အီရန်နိုင်ငံရှိ အားကစား
အီရန်နိုင်ငံတွင် များစွာသော အားကစားအမျိုးအစားများကို လေ့ကျင့်လျက်ရှိနေကြသည်။ ထိုအားကစားအမျိုးအစားများထဲတွင် ခေတ်သစ်အားကစားနှင့် ရိုးရာ နှစ်မျိုးလုံးပါဝင်သည်။ ၁၉၇၄ ခုနှစ်တွင် အီရန်နိုင်ငံ တီဟီရန်မြို့တော်၌ အာရှအားကစားပွဲတော်ကို အိမ်ရှင်နိုင်ငံအဖြစ် တာဝန်ယူကျင်းပခဲ့သည်။ ထိုသည် အနောက်အာရှမြို့တော်များအကြား ပထမဦးဆုံးကျင်းပခဲ့သော မြို့တော်ဖြစ်သည်။ ထို့ပြင် လက်ရှိချိန်ထိလည်း မြောက်မြားစွာသော အားကစားများတွင် ပါဝင်ယှဉ်ပြိုင်လျက်ရှိသည်။ အီရန်နိုင်ငံတွင် နပန်းပွဲသည် အီရန်တို့၏ ရိုးရာအားကစားဖြစ်သော်လည်း ယခုအခါ အီရန်နိုင်ငံတွင် လူကြိုက်အများဆုံးသည် ဘောလုံးအားကစားပင် ဖြစ်ပေသည်။ ၂၀၁၀ ခုနှစ်တွင် အီရန်နိုင်ငံ စီပွားရေး အကျပ်အတည်းများကြောင့် အားကစား ဘတ်ဂျက်သည် ဒေါ်လာသန်း ၈၀ အစိုးရမှ သတ်မှတ်ခဲ့သည်။ ထိုသို့သတ်မှတ်ရခြင်းသည် အီရန်လူဦးရေအလိုက် တစ်ဦးလျှင် ၁ ဒေါ်လာနှုန်းသတ်မှတ်၍ သတ်မှတ်ခဲ့ခြင်းဖြစ်သည်။[၁]
သမိုင်း
[ပြင်ဆင်ရန်]ရှေးကျသော အီရန်သားတို့အကြား အားကစား နှင့်အားကစားလေ့ကျင့်ခြင်းများသည် နေ့စဉ်လုပ်ဆောင်လျက်ရှိသော လုပ်ဆောင်မှုများအတွင်းမှ အဓိကအကျဆုံး တစ်ခုဖြစ်သည်။
အားကစားများသည် ကိုယ်ခန္ဓာကျန်းမာသန်စွမ်းပြီး ရဲစွမ်းသတ္တိများရှိကြသည့်အတွက် လိုအပ်လာသော အချိန်အတိုင်းအတာတစ်ခုတွင် မိမိကိုယ်ကို၊ မိသားစုနှင့် တိုင်းပြည်ကိုလည်း ကာကွယ်စောင့်ရှောက်ပေးနိုင်သူများ ဖြစ်ပေသည်။
အားကစားသမားတို့ နေရာတိုင်း၌ အလွန်အမင်းအားပေးမှုကိုခံကြရပြီး နိုင်ငံသားတို့သည်လည်း မိမိတို့၏ အားကစားသမားများအပေါ် ဂုဏ်ယူ၀င့်ကြွားကြသည်။ နိုင်ငံသားတို့သည် ဤသို့ ချီမွမ်းရသည့်အကြောင်းရင်းမှာ အားကစားသမားတို့၏ ရဲရဲ၀င့်၀င့် ပြိုင်ပွဲဝင်ယှဉ်ပြိုင်ကြသည့်အတွက်ပင် ဖြစ်လေသည်။
ရှေးကျအီရန်နိုင်ငံသား ဇရ်သိုရှ်(မီးကိုးကွယ်သူများ)တို့အကြား မိမိတို့သာသနာ၏ သွန်သင်ဆုံးမမှုများကိုအလေးထားပြီး ဘုရားဝတ်ပြုမှုတွင် သုခဘုံကို အာရုံစူးစိုက်ကြသလိ စိတ်ဝိဉာဉ်နှင့် ကိုယ်ခန္ဓာကျန်းမာ သန်စွမ်းဖို့ရန် ကိုလည်း အထူးသတိပြုခဲ့ကြသည်။ လူမှန်လျှင် ကိုယ်ခန္ဓာကျန်းမာသန်စွမ်းရမည်ဟု ခံယူထားကြလေသည်။
ရှေးခေတ်ပါးရှန်း(အီရန်)တို့သည် ၎င်းတို့အဖျက်လုပ်ငန်းများပြုလုပ်သော ပြုလုပ်သည့်လက်နက်များတွင် ဘာသာရေးထုံးတမ်းစဉ်လာများကို အတူတကွတပ်ဆင်လေ့ရှိခဲ့သည်။ ထိုအတိုင်း မဂိုများ (ဘာသာတရားကိုင်းရှိုင်းသော ခရစ်ယာန်များ) ၎င်းတို့ ကျောင်းတော်များတွင် ဝတ်ပြုသည့်အခါ ထိုလက်နက်များကို လက်တွင် မြှောက်ပင့်ကိုင်ဆောင်ကာ ဆုတောင်းလေ့ရှိကြသည်။ သို့ပေမဲ့လည်း ဗြိတိသျှဘုန်းတော်ကြီးများသည် ၎င်းတို့လက်နက်များကို ခါးတွင် ချိတ်ထားလေသည်။
ပါရှန်း(ရှေးအီရန်)တို့၏ အထွဋ်အမြတ်ထားရာကျမ်းဖြစ်သော (အဝစ်တာ)ကျမ်းတွင် ခွန်အာကြီးမားသူများနှင့် အားကစားသမားတို့၏ အရိုက်အရာကို ရှင်းလင်းစွာ ဖော်ပြထားလေသည်။ သို့သော် ၎င်းသူတို့သည် ဘုရားသခင် ရွေးချယ်ထားသောသူများနှင့် အထွဋ်အမြတ်ထားဖွယ်ရာ ပုဂ္ဂိုလ်နှင့်အရာဝတ္ထုများလောက် မမြင့်မြတ်လှပေ။ ရှေးအီရန်သားတို့သည် ကျမ်းစာများတွင်ဖော်ပြထားသော အကြောင်းအရာများနှင့် မိမိတို့၏အဘိုးအဘွားများ သွန်သင်ခဲ့မှုတို့မှ ထိုအကြောင်းအရာများကို သိခဲ့ကြရသည်။
ရှေးခေတ်ပါးရှန်းတို့၏ ဓလေ့ထုံးလမ်းစဉ်လာများအနက် ထိုဓလေ့သည် ယနေ့ချိန်ထိတိုင် ပါးရှန်းတို့အကြား ကျန်ရစ်နေခဲ့၏။ ထိုအတိုင်းပင် ၎င်းတို့၏ ရှေးဓလေ့တစ်ခုဖြစ်သော လက်ဖက်ရည်ဝိုင်းထိုင်သောက်ရင်း ပုံပြင်ပြောသော ဓလေ့သည် ပါးရှန်းမျိုးနွယ်စုများနှင့် နေအိမ်များအကြားတွင် ယနေ့ချိန်ထိတိုင် တွေ့မြင်နေရပေသည်။
ပါးရှန်းတို့အကြား ခွန်အားဗလရှိအားကစားသမားတို့နှင့်ပတ်သက်ပြီး အလေးထားမှုသည် အလွန်မှပင်ကြီးကျယ်လှသည်မှာ ဖာရ်စီဘာသာစကားတွင် ခွန်အားဗလကြီးပြီးအောင်နိုင်သူ ဟူသော အဓိပ္ပာယ်နှင့်ပတ်သက်ပြီး တင်ပြမှုအတွက် ဝေါဟာရပေါင်း၃၀ ကျော်ရှိလေသည်။
ရှေးပါးရှန်းလူမျိုးတို့သည် ၂၄ နှစ်အောက် လူရွယ်များကို မိမိတို့၏ခေတ်ကာလတွင် ကျော်ကြားသော အားကစားနည်းကို အပြည့်အ၀သင်ကြားပေးလေ့ရှိခဲ့ကြသည်။ ၎င်းအားကစားနည်းများ သင်ကြားမှုတွင် မီမင်းန် ဟူသော ကိုယ်ဟန်ဖြင့် ပြသသော သဘင်အပါအဝင် အခြားအားကစားနည်းများမှာ မြင်းစီး၊ ပိုလို၊ လှံပစ်၊ နပန်း၊ လေးပြစ်နှင့် ဓားကစားခြင်းတို့ ဖြစ်သည်။ ၎င်းသူတို့သည် ထိုအားကစားနည်းပညာများကို အခက်အခဲအမျိုးမျိုးကြားမှ သင်ယူခဲ့ကြသည်။ ထိုသို့အခက်အခဲများအကြား ဒုက္ခခံသင်ယူရခြင်း၏ အကြောင်းအရင်းမှာ ထိုအတတ်ပညာများကို ထုတ်သုံးရန် အချိန်ကျလာသည့်အခါ (စစ်ဖြစ်လာသည့်အခါ) ထိုအချိန်တွင် ၎င်းအခက်အခဲများဖြစ်သော အစားအသောက်မစားရခြင်း၊ ရေဆာခြင်း၊ အပူအအေးဒဏ် စသည်တို့ကို ကြံကြံခိုင်နိုင်ရည်ရှိရန်အတွက်ပင် ဖြစ်လေသည်။
၂၀၁၅ ခုနှစ်နောက်ပိုင်း ကမ္ဘာ့ပျှမ်းပျတွက်ချက်မှုအရ ၆၀ ရာခိုင်နှုန်းသော အီရန်လူငယ်များသည် အားကစားလိုက်စားကြပေသည် ဟုဖြစ်သည်။ အမှန်တကယ်မှာတော့အီရန်တွင် အားကစားလိုက်စားသူလူငယ် ၆၀ ရာခိုင်နှုန်းမရှိပါ ၂၀ ရာခိုင်နှုန်းမျှသာ ရှိပေသည်။ ကျန်လူငယ်များသည် အလျဉ်းအားကစားမလုပ်ဆောင်ပါ မလိုက်စားပါ။[၂]
၂၀၁၂ ခုနှစ် အိုလံပစ်အားကစားပြိုင်ပွဲ
[ပြင်ဆင်ရန်]အီရန်သည် လန်ဒန်တွင်ကျင်းပသော ၂၀၁၂ အိုလံပစ်အားကစားပွဲတော်တွင် အာရုံစူးစိုက်ဖွယ်ရာ အနိုင်ရမှုများရှိခဲ့သည်။ ထိုပွဲတော်တွင် အီရန်သည် ဆုတံဆိပ် ၁၂ ဆု ရခဲ့ပြီး ထိုအတွင်းမှ ၄ ဆုသည် ရွှေတံဆိပ် ဆုများဖြစ်ခဲ့သည်။ ထိုအကြောင်းအရာသည် အိုလံပစ် သမိုင်းတလျှောက် အရှေ့အလယ်ပိုင်းနိုင်ငံတစ်နိုင်ငံ၏ အကောင်းဆုံးလုပ်ဆောင် ခဲ့သောလုပ်ဆောင်ချက်ဖြစ်ခဲ့သည်။
အမျိုးသမီးအားကစား
[ပြင်ဆင်ရန်]၁၉၇၉ ခုနှစ်မှစပြီး အီရန်နိုင်ငံ အိုလံပစ်ကော်မတီမှ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့လေသည်။ ထိုကြေညာချက်မှာ အားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ကြသော အမျိုးသမီးအားကစားသမားတို့အနေဖြင့် အီရန်နိုင်ငံတွင်း၌ဖြစ်စေ(သို့) အခြားနိုင်ငံ၌ဖြစ်စေ အားကစားပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်သည့်အခါ အစ္စလာမ့်ဥပဒေသများကို မလွဲမသွေလိုက်နာရမည်။ ထိုသို့လိုက်နာခြင်းမရှိပါက နိုင်ငံတော်ဘက်မှ ကြီးလေးသော ပြစ်ဒဏ်ချမှတ်မည် ဟုဖြစ်သည်။ ယင်းကော်မတီသည် အားကစားပြိုင်ပွဲများတွင် ဖြစ်လေ့ရှိသော အမျိုးသမီးအားကစားသမားများနှင့် ဒိုင်လူကြီးတို့အကြား ခန္ဓာကိုယ်ချင်းထိတွေ့ မှုတို့ကို အိုလံပစ်ပွဲတော်များတွင် တားဆီးခဲ့သည်။ ၁၉၉၆ ခုနှစ်၊ ၂၀၀၀ ခုနှစ် ၊၂၀၀၄ ခုနှစ်၊၂၀၀၈ ခုနှစ် နွေရာသီအိုလံပစ်အားကစားပြိုင်ပွဲများတွင် အီရန်နိုင်ငံမှ အမျိုးသမီးအားကစားသမား ၆ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
၂၀၁၆ ခုနှစ်တွင် အီရန်အမျိုးသမီးအားကစားမယ်မှ ပြိုင်ပွဲတွင် ရွှေဆုကို ဆွတ်ခူးခဲ့မှုသည် ကမ္ဘာ့အမျိုးသမီးအုပ်စုအကြား အီရန်ကို ထိုအမျိုးသမီးမှ မိတ်ဆက်ပေးခဲ့သည်။ ထိုအချင်းအရာသည် မီနာဒေသတွင် ထင်ရှားဖွယ်ရာ မှတ်တမ်းတစ်ခု ဖြစ်ခဲ့သည်။
အီရန်နိုင်ငံအားကစားနှင့်ကာယပညာဦးစီးဌာန
[ပြင်ဆင်ရန်]- ၁၉၃၅: အမျိုးသားအားကစားအစည်းအရုံး
- ၁၉၆၀: ပညာရေးဝန်ကြီးဌာနလက်အောက်သို့ အားကစားနှင့်ကာယပညာ ရောက်ရှိသွားခြင်း
- ၁၉၇၁: အားကစားနှင့်အပန်းဖြေအဖွဲ့
- ၁၉၇၇:ပညာရေးဝန်ကြီးဌာနလက်အောက်မှ ပြန်လည်ထွက်ပြီး ပညာရေးဝန်ကြီးဌာနနှင့် တိုင်ပင်ကာလုပ်ဆောင်ခြင်း(ဒုတိယအကြိမ်အတွက်)
- ၁၉၇၉-တင်ပြမှု: လွတ်လပ်သောကာယပညာအဖွဲ့ (အစိုးရဘက်မှအဖွဲ့)
- ၂၀၁၁ ခုနှစ်: အကာယပညာအဖွဲ့နှင့်အတူ အမျိုးသားလူငယ်အစည်းအရုံး ပေါင်းစည်းရန် ပါလီမန်တွင် အဆိုပြုချက်။
အားကစားအမျိုးအစားများ
[ပြင်ဆင်ရန်]- ချန်ပီယံရှစ်အားကစား: အီရန်နိုင်ငံအစ္စလာမ်မစ်သမ္မတနိုင်ငံအမျိုးသားအိုလံပစ်ကော်မတီ
- အားကစားဆိုင်ရာပညာရေး: အီရန်နိုင်ငံပညာသင်ကြားရေးနှင့်ပညာရှင်မွေးမြူရေး
- ပြည်သူ့အားကစား: အီရန်နိုင်ငံကျန်းမာရေး
ဘတ်ဂျတ်
[ပြင်ဆင်ရန်]၂၀၁၀ ခုနှစ်တွင် အစိုးရဘက်မှ ချပေးသော အားကစားနှင့် ကိုယ်ကာယအတွက် ဘတ်ဂျတ်ငွေသည် အီရန်လူဦးရေအလိုက် တစ်ဦးလျှင် ၁ ဒေါ်လာနှုန်းဖြင့် ဒေါ်လာ သန်း၈၀ ဖြစ်သည်။
ရိုးရာ အားကစားများ
[ပြင်ဆင်ရန်]အလေးမ၍ ကိုယ်ခန္ဓာကြီးထွားရန်ကစားခြင်း
[ပြင်ဆင်ရန်]အီရန်နိုင်ငံတွင် ကိုယ်ခန္ဓာထွားကြိုင်းရန်အတွက် ဆော့ကစားခြင်းသည် လူငယ်များအကြား အလွန်နှစ်သက်ကြ၏။ အီရန်နိုင်ငံတွင် ထိုသို့နာမည်ကြီးဆော့ကစားကြသူများမှာ ဂျဝါးဒ်နဗဝီ ၊ မိုဟမ္မဒ် ဖရခ်၊ အလီသဘ်ရေဇီ၊ ဟမီးဒ်မန်ဖီနှင့် ဇဟီးရ်အလ်ကရ်ဘလာအီ(အာနိုးလ် ဖလာဟ်)တို့ဖြစ်ကြသည်။
နပန်း
[ပြင်ဆင်ရန်]အီရန်နပန်းသည် အလွန်ရှည်လျားသော အစဉ်အလာနှင့် သမိုင်းရှိကြောင်းရှိခဲ့ပြီး များသောအားဖြင့် ထိုအားကစားနည်းကို အီရန်အမျိုးသားအားကစားဟု သတ်မှတ်ကြသည်။ ထိုအားကစာနည်းတွင် ကစားသည့် ပုံစံအမျိုးမျိုးရှိသည်။ Varzesh-e Pahlavani (ခွန်အားပြိုင်အားကစား) မှ Zurkhaneh(စင်ပေါ်နပန်း)ထိ ပုံစံအမျိုးမျိုးရှိသည်။ ထိုစင်ပေါ်နပန်းသည် အလွတ်တမ်းထိုးသတ်နပန်းများနှင့် အလွန် နီးစပ်မှုရှိသည်။
အထူးသဖြင့် အလွတ်များနပန်းနှင့် ဂရိနှင့် ရောမနပန်းနှစ်မျိုးစလုံး အီရန်တွင် လူကြိုက်များကြသည်။ မာဇင်ဒရာန်းပြည်နယ်သည် တိုင်းပြည်၏ အဓိကအားတစ်ခုဖြစ်သည်။ ထို့ပြင် နပန်းသည်လည်း ထိုဒေသ၏ယဉ်ကျေးမှုတစ်ခု ဖြစ်ပေသည်။ တီဟီရန်၊ ကာမန်ရှာ၊ ခိုရာဆာန်း၊ ဟာမီဒန်ပြည်နယ်တို့သည်လည်း အရည်အချင်းပြည့်၀သော နပန်းအားကစားသမားများကို မွေးထုတ်ပေးသော ဒေသများဖြစ်ပေသည်။
သမိုင်းကြောင်းတစ်ခုအရ အီရန်နိုင်ငံတွင် အလွန်မှပင် ကျွမ်းကျင်ပြီးဝါရင့် နပန်းအားကစားသမားများဖြစ်သည့် ဂိုလာမ်ရေဇာသခ်သီး (၁၉၅၉ ခုနှစ်တွင် လည်းကောင်း၊ ၁၉၆၁ ခုနှစ်တွင်လည်းကောင်း ကမ္ဘာ့နပန်းလောကတွင် (၂) ကြိမ်တိုင်တိုင် အလွတ်တမ်းနပန်းပွဲများ၌ အောင်နိုင်ခဲ့သည်) ကဲ့သို့သော ပုဂ္ဂိုလ်ထူးများ ရှိနေခဲ့သည့်အတွက် အီရန်နိုင်ငံသည် ဝါရင့်နပန်းကျွမ်းကျင်သော နိုင်ငံများအကြား ပါဝင်ခဲ့သည်။
ပိုလို
[ပြင်ဆင်ရန်]ပိုလိုအားကစားနည်းသည် အီရန်နိုင်ငံတွင် ခရစ်သက္ကရာဇ် မတိုင်မီကာလများ၌ပင် ရှိခဲ့သည်။ အီရန်အကျော်အမော် ကဗျာဆရာကြီးတစ်ဦးဖြစ်သည့် ဖီရ်ဒေါင်စီ က (၉)ရာစု ဘုရင်မော်ကွန်းကျမ်းတွင် ဖော်ပြထားလေသည်။ အီရန်တွင် ပိုလိုအားကစားပြိုင်ပွဲ ပန်းချီကားချပ်များကို ရှေးယခင်ကတည်းက တွေ့မြင်လျက်ရှိနေသည်။
အစ္စလာမ်သာသနာကလည် မြင်းစီအတတ်ပညာကို သင်ယူရန်အတွက် တိုက်တွန်းထားပြီး ၁၉၇၉ ခုနှစ်အီရန်နိုင်ငံတော်လှန်ရေးပြီးနောက်ပိုင်း ခေတ်သစ်တွင် ငွေကြေးချမ်းသာသူများသာ ဇိမ်ခံမြင်းစီးကြသည့်အတွက် ပျောက်ကွယ်ခဲ့လေသည်။ သို့သော်လည်း တင်ပြလာသော အချက်အလက်များကြောင့် အားကစားတွင် အသစ်တဖန်ပြန်လည် ရောက်ရှိလာနိုင်ကြောင်း ယူဆထားမှုများ ရှိပေသည်။
မြင်းပြိုင်ပွဲသည် အီရန်နှင့် တုရ်ကမန်နိုင်ငံအကြား အလွန်ရေပန်းစားသော အားကစား ဖြစ်သည်။ ဂွန်ဘသ်-ဒေ-ကာဝူးစ်နှင့် ဘန်ဒရ်-ရေ-တုရ်ကမန်တွင် မြင်းပြိုင်ပွဲနှစ်ခု ရှိသည်။ ပြိုင်ပွဲများသည် အပြည်ပြည်ဆိုင်ရာ မဟုတ်သည့်အတွက် ရုပ်မြင်သံကြားတွင် မထုတ်လွှင့်သော်လည်း ပြိုင်ပွဲတွင် အောင်နိုင်သူတို့အား ဆုများကို ထိုက်ထိုက်တန်တန် ပေးလျက်ရှိလာပြီဖြစ်သည်။ မြင်းပြိုင်ပွဲနှင့် (မြားပစ်) ပြိုင်ပွဲများအတွက် မဲနှိုက်ခြင်းသည် အစ္စလာမ်ဘာသာတွင် တားမြစ်ထားခြင်းမရှိပါ။
ဘုတ်ဂိမ်းများ
[ပြင်ဆင်ရန်]စစ်တုရင်
[ပြင်ဆင်ရန်]စစ်တုရင်ကစားနည်း၏ အစဘယ်ကလဲဆိုသည်နှင့်ပတ်သက်ပြီး အမြင်ကွဲလွဲမှုများရှိနေသော်လည်း စစ်တုရင်ကစားခြင်းသည် အီရန်စတင်ဆင်းသက်လာခဲ့ပြီးနောက် အိန္ဒိယ သို့ရောက်ရှိလာသည်ဟု သက်သေအထောက်အထားများအရ သိရလေသည်။ ဥပမာအနေဖြင့် စစ်တုရင်သမိုင်းနှင့် ပတ်သက်ပြီး အစောဆုံးဖာရ်စီကျမ်းများတွင် ရေးသားထားသည်ကို တွေ့မြင်နိုင်ပေလေသည်။ ထို့ပြင် စစ်တုရင်၏ အစောဆုံးအစိတ်အပိုင်းများသည်လည်း အီရန်မှ ဖြစ်သည်။ ထိုသို့သက်သေများအရ စစ်တုရင်သီအိုရီများသည် အိန္ဒိယပြည် စစ်တုရင်သမိုင်းမတိုင်မီ ကတည်းမှဖြစ်ပြီး ထို့နောက်ပိုင်း အိန္ဒိယမှ တဆင့်အခြားတိုင်းပြည်များသို့ ပျံ့နှံ့ရောက်ရှိသွားလေသည်။
ရေပန်းစားအားကစား
[ပြင်ဆင်ရန်]ဘောလုံးအစည်းအရုံး
[ပြင်ဆင်ရန်]ဘောလုံးသည် အီရန်တွင် လူကြိုက်အများဆုံးနှင့် ရေပန်းအစာဆုံး အားကစားဖြစ်ပေသည်။ အီရန်သည် (၁၉၇၈၊ ၁၉၉၈၊ ၂၀၀၆၊ ၂၀၁၄)ခုနှစ်များတွင် ဖီဖာကမ္ဘာ့ဖလားသို့ ရောက်ရှိခဲ့သည်။ ထို့ပြင် (၃) ကြိမ်တိုင်တိုင် (၁၉၆၈၊ ၁၉၇၂ နှင့် ၁၉၇၆) ခုနှစ်များတွင် အာရှဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီး (၁၉၇၄၊ ၁၉၉၀၊ ၁၉၉၈ နှင့်၂၀၀၂) ခုနှစ်များတွင် အာရှ အားကစားပွဲများ၌ ရွှေဆုရရှိခဲ့သည်။
အထူးသဖြင့် လွန်ခဲ့သော(၁၀)နှစ်ဝန်းကျင်က အီရန်ပရီးမီးယားဘောလုံးလိဂ်ကို စတင်ခဲ့ပြီးနောက်ပိုင်းတွင် အီရန်ဘောလုံးသည် အလွန်အမင်းတိုးတက်လာခဲ့သည်။ အချို့သော အီရန်နိုင်ငံဘောလုံးသမားများသည် လက်ရှိကာလတွင် ဥရောပအသင်းကြီးများတွင် ကစားလျက်ရှိနေပေသည်။ အချို့သော အီရန်နိုင်ငံတွင်းရှိ အသင်းများသည်လည်း ဥရောပနည်းပြများကိုလည်းကောင်း အားကစားသမားများကိုလည်းကောင်း ခေါ်ယူထားသည်ကိုလည်း တွေ့မြင်ရသည်။
အီရန်နိုင်ငံ ကလပ်များဖြစ်ကြသော အစ်သိက္ကလားလ်နှင့် ပါးစ်တို့သည် (၁၉၈၀၊၁၉၉၁နှင့်၁၉၉၃)ခုနှစ်များတွင် အာရှကလပ်များအကြား ဖလားဆွတ်ခူးနိုင်ခဲ့သော အသင်းများ ဖြစ်ကြသည်။ သို့သော် အီရန်အသင်း၏ နောက်ဆုံးဖလားရခဲ့သည့် ခုနှစ်များမှာ ၁၉၉၂ ခုနှစ်နှင့် ၁၉၉၃ ခုနှစ်များဖြစ်ခဲ့သည်။
အီရန်တွင် ဘောလုံးအားကစားအတွက် အခြားအားကစားများကဲ့သို့ လုံလောက်သော ဖြည့်ဆည်းမှုမပြုနိုင်သေးချေ။ တနည်းဆိုရသော် ဘောလုံးအားကစားအတွက် အလုံအလောက် ဖြည်ဆည်းမပေးနိုင်သေးပါ။ (ဥပမာအားကစားကွင်းနည်းခြင်း) အီရန်နိုင်ငံ၏အကြီးဆုံးဘောလုံးကွင်းမှာ "အာဇာဒီကွင်း" ဖြစ်ပြီး လူဦးရေ ၁၀၀၀၀၀ သာ ဝင်ဆန့်သည်။ ထိုအားကစားကွင်းသည် အီရန်လူကြိုက်အများဆုံးကလပ်များဖြစ်သော အစ်သက္ကလားလ်နှင့် ပရစ်ပူးလီးစ် တို့ ၏ အကြိတ်အနယ်ပြိုင်ပွဲနှင့် ကမ္ဘာ့နိုင်ငံများအကြားတွင် ယှဉ်ပြိုင်သည့်ပွဲကျင်းပသည့်ကွင်း ဖြစ်ပေသည်။
ဘတ်စကက်ဘော
[ပြင်ဆင်ရန်]အီရန် ဘတ်စကက်ဘောအသင်းသည် အလွန်မှပင် အင်အားကောင်းသော အသင်းဖြစ်ပေသည်။ အာရှပြိုင်ပွဲများတွင် ဝင်ရောက်ဆင်နွှဲခဲ့သော အလွန်မှပင် ဝါရင့်သော အားကစားသမားများဖြင့် ဖွဲ့စည်းထားသော အသင်းကြီးတစ်သင်း ဖြစ်ပေသည်။ အီရန်ဘတ်စကက်ဘောကလပ်များသည်လည်း နိုင်ငံရပ်ခြားအားကစားသမားများနှင့် နိုင်ငံခြားနည်းပြများကိုပါ ခေါ်ယူထားကြလေသည်။ ၁၉၄၈ ခုနှစ်တွင် လန်ဒန်မြို့တွင် ကျင်းပသော နွေရာသီ အိုလံပစ်အားကစားပြိုင်ပွဲတွင် အီရန်သည် ပါဝင်ခဲ့ပြီး နောက်ဆုံးပွဲစဉ်တွင် ၁-၃ နှင့် အဆုံးသတ်ခဲ့သည်။ ထိုအသင်းသည် ၂၀၀၈ ခုနှစ် ပီကင်းအိုလံပစ်အားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သလို၂၀၀၇ ခုနှစ် အာရှဗိုလ်လုပွဲစဉ်တွင် ရွှေဆွတ်ခူးနိုင်ခဲ့သည်။ ထိုသည် မိမိတို့နေထိုင်ရာအာရှတိုက်တွင် ပထမဦးဆုံးရရှိခဲ့ခြင်းဖြစ်သည်။ အသင်းတွင်း အကောင်းဆုံးကစားသမားသည် ဟာမဒ်ဟဒ္ဒါဒီး ဖြစ်ပေသည်။
အလေးမခြင်း
[ပြင်ဆင်ရန်]အီရန်နိုင်ငံသားတို့သည် အလေးမခြင်းနှင့် ကိုယ်ခန္ဓာကာယဗလတွင် အမြဲတမ်းထိုးဖောက်လျက်ရှိသည်။ လွန်ခဲ့သောနှစ်များတွင် ကမ္ဘာ့အလေးမပွဲတွင် ဟိုစိုင်းန်ရေဇာ ဇာဒါဟ် သည်လည်းကောင်း ဆစ်ဒနီမြို့တွင် ကျင်းပခဲ့သော အိုလံပစ်အလေးမပွဲတွင် ဟိုစိုင်းန်သဝက္ကိုလီတို့သည်လည်းကောင်း အဆင့်ဆင့် ရွှေဆုများကို ဆွတ်ခူးပေးနိုင်ခဲ့ကြသည်။
နှင်းလျှောစီးခြင်း(နှင်းစကိတ်)
[ပြင်ဆင်ရန်]အီရန်သည် တောင်နှင့်တောင်တန်းဒေသပေါ်များသော နိုင်ငံဖြစ်သဖြင့် နှင်းစကိတ်များစီးရန် အသင့်လျော်ဆုံးဖြစ်ပေသည်။ ထို့ကြောင့် နိုင်ငံရပ်ခြားမှ လာရောက်သူများပြားပြီး ၎င်းတို့နှစ်ခြိုက်မှုကို များစွာရရှိလေသည်။
အီရန်နိုင်ငံတွင် နှင်းလျှောစကိတ်သည် ၁၉၃၈ ခုနှစ်တွင် ဂျာမနီနိုင်ငံသား ရထားပို့ဆောင်ရေး အင်ဂျင်နီယာနှစ်ဦးမှ အစပြုခဲ့သည်။ ယခုအခါ အီရန်နိုင်ငံ၏ ၁၃ နေရာများတွင် နှင်းလျှောစကိတ်စီး အပန်းဖြေစခန်းများ ရှိသည်။ ထိုအပန်းဖြေစခန်းအားလုံးတို့သည် တီဟီရန်မြို့နှင့် သိပ်မဝေးလှချေ။ တစ်နာရီမှ သုံးနာရီခန့်အတွင်း ကားမောင်းသွားလျှင် ထိုအပန်းဖြေစခန်းများသို့ ရောက်နိုင်ပေသည်။ ထိုနေရာများသည် တူကြားလ် ၊ဒီဇင်းန်နှင့် ရှမ်ရှားက်တို့ဖြစ်ကြသည်။ နှင်းလျှောစကိတ်စီးရန် အခြားသင့်လျော်သောနေရာများကို လိုရစ်တာန်းပြည်နယ်နှင့် မာဇင်ဒရားန်ပြည်နယ်များတွင်လည်းတွေ့မြင်နိုင်သည်။
တူကြားလ် နှင်းလျှောစီးအပန်းဖြေစခန်းသည် ကမ္ဘာတွင် အမှတ်စဉ်(၅)နေရာတွင် ရှိသည်။ မီတာပေါင်း ၃၇၃၀ အကျယ်အဝန်းရှိပြီး မှတ်တိုင်ပေါင်း (၇) ခုရှိသည်။ ထိုစခန်းကို ၁၉၇၆ ခုနှစ် အီရန်ရှားဘုရင်မကျဆုံးမီကာလတွင် အချိန်အနည်းဆုံးနှင့် တည်ဆောက်ခဲ့သော စခန်းဖြစ်သည်။ ထိုစခန်းသည် တီဟီရန်မြောက်ပိုင်းနှင့် သိပ်မဝေးလှချေ။ ၁၅ မိနစ်သွားလျှင် ထိုနေရာသို့ ရောက်နိုင်ပေသည်။ တစ်နှစ်လျှင် (၇) လ သာဖွင့်ပေသည်။ ထိုနေရာသည် ၈ ကီလိုမီတာ(၅.၀)မျှ ရှည်လျားပြီး ဝေးပြီးအလွန်မြင့်သည့်အတွက်ကြောင့် ဦးစွာပထမ ဂွန်ဒိုလာ(စတီးကြိုးယာဉ်)ဖြင့် စီးနင်းပြီးသွားရသည်။ မှတ်တိုင်(၇) သည် တောင်သုံးလုံးကို ကျော်ဖြတ်ပြီးမှ ရောက်နိုင်သည်။ မှတ်တိုင်(၅)မှ (၇)သို့သွားလိုက တောင်ဘက်ပိုင်းတွင် အလွန်မှပင်ရှည်လျှားသော (U)သဏ္ဌာန် တောင်စွန်းများရှိသည်။ တဖန်မှတ်တိုင်၏ (၇)မြောက်ဘက်ပိုင်းတွင် တောင်စွန်းကြီးနှစ်ခုရှိနေပြန်သေးသည်။ ထိုနေရာတွင် ဟိုဘက်ဒီဘက် အပြိုင်တပ်ဆင်ထားသော ထိုင်စီးအိစ်ကီလီတာ (၂)ခုရှိ၏။ ထိုအစ်ကီလေတာ(ဂွန်ဒိုလာ)သည် တူကြားလ်တောင် အမြင့်မီတာ ၃၉၀၀ ထိရောက်ပြီး အမြင့်မီတာ ၄၀၀၀ ထိရှိပြီး မှတ်တိုင် (၇) ထက်ပင် ပို၍မြင့်မားသည်။ ထိုနှင်းလျှောစီးအပန်းဖြေစခန်းသည် ဥရောပနိုင်ငံများရှိ အပန်းဖြေစခန်းများထက်ကို ပို၍မြင့်မားသည်ဟု ဆိုကြသည်။
တူကြားလ်တောင်အမြင့်မှ အခြားရှု့ခင်းများဖြစ်သော အလ်ဘိုးရ်ဇ်တောင်နှင့် အမြင့်ပေ ၁၈၄၀၆ (မီတာဖြင့် ၅၆၁၀) မြင့်မားသော ဒမာဝန်း မီးငြိမ်းတောင်ကြီး၏ အလှအပရှု့ခင်းများကိုပါ ခံစားနိုင်ပေသည်။ ထိုသို့ မီတာ အမြင့် ၃၈၀၀ ထိ အိစ်ကီလေတာဖြင့်ဆက်သွားပါ ရှားဟ်နရှီးန်းထောင်ထိပ်သို့ ရောက်ရှိပေမည်။ ထိုနေရာသည် တူကြားလ်၏ တတိယမြောက်တောင်စွန်း ဖြစ်ပေသည်။
ခြေလျင်အားကစားနှင့်တောင်တက်အားကစား
[ပြင်ဆင်ရန်]. အီရန်နိုင်ငံတွင် တောင်နှင့်တောင်တန်းများ ပေါများသည့်အတွက်ကြောင့် တောင်တက်အားကစားသည် အများပြည်သူနှစ်သက်သော အားကစားနည်းတစ်မျိုးဖြစ်သည်။ ဇာဂရစ်တောင်နှင့် အလ်ဘိုးရ်ဇ်တောင်တို့သည် တောင်တက်အားကစား စတင်မည့်သူများနှင့် ဝါရင့်တောင်တက်သမားများအဖို့ အခွင့်ထူးများကို ဖော်ဆောင်ပေးသောတောင်များ ဖြစ်လေသည်။
လမ်းလျှောက်ခြင်းကို နှစ်သက်ကြသူများနှင့် ခရီးသွားသူများအတွက် အာလာမူးသ်နှင့် သန်းဂ်ဂေစူဝါရှီး(စူဝါရှီးတောင်ကြား)တို့သည် အပန်းဖြေရာနေရာများနှင့် တောရွာနေဓလေ့ကို ရှု့စားနိုင်သော နေရာများဖြစ်ကြသည်။ ထို့အတိုင်းပင် တောင်ဆင်းများသည်လည်း အလွန်လှပသည်။
ကိုယ်ခံပညာ
[ပြင်ဆင်ရန်]အီရန်နိုင်ငံ ကိုယ်ခံပညာအားကစားသည် လွန်ခဲ့သောနှစ်ပေါင်း(၂၀)အတွင်းလူကြိုက်များလာပြီး ကျို့ရှင်း၊ ရှိုဒိုကန်၊ ဝူရှူးနှင့် တိုက်ကွမ်ဒို တို့သည် ရေပန်းအစားဆုံးဖြစ်သည်။
ဘော်လီဘော
[ပြင်ဆင်ရန်]အီရန်တွင် ဘော်လီဘော အသင်းကြီးနှစ်သင်း ရှိသည်။ ပထမတစ်သင်းမှာ အီရန်နိုင်ငံအသင်းဖြစ်ပြီး ဒုတိယအသင်းမှာ အီရန်ပရော်ဖရှင်နယ်အသင်း ဖြစ်သည်။ အီရန်ဘော်လီဘောအသင်းသည် ကမ္ဘာထိပ်သီး ဘော်လီဘောအသင်းများတွင်း၌ တစ်သင်းအပါအဝင် ဖြစ်သည်။ အသက်(၁၉)နှစ်အောက်နှင့် (၂၁)နှစ်အောက် အီရန်ဘော်လီဘောအသင်းတို့သည် ကမ္ဘာ့ဘော်လီဘောထိပ်သီး(၃)သင်းအတွင်း၌ ပါဝင်သည်။ တနည်းဆိုရပါသော် အကောင်းဆုံးအသင်းများတွင်းမှ ဖြစ်သည်။ လွန်ခဲ့သောနှစ်များအတွင်း ကမ္ဘာ့ဘော်လီဘော (၂၁)နှစ်အောက် ပြိုင်ပွဲတွင် ရွှေဆုရရှိခဲ့သည်။ ထိုအတိုင်းပင် အမျိုးသား(၂၁)နှစ်အောက် (၂၀၀၇)ခုနှစ် ကမ္ဘာချန်ပီယံဘော်လီဘောပြိုင်ပွဲတွင် အီရန်အသင်းသည် ကြေးဆုကို ဆွတ်ခူးနိုင်ခဲ့သည်။ (၂၀၀၇)ခုနှစ် အောက်တိုဘာလကုန်ပိုင်းတွင် မက္ကဆီကိုတွင် ကျင်းပခဲ့သော ၁၉ နှစ်အောက် ကမ္ဘာ့ ဘော်လီဘော ချန်ပီယံပြိုင်ပွဲတွင် ပြင်သစ်အသင်းနှင့် တရုတ်အသင်းတို့ကို ဆီမီးဖိုင်နယ်တွင် အောင်နိုင်ခဲ့ပြီးနောက် ပထမဦးဆုံး ရွှေဆုရရှိခဲ့သည်။
ဖူဆယ်
[ပြင်ဆင်ရန်]အီရန်တွင် ဖူဆယ် ကို ပရော်ဖက်ရှင်နယ်ဖူဆယ်နှင့် အပျော်တမ်းဖူဆယ် နှစ်မျိုးလုံးကို လေ့ကျင့်ပေးလျက်ရှိသည်။ အဘယ်ကြောင့်ဆိုသော် အီရန်တွင် သင့်လျော်သော ဘောလုံးကွင်းများ နည်းပါးသည်အတွက်ကြောင့် ဖြစ်သည်။ အီရန်ဖူဆယ်အသင်းသည် လက်ရှိကာလတွင် ကမ္ဘာ့ထိပ်သီးအသင်းကြီး(၄)သင်းတွင်း၌ တစ်သင်းအပါအဝင်ဖြစ်သည်။ ဖီဖာ၏ အဆင့်သတ်မှတ်ပေးချက်အရ ဘရာဇီးလ်၊ စပိန်၊ အီတလီ၊ အီရန် တို့ ဖြစ်သည်။
အီရန်ဖူဆယ်အသင်းကြီးသည် AFC ဖူဆယ် (၁၀)ကြိမ်တွင် (၉)ကြိမ်ဗိုလ်ဖြစ်ခဲ့ပြီး (၅)ကြိမ်တိုင်တိုင် ကမ္ဘာ့ဖူဆယ်ဖလားသို့ ရောက်ခဲ့သည်။ အီရန်နိုင်ငံ မြို့အသီးသီး၌ စူပါဖူဆယ်လိဂ် ရှိသည်။
တင်းနစ်
[ပြင်ဆင်ရန်]မန်စူးရ်ဘဲဟ်ရာမီးသည် အီရန် တင်းနစ်ဝါရင့်တစ်ဦးဖြစ်ပြီး ရာမီးန်ရေဇာယီးသည် သူ၏တွဲဖက် ဖြစ်သည်။
အခြားအားကစားများ
[ပြင်ဆင်ရန်]အီရန်နိုင်ငံရှိ အခြားအားကစားနည်းများမှာ အလွတ်တန်းကားမောင်းပြိုင်ခြင်း ဖြစ်သည်။ အမျိုးသမီး ကောင်းမောင်းသူများလည်း ထိုအားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိသည်။ ၎င်းသူမတို့အတွင်းမှ လာလဲဟ်စဒဂီ သည် အီရန်အမျိုးသမီး ကားမောင်းချန်ပီယံ ဖြစ်သည်။
အားကစားပွဲတော်များတွင်တက်ရောက်အားပေးခြင်း
[ပြင်ဆင်ရန်]၁၉၇၉ ခုနှစ် အီရန်နိုင်ငံတော်လှန်ရေးအချိန်မှစ၍ ဘောလုံး၊ ရေကူးနှင့် အမျိုးသားအားကစားပြိုင်ပွဲများတွင် အမျိုးသမီးများ လာရောက်ကြည့်ရှု့အားပေးခြင်း တရားဝင်တားမြစ်ထားခြင်း မရှိသော်လည်း သွားရောက်ကြည့်ခြင်းကို ပိတ်ပင်ခဲ့သည်။ သို့သော်၂၀၀၆ ခုနှစ် ဧပြီလတွင် မာဟ်မူးဒ်ဒေအာဟ်မဒီနေဂျားဒ်သည် အမျိုးသမီးများကို အားကစားကွင်းတွင်းသို့ ဝင်ခွင့်ပေးသင့်မပေးသင့်ကို သုံးသပ်ခဲ့သည်။ အကယ်၍ ဝင်ခွင့်ပြုခဲ့မည်ဆိုပါက အီရန်နိုင်ငံ အတော်များများသော ရှီအာ ဘုန်းတော်ကြီးများ ဆန့်ကျင်ဘက်ပြုကြလိမ့်မည်ကိုလည်း ထင်မြင်ခဲ့လေသည်။ မည်သို့ပင်ဆိုစေကာမူ သူသည် ပြည်တွင်းအားကစားပွဲများကို အားကစားရုံများအတွင်း ကြည့်ရှု့အားပေးမှုကို ခွင့်ပြုခဲ့လေသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ PressTV။ 18 April 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 April 2018 တွင် ပြန်စစ်ပြီး။
- ↑ 69 Percent Of Young Iranians Use Software To Get Around Internet Filtering: Survey Archived 18 December 2018 at the Wayback Machine.. Tehran Times. Retrieved December 20, 2016.