အီရန်နိုင်ငံ၏ အမည်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
نامه‌ای حاوی «کشور عجم»، فرستاده‌شده از پادشاه امپراطوری عثمانی (سلطان عبدالمجید خان) به فتحعلی‌شاه قاجار

သမိုင်းတစ်လျှေက် အီရန်မြေအီရန်ပြည် အတွက်အမည်နာမများစွာရှိခဲ့သည်၊၎င်းတို့အထဲမှအရေးအပါဆုံးအမည် နှစ်မျိုးမှာ- အာဝါး ~ အာရ်ယာယီယါးန်တို့၏မြေ(အာရ်ယာယီယါးန် ဆိုသည်မှာ ဥရောပနှင့်အာရှမှအသား ဖြူသူများကိုခေါ်ဆိုသောရှေးကျသည့်ဝေါဟာရဖြစ်သည်) ဟုအဓိပ္ပါယ်ရပြီး နောက်တစ်မျိုးမှာ ဖဲရ်ရှယား ဖြစ်သည်။

အာရ်ယာယီယါးန် တို့သည်မိမိတို့၏မြေကို အီရ်ယူရှိန်နိမ် (အာရ်ယာယီယါးန် တို့၏ဌာနီ) ဟုခေါ်ဝေါ်ကြပြီးနောက်ပိုင်း တွင်ဘုရင်စနစ်အုပ်ချုပ်ရေးများပေါ်ပေါက်ကာ အီရ်ယာနူခ်ရှသ်ရို(အီရန်တို့၏ဘုရင်များ)ဟုခေါ်ဝေါ်ခဲ့ကြသည်။ထိုနာ မည်သည်နောက်ပိုင်းတွင် အေ့အ်ရာန်ရှသ်ရ်(အီရန်မြို့)ဖြစ်လာပြီး အီရန် ဆိုသည်မှာထိုဝေါဟာရမှဆင်းသက်လာ သောအမည်ဖြစ်သည်။.[၁]

အပ်္စနာဒေနာမေခလီဂျေဖှာရ်စ်၊မီရာစီးကိုဟန်ဝါဂျာဝေဒါးန် ဆိုသည့်စာအုပ်များတွင်စာမျက်နှာ ၂၂ မှ ၄၇ အထိအီရန် နှင့်ပတ်သက်သည့်အမည်များကိုရှင်းလင်းတင်ပြထားသည်[၂] သမိုင်းအထောက်အထားများ၊ရှေးဟောင်းသုတေသနနှင့် ဘာသာစကားများလေ့လာမှုအရ အီရန်အတွက်အမည်လေးမျိုးတွေ့ရှိရသည်။ 

  1. • ဂျမ်(ဂျမ်ရှီးဒ်၏အတိုခေါက်)၊မမ်လေကသွလ်အဂျမ်၊ဘေလာဒွလ်အဂျမ်သို့မဟုတ် ဘေလာဒ်ဖှာရ်စ်(ဖှာရစီ၊အရဗီ၊ တူရကီ စာပေတွင်)ဟူ၍ဖြစ်သည်။သမိုင်းစာမျက်နှာများအရ ဘဲဟ်ရေအဂျမ်၊ခလီးဂျေဖှာရ်စ် သို့မဟုတ် ခွတ်္စရဝါးန်နေ အဂျမ်(အီရန်ဘုရင်များ)ဟုခေါ်ဆိုသည်။ .
  2. • မီးဒ်ယာ ဥရောပတို့၏အဆိုအရ အလယ်ပိုင်းဒေသ အစ်္စလာမ်မစ် ္ကပထဝီဝင်အရ အေရာကစ်္စသာန် ဟုခေါ်သည်။
  3. • ဖားရ်စ် ဥရောပတို့အခေါ်အရ ပါးရှန်း(ဖှားရ်စ် တိုင်းပြည်သည် အရဗီ စကားတွင် ဖာရစီ ဟုခေါ်သည်) 
  4. .အီရန်နိုင်ငံသည် အီရန်ဝီးချ် (အာရ်ယာနာ၊အီရာက်၊အေရာက်၊အီလာမ်) တို့သည်ဘာသာစကားပညာရပ်အရဝေါဟာ ရတစ်ခုတည်းမှဖြစ်သည်။.

အီရန်[ပြင်ဆင်ရန်]

အီရန် ဆိုသည့်အမည်မှာ အီရန်တို့အကြားနှစ်ပေါင်းတစ်ထောင်တစ်လျှေက် အသုံးပြုခေါ်ဝေါ်ခဲ့သောအ မည်ဖြစ်သည်။ ရှားဟ်နာမဲ ၌အကြိမ် ၇၂၀ ကျော် ၊ အိုဗိုက်ဒ်ဇာကာနီ ဆိုသည့် စာအုပ်တွင်အကြိမ် ၄၀၀ ကျော် အီရန် ဆိုသည့်ဝေါဟာရကို သုံးနှုန်းထားကြောင်းတွေ့ရသည်။ ပွင့်လင်းမြင်သာမှု ၊ စည်းလုံးခြင်း၏ လှို့ဝှက်ချက် ၊ မြင့်မြတ်မှု စသည်တို့ကိုဖေါ်ကျုးသည်။ သို့သော် ဥရောပ တို့သည် ၁၇ ရာစုအစောပိုင်းကာ လအထိ ဘယ်သောအခါမှ ထိုအမည်ကို အသုံးပြုခဲ့ခြင်းမရှိပါ ၊ အီရန် အစား ဖါးရ်စ် ထို့အပြင် ချမ် ဟုခေါ် ဝေါ်သုံးနှုန်းခဲ့ကြသည်။ လွန်ခဲ့သည့်ရာစုနှစ်များတစ်လျှေက် ပြည်ပနိုင်ငံများနှင့်စာချုပ်စာတန်းများချုပ်ဆိုရာ တွင်လည်း ဖာရစီအီရန် ဆိုသည့်နေရာ၌ ခါရဂျီဖာရ်စ် ဟူ၍သုံးနှုန်းကြသည်။ အချို့ကလည်း အီရန်ဝီးဂျ် ဆိုသည်ကို အီရန် မျိုးနွယ်ဟုအဓိပ္ပါယ်ဖွင့်ဆိုကြသည်။၎င်းမှာမှားယွင်းသည့်ဖွင့်ဆိုချက်ဖြစ်သည်၊ ဝီးဂျ် ဝီးချ် ဘီးဂျ် ၊ ဘီဂျဲ တို့သည်ဝေါဟာရတစ်ခုတည်းမှဆင်းသက်လာပြီး မြေ နိုင်ငံဟုအဓိပ္ပါယ်ရသည်။ဤနာမည်များ အားလုံးကို မြေပုံများနှင့် သမိုင်းစာမျက်နှာများတွင်သုံးနှုန်းခဲ့ကြောင်းတွေ့ရှိရသည်။[၃]

အီရန် ဆိုသည့်ဝေါဟာရဆင်းသက်လာပုံ[ပြင်ဆင်ရန်]

အီရန် ဆိုသည့်ဝေါဟာရမှာ နိုင်ငံလိုက်ပထဝီအနေအထားအရ ရှဟာဘွဒ်ဒီးနေအဟ်မဒ်ဒိဗ်နေဖှသွလွလ္လာ အွမ်ရီ (၇၀၀ - ၇၄၉ ဟိဂျ်ရီ) မှ မစာလေကွလ်အဗ်ဆွာရ်ဖှီမမာလေကွလ်အမ်ဆွာရ် ဆိုသည့်စာအုပ်၌အီရန် ကို အီရန် တိုင်းပြည်ဆိုသည့်ခေါင်းစဉ်ဖြင့် သီးခြားဖေါ်ပြထားသည်။ ဥရောပ တို့သည်အမြဲဆိုသလို ၁၃၁၃ -နေသက္ကရာဇ်- အထိ အီရန် ကို Persia ပြင်သစ်တို့က Perse ဂျာမနီတို့က Persien ဟုအသီးသီးခေါ် ဝေါ်ခဲ့ကြသည်။ ဥရောပ တွင် ဖဲရ်ရှီယာ ဟူသည့်ဝေါဟာရ၏အရင်းအမြစ်မှာ ယူနာန် မှဆင်းသက်လာခြင်း ဖြစ်သည်။ ၁၇၃၇ ခုနှစ်တွင် ဥရောပ ၌ C.F.H သမိုင်းသုတေသနဌာနမှ ပထမဆုံးအကြိမ်မိမိတို့၏ စတ္ထုထ မြောက်နှင့် နောက်ဆုံးထုတ်ဝေသည့်စာအုပ်တွင် ၁၇၂၉ ၌ အစ်္စသန်ဘူးလ် မှ အိဗ်ရာဟီမ် ရေးဆွဲသောမြေပုံ ကိုထည့်သွင်းဖေါ်ပြရာ၌ Persien ဟုဖေါ်ပြပါရှိသည်။.[၄] ဥရောပ တွင်ဂျာမနီနိုင်ငံသား အရှ်သီလောရ် သည် ပထမဦးဆုံးအကြိမ် Persien အစားမြေပုံများတွင် အီရန် ဟုရေးသားဖေါ်ပြခဲ့သည်။

نقشه ایران و توران در دوره قاجاریه نقشه آدولف اشتیلر اولین نقشه اروپایی که بجای پرشیا، از ایران استفاده کرده‌است.

:အီရန် ဆိုသည့်ဝေါဟာရသည် ရှေးဟောင်းဖာရစီ တွင် (အာအီရ်နာမ်ယာနာမ်) ဖြစ်ပြီး ( အာရ်ယာနာမခ် ရှသ်ရာမ် ) ဆိုသည့်ဝေါဟာရမှခြုံငုံယူထားခြင်းဖြစ်သည်။ ကာလများကြာညောင်းလာသည်နှင့်အမျှ အီရန် ရှဲဟ်ရ် ဟုဖြစ်လာပြီး စာစာနီ ခေတ်တွင် အီရန် ဟုပြောင်းလဲခေါ်ဝေါ်လာခဲ့ကြသည်။ .[၅] .[၆]

အာရ်ယာ ဆိုသည့်ဝေါ်ဟာရသည် အောင်စ်သာယီး ၊ ရှေးဟောင်းဖာရစီ ၊ စန်းစကရစ် ဘာသာစကားများ ၌ ( အာအီယာရ် )، ( အာရီယာ )، ( အာရ်ယာ ) ဟူ၍အစဉ်လိုက်ခေါ်ဝေါ်ခဲ့ကြသည်။ စန်းစကရစ် စကားတွင် ( အာရီယာ ) ဆိုသည်မှာ ခေါင်းဆောင်ဥသျှောင် ဟုအဓိပ္ပါယ်ရသည် ၊ ( အာရ်ယကာ ) ကြီးမြတ်သောအမျိုး သားဟုအဓိပ္ပါယ်ရသည်။အောင်စ်သာယီး ဘာသာစကားတွင် အာအီယန်း ဖြစ်ပြီး ပဲဟ်လဝီ ခေတ် ဖာရစီ ယေဒရ်ရီ တွင် (အီးရ်) ဟုခေါ်သေးသည်။ အာရ်ယာယီ ဘာသာစကား၌[၇] အီရဂျ် ဟုခေါ်ဝေါ်သုံးနှုံးသည်။[၈] အီးရ် ဆိုသည်မှာ လွတ်လပ်သူဖြစ်ပြီး အီရန် ဆိုသည်မှာ လွတ်လပ်သူများဟုအဓိပ္ပါယ်ရသည်။ အီရန် ဆို သည်ကို အာရ်ယာယီ တို့၏မြေဟုလည်းအဓိပ္ပါယ်ဖွင့်ဆိုကြသည်။ အစ္စလာမ် မတိုင်မီကာလက အမည်များ များမှာလည်း အီရန် ၊အေရာန် ၊အီရန်ရှဟ်ရ် ဟူ၍ဖြစ်သည်။،[၉] ခရစ်နှစ်မတိုင်မီ နှစ် ၆၀၀ အရင်ကတည်းက ၁၉၃၅ အထိ ဥရောပ တို့အကြား Persia ဟုပင်သိထားကြသည်။[၁၀][၁၁] ၁၃၁၄ ခုနှစ်တွင် ဂျာမေအဲယေမေလလ် ဖွဲ့စည်းပြီးနောက် ရေဇာရှားဟ် ၏တရားဝင်တောင်းဆိုမှုဖြင့် အီရန် ဆိုသည့်အမည်မှာကမ္ဘာကျော်ခဲ့သည်။ သမိုင်းကြောင်းတစ်လျှောက် ဥရောပ တို့သည် အီရန် ဆိုသည်ကို ဖဲရ်ရှီယား ဟုလည်း၎င်းတို့၏ခေါ်ဝေါ်မှု တွင်ရှိခဲ့သည် ၊ သို့သော်လက်ရှိခေတ်၌ အီရန် ဟုသာခေါ်ဝေါ်သုံးစွဲလာကြသည်။. နာ ဆိုသည်မှာ ဖာရစီ ရှေးဟောင်းနေရာတစ်ခုကိုခေါ်ဆိုခဲ့ကြခြင်းဖြစ်ပြီး အာရ်ယာ ကို အာရ်ယာနာ ဟုဖန်တီးခဲ့ကြခြင်းဖြစ်သည်။ ပထဝီပိုင်းဆိုင်ရာ ယူနာန် သားနှစ်ဦးဖြစ်သူ အစ္စကန်ဒဲရ် ခေတ်တွင် အရာသူစ်သန် နှင့် တစ် ရာစုနှစ်တွင် အစ္စသရာဘူးန် ဆိုသည့်အမည်များမှာ ၎င်းဝေါဟာရမှ ဆင်းသက်လာခြင်းဖြစ်သည်။ ဖါ်ပြပါဒေသများကို အီရန်ဇမီးန် ဟုခေါ်သည်- ခလီဂျေဖာရ်စ် ၊ ကီရ်မာနီယားန် ၊ ဘာခ်သရ်ယာနာ ၊ စဂ်ဒါနီယာ ၊ မီးဒ်ယာ ၊ ပါရ် သ်ဟာ ထိုဒေသခံလူတို့၏ဘာသာစကားမှာ အီရန်နီ သူရာန်နီ စကားများသာဖြစ်ကြပြီး ဘုရင်နန်းစိုက်ရာ ဒေသမှာ ဖာရ်စ် တိုင်း (တိုင်းနှင့်ပြည်နယ်ကဲ့သို့) တွင်ဖြစ်သည်။ အီရန် မဟုတ်သည့် ရောမ တို့မြေကို ဟာ ခါမန်ရှီယားန် မှချဲ့ထွင်ယူခဲ့ပြီးနောက် ဖာရ်စ် အင်ပါယာဟုအမည်တွင်ခဲ့သည်။ ရောမ တို့သည်မိမိတို့၏အင် ပါယာ ကိုရောမမြို့၏အမည်ကိုသာပေးခဲ့ကြသည်။ သို့သော် အီရန် နှင့်ယူနာန် တို့သည်မိမိတို့၏အင်ပါယာ အမည်ကိုတိုင်း မြို့နယ်တစ်ခု၏အမည်အားအစွဲပြုပေးခြင်းမျိုးမရှိပါ။ ယူနာန် တို့က ဖာရစီ ကို ဖရ်ဇာရီယူးမ် ဖာရ်စ် တိုင်း ကို ဖရ်ဇီးစ် ဇဲရ်သွရှ် ကို ဇရာဝစ်သဲရ် ဟုခေါ်ဝေါ်ကြသည်။ ရောမ တို့ကို ရိုမန်ကသ်လစ်က် အင်ပါယာ ထို့နောက် ဖှီရ်ဒေါင်စီး ခေတ်တွင် ဒူချဲရ်နေရှင်း - Deutscher Nation - ဟုခေါ်ဆိုကြပြီး အီရန် ကို ဥရောပ တစ်ခွင်၌ ဖရ်ရှီယာ ဖရ်ဇီးန် ဟုခေါ်ဝေါ်ကြသည်။.

နေရာနှင့်ပတ်သက်သည့်နောက်ဆက်တွဲများ၌ ဥပမာ - နာ - ကို ဖှာရစီ တွင် ( အန် ) ဟုပြောင်းလဲလာသည် ၊ မြို့ရွာအမည်ပေါင်းမြောက်များစွာ၏နောက် ၌၎င်း (အန်) ကိုအသုံးပြုလာသည်။ အီးရ် ဟုခေါ်တွင်ရာဒေသအားလုံးနောက်တွင်လည်းအသုံးပြုကြသည်။ အီရန် ကိုသုတေသနပြုသူဂျာမနီသား Jakob Eduard Polak သည် အီရန် သူရာန် ဆိုသည်အမည်များ ကို ဂျာမနီ တွင်အသုံးပြုခဲ့သည်။ သူ့ကြောင့် ပထမဆုံးအနေနှင့် မြေပုံများတွင် အီရန် သူရာန် ဟုပုံနှိပ်လာ ကြသည်။ ၁၈၆၅ တွင်ပုံနှိပ်သည့် (Band II) ဒုတိယတွဲ၌ ( ဖရ်ဇီးန် - နိုင်ငံတစ်နိုင်ငံနှင့်၎င်းမှလူများ ) ခေါင်း စဉ်ဖြင့်ရေးသားဖေါ်ပြမှုတွင် စာမျက်နှာ ၃၆၃ မှ ၃၆၉ အထိ ဖှာရစီ၏အဆုံးသတ်စကားလုံးများဖေါ်ပြထားပြီး စာ - ၃၆၉ တွင် (အန်) (ဂါန်) (ရှားန်) ဆိုသည့်စကားလုံးများကိုဖေါ်ပြထားသည် ၊ ဥပမာ - အီရန် သူရာန် တို့ဖြစ်သည်။

၆ မီလီယန် ကီလိုမီတာ အီရန် မြေအနှံ့အပြားတွင် မြို့ရွာဒေသအခေါ်အဝေါ်များ၌ အန် ၊ ဒါန် ၊ စသာန် ၊ ဂါဟ် တို့ဖြင့်အဆုံးသတ်များစွာကိုတွေ့ရသည်။[၁၂][၁၃] အီရန် သည် အာရ်ယာနာ မှပြောင်းလဲခေါ်ဝေါ်လာသောအ မည်ဖြစ်သည်။ Deutschland နိုင်ငံတို့၏မြို့ အမည်အဆုံးသတ် အတော်များများတွင် အန် en ဖြင့်အဆုံး သတ်ထားသည်ကိုတွေ့ရသည် München, Göttingen, Tübingen, Essen ----

[၁၄] အီရန် ဆိုသည့်အမည်ကို ရှေးအကျဆုံး ကာစီ မျိုးနွယ်စုများသမိုင်းတွင်လေ့လာပါက မီးတောက်မီးလျှံ မြေ ဟုအဓိပ္ပါယ်ရပြန်သည် ၊ လကီ ဘာသာစကားတွင် မီးကို အာအ်ဂီးရ် ဟုခေါ်ကြသည် ၊ ထိုနေရာဒေသတို့၌ မီးတောက်မီးလျှံ အများအပြားတွေ့ရှိရသည် ၎င်းဒေသမှဖြတ်သန်းသွားလာသူတို့သည် ထိုနေရာဒေသကို အာအ်အီဂရာန် - မီးပေါများရာဒေသ - ဟုပြောဆိုခေါ်ဝေါ်ကြလေသည်။ ကာလရေတိုက်စားလာရင်း အအီ ရာန် အီရန် ဟုပြောင်းလဲလာခဲ့သည်။ ယခုလည်း လကီ ဘာသာစကား၌ အီရန် ဟုခေါ်ဝေါ်ကြသည်။

ဖာရစီ ကဗျာများတွင် အီရန် ဆိုသည့်အမည်[ပြင်ဆင်ရန်]

အီရန် ကဗျာဆရာများ၏ အရေးပါသောဝေါဟာရ ၊ စစ်မှန်သောဘာသာစကားနှင့် ယဉ်ကျေးမှုများကိုဖေါ် ကျုးသည့် ဤဇယားသည်အမှန်တကယ်ဖြန့်ကျက်သင့်သည်။.

ကိုးကား[၁၅][၁၆]

نام شاعر قرن میلادی ایران توران پارسی فارسی معرب دری خراسان بزرگ پهلوی یا پارسی میانه
رودکی 9th and 10th ۱ ۶
فرخی سیستانی 9th 10th ۱۶ ۱ ۱۵ ۱۰ ۱
ابوسعید ابوالخیر 10th ۱ ۲
فردوسی 10th and 11th ۸۰۰ + ۱۵۰ + ۱۰۰+ ۲ ۲۵ ۲۹
اسدی طوسی 11th ۵۱ ۵ ۱ ۱ لغت فُرس
مسعود سعد سلمان 11th ۲۳ ۲ ۱۹ نظم و نثر دری ۱۳
منوچهری دامغانی 11th ۵ ۳ ۴
فخرالدین اسعد گرگانی 11th 15 10 12 Parsa’i 2 ۱ ۲۸ ۳
ناصرخسرو 11 th ۱ ۱ ۱۹ ۲ ۷۹ ۲
سنایی 11th and 12th ۱۱ ۱ ۱۴ ۱۳
مهستی گنجوی 11th and 12th ۱ ۱
انوری 12th ۱۳ ۳ ۲ ۱ ۲۰
خاقانی 12th ۲ ۱ ۴ ۱ ۱+ ۱دری نظم ۴۰ ۱۸۰
نظامی گنجوی 12 th ۳۷ ۲ ۱۲ ۲+ ۱ نظم و نثر دری ۲۵ ۶
امیرخسرو دهلوی 13 th 14th ۲ ۷ ۶ ۱۳
سعدی 13th ۱ ۱ ۶+ ۷
مولوی 13 th 14th ۱ ۱ ۲۹ ۶
حافظ 14th ۶ ۹ ۱+ ۱ نظم دری
عبید زاکانی 14th ۱ ۱ ۴ ۱
محتشم کاشانی 16th ۱۲ ۹ ۳ ۴
صائب تبریزی 17th ۱۰ ۷ ۳ ۵
اقبال لاهوری 19th-Died ۱۹۳۸ ۱۹ ۴ ۳ ۱ طرز دری۱
پروین اعتصامی 19th/died ۱۹۴۱ ۲ پارسا و پارسایی

မျိုးနွယ်စုအသီးသီးအကြား အီရန် ၏အမည်[ပြင်ဆင်ရန်]

အစ္စလာမ့် ခေလာဖှသ် များအကြား အီရန် ၏အမည်မှာမှေးမှိန်ခဲ့ပြီး ခေလာဖှသ် ဆိုသည့်ဝေါဟာရသာလျှင် လျှမ်းလျှမ်းတောက်ထင်ပေါ်နေခဲ့သည်။ အထူးသဖြင့်အမိမြေမှ ပညာရှင်များသည် ဘဂ်ဒါးဒ် သို့သွားရောက် ကြပြီး ၎င်းတို့၏အမည်ဝေါဟာရများ၏အစတွင် အလစ်ဖှ်လာမ် များကိုထည့်သွင်းခဲ့ကြသည် ၊ ဥပမာ - ဂျဘ်ရ် ကို အလ်ဂျဘ်ရ် ( Algebra ) ၊ ကလီယာ ကို အလ်ကလီယာ ( Alkali ) ဟူ၍ဖြစ်သည်။ ဟင်န်ဒီ နှင့် အီရန် ပုံပြင်ထောင်ပေါင်းများစွာတို့ကိုလည်း မြို့တော် ဘဂ်ဒါးဒ် ခလီဖှာ များထံယူဆောင်သွားကြသည်။ အီရန် ဆိုသည်အမည်ကို အီရန်နီ သူရာန်နီ မျိုးနွယ်စုများနှင့် အခြားဥရောပမဟုတ်သည့်မျိုးနွယ်စုများက သာခေါ်တွင်ခဲ့ကြသည်။ မျိုးနွယ်စုအမျိုးမျိုးအကြား စာမာနီယါးန်၊ ဂဇ်နဝီယါးန်၊ ဆဖှဝီယါးန်၊ အဖှ်ရှားရီးယါးန် ဇန်ဒ် ၊ ကာဂျာရ် မျိုးနွယ်စုတို့၏ အငွေ့အသက်များသာကျန်ရှိနေခဲ့သည်။ အီရန်အလယ်ပိုင်းဒေသသည်အ တင်းအဓ္ဓမ ချုပ်ဆိုခဲ့ကြသော ဘဲရ်သာနီယဲ စာချုပ်ကြောင့် ကွဲထွက်ခဲ့သည်။အဖှ်ဂန်နစ်္စသာန် သည်အင်္ဂလိပ် တို့၏ မတရားဝင်ရောက်စွက်ဖက်မှုတို့ကြောင့် အီရန် တိုင်းပြည်ဟုသတ်မှတ်မရတော့အောင် လက်လွတ်ခဲ့ ရသည်။ .

အီရန် နိုင်ငံ[ပြင်ဆင်ရန်]

ချဲလ်ဘီး မြေပုံစာအုပ် ( ဟာဂျီခလီဖှာ ကရှ်ဖွဇ်ဇိုနူး စာအုပ်ဖြင့်ကျော်ကြားသူ ) ကမ္ဘာ့မြေပုံကိုရေးဆွဲသူ သည် ခရစ်နှစ် ၁၆၃၀ ဆဖှဝီ မျိုးနွယ်စုများခေတ်တွင် အီရန် ၏ပထမဆုံးမြေပုံကို တူရကီ ဘာသာစကား ဖြင့်ရေးဆွဲပုံနှိပ်ခဲ့သည်။ ၎င်းမြေပုံတွင် ပထမဆုံးအကြိမ် အီရန် နိုင်ငံ တိုင်းနှင့်ပြည်နယ်များ ဖှာရ်စ် ၊ ကာဘွ လ် နှင့် ခလ်သာန် တိုင်းနှင့်ပြည်နယ်များကိုဖေါ်ပြဖြန့်ဝေခဲ့သည်။ ၁၈၅၇ ဖါရီးစ် စာချုပ် ချုပ်ဆိုရာ၌ နယ်စပ် ရေးဆွဲသတ်မှတ်ရာ ခိုရာစါန် အလယ်ပိုင်းကို အီရန်မြေမှခွဲခြားသတ်မှတ်ခံခဲ့ရသည်။ ၁၇၂၉ ခုနှစ်တွင် အင် ဂျင်နီယာ မိုသကရ်ရီယါးန် မှ အီရန် နိုင်ငံ၏မြေပုံအဖြစ်ရေးဆွဲရန် အဆင်သင့်ဖြစ်ခဲ့သည်။ ၎င်းမြေပုံများမှာ ကာဂျာရ် ခေတ်အထိရှိခဲ့သော နယ်နိမိတ်များအတိုင်းဟုဆိုရပေမည်။ အီရန် ၏အမည်နှင့်မြေပုံကို သဗ်ရီးဇ် သဖှ်လီးစ် ၊ မရှ်ဟဒ် ၊ ကာဘွလ် ၊ တို့တွင်ရိုက်နှိပ်သော နာဒီရ်အဖှ်ရှာ ရွေဒင်္ဂါးများ၌ တွေ့ရှိရသည်။ :

  • سکه بر زر کرد نام سلطنت را در جهان
  • نادر ایران زمین و خسرو گیتی ستان

အီရန် သက်ဦးစံပိုင်စနစ်[ပြင်ဆင်ရန်]

အီရန် သက်ဦးစံပိုင်စနစ်ဖြင့်ရပ်တည်လာခဲ့ရာ ကာဂျာရ် ခေတ်တွင် အီရန် တိုင်းပြည်ဟုဖြစ်လာသည် ၊ အီ ရာန် အစိုးရ ကို အစိုးရ ၊ သက်ဦးစံပိုင်စနစ်ကို ဘုရင်အုပ်ချုပ်ရေးစနစ်ဟု ပြောစမတ်ပြုလာသည်။ :

  • -အီရန် အစိုးရသတင်းစာ
  • - အီရန် ပညာရေးပိုင်းဆိုင်ရာအစိုးရသတင်းစာ
  • - အီရန် ရှာဟန်ရှာဟီး ဘဏ်
  • - ပထမဆုံး အီရန် နိုင်ငံတော်သီချင်း
  • - ပထမဆုံး အီရန် ပြက္ခဒိန် ၁၂၉၀(ဟိဂျ်ရီ) ( ၁၂၅၂- နေသက္ကရာဇ် = ၁၈၇၃ ခရစ်နှစ် ) ကိုပထမဝန်ကြီး မရှီးရွဒ်ဒူလဟ် ၏ညွှန်ကြားချက် ၊ အစိုးရဘာသာပြန်အဖွဲ့ မိုဟမ္မဒ်ဟစန်စနီအွဒ်ဒူလာဟ် ၏ဦးစီးမှု ဘာသာ ပြန်ဆိုသူ နာဆီရ်ရွဒ်ဒီးန်ရှားဟ် ၏စီစဉ်မှုဖြင့် ထုတ်ဝေဖြန့်ဖြူးနိုင်ခဲ့သည်။.

အီရန် ၏အခြားသောအမည်များ[ပြင်ဆင်ရန်]

  • -အီရန် အာဏာပိုင်အစိုးရ
  • - အီရန် ဆိုရှယ်လစ်ဇင် လှုပ်ရှားမှုအစိုးရ

အီရန် ဆိုသည့်အမည်သည် ရေဇာရှား ( ရေဇာရှားပဲဟ်လဝီ၏ဖခင် ) အာဏာရချိန် ၁၉၂၅ အထိ အီရန် ဟုသာခေါ်တွင်ခဲ့ကြပြီး မည်သူမှ ဖဲရ်ရှီယား ဟုပြောင်းလဲခေါ်ဆိုခဲ့ခြင်းမရှိခဲ့ပါ။ ၁၉၃၆ ဒီဇင်ဘာ ၂၇ ( ၁၃၁၃ ဒိန်လ ၆ ရက်) တွင် ဥရောပနိုင်ငံများသို့ အီရန် နှင့်တရားဝင်ဆက်သွယ် ရေးသားပေးပို့သည့် စာများတွင်လူ မျိုးခြားများခေါ်တွင်သည့်အမည်ကိုအသုံးမပြုဘဲ မိမိတို့လူမျိုးများ အသုံးပြုသည့် အမည်ကိုသာခေါ်ဝေါ်သုံး စွဲရန်စာများပေးပို့ခဲ့သည်။ .

ဖာရ်စ်[ပြင်ဆင်ရန်]

ဖရ်စ် ဖာရ်စ် (သို့) ဖရ်ရှီယား ဆိုသည်တို့မှာ ဥရောပ နှင့် ရောမ တို့ကအမြဲဆိုသလို ခေါ်တွင်ခဲ့သောအမည် ဖြစ်သည်။ ၁၃၁၃ မတိုင်မီအထိ ၎င်းအမည်ကိုတရားဝင်စာချုပ်စာတန်းများ၌အသုံးပြုခဲ့သည်။ အရဗ် တူရကီ နှင့် ဖှာရ်စ် များက အီရန် ဆိုသည့်အမည်ကိုအသုံးပြုခဲ့ကြသည်။ ဟိဂျ်ရီ ၂ ရာစုနှစ်နောက်ပိုင်းတွင် အရဗ် များကလည်း ယူနာန် များကဲ့သို့ ဖှာရ်စ် ကို ဖာရ်စ် ဟုသုံးနှုန်းလာကြသည်။ ဖာရ်စ် သည်သမိုင်းတစ်လျှောက် အဓိပ္ပါယ်များအမျိုးမျိုးရှိခဲ့သည်။ .

پرشیا در رهنامه دریای اریتره

ကန့်သတ်မှုရှိသော အဓိပ္ပါယ်[ပြင်ဆင်ရန်]

ဖှာရစီ ဘာသာစကားပြောဆိုသူ ဖှာရစီ လူမျိုးများကိုခေါ်ဆိုသည်။ အချို့နေရာများ၌ ဇဲရ်သွရှ်သီ မဂျူစီ မဇ်ဒကီ များကိုလည်းကိုစားပြုခေါ်ဝေါ်သုံးနှုန်းသည်။ အီရန် တောင်ပိုင်း ခွရ်ဒ် များကိုလည်း ဖှာရ်စ် ဟုခေါ် သည်။

ကျယ်ပြန့်သောအဓိပ္ပါယ်[ပြင်ဆင်ရန်]

ဥရောပ သမိုင်းသုတေသီများ စာရေးဆရာများက အီရန် ရေမြေပေါ်ရှိနေထိုင်သောလူမျိုးအားလုံးနှင့်သက် ဆိုင်ကြောင်းအဓိပ္ပါယ်ဖွင့်ဆိုကြသည်။ အထူးသဖြင့် အာရ်ယာယီ လူမျိုးများနှင့် ပထဝီဝင် နိုင်ငံရေးအနေအ ထားအရ သက်ဦးစံပိုင်ခေတ်တစ်လျှောက်ရှိခဲ့သူများအားလုံးဟုဆိုကြသည်။ တစ်ခါတစ်ရံ ဥရောပ တို့သည် တစ်သီးတစ်ခြားကို ခြုံငုံခြင်းသို့ပြန်လည် ပတ်သက်မှုပေးတတ်သည် ၊ ဥပမာ - မွတ်စလင်မ် မှန်သမျှကို အရဗ် ဟုသတ်မှတ်ခြင်း ၊ ဖာရ်စ် ကိုလည်း အီရန် ရေမြေအားလုံး၊ ပါကစ္စသာန်၊ စင်န်ဒ် ၊ အိန္ဒိယ အနောက် ပိုင်း ၊ အဖှ်ဂန်နစ္စသာန် ၊ ကဖှ်ကားဇ် နှင့် အာရှအလယ်ပိုင်းတို့အားလုံးပါဝင်သည်ဟုဆိုကြသည်။ ဖဲရ်ရှီယား ဆိုသည့်ဝေါဟာရကို ဖေါ်ပြခဲ့သည်ဒေသအားလုံးရှိလူများကိုလည်းခေါ်တွင်ခဲ့သည်။ အရဗ် များကထိုဒေသ ရှိလူအားလုံးကို အဂျမ် ဟုခေါ်ခဲ့ကြသည်။ ဖေါ်ပြခဲ့သည့်ဝေါဟာရ နှစ်ခုစလုံးမှာ အီရန် ကိုဆိုလိုခြင်းဖြစ် သည်။ ဖာရ်စ် တို့၏အရေးပါမှုကြောင့် ကိုရိုင်ရွှလ်အဂျမ် ဟုခေါ်ကြသည် ၊ အရဗ် မျိုးနွယ်စုများအကြား ကိုရိုက်ရှ် မျိုးနွယ်စုသည်အသာလွန်ဆုံးဖြစ်ခြင်းကြောင့် ထိုကဲ့သို့ခေါ်ဆိုကြခြင်းဖြစ်၏။[၁၇]

ဥရောပတို့သည် ဖရ်ရှီယာ ကို အရဗ်ဗီယာ ဆိုသည့်ဝေါဟာရနှင့်အပြိုင်ခေါ်ဆိုကြခြင်းဖြစ်ပြီး ၎င်းတို့၏ရည် ရွယ်ချက်မှာ အီရန် မျိုးနွယ်စုအားလုံးကိုဆိုလိုသည်။ သို့သော် အရဗ် များက အဂျမ် ဆိုသည့်ဝေါဟာရအ စား ဖှာရ်စ် ဟုသုံးနှုန်းလာသောအခါ ၎င်းတို့သည်လည်း ဖှာရ်စ် လူမျိုးများထက်ပိုပြီး အဓိပ္ပါယ်ဖွင့်ဆိုလာကြ သည် ၊ တစ်ခါတစ်ရံ ဖှာရ်စ် ကို ဖှာရ်စ် တိုင်းပြည်အတွက်သာရည်ညွှန်းပြီး တစ်ခါတစ်ရံ မဂျူးစ် ၊ ဇရ်သွရှ်သီ တို့ကိုပါရည်ညွှန်းခေါ်ဆိုကြသည်။ ဖာရ်စ် ဆိုသည့်ဝေါဟာရသည် အစ္စလာမ် ပေါ်ထွန်းပြီးနောက်ပိုင်းတွင်မိမိ တို့ အီရန် ၌လည်း အရဗီ ဝေါဟာရ ဖှာရ်စ် ( ဖာ နှင့် ဖှာ အသံထွက်ကွာသည် ) ဟုပြောင်းလဲခေါ်ဆိုလာခဲ့ ရာအဓိက ဆိုလိုရင်းအဓိပ္ပါယ်နှင့်လွဲခဲ့သည်။ ဤကဲ့သို့အလွဲများကြောင့် အီရန် အစိုးရသည် ၁၃၁၃ တွင်နိုင် ငံတကာသို့ ဖှာရ်စ် ၊ ဖရ်ရှီယား (သို့) ရှားဟ်ဖရ်ရှီယား အစားရှေးအကျဆုံးဝေါဟာရဖြစ်သည့် အီရန် ကိုသာ အသုံးပြုကြပါရန်အကြောင်းကြားခဲ့သည်။ ထို့နောက်ပိုင်း ဥရောပတို့အကြားတွင်လည်း သမိုင်းနှင့် ယဉ်ကျေး မှု၌အလွန်ပြောင်မြောက်သော ဖရ်ရှီယား ဆိုသည့်အမည်မှာလည်း တစ်စခန်းရပ်ခဲ့သည်။ တကယ်တော့သ မိုင်းတစ်လျှောက် ဖရ်ရှီယာ နှင့် ဖရ်စ် ဆိုသည့်အမည်တို့၏အရေးပါမှုသည်လည်း အီရန် ဆိုသည့်ဝေါဟာရ ထက်တော့မနည်းခဲ့ပါ။ .[၁၈]

အဂျမ် နှင့် အဂျမ် တို့၏တိုင်းပြည်[ပြင်ဆင်ရန်]

အဂျမ် ဆိုသည့်ဝေါဟာရသည် ယနေ့ခေတ်၌ အဓိပ္ပါယ်ဆိုလိုရင်းနှစ်မျိုးရှိသည်။

  1. ကျယ်ပြန့်သောအဓိပ္ပါယ်တွင် အရဗ် မဟုတ်သူအားလုံးကိုဆိုလိုသည်။
  2. သီးသန့်အဓိပ္ပါယ်တွင် အီရန် နှင့်အထူးသဖြင့် ဖာရ်စ် များကိုဆိုလိုသည် ၊ အဂျမ် ဆိုသည့်ဝေါဟာရသည် အဓိကစစ်မှန်သောအဓိပ္ပါယ်အပြင်အသုံးပြုရာ၌အခြားဆိုလိုရင်းများလည်း ရှိပြီး အဓိကအဓိပ္ပါယ်နှင့်ကွဲခြားမှုများရှိသည်။ ၎င်း၏အဓိပ္ပါယ်ကို မဂျ်ျမာ့အွလ်ဘဟရိုင်းန် နှင့် အလ်မွန်ဂျိဒ်ဖှီ လ်လိုဂါးသ် ပြုစုသူတို့ကဖေါ်ပြထားသည် ၊ မဂျ်ျမာ့အွလ်ဘဟရိုင်းန် ၌ဖေါ်ပြထားသည်မှာ -

:

  1. - အဂျမ် ဆိုသည်မှာ ဖှာရ်စ် မျိုးနွယ်များကိုခေါ်ဆိုသည် မည်မျှပင်မိမိတို့၏အဘိဓာန်၌ စကားမကြွယ်ခြင်း ဟုဖေါ်ပြထားသည်ဖြစ်ပါစေ။ .
  2. - အလ်မွန်ဂျိဒ် တွင် အဂျမ် ဆိုသည်မှာ အရဗီ စကားမတတ်သူအားလုံးကိုခေါ်သည်ဟုဖေါ်ပြထားသည်။ အရဗ် တို့၏အမြင်တွင်အခြားသောဘာသာစကားတို့သည် လေးနက်ပြောင်မြောက်မှုမရှိဘဲရှုပ်ထွေးသည်ဟု မြင်ကြသည် ထို့အတွက်ကြောင့် အဂျမ် ဟုဆိုရခြင်းဖြစ်သည် ၊ ( အလွယ်ပြောရလျှင်စကားမတတ်စကားမ ကြွယ်သူများဟုဆိုလိုခြင်းဖြစ်သည်။) အဂျမ် ဆိုသည်မှာ အထူးသဖြင့် ဖှာရစီ ဘာသာစကားနှင့် အီရန် လူ မျိုးများကိုခေါ်ဆုသည်။ မည်မျှပင်ယနေ့ခေတ်တွင် အဂျမ် ဆိုသည်ကိုစကားမကြွယ်ခြင်း /သူ များဟုအဓိက ဖွင့်ဆိုထားသည်ဖြစ်ပါစေ။ အမှန်တကယ်တော့ ထိုဝေါဟာရကိုစတင်ရေးသားခဲ့ရာ၌ အရဗ် တို့သည် အီရန် တို့ကိုသာရည်ရွယ်ခေါ်ဆိုခဲ့ခြင်းဖြစ်သည်။ သို့သော် အရဗ် တို့သည် အရဗ် မဟုတ်သူမှန်သမျှကိုဤဝေါဟာ ရဖြင့်သုံးနှုန်းခဲ့သော်လည်း အမြဲဆိုသလို အီရန် တို့ကိုအထူးသုံးနှုန်းခဲ့သည်ကားပေါ်လွင်သည်။ ထို့ကြောင့် အဂျမ် ဆိုသည့်ဝေါဟာရသည် အရဗ် တို့၏အဘိဓာန်တွင် ဖရ်စ် ဆိုသည့်ဝေါဟာရကဲ့သို့ အီရန် တို့၏ကျော် ကြားသောအမည်အဖြစ်ရှိနေသည်။
  • အဂျမ် ဆိုသည့်ဝေါဟာရကို ကျမ်းမြတ်ကုရ်အာန် တွင် အာအ်ဂျမီ ဟုဖေါ်ပြထားသည် ၊ ပထမဆုံး သဖှ်စီရ် -အကျယ်ဖွင့် - များဖြစ်သည့် ဥပမာ - သဖှ်စီရွသ်သွဟာက် ၌ ဖှာရ်စ် ဟုအဓိပ္ပါယ်ဖွင့်ဆိုပြီး စလ်မါန်နေဖှာရစီ ကိုရည်ညွှန်းသည်ဟုဆိုထားသည်။ သို့သော်နောက်ပိုင်း သဖှ်စီရ် များတွင်တိကျရှင်းလင်းစွာဖေါ်ပြခြင်းမရှိ ပေ။ ထို သဖှ်စီရ် များကပြောကြသည်မှာ - အရဗ် တို့က အီရန်တို့ကိုရည်ညွှန်းသုံးနှုန်းခြင်းနှင့်တော့ကွာခြား သည်ဟုဆိုသည်။


  • -အဟ်မဒ်သဖှသွလီ သည်အချို့သောဆောင်းပါးများတွင် ရှေးဟောင်း ဖှာရစီ အရဗီ စာပုဒ်များ (၁၇ မျက်နှာ စာမျက်နှာ ၁၇ မှ ၃၃ ထိ ) ၊ သဒ္ဒါ နှင့် ဘာသာစကား ဆောင်းပါး၌ (၁၃၇၅ အမှတ်စဉ် ၈ ) အဂျမ် ဆိုသည့် ဝေါဟာရနှင့်ပတ်သက်ပြီး (ဘေလေစာနေ အဂျမ်) ၊ ဖှရ်စ်၊ ဖှာရစီ ၊ ဖှဟ်လဝီ ၊ ပဲဟ်လဝီ တို့ကိုရှေးဟောင်းအ ရင်းအမြစ်များမှအခြေခံဖေါ်ပြထားခြင်းများသည် ထင်သလောက်တိကျခိုင်လုံမှုမရှိပါ။ ဤကဲ့သို့တင်ပြချက် များမှာ လူပုဂ္ဂိုလ် နှင့်နေရာဒေသတို့၏ အမည်များမှအခြေခံလာခြင်းဖြစ်နိုင်သည်။ သို့ပါ၍၎င်းတို့၏ဇာစ်မြစ်ကို လေ့လာရာများသောအားဖြင့် စာပေပညာနှင့်နီးစပ်မှုမရှိသည့် လူတကာတို့၏အသုံးအနှုန်းသာဖြစ်နိုင်သည်။ .
  • အပ်္စနာဒေနာမေခလီဂျေဖှာရ်စ် နှင့် မီရာစီးကိုဟန်ဝါဂျာဝေဒါန် ဆိုသည့်စာအုပ်များတွင်ဖေါ်ပြသည့် အီရန် ၏အမည်များ~

စာမျက်နှာအချို့တွင် အဂျမ် ဆိုသည့်ဝေါဟာရနှင့်ပတ်သက်ပြီး ရှေးယခင် ယခုအထောက်အထားများနှင့် တကွ ထိုဝေါဟာရ၏ဇစ်မြစ်မှာ စန်းစကရစ် ဘာသာစကား ယမ် ၊ ယမီ မှဆင်းသက်လာသည်ဟုဖေါ်ပြထား သည်၊ ဖှာရစီ ဘာသာစကားတွင် ဂျမ် ဟုပြောင်းလဲလာပြီး အရဗီ ဘာသာစကား၌ အဂျမ် ဟုဖြစ်ပေါ်လာ၏။ .

အီရန် အစိုးရ၏တရားဝင်ကြေငြာစာတန်း[ပြင်ဆင်ရန်]

၁၃၁၃ ခုနှစ် ဒိန်း လ ၆ ရက်နေ့တွင် အီရန် အစိုးရသည်ကမ္ဘာ့နိုင်ငံအသီးသီးသို့ ဖရ်ရှီယား ဆိုသည့်အမည် အစား အီရန် ဆိုသည့်အမည်ကိုသာအသုံးပြပါရန် တရားဝင်ကြေငြာစာများပေးပို့ခဲ့သည်။ အထူးသဖြင့်ထို ကဲ့သို့ပြုလုပ်ရခြင်းမှာ အနောက်နိုင်ငံများကြောင့်ဖြစ်သည် ၊ အဘယ်ကြောင့်ဆိုသော် အရဗီ နှင့် အွတ်္စမါနီ အင်ပါယာ ဒေသတို့၌ အီရန် ကို ဖှာရ်စ် ဟုခေါ်ဝေါ်နေကြခြင်း၏အငွေ့အသက်များကြောင့်ဖြစ်သည်။ ထိုအချိန် ၁၃၁၃ ဒိန်း လ ၁၀ ရက်နေ့တွင် ဒေါက်တာ စအီးဒ်နဖှီစီး မှ သဲဟ်ရာန် ၌ဆောင်းပါးတစ်ခုထုတ် ဝေခဲ့ရာ ၎င်းဆောင်းပါးတွင် ( အမှန်မှာ အစိုးရအားလုံးနှင့် ဥရောပ တို့မှမေတ္တာရပ်ခံလိုသည်ကား ဤ မှားယွင်းသော အသုံးအနှုန်းကိုအသုံးမပြုကြရန်နှင့် ကျွနု်ပ်တို့၏နိုင်ငံကိုကျွန်ုပ်တို့အမြဲသုံးနှုန်းခေါ်ဝေါ်ခဲ့သော အီရန် ဆိုသည့်အမည်ကိုသာအသုံးပြုကြရန် ၊ ဖာရ်စ် ဆိုသည်မှာ အီရန် ၏တစ်စိတ်တစ်ဒေသ ကိုသာဆို

လိုခြင်းဖြစ်သည်။) ဟုရေးသားဖေါ်ပြထားသည်။.[၁၉]


ကိုးကား[ပြင်ဆင်ရန်]

  1. علیرضا شاهپور شهبازی. راهنمای مستند تخت جمشید. بنیاد پژوهشی پارسه-پاسارگاد. چاپ ۱۳۸۴. تهران: انتشارات سفیران و انتشارات فرهنگسرای میردشتی، ۱۳۸۴. ۱۸. شابک ‎۴-۶-۹۱۹۶۰-۹۶۴.Template:یادکرد
  2. کتاب اسناد نام خلیج فارس، میراثی کهن و جاودان، ص ۲۲-۴۷، گفتار «نام‌های سرزمین ایران»
  3. کتابBook:Documents on the Persian Gulf's name.names of Iran.pp.23-60 molk e Ajam=MOLKE JAM. اسناد نام خلیج فارس، میراثی کهن و جاودان، دکترمحمد عجم - تهران 1388 PAGE 23-60...
  4. C.F.H: Vierter und letzter Theil, in sich enthaltende die Historiam Literariam Seculi XVIII … [၁]. , Frankfurt am Main, 1737, Seite 5953
  5. رضاییان، فرزین. هفت رخ فرخ ایران. چاپ ابیانه. انتشارات دایره سبز، ۱۳۸۶. ۱۷.Template:یادکرد
  6. نیولی، گراردو. آرمان ایران. چاپ طیف نگار. انتشارات پیشین پژوه، ۱۳۸۷. ۲۹–۳۲.Template:یادکرد
  7. airya
  8. «ایرج» ‎(فارسی)‎. لغت‌نامه دهخدا. بایگانی‌شده از نسخهٔ اصلی در ۰۶ مه ۲۰۱۲. بازبینی‌شده در ۱۰ اسفند ۱۳۹۰.Template:یادکرد وب
  9. MacKenzie, ‎David Niel. “Ērān, Ērānšahr”. In Encyclopædia Iranica, Vol.8. Cosa Mesa: Mazda, 1998.Template:یادکرد
  10. CIA - The World Factbook - Iran
  11. «Per·sia» ‎(انگلیسی)‎. Google Dictionary. بایگانی‌شده از ,cf.osb&fp=53ada0d311201b98&biw=1366&bih=۶۷۳ نسخهٔ اصلی در ۰۶ مه ۲۰۱۲. بازبینی‌شده در ۱۰ اسفند ۱۳۹۰.Template:یادکرد وب
  12. حسن انوری، حسن احمدی گیوی دستور زبان فارسی 1 و 2
  13. http://www.etymonline.com/index.php?search=-stan&searchmode=none
  14. Joseph Bender:Die deutschen Ortsnamen, in geographischer, historischer, besonders in sprachlicher Hinsicht, mit steter Berücksichtigung der fremden Ortsbenennungen. Siegen 1846 Seite 84(books.google.de)
  15. Ganjnama - مجموعه آثار مولوی ... » نتایج جستجو برای SEARCH_Q
  16. گنجور
  17. کتابBook:Documents on the Persian Gulf's name.names of Iran.pp.23-60 molk e Ajam=MOLKE JAM. اسناد نام خلیج فارس، میراثی کهن و جاودان، محمد عجم - تهران 1388 PAGE 23-60...
  18. کتاب اسناد نام خلیج فارس، میراثی کهن و جاودان منشر شد
  19. http://s5.picofile.com/file/8105066826/Khalij_fars1.pdf.html