အီရန်နိုင်ငံ၏ မီဒီယာ

ဝီကီပီးဒီးယား မှ

အီရန်နိုင်ငံတွင် အများပိုင်မီဒီယာနှင့်ပုဂ္ဂလိကပိုင်မီဒီယာဟူ၍နှစ်မျိုးရှိပေသည်။ ထိုမီဒီယာနှစ်မျိုးလုံးသည် ဆင်ဆာအဖွဲ့အောက်၌ရှိနေကြပေသည်။အီရန်သည်၂၀၁၆ခုနှစ်မှစ၍ စုစုပေါင်းသတင်းစာ၁၇၈မျိုး၊စာစောင်အမျိုးအစား ၈၃ မျိုးနှင့် သတင်းအချက်အလက်များပေးသော ဝဘ်ဆိုဒ်ပေါင်း၁၅၀၀၀ ဆိုဒ်နှင့် ဘလော့ဂ် ၂ သန်းရှိခဲ့သည်။ မီဒီယာများမှ ထုတ်ဝေသောစာအုပ်စာပေများကို စောင့်ကြပ်ရန်နှင့်ခွင့်ပြုချက်များထုတ်ပေးရန်အတွက် သီးသန့်စိစစ်ရေးအဖွဲ့ရှိပေသည်။ယင်းအဖွဲ့သည် ဘာသာရေးနှင့်မကိုက်ညီသောစာပေများ၊အမျိုးသားရေးနှင့်ဆန့်ကျင်သောဂျာနယ်နှင့်ထုတ်ဝေမှုများအပြင် တိုင်းသူပြည်သားတို့အတွက် အကျိုးရုတ်စေသော စာအုပ်စာပေများသည် မည်မျှပင် ခွင့်ပြုချက်ရရှိထားပါစေ ထိုခွင့်ပြုချက်ကို ပြန်လည်ရုပ်သိမ်းပိုင်ခွင့်ရှိပြီး လိုအပ်သလို ပြစ်ဒဏ်ချမှတ်နိုင်သည်။အီရန်မီဒီယာများသည် အစ္စလာမ့်သွန်သင်ညွှန်ကြားချက်များအပေါ် မေးခွန်းထုတ်စောဒကတက်ပိုင်ခွင့်မရှိပါ။(ထိုအကြောင်းအရာသည် အစိုးရ၏ညွှန်ကြားချက်အရဖြစ်သည်)[ကိုးကားချက်လိုသည်]

အီရန်နိုင်ငံတွင် ပါရှန်းဘာသာဖြင့်ရေးသားထုတ်ဝေသော သတင်းစာများမြောက်မြားစွာရှိပြီး အင်္ဂလိပ်ဘာသာစကားနှင့်အခြားဘာသာစကားများဖြင့်ရေးသားဖြန့်ဝေသော သတင်းစာများလည်းရှိသည်။ စာနယ်ဇင်းများကျယ်ပြန့်စွာဖြန့်ချိမှုသည် တီဟီရန်တွင်အခြေစိုက်သည်။သတင်းစာများတွင် အပတ်စဉ်သတင်းစာနှင့် နေ့စဉ်သတင်းစာဟူ၍ရှိသည်။၎င်းသတင်းစာအမည်များမှာ- အီရန်သတင်းစာ၊ ပီရှာလီတာသတင်းစာ၊ကိုင်ဟာန်းသတင်းစာ၊ဟမ်ရှဲဟ်ရီသတင်းစာနှင့် ရေဆာလသ်သတင်းစာ စသဖြင့်တို့ဖြစ်ပေသည်။အီရန်သတင်းစာနှင့် အီရန်သတင်းစာနှင့် တီဟီရန်တိုင်းမ် သတင်းစာတို့သည် အင်္ဂလိပ်ဘာသာစကားဖြင့်လည်းထုတ်ဝေသည်။အီရန်တွင်အကြီးမားဆုံးသော မီဒီယာသတင်းဌာနသည် Islamic Republic of Iran Broadcasting (IRIB) အီရန်နိုင်ငံပြည်သူ့အသံလွှင့်ဌာနဖြစ်ပေသည်။ Financial Tribune သည်အဓိကအကျဆုံးသော အင်္ဂလိပ်ဘာသာစကားဖြင့် တင်ထားသော (အွန်လိုင်း ) စီးပွားရေးစာနယ်ဇင်းဂျာနယ်ဖြစ်ပေသည်။ Iran Front Page ( IFP News )သည်အင်္ဂလိပ်သတင်းမီဒီယာ ဝဘ်ဆိုဒ်ဖြစ်ပြီး အီရန်ပါရှန်းမီဒီယာများမှတဆင့် နောက်ဆုံးပေါ်သတင်းများကို အင်္ဂလိပ်ဘာသာစကားဖြင့် ထုတ်ဝေသော သတင်းဌာနတစ်ခုဖြစ်သည်။

နိုင်ငံခြားမှထုတ်လွှင့်သောအစီအစဉ်များလည်း အီရန်တွင်ရှိပေသည်။ဥပမာ ဖာရ်စီဘာသာစကားဖြင့် ထုတ်လွှင့်သော Kol Israel နှင့် Radio Fardaတို့ပင်ဖြစ်လေသည်။သို့သော်ယင်းမီဒီယာများသည် ရံဖန်ရံခါ အီရန်မီဒီယာ ဂျာမေဂျမ်းနှင့်ထိပ်တိုက်တွေ့လိုကြသည်။အီရန်အစိုးရသည် နိုင်ငံ၏စည်းမျဉ်းနှင့်မကိုက်ညီသော အစီအစဉ်ဟူသမျှကို စင်ဆာပြုလုပ်ပြီးမှ ထုတ်လွှင့်သည်။ အီရန်နိုင်ငံသား ၈၀%ကျော်တို့သည် သတင်းအချက်အလက်များကို အစိုးရ၏သတင်းဌာနများမှ ရယူကြသည်။အီရန်တွင် ကိုယ်ပိုင်သတင်းမီဒီယာဌာနတည်ထောင်မှုသည်အလွန်နည်းပါးသွားခဲ့သည်(သို့)ခွင့်မပြုတော့ပေ။ နယ်ပယ်စည်းခြားခြင်းခံထားရမှုမရှိသော သတင်းထောက်များက အရှေ့အလယ်ပိုင်းတွင် ဂျာနယ်လီစ်များကို ကန့်သတ်မှုများပြုလုပ်မှုအများဆုံးနိုင်ငံသည် အီရန်ဖြစ်သည်ဟု ထုတ်ပြန်ကြေညာထားလေသည်။၁၉၇၉ ခုနှစ်အီရန်ဖွဲ့စည်းပုံအခြေခံဥပဒေအလိုအရ ရှိသမျှသောအသံလွှင့်ဌာနများသည် သီးသန့်အစိုးရ ညွှန်ကြားချက်အတိုင်း ဖြစ်ရမည်နှင့် ၁၉၉၄ ခုနှစ်တွင်အစိုးရသည် ဂြိုဟ်တုရုပ်မြင်သံကြား၏အသုံးပြုမှုကိုပိတ်ပင်တားမြစ်လိုက်သည်။ သို့သော်ငြားလည်း အီရန်နိုင်ငံသား ၃၀ ရာခိုင်နှုန်းကျော်သည် ဂြိုဟ်တု ချနဲလ် များကိုကြည့်နေဆဲဖြစ်သည်။

အီရန်မီဒီယာများပါဝင်:

  • အီရန်သတင်းအေဂျင်စီ
  • အီရန်သတင်းစာ
  • အီရန်ဘလော့ဂ်များ
  • ပါးရှန်းဘာသာစကားမဂ္ဂဇင်းများ
  • ပါးရှန်းဘာသာစကားရုပ်သံလှိုင်း(အလုံးအီရန်)

ရှာဖွေရန်[ပြင်ဆင်ရန်]

  • အီရန်ရုပ်မြင်သံကြားအစီအစဉ်
  • အီရန်ရုပ်ရှင်ရုံ
  • ပါးရှန်းစာပေ
  • အီရန်ဂီတ
  • အီရန်ဆက်သွယ်ရေးနှင့်အင်တာနက်
  • အီရန်အစ္စလာမ့်သမ္မတနိုင်ငံအသံလွှင့်ဌာန
  • ဆင်စာအဖွဲ့
  • ဆက်လက် Iranica
  • အီရန်နိုင်ငံတကာအဆင့်မီ ဆက်သွယ်ရေး
  • ယဉ်ကျေးမှုဝန်ကြီးဌာနနှင့်အစ္စလာမ့်လမ်းညွှန်
  • အီရန်နိုင်ငံပညာရေး

ကိုးကား[ပြင်ဆင်ရန်]

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]

အထွေထွေ
  • စာရင်းပါရှန်း(အီရန်)အင်တာနက် မှတဆင့် Gooya
  • Gooyauk -အီရန်မီဒီယာအရင်းအမြစ်များ
  • အီမီဒီယာ စာရင်း-မီဒီယာဆိုဒ်များနှင့်သတင်းအေဂျင်စီ
  • Jahani[လင့်ခ်သေ] -စာရင်းများ၏ဂြိုဟ်တုချန်နယ်
  • Iran Media GuideTehran Bureau (2009)။
  • Monroe Price:Iran Media Program။ University of Pennsylvania, Annenberg School for Communication, Center for Global Communication Studies။ “Collaborative network designed to enhance the understanding of Iran's media ecology”
  • အီရန်နောက်ဆုံးရသတင်းများ-Financialtribune သတင်းစာ
  • မီဒီယာစောင့်ကြည့်လေ့လာရေးအတွက်အီရန်
  • "Media Landscapes: Iran"Medialandscapes.org၊ Netherlands: European Journalism Centre
ဗီဒီယိုများ