခြင်းနှင့် DHT ကွန်ယက်များအပေါ် ရှုပ်ထွေးသော Grid အရင်းအမြစ် ဝတ္တုများမေးမြန်းခြင်း၏ ဖော်ပြခြင်းအတွက် R* - tree တို့ ပါဝင်သည်။

လေဟာနယ် သတင်းအချက်အလက်စာရင်းဇယားများသည် Grid အရင်းအမြစ်စုံစမ်းခြင်းများ၏ အရှုပ်အထွေး ကို ကိုင်တွယ်ရန် အလွန်သင့်လျော်သည်။ သို့သော် အခြားလေဟာနယ်သတင်းအချက်အ လက်စာရင်းဇယားများသည် လုပ်ငန်းလုပ်ဆောင်ချိန်အတွင်း အသုံးပြုရမည့် အချက်အလက်အစုအဝေးတစ်ခု၏ ညီမျှ သောဝန်လမ်းကြောင်းပြုလုပ်ခြင်းနှင့် ပတ်သက်သောအကြောင်းအရာများလည်း ရှိနိုင်သည်။ Hops ၏ နံပါတ်များဖြတ်ကျော်မှုရှာဖွေခြင်းနှင့် Grid အရင်းအမြစ်စုံစမ်းမှုပြုလုပ်နေချိန် သတင်းစကားထုတ်လွှတ်မှုအရ အားလုံးသော လေဟာနယ်သတင်းအချက်အလက်စာရင်း ဇယားများသည် ပို၍ချိန်တွယ်နိုင် သည်။


မဖွဲ့စည်းထားသော စနစ်များ[ပြင်ဆင်ရန်]

တပ်ဆင်သော အဆက်အသွယ်များ ထင်ရာစိုင်း၍တည်ဆောက်သောအခါ မဖွဲ့စည်းသော P 2 P ကွန်ယက်ဖြစ်ပေါ်လာသည်။ ထိုကဲ့သို့သောကွန်ယက်များကို အုပ်စုတူ အဆင့်တူအသစ်တစ်ခုကဲ့သို့ တည်ဆောက်နိုင်ပြီး ၎င်းဆက်သွယ်လိုသောကွန်ယက်သည် အခြား သောဆုံမှတ်၏ လက်ရှိအဆက်အသွယ်များကို ကူးယူနိုင်သည်။ ၎င်းကိုယ်ပိုင်အဆက်အ သွယ်များကို အချိန်တိုင်းပြုလုပ်နိုင်သည်။ အကယ်၍ မဖွဲ့စည်းထားသော P 2 P ကွန်ယက် တစ်ခုတွင် အုပ်စုတူအဆင့်တူတစ်ဦး ကွန်ယက်တွင် အချက်အလက်အပိုင်းအစကို ရှာဖွေ လိုလျှင် များနိုင်သမျှသော အချက်အလက်မျှဝေသည့် အုပ်စုတူအဆင့်တူများကို ကွန်ယက်မှ တစ်ဆင့်ရှာဖွေရန် စုံစမ်းခြင်းကို လွှမ်းမိုးထားရမည်။ ထိုသို့သော ကွန်ယက်များနှင့် ပတ်သက် သည့် အကျိုးမရှိခြင်းများသည် စုံစမ်းခြင်းကို ဘယ်သောအခါမျှ ဖြေရှင်းလိမ့်မည် မဟုတ်ပါ။

လူသိများသောပါဝင်မှုသည် အမျိုးမျိုးသော အုပ်စုတူအဆင့်တူများတွင် ရရှိနိုင်ရန်ဖြစ်နိုင်ပြီး မည်သို့သော အုပ်စုတူအဆင့်တူမဆို ၎င်းကိုရှာဖွေလျှင် တူညီသောအရာတွေ့ရှိနိုင်ရန် ဖြစ် နိုင်သည်။ အုပ်စုတူအဆင့်တူတစ်ဦးအနေဖြင့် အနည်းငယ်သောအချို့ အုပ်စုတူအဆင့်တူများ မျှဝေထားသော ရှားပါးသည့်အချက်အလက်ကိုရှာဖွေမည်ဆိုလျှင် ရှာဖွေခြင်းသည်ပင်လျှင် အောင်မြင်ရန် အလွန်မဖြစ်နိုင်ပါ။ အုပ်စုတူအဆင့်တူတစ်ဦးအနေနှင့် ၎င်းအုပ် ချုပ်သော ပါဝင်မှုအကြား အပြန်အလှန်ဆက်ဆံမှု မရှိချိန်မှစ၍ လွှမ်းမိုးခြင်းသည် အလိုရှိသော အချက်အလက်ပါရှိသည့် အုပ်စုတူအဆင့်တူတစ်ဦးကိုတွေ့ရှိရန် မသေချာတော့ပါ။ လွှမ်းမိုး ထားခြင်းသည်လည်း ကွန်ယက်အတွင်းတွင် များစွာသောလမ်းကြောင်း ညွှန်ပြခြင်းများကို ဖြစ်စေသည်။ ထို့ကြောင့် ကွန်ယက်များ တို့သည် ထုံးစံအတိုင်း လွန်စွာညံ့ဖျင်းသောရှာဖွေမှု စွမ်းရည် ရှိကြသည်။ များစွာသော လူသိများသည့် P 2 Pကွန်ယက်တို့သည် မဖွဲ့စည်းထား ကြပါ။

သန့်ရှင်းသော P 2 Pကွန်ယက်များတွင် အုပ်စုတူအဆင့်တူများသည် တူညီစွာ ပြုမူသည်။ Client များ၏ဝတ္တရားများနှင့် server ကို ရောစပ်သည်။ ထိုကဲ့သို့သော ကွန်ယက် များတွင် ဗဟို server အုပ်ချုပ်ခြင်းကွန်ယက် မရှိပါ။ ဗဟို router တစ်ခုလည်း မရှိပါ။ အချို့ အုပ်စုတူအဆင့်တူအချင်းချင်း ဖိုင်များမျှဝေခြင်းအတွက် ပုံစံထုတ်ထားသော သန့်ရှင်းသော P 2 P အကောင်အထည်ဖော်သည့်အလွှာ ကွန်ယက်များမှာ Gnutella (pre v0.4 )နှင့် Freenet တို့ဖြစ်ကြသည်။ ရောစပ်ထားသော P 2 P စနစ်များလည်း တည်ရှိသည်။ ၎င်းသည် ၎င်းတို့၏ client များကို နှစ်ဖွဲ့ခွဲဖြန့်ဝေသည်။ client ဆုံမှတ်များနှင့် ထပ်ဆင့်ဆုံမှတ်များ ဖြစ်သည့်ထုံးစံအတိုင်းclient တစ်ခုစီသည် ကွန်ယက်၏ တစ်ခဏတာ လိုအပ်ချက် အရ ပြုလုပ်ဆောင်ရွက်နိုင်ပြီး P 2 P ပုံစံကို ညှိနှိုင်းနေကျ သက်ဆိုင်သည့် ထပ်ဆင့် ကွန်ယက်၏ အပိုင်းဖြစ်လာနိုင်သည်။ ဤသို့သော ပုံမှန်နှင့် ပို၍ကောင်းမွန်သော ဆုံမှတ် များအကြားပိုင်းခြားထားခြင်းသည် အစောပိုင်းသန့်ရှင်းသော P 2 P ကွန်ယက်များအပေါ် ချိန် တွယ်ခြင်းပြဿနာများကို ဖြေရှင်းရန်ပြုလုပ်ပြီးဖြစ်သည်။ ထိုသို့သော ကွန်ယက်များအတွက် ဥပမာများမှာ - ဥပမာအားဖြင့် Gnutella (ပြီးနောက် v0.4 )သို့မဟုတ် G2 ဖြစ်သည်။

ရောစပ်ထားသော P 2 Pအခြားကွန်ယက်အမျိုးအစားမှာ ဗဟို server (များ) တစ်ဖက်တွင် အသုံးပြုခြင်း (သို့မဟုတ်) တစ်ဦးတည်းနှင့် ပြီးမြောက်စေခြင်းတည်ဆောက်ပုံများ၊ အခြား တစ်ဖက်တွင် P 2 P အတွက် ၎င်း၏အချက်အလက်လွှဲပြောင်းပေးခြင်းတို့ ဖြစ်သည်။ ယေဘုယျ အားဖြင့် ဤသို့သောကွန်ယက်များကို "ဗဟိုထိန်းချုပ်မှုကွန်ယက်များ" ဟုခေါ်သည်။ ၎င်းတို့၏ ဗဟို server (များ) မပါရှိပဲ အလုပ်လုပ်ရန်စွမ်းဆောင်ရည်မရှိခြင်းကြောင့် ဖြစ်သည်။ ထိုသို့ သော ကွန်ယက်တစ်ခု၏ ဥပမာတစ်ခုမှာ eDonkey network (eD2k) ဖြစ်သည်။

ဖော်ပြခြင်းနှင့် အရင်းအမြစ်ရှာဖွေခြင်း[ပြင်ဆင်ရန်]

ပို၍ဟောင်းသော အုပ်စုတူအဆင့်တူအချင်းချင်း ကွန်ယက်များသည် ကွန်ယက်အတွင်းရှိ ဆုံမှတ်တိုင်းအပေါ် အရင်းအမြစ်များကို ပုံတူကူးယူသည်။ ထိုကဲ့သို့သော သတင်းအချက် အလက်အမျိုးအစားကို ပုံဖော်ရန်ဖြစ်သည်။ ဤအခြင်းအရာသည် ဒေသတွင်းရှာဖွေမှုကို ခွင့်ပြုသော်လည်း လမ်းကြောင်းများစွာလိုအပ်သည်။ ခေတ်သစ်ကွန်ယက်များသည် ဗဟို ညှိနှိုင်းဆောင်ရွက်ခြင်းserver များကိုအသုံးပြုပြီး ရှာဖွေ ခြင်းတောင်းဆိုမှုများကို ညွှန်ကြား သည်။ ဗဟို server များသည် ထုံးစံအတိုင်းဖြစ်နိုင်ချေရှိသော အုပ်စုတူအဆင့်တူ (Tor) များစာရင်းပြုထားခြင်းအတွက် အသုံးပြုသည်။ ၎င်းတို့၏ လုပ်ဆောင်မှုများ (Folding @home ) ကို ညှိနှိုင်းဆောင်ရွက်ခြင်းနှင့် (Napster , eMule ) ရှာ ဖွေခြင်းတို့ ဖြစ်သည်။ ဗဟိုချုပ်ကိုင်ခြင်းမဟုတ်သောရှာဖွေခြင်းကို အုပ်စုတူအဆင့်တူတစ်ခုလုံး လွှမ်းမိုးထားသော ရှာဖွေ ခြင်းတောင်းဆိုချက်ရှာဖွေ ခြင်းများအားဖြင့် ဆောင်ရွက်ပြီးဖြစ်သည်။ ပို၍ထိမိ သော ညွှန်ကြားထားသည့် ရှာဖွေခြင်းနည်းဗျူဟာများမှာ အင်အားကြီးသောဆုံမှတ်များနှင့် ဖြန့်ဝေထားသော အသေးစိတ်ဇယားများပါဝင်ပြီး ယခုအသုံးပြုကြသည်။ များစွာသော P 2 P စနစ်သည် ပို၍အင်အားကြီးမားသော အုပ်စုတူအဆင့်တူများကို server များ အဖြစ်အသုံးပြုပြီး Client အုပ်စုတူအဆင့်တူများသည် ထိပ်ဆုံးမှ ဖက်ရှင်တစ်ခု အတွင်းရှိ တစ်ခုတည်းသောအင်အားကြီး အုပ်စုတူအဆင့်တူသို့ ဆက်သွယ်သည်။

အုပ်စုတူအဆင့်တူအချင်းချင်းကဲ့သို့သော စနစ်များ[ပြင်ဆင်ရန်]

အုပ်စုတူအဆင့်တူအချင်းချင်းနည်းပညာ၏ ခေတ်သစ်အဓိပ္ပာယ်ဖွင့်ဆိုချက်များတွင် သဘော တူညီချက်သည် ဤဆောင်းပါးတွင်ပါရှိသော အထွေထွေတည်ဆောက်ပုံအယူအဆများ အကျဉ်းချုပ် ထားသည်ကို သွယ်ဝိုက်၍အကြံပြုထားသည်။ မည်သို့ပင်ဖြစ်စေ အုပ်စုတူအဆင့်တူအချင်း ချင်းတွက်ချက်ခြင်း၏ အခြေခံအယူအဆကို အစောပိုင်း software စနစ်များတွင် တွေ့မြင်ရပြီး ဖြစ်ပြီး ကွန်ယက်ပြုခြင်းဆွေးနွေးမှုများ၊ ပထမထင်မြင်ချက်များအပေါ် တောင်းဆိုခြင်းစသည်တို့ RFC 1 ၁ တွင် ဖော်ပြထားသောမူများသို့ ပြန်လည်ရောက်ရှိရန်ဖြစ်သည်။

ဖြန့်ဝေထားသောသတင်းစကားစနစ်သည် မကြာခဏအစောပိုင်းအုပ်စုတူ အဆင့်တူအချင်းချင်း တည်ဆောက်ပုံတစ်ခုကဲ့သို့ ဆက်သွယ်ထားရှိခြင်းကို USENET ကွန်ယက်ဟုခေါ်သည်။ ၎င်းကွန်ယက် စနစ်သစ်သည် မူအရ ၎င်းတို့သတင်းဆောင်းပါးများကိုဖတ်သောအချိန် သို့မ ဟုတ် ဖော်ပြသောအချိန် client အယူအဆ သို့မဟုတ် အသုံးပြုသူထံမှ Client server ပုံစံတစ်ခု ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သတင်း server များသည် တစ်ခုနှင့် တစ်ခု အုပ်စုတူအဆင့်တူများကဲ့သို့ဆက်သွယ်ကြပြီး ကွန်ယက် server များ၏ အဖွဲ့တစ်ခုလုံး အပေါ် USENET သတင်းများထုတ်လုပ်ရန် ဖြစ်သည်။

တူညီစွာသောစဉ်းစားတွေးခေါ်ခြင်းကို SMTP email အယူအဆသို့ အသုံးပြု၍ ၎င်းအဓိက email သည် အုပ်စုတူ အဆင့်တူအချင်းချင်း ဝိသေသပါရှိသော စာလွှဲပို့ခြင်း ကိုယ်စားလှယ် များ၏ ကွန်ယက်ကို အားကိုးနေရခြင်းသည် email client များ၏ စက်ဝိုင်းအနားရစ်နှင့် ၎င်းတို့၏ ညွှန်ကြားထားသောဆက်သွယ်မှုများသည် တိကျသော client server ဆက်ဆံရေး ဖြစ်နေချိန်ဖြစ်သည်။ Tim Berners-Lee ၏ တစ်ကမ္ဘာလုံးကွန်ယက်အတွက် ရည်မှန်းချက်သည် ၎င်း၏တစ်ကမ္ဘာလုံးကွန်ယက်အ editor/browser အားဖြင့် သက်သေပြခြင်းသည် အုပ်စုတူ အဆင့်တူအချင်းချင်းပုံစံတစ်ခုနှင့် နီးစပ်သည်။ ၎င်းတွင် ကွန်ယက်အသုံးပြုသူတစ်ဦးတိုင်း သည် သွက်လက်သော editor နှင့် ဖြန့်ဝေသူတစ်ဦးဖြစ်ပြီး ဆက်သွယ်မှုများ၏ အတွင်း ဆက် “ကွန်ယက်”တစ်ခုဖွဲ့စည်းရန်ပါဝင်မှုကို ဆက်စပ်ခြင်းနှင့် ဖန်တီးခြင်းဖြစ်သည်။ ဤအ ခြင်းအရာသည် ထုတ်လွှင့်မှု ကဲ့သို့သော နှစ်များကြာမြင့်စွာပြုလုပ်ခဲ့သော ကွန်ယက်၏ပုံစံ နှင့် ဆန့်ကျင်သည်။


အကျိုးကျေးဇူးများနှင့် အားနည်းချက်များ[ပြင်ဆင်ရန်]

P 2 P ကွန်ယက်များတွင် client များ အရင်းအမြစ်များပေးသည်။ ၎င်းတွင် ဆက် သွယ်ရေးကွန်ယက်တစ်ခုအပေါ် မြန်ဆန်သော အချက်အလက်လွှဲပြောင်းပေးနိုင်မှု၊ သို လှောင်ရန်နေရာအလွတ်နှင့် စွမ်းအားတွက်ချက်ခြင်း ပါဝင်သည်။ ထုတ်လွှတ်မှုအမှတ်များ ရောက်ရှိခြင်းနှင့် စနစ်များပေါ်တွင်တောင်းဆိုခြင်းများ တိုးမြင့်လာသည်နှင့် စနစ်၏စုစုပေါင်း စွမ်းရည်သည်လည်း တိုးမြင့်လာသည်။ တစ်နည်းအားဖြင့် ကိုယ်စားပြုသော client server တည်ဆောက်ပုံတစ်ခုတွင် client များသည် စနစ်ဖြင့် ၎င်းတို့၏တောင်းဆိုမှုများကို သာ မျှဝေသည်။ သို့သော် ၎င်းတို့၏ အရင်းအမြစ်များမဟုတ်ပါ။ ဤကိစ္စတွင် စနစ်ကိုဆက် သော client များလာလေလေ client တစ်ခုချင်းဝန်ဆောင်မှုပေးရန် ရရှိ နိုင်သောအရင်းအမြစ်နည်းလာလေလေ ဖြစ်သည်။

P 2 P ၏ ဖြန့်ဝေထားသောသဘာဝသည်လည်း စွမ်းအားတိုးမြင့်လာပြီးသန့်ရှင်း သော P 2 P စနစ်တွင် ဗဟိုထိန်းချုပ်သော ဖော်ပြထားသည့် server တစ်ခုအပေါ် အားကိုးခြင်း မရှိပဲ အချက်အလက်ကိုရှာဖွေရန်အုပ်စုတူအဆင့်တူများတတ်နိုင်ခြင်းဖြစ်သည်။ မကြာသေးမီတုန်းက ဒီစနစ်တွင်အမှားတစ်စုံတရာမရှိပါ။ များစွာသောကွန်ယက်စနစ်များမလုံခြုံခြင်းနှင့်လက်မှတ်ရေးထိုးထားခြင်း မရှိသောကြောင့် ဓားစာခံတစ်ဦး၏ကွန်ပျူတာပေါ်ရှိ ဖိုင်များကို အဝေးမှအသုံးပြုနိုင်ခြင်းကို ခွင့်ပြုခြင်း သို့မ ဟုတ် ကွန်ယက်တစ်ခုလုံးကိုလည်း နားလည်သဘောပေါက်စေသည်။ လွန်ခဲ့ပြီး သောကာလတွင် ဤအခြင်းအရာသည် မြန်သောလမ်းကြောင်းကွန်ယက်တွင် ဥပမာတစ်ခု ဖြစ်ခဲ့သည်။ P 2 P ဆန့်ကျင်သော ကုမ္ပဏီများက၎င်းတို့မစွမ်းဆောင်နိုင်သောကိစ္စများကို download နှင့် download file များအဖြစ်သို့မိတ်ဆက်ရန် စီမံနေချိန်ဖြစ်သည်။၎င်းdownload နှင့် download file များဟာ အများအားဖြင့်ရေရှည်အတွက်မဟုတ်သည့် MP3 file များ သို့မဟုတ် တစ်ဦးတစ်ယောက်ကို အန္တရာယ်ပြုနိုင်သော code ပါဝင် သည်။

အကျိုးဆက်အားဖြင့် ယနေ့ P 2 P ကွန်ယက်များကို ၎င်းတို့လုံခြုံရေး၏ ကြီးမားစွာသော တိုးမြှင့်ခြင်းတစ်ခုနှင့် ဖိုင်စမ်းသပ်လည်ပတ်ပုံများ တွေ့ရှိရသည်။ ခေတ်သစ် ပိုင်းခြားခြင်း၊ မှန်ကန်မှုရှိမရှိစမ်းသပ်ခြင်းနှင့် အမျိုးမျိုးသောဝှက်စာရေးခြင်းပုံစံများတို့သည် များ စွာသောကွန်ယက်များ မည်သည့်တိုက်ခိုက်မှုအမျိုးအစားကိုမဆို ခုခံနိုင်ရန် ပြုလုပ်ခဲ့သည်။ လုပ်ဆောင်ခြင်းမရှိသော host များသို့မဟုတ်အတုအယောင်အားဖြင့်တာဝန်ရှိသည့်ကွန်ယက်၏အဓိကအစိတ်အပိုင်းများကိုပြန်လည်နေရာချ ထားချိန်တွင်လည်းဖြစ်သည်။ မြင့်မားသောကွန်ယက်တစ်ခုအတွင်းအချက်အလက်ကို အမြင့်ဆုံးနှုန်းဖြင့် လွှဲပြောင်းခြင်း အသုံးပြုမှုအရ P 2 P ဖိုင်မျှဝေမှုလမ်းကြောင်းကိုထိန်းချုပ်ရန် အင်တာနက်ဝန်ဆောင်မှုပေးသူ များ (ISP များ) သိရှိခဲ့ကြသည်။ ကွန်ယက်ရှာဖွေခြင်း၊ email သို့မဟုတ် များစွာ သော အင်တာနက်အသုံးပြုခြင်းများကိုနှိုင်းယှဉ်လျှင် အချက်အလက်သည် အချိန်တိုအတွင်း တွင်သာ လွှဲပြောင်းပေးပြီး အချိုးတူညီသည့် သေးငယ်သောအရေအတွက်များဖြစ်သည်။

ဆက် တိုက်ဖြစ်စေသော ဖိုင်လွှဲပြောင်းမှုများနှင့် အအုပ်အသင်း/ကွန်ယက်ညှိနှိုင်းခြင်း packet များ အရ P 2 P ဖိုင်မျှဝေခြင်းသည် အချိုးတူညီစွာကြီးမားသော ကွန်ပျူတာအချက်အလက်လွှဲ ပြောင်းခြင်း အမြင့်ဆုံးနှုန်းအသုံးပြုခြင်း မကြာခဏပါဝင်သည်။ ဤမြန်ဆန်သောအချက်အလက်လွှဲပြောင်း ခြင်း က P 2 P အသုံးချခြင်းများကိုစတင် ရှုပ်ထွေးစေသည်။ ၎င်းတို့ မှာ - BitTorrent ဝှက်စာပြုလုပ်ခြင်းလုပ်ထုံးလုပ်နည်းကဲ့သို့ဖြစ်သည်။ လုပ်ထုံးလုပ်နည်းရှုပ် ထွေးခြင်းသည် လွယ်ကူစွာသတ်မှတ်နိုင်သော လုပ်ထုံးလုပ်နည်းများ၏ ပိုင်ဆိုင်မှုများပါဝင် ခြင်း သို့မဟုတ် ဖယ်ရှားခြင်းဖြစ်သည်။ ၎င်းတို့မှာ ဆုံးဖြတ်နိုင်သော byte အစီအစဉ်များ နှင့် packet အရွယ်အစားများကို တွေ့တတ်ရာအချက်အလက်ကဲ့သို့ ပြုလုပ်သော ကြောင့်ဖြစ်သည်။ ဖြစ်နိုင်ချေရှိသော အဖြေတစ်ခုကို P 2 P caching ဟုခေါ်သည်။ ISP တစ်ခုသည် ဖိုင်များ၏အပိုင်းကို စုဆောင်းရန်ဖြစ်သည်။ အများအားဖြင့် အင်တာနက်အသုံးပြုခြင်းစု ဆောင်းရန် P 2 P Client များမှ အသုံးပြုသည်။


လူမှုရေးနှင့် စီးပွားရေးရိုက်ခတ်မှု[ပြင်ဆင်ရန်]

အုပ်စုတူအဆင့်တူအချင်းချင်း (လူမှုအလေ့အထ)[ပြင်ဆင်ရန်]

P 2 P အယူအဆသည် ကြီးမားလာသည့်အသုံးပြုခြင်းများသို့ ဖြန့်ဝေထားသောကွန်ယက်များ တွင် လှုပ်ရှားထက်မြက်သော ပတ်သက်မှုများသဖွယ် တိုးမြှင့်လာခဲ့သည်။ ဆိုလိုသည်မှာ ကွန်ပျူတာမှ ကွန်ပျူတာသို့သာမဟုတ်ပဲ လူမှလူသို့ဖြစ်သည်။ လွတ်လပ်၍ပွင့်လင်းသော အရင်းအမြစ် software နှင့် Wikipedia ကဲ့သို့သော ပူးပေါင်းဆောင်ရွက်သည့် စီမံကိန်းများအထိ လှုဒါန်းရန် Yochai Benkler သည် အများနှင့်သက်ဆိုင်ခြင်းများ အခြေပြုအုပ်စုတူအဆင့်တူ ထုတ်လုပ်မှုကိုတီထွင်ခဲ့သည်။ အုပ်စုတူအဆင့်တူထုတ်လုပ်ခြင်းနှင့် ပတ်သက်သည် တို့မှာ

  • အုပ်စုတူအဆင့်တူ စီမံအုပ်ချုပ်ခြင်း (အုပ်စုတူအဆင့်တူ ထုတ်လုပ်ခြင်းစီမံကိန်းများကို အုပ်ချုပ်မှုတွင် အမူအကျင့်များကို ရည်ညွှန်းသည်)
  • အုပ်စုတူအဆင့်တူပိုင်ဆိုင်မှု (အသစ်သောခွင့်ပြုအမိန့်စာအမျိုးအစားကို ရည်ရွယ် သည်၊ ၎င်းသည် တစ်ဦးချင်းရေးသားမှုကို မှတ်သားသည်။ သို့သော် တစ်ခုတည်း သောပိုင်ဆိုင်မှုအခွင့်အရေးများဖြစ်ကြသော GNU အထွေထွေလူထုအမိန့်စာနှင့် တီထွင်သော အများနှင့်ဆိုင်သည့်အမိန့်စာ ဖြစ်သည်။)
  • အုပ်စုတူအဆင့်တူဖြန့်ဝေခြင်း (သို့မဟုတ် ထုတ်ကုန်များတွင်ပါရှိသော အပြုအမူ၊ အထူးသဖြင့် အုပ်စုတူအဆင့်တူများထုတ်လုပ်သော ထုတ်ကုန်များကို ဖြန့်ဝေသည်) တို့၏ အယူအဆများဖြစ်သည်။

အချို့သောသုတေသနပြုသူများသည် စွမ်းရည်ရှိသော အရေးကြီးသည့်လူထုများ၏ အကျိုးအ မြတ်များကို ဖော်ပြသည်။ ကိုယ်တိုင်စီစဉ်ခြင်းနှင့် အရင်းအမြစ်မျှဝေခြင်း၊ ပူးပေါင်းဆောင်ရွက် ခြင်းအတွက် မက်လုံးများကို မိတ်ဆက်ပေးသည်။ ငြင်းခုံကြသည်မှာ ယနေ့ခေတ်၏ အုပ်စုတူ အဆင့်တူအချင်းချင်းစနစ်များမှ လူမှုရေးရှုထောင့်ပျောက်ဆုံးခြင်းကို ကိုယ်တိုင်စီစဉ်၍ အရေး ကြီးသောလူထုအတွက် တည်ဆောက်ရန်နှင့် အားပေးအားမြောက်ပြုခြင်းနှစ်ရပ်စလုံးကို ပန်း တိုင်တစ်ခုနှင့် စနစ်တစ်ခုအဖြစ်တွေ့မြင်ရန် ဖြစ်သည်။ ဆောင်ရွက်လျက်ရှိသော P 2 P အတွင်းရှိ ထိရောက်သောမက်လုံးတည်ဆောက်ပုံများကို ပုံစံရေးဆွဲခြင်းအတွက် သုသေတန အားစိုက်ထုတ်မှုများသည် game theory မှ အခြေခံသဘောတရားများပေါ်တွင် အခြေခံသည်။ ဤ theory များသည် စိတ်ပိုင်းဆိုင်ရာနှင့်ထပ်ဆင့်ပတ်သက်မှုတစ်ခုနှင့် သတင်းအချက် ပြုလုပ်ခြင်းလမ်းညွှန်မှုအပေါ် စတင်ဆောင်ရွက်သည်။


လုပ်ငန်းအသုံးချခြင်းများ[ပြင်ဆင်ရန်]

အုပ်စုတူအဆင့်တူအချင်းချင်းကွန်ယက်များ၏ များစွာသောအသုံးချခြင်းများ ရှိကြသည်။ အများဆုံးလူသိများသည်မှာ ပါဝင်မှုဖြန့်ဝေခြင်းဖြစ်သည်။

ပါဝင်မှုပေးပို့ခြင်း[ပြင်ဆင်ရန်]

  • များစွာသော file တို့သည် ကွန်ယက်များမျှဝေမှုကို ပြုကြသည်။ ၎င်းတို့မှာ Gnutella ၊ G 2 နှင့် မြန်ဆန်သောလမ်းကြောင်းဖြစ်ပြီး အုပ်စုတူအဆင့်တူအချင်းချင်း နည်းပ ညာများကို လူသိများစေသည်။ ၂၀၀၄ ခုနှစ်မှစ၍ ၎င်းသည် အင်တာနက်ပေါ်ရှိ ကွန် ယက်လမ်းကြောင်း၏ အကြီးမားဆုံးဖြန့်ဝေသူဖြစ်သည်။
  • အုပ်စုတူအဆင့်တူအချင်းချင်းပါဝင်မှုပေးပို့ခြင်းကွန်ယက်များ (P 2 P - CDN) ( Giraffic ၊ Kontiki ၊ Ignite ၊ RedSwoosh)
  • Software ပုံနှိပ်ခြင်းနှင့် ဖြန့်ဝေခြင်း( Linux ၊ အမျိုးမျိုးသောဂိမ်းများ) မှတစ်ဆင့် ဖိုင်လ် မျှဝေခြင်းကွန်ယက်များ
  • စီးဆင်းနေသော media ၊ P2PTV နှင့် PDTP ။ TVUPlayer ၊ Joost ၊ CoolStreaming ၊ Cybersky-TV ၊ PPLive ၊ LiveStation အသုံးချခြင်းများ ပါဝင်သည်။
  • Spotify သည် အုပ်စုတူအဆင့်တူအချင်းချင်းကွန်ယက်တစ်ခုကို ၎င်း၏ desktop music player သို့ လွတ်လပ်စွာစီးဆင်းသောသံစဉ်ကို စီးဆင်းနေသော server များ နှင့်အတူ အသုံးပြုသည်။
  • များစွာသောထုတ်လွှင့်မှုစီးကြောင်းများအတွက် အုပ်စုတူအဆင့်တူပုံဖော်ခြင်း(Peercast)၊ IceShare ၊ FreeCast ၊ Rawflow ကိုကြည့်ပါ။
  • Pennsylvania State တက္ကသိုလ်၊ MIT နှင့် Simon Fraser တက္ကသိုလ်တို့သည် LionShare ဟုခေါ်သော စီမံကိန်းတစ်ခုကို ဆောင်ရွက်နေကြသည်။ ကမ္ဘာတစ်ဝန်းရှိ ပညာရေးနှင့်ပတ်သက်သော အဖွဲ့အစည်းများအတွင်း ဖိုင်မျှဝေခြင်းတွင်ကူညီရန်အ တွက် ပုံစံထုတ်ထားခြင်းဖြစ်သည်။
  • Osiris (server မရှိသော ဝင်ပေါက်စနစ်)သည် ၎င်း၏အသုံးပြုသူများ P2P ကွန်ယက် မှတစ်ဆင့် ဖြန့်ဝေထားသော အမည်မသိခြင်းနှင့် အမည်မသိသောကွန်ယက်ဝင် ပေါက်များကိုဖန်တီးရန် ခွင့်ပြုသည်။

ကွန်ယက်ပြုခြင်း[ပြင်ဆင်ရန်]

  • အင်တာနက်သတင်းအချက်အလက် စနစ်တကျပြန်လည်ယူဆောင်ပေးခြင်းအတွက် Domain အမည်စနစ်။ DNS server software နှိုင်းယှဉ်ခြင်း
  • မသဲကွဲသည့်တွက်ချက်ခြင်း
  • Dalesa များအတွက် အုပ်စုတူအဆင့်တူအချင်းချင်း web cache ၏LAN အတွက် (IP များစွာထုတ်လွှတ်ခြင်းအခြေပြု)

သိပ္ပံ[ပြင်ဆင်ရန်]

  • ဇီဝဗေဒဆိုင်ရာသုတေသနသုံး ကွန်ပျူတာများတွင် ဆေးလျှောက်ထားသူ သတ်မှတ် ထားခြင်းကဲ့သို့ ဦးဆုံးသောအစီအစဉ်ကို ၂၀၀၁ခုနှစ်တွင် Oxford တက္ကသိုလ်ရှိ ဆေးရှာဖွေခြင်းဌာန(the Center for Computational Drug Discovery) တွင် စတင်ခဲ့သည်။ ကင်ဆာသုတေသနအတွက် National Foundation နှင့် ပူးပေါင်းလုပ်ဆောင်သည်။ ယခုအခါ ကင်ဆာသုတေသနစီမံကိန်းအတွက် ပေါင်းစည်းသောတပ်ဆင်ခြင်းများဌာန(United Devices Cencer Research Project) အောက်တွင် များစွာသောအစီအစဉ်များ ဆောင် ရွက်နေကြသည်။
  • သိပ္ပံကွန်ယက် P 2 P ရှာဖွေခြင်းစက်အင်ဂျင်
  • BOINC

ရှာဖွေခြင်း[ပြင်ဆင်ရန်]

  • YaCy ၊ လွတ်လပ်ပြီးဖြန့်ဝေထားသော ရှာဖွေခြင်းစက်အင်ဂျင်တစ်ခုသည် အုပ်စုတူအဆင့်တူ များအချင်းချင်း၏ လိုက်နာရမည့်စည်းကမ်းများအပေါ် တည်ဆောက်သည်။

ဆက်သွယ်ရေးကွန်ယက်များ[ပြင်ဆင်ရန်]

  • Skype P2P နည်းစနစ်ကိုအသုံးပြု၍ ကျယ်ပြန့်စွာအသုံးအပြုဆုံးဖြစ်သော အင်တာ နက်ဖုန်းအသုံးချခြင်းတစ်ခု။
  • VoIP (SIP ကဲ့သို့သော အသုံးချခြင်းအလွှာအသုံးပြုခြင်း လုပ်ထုံးလုပ် နည်းများ)
  • အရေးပေါ်သတင်းစကားပေးပို့ခြင်းနှင့် online တွင်စကားပြောခြင်း
  • အုပ်စုတူအဆင့်တူများ၏ အလုံးစုံဗဟိုထိန်းချုပ်ခြင်းမရှိသော ကွန်ယက်များ Usenet (၁၉၇၉) နှင့် WWIVnet (၁၉၈၇)

အထွေထွေ[ပြင်ဆင်ရန်]

  • Chord စီမံကိန်းရှာဖွေခြင်း ၊ PAST သိုလှောင်ခြင်းအသုံးပြုမှု၊ P-Grid နှင့် CroopNet ပါဝင်မှုဖြန့်ဝေခြင်းစနစ်
  • အုပ်စုတူအဆင့်တူအသုံးချခြင်းများအတွက် JXTA Collanos လုပ်ငန်းခွင် (Teamwork software )၊ Sixearch ကို ကြည့်ပါ။

မတူညီခြင်းတို့ကိုပေါင်းစပ်ထားခြင်း[ပြင်ဆင်ရန်]

  • အမေရိကန်ကာကွယ်ရေးဌာနသည် P2P ကွန်ယက်များအပေါ် သုတေသနကို ၎င်း၏ ခေတ်မှီသောကွန်ယက်တိုက်ပွဲဗျူဟာ၏ အစိတ်အပိုင်းသဖွယ် စတင်ခဲ့သည်။ ကာကွယ်ရေးဆိုင်ရာ ခေတ်မှီသောသုတေသနစီမံကိန်းအေဂျင်စီ၏ ညွန်ကြားရေးမှူး Dr.Tether သည် ၂၀၀၃ ခုနှစ်မေလတွင် အမေရိကန်စစ်တပ်သည် P2P ကွန်ယက် များကိုအသုံးပြုကြောင်း ပြောကြားခဲ့သည်။
  • Kato et al ၏ လေ့လာချက်များတွင် ညွှန်ပြထားသည်မှာ ၂၀၀ ထက် မကသော ကုမ္ပဏီများသည် P2P ကွန်ယက်တွင် အမေရိကန်ဒေါ်လာသန်း ၄၀၀ခန့် ရင်းနှီးမြှုပ်နှံနေကြသည်ဟု ဆိုသည်။ ဖိုင်မျှဝေခြင်းအပြင်၊ ကုမ္ပဏီများသည် ဖြန့်ဝေမှုတွက်ချက်ခြင်း၊ ပါဝင်မှုဖြန့်ဝေခြင်းတို့တွင်လည်း စိတ်ဝင်စားကြသည်။
  • Wireless လူထုကွန်ယက်၊ Netsukuku
  • အစောပိုင်းအုပ်စုတူအချင်းချင်းစနစ်၏မျိုးဆက်ကို meta တွက်ချက်ခြင်းဟု ခေါ် သည်။ သို့မဟုတ် မတူညီသော သို့မဟုတ် သီးခြားထားသောအသုံးချခြင်းများကို ဆက်သွယ်ပေးသည့် software အဖြစ် သတ်မှတ်သည်။ ဤသည်တို့တွင် Legion ၊ Globus ပါဝင်သည်။

သမိုင်းကြောင်းနှင့်ဆိုင်သောရှုထောင့်[ပြင်ဆင်ရန်]

Tim Berners-Lee ၏ တစ်ကမ္ဘာလုံးကွန်ယက်အတွက် ရည်မှန်းချက်သည် အုပ်စုတူအဆင့်တူ အချင်းချင်း P2P ကွန်ယက်ပုံစံတစ်ခုနှင့် နီးစပ်သည်။ ၎င်းတွင် ကွန်ယက်အသုံးပြုသူတစ်ဦး တိုင်းသည် သွက်လက်သော editor နှင့် ဖြန့်ဝေသူတစ်ဦးဖြစ်ပြီး ဆက်သွယ်မှုများ၏ အတွင်းဆက် ကွန်ယက် တစ်ခုဖွဲ့စည်းရန်ပါဝင်မှုကို ဆက်စပ်ခြင်းနှင့် ဖန်တီးခြင်းဖြစ် သည်။ဤအခြင်းအရာ သည် ထုတ်လွှင့်မှုကဲ့သို့သော နှစ်များကြာမြင့်စွာပြုလုပ် ခဲ့သော ကွန်ယက်၏ပုံစံနှင့် ဆန့်ကျင် သည်။

အချို့ကွန်ယက်များနှင့် လမ်းကြောင်းများဖြစ်ကြသော Nepster ၊ OpenNAP နှင့် IRC ဝန်ဆောင်မှုပေးသောလမ်းကြောင်းများသည် အချို့တာဝန်များအတွက် (ဥပမာ - ရှာဖွေခြင်း) Client server ကိုအသုံးပြုကြပြီး P2P ပုံစံတစ်ခုကို အခြားအတွက်အသုံး ပြုသည်။ ပထမအကြိမ်စီစဉ်သောအချိန် အုပ်စုတူအဆင့်တူများကို ရှာဖွေခြင်းမပြုပဲ အားလုံးနီး ပါးသောတာဝန်များအတွက် Gnutella သို့မဟုတ် Freenet ကဲ့သို့သောကွန်ယက်များသည် P2P ပုံစံတစ်ခုကိုအသုံးပြုသည်။

ပထမအင်တာနက် ကောက်ချက်များအတွက် တောင်းဆိုမှုများ၊ RFC 1 ၊ Host Software ဧပြီလ ၇ ရက် ၁၉၆၉ ခုနှစ်တွင် ဖော်ပြထားသောကွန်ယက်၏ အရေးပါသော နည်းပညာဆိုင်ရာအယူအဆများမှတစ်ခုကို P2P ထင်ရှားစွာဖော်ပြသည်။ များမကြာသေးမီ အမျိုးမျိုးသော media file များ ဖလှယ်ခြင်းအတွက်အသုံးပြုသော တည်ဆောက်ပုံများတွင် ဗဟိုဖော်ပြ ထားသော server များ၏ မပါဝင်မှုအယူအဆများကို အထွေထွေလူထုတွင် ၎င်းအယူအဆသည် အသိအမှတ်ပြုခံခဲ့ရသည်။

ကွန်ယက်ကြားနေရေး ငြင်းခုံမှု[ပြင်ဆင်ရန်]

ကွန်ယက်ကြားနေရေးငြင်းခုံမှုတွင် အုပ်စုတူအဆင့်တူအသုံးချခြင်းများ အရေးကြီးသောအ ချက်များထဲမှတစ်ခုကို တင်ပြသည်။ ၂၀၀၇ ခုနှစ် အောက်တိုဘာလတွင် အမေရိကန်ပြည် ထောင်စုတွင် အကြီးဆုံးတစ်ခုဖြစ်သော broadband အင်တာနက်ဝန်ဆောင်မှုပေးသူများ ဖြစ်သည့် Comcast သည် BitTorrent ကဲ့သို့သော P2P အသုံးချခြင်းများကို စတင် ပိတ်ဆို့ခဲ့သည်။ ၎င်းတို့၏ထောက်ပြချက်မှာ ထို P2P သည် အများအားဖြင့် တရားမဝင်ပါဝင်မှု ကိုမျှဝေရန်နှင့် ၎င်းတို့၏အခြေခံအဆောက်အအုံသည် စဉ်ဆက်မပြတ်သောမြင့်မားသည့်အ ချက်အလက်လွှဲပို့မှုလမ်းကြောင်းအတွက် ပုံစံထုတ်ထားခြင်းမဟုတ်ကြောင်း ဖြစ်သည်။ ဝေဖန် သူများထောက်ပြသည်မှာ P2P ကွန်ယက်ပြုခြင်းကို တရားဝင်သုံးခြင်းဖြစ်အောင်လုပ်ရန် တစ် နည်းအားဖြင့်ဆိုသော် ကြီးမားသောဝန်ဆောင်မှုပေးသူများသည် အင်တာနက်ပေါ်ရှိ ပါဝင်မှုနှင့် အသုံးပြုခြင်းကို ထိန်းချုပ်ရန်ကြိုးပမ်းကြပြီး client server အခြေပြု တည်ဆောက်ပုံအသုံးချ ခြင်းတစ်ခုသို့ လူအများကို ညွှန်ပြသည်။client server ပုံစံသည် သေးငယ်သော ထုတ် ဝေသူများသို့ဝင်ရောက်ရန် ငွေကြေးအခက်အခဲပေးပြီး တစ်ဦးချင်းနှင့် ကြီးမားသောဖိုင်များ မျှဝေခြင်းအတွက် မထိရောက်ပါ။