အုန်းကြိုင် (နိုင်ငံရေးသမား)

ဝီကီပီးဒီးယား မှ
အုန်းကြိုင်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
တာဝန်သက်တမ်း
၂၀၁၂ မေ ၂ – ၂၀၁၆ ဇန်နဝါရီ ၂၉
ယခင်လူမြအေး
ဆက်ခံသူငြိမ်းသစ်
မဲဆန္ဒနယ်မဟာအောင်မြေမြို့နယ်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ယခင်လူမဲဆန္ဒနယ် စတင်သတ်မှတ်
ဆက်ခံသူမဲဆန္ဒနယ် ဖျက်သိမ်း
မဲဆန္ဒနယ်Southeast Mandalay № 2
အနိုင်ရမဲ အရေအတွက်၃၂,၇၁၈ (၇၆%)
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၂ ဇူလိုင် ၁၉၄၄&#၁၆၀;(၁၉၄၄-၀၇-၀၂) (အသက် ၇၉)
မြန်မာနိုင်ငံ၊ မော်လမြိုင်ကျွန်း
လူမျိုးမြန်မာ
နိုင်ငံရေးပါတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
မိဘဦးဘရှင်၊ ဒေါ်စိန်
အလုပ်အကိုင်နိုင်ငံရေးသမား၊ သတင်းထောက်

ဦးအုန်းကြိုင် သည် မြန်မာနိုင်ငံရေးသမား၊ နိုင်ငံရေးအကျဉ်းသားဟောင်း၊ သတင်းစာဆရာတစ်ဦးဖြစ်သည်။ ကလောင်အမည်မှာ မောင်ချစ်ဖွယ်၊ အောင်ဝင့်၊ အောင်တင့် အမည်များဖြစ်၏။ မဟာအောင်မြေမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ထမ်းဆောင်ခဲ့သည်။[၁] အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ (CEC) တစ်ဦးအဖြစ်လည်း တာဝန်ယူခဲ့ကာ[၂] လက်ရှိ၌ ယင်းပါတီ၏ သဘာပတိအဖွဲ့ဝင်ဖြစ်သည်။

ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၊ ၁၉၉၀တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရသော်လည်း တာဝန်ထမ်းဆောင်ခွင့်မရခဲ့ချေ။[၃]

၁၉၆၇တွင် ဝိဇ္ဇာဘွဲ့ရရှိခဲ့၍ ၁၉၇၂၌ စာနယ်ဇင်းပညာ ဒီပလိုမာရရှိခဲ့သည်။ ပညာသင်ဆုရ၍ ၁၉၇၉ တွင် အမေရိကန်ပြည်ထောင်စု တွင် လေ့လာသင်ကြားခဲ့သည်။[၃] သတင်းထောက်လုပ်ငန်းလုပ်ကိုင်မှုတလျှောက် ကြေးမုံသတင်းစာဟံသာဝတီသတင်းစာဂါးဒီးယန်းသတင်းစာ၊ ဘိုတထောင်သတင်းစာ စသည်တို့တွင် တည်းဖြတ်သူအဖြစ် လုပ်ကိုင်ခဲ့သည်။[၃] ၈၈၈၈ အရေးအခင်း ပြီးနောက် ဂါးဒီးယန်းသတင်းစာမှ အနားယူခဲ့ပေသည်။

၁၉၉၀ စက်တင်ဘာ ၇ တွင် ၁၉၅၀-အရေးပေါ်ကာလ ပြဋ္ဌာန်းအက်ဥပဒေ ကို ချိုးဖောက်မှုဖြင့် ထောင်ဒဏ် (၁၀) နှစ်ခန့်အထိ ပေးခြင်းခံရသည်။[၃] နေခဲ့ရသော နောက်ဆုံးထောင်မှာ ပဲခူးထောင်ဖြစ်ကာ ၂၀၀၈ အောက်တိုဘာ ၁ မှ ဒီဇင်ဘာ ၁၁ အထိဖြစ်၏။[၄]

ကိုးကား[ပြင်ဆင်ရန်]

  1. "Names of Pyithu Hluttaw representatives announced"၊ Union Election Commission၊ Government of Myanmar၊ 2 April 2012။ 5 October 2012 တွင် ပြန်စစ်ပြီး။ Archived from the original on May 9, 2012။ 
  2. "Brief biographies of the some NLD CEC members"၊ Mizzima၊ 26 May 2010။ 15 July 2015 တွင် ပြန်စစ်ပြီး။ Archived from the original on 15 July 2015။ 
  3. ၃.၀ ၃.၁ ၃.၂ ၃.၃ Khin Kyaw Han (1 February 2003)။ Brief Biographies of Elected MPs1990 Multi-party Democracy General Elections။ 5 October 2012 တွင် ပြန်စစ်ပြီး။
  4. released Political Prisoners from 2007 to dateAssistance Association for Political Prisoners (Burma) (2008)။ 2 June 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 October 2012 တွင် ပြန်စစ်ပြီး။