မာတိကာသို့ ခုန်သွားရန်

အုတ် ကျစ် ကျော် အေး မန္တလေး

ဝီကီပီးဒီးယား မှ

အုတ် ကျစ် ကျော် အေး မန္တလေး သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[]

အဓိပ္ပာယ်

[ပြင်ဆင်ရန်]

အုတ် ကျစ် ကျော် အေး မန္တလေး: မင်းတုန်းမင်းတရားကြီးသည် သက္ကရာဇ် ၁၂၂၁ ခုနှစ်တွင် မန္တလေး ရတနာပုံ နေပြည်တော်ကို တည်ထောင်ခဲ့သည်။

ဆိုလိုသည်မှာ ဤစကားသည် မန္တလေးမြို့တည်သော သက္ကရာဇ်ကို မှတ်သားရန် အသုံးပြုသော နည်းလမ်းတစ်မျိုးဖြစ်သည်။ "အုတ် ကျစ် ကျော် အေး" ဟူသော စကားစုကို ဂဏန်းသင်္ချာအဖြစ် ပြောင်းလဲလိုက်သောအခါ ၁၂၂၁ ဟူသော ဂဏန်းကို ရရှိသည်။ (အုတ် = ၁၊ ကျစ် = ၂၊ ကျော် = ၂၊ အေး = ၁) ထိုဂဏန်းသည် မန္တလေးမြို့ကို တည်ထောင်ခဲ့သော သက္ကရာဇ်နှင့် တိုက်ဆိုင်နေသည်။ ဤနည်းအားဖြင့် သမိုင်းအချက်အလက်များကို အလွယ်တကူ မှတ်သားနိုင်စေသည်။ အောင် ကျော် ချမ်း အေး မန္တလေး ဟူ၍လည်း အဆိုရှိပြီး အဓိပ္ပာယ် အတူတူပင် ဖြစ်သည်။

အသေးစိတ်

[ပြင်ဆင်ရန်]
  • အုတ်:
  • ကျစ်:
  • ကျော်:
  • အေး:
  • မန္တလေး: မန္တလေးမြို့။

ကိုးကားချက်များ

[ပြင်ဆင်ရန်]
  • "သက္ကရာဇ် ၁၂၂၁-ခုနှစ် (အုတ် ကျစ် ကျော် အေး မန္တလေး)၌ မန္တလေးရတနာပုံနေပြည်တော်ကြီးကို တည်ထောင်ဖန်ဆင်းသောအခါ… အုတ်မြစ်ချ၍ တည်ဆောက်သည်။" []
  • "အောင် ကျော် ချမ်း အေး မန္တလေး ဟူသော အမှတ်အသားဖြင့် ၁၂၂၁-ခုနှစ်တွင် ကုန်းဘောင်မင်းဆက် ၁၀-ဆက်မြောက်ဖြစ်သည့် မင်းတုန်းမင်းတရားကြီးက တည်ထောင်ခဲ့သည်။" []

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။
  2. [၁၃၁၈-ခန့်] သုတေသန။ ၄၃၀။
  3. [၁၃၂၅] မြန်မြောက်ဖျား။ ၆၇၂။