အီမန်နျူရယ် မက်ခရွန်
အီမန်နျူရယ် မက်ခရွန် | |
---|---|
![]() | |
ပြင်သစ်နိုင်ငံ၏ သမ္မတ | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၁၄ မေ ၂၀၁၇ | |
ဝန်ကြီးချုပ် | Édouard Philippe Jean Castex Élisabeth Borne Gabriel Attal Michel Barnier François Bayrou |
ယခင်လူ | ဖရန်ဆွာ ဟော်လန် |
အင်ဒိုရာနိုင်ငံ ပူတွဲမင်းသားများ | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၁၄ မေ ၂၀၁၇ | |
ဝန်ကြီးချုပ် | Xavier Espot Zamora |
ကိုယ်စားလှယ် | Patrice Faure |
ယခင်လူ | ဖရန်ဆွာ ဟော်လန် |
အရှေ့ဆက်ပါတီ သမ္မတ | |
တာဝန်သက်တမ်း ၆ ဧပြီ ၂၀၁၆ – ၈ မေ ၂၀၁၇ | |
ယခင်လူ | ရာထူးစတင် |
ဆက်ခံသူ | Catherine Barbaroux (ယာယီ) |
စီးပွားရေး၊ စက်မှုနှင့် ဒစ်ဂျစ်တယ်ရေးရာ ဝန်ကြီး | |
တာဝန်သက်တမ်း ၂၆ ဩဂုတ် ၂၀၁၄ – ၃၀ ဩဂုတ် ၂၀၁၆ | |
သမ္မတ | ဖရန်ဆွာ ဟော်လန် |
ဝန်ကြီးချုပ် | Manuel Valls |
ယခင်လူ | Arnaud Montebourg |
ဆက်ခံသူ | Michel Sapin |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | Emmanuel Jean-Michel Frédéric Macron ၂၁ ဒီဇင်ဘာ၊ ၁၉၇၇ Amiens, ပြင်သစ်နိုင်ငံ |
နိုင်ငံရေးပါတီ | အရှေ့ဆက်ပါတီ / ခေတ်ဆန်းပါတီ (၂၀၁၆–လက်ရှိ) |
အခြား နိုင်ငံရေးလွှမ်းမိုးမှု |
|
ကြင်ဖော် | ဘရစ်ဂျက် တရိုနိုး (လက်ထပ် ၂၀၀၇) |
မိဘ |
|
နေထိုင်ရာ | ဧလီစီနန်းတော် |
မိခင်ကျောင်း |
|
လက်မှတ် | ![]() |
ဝက်ဘ်ဆိုဒ် |
အီမန်နျူရယ် ဂျံ-မီရှဲလ် ဖရေဒေရိက် မက်ခရွန်(ပြင်သစ်: Emmanuel Jean-Michel Frédéric Macron, ပြင်သစ်အသံထွက်: [emaˈnɥɛl ʒɑ̃ miˈʃɛl fʁedeˈʁik maˈkʁɔ̃]; ၂၁ ဒီဇင်ဘာ ၁၉၇၇ ~ )သည် ပြင်သစ်နိုင်ငံ၏ ၂၅ ဦးမြောက် သမ္မတဖြစ်သည်။
၂၀၁၇ ခုမှစ၍ သမ္မတအဖြစ် တာဝန်ထမ်းခဲ့သည်။ ၂၀၁၄ မှ ၂၀၁၆ အထိ သမ္မတဖရန်ဆွာ ဟော်လန်အစိုးရတွင် စီးပွားရေး၊ စက်မှုနှင့် ဒစ်ဂျစ်တယ်ရေးရာဝန်ကြီးအဖြစ် တာဝန်ယူဖူးသည်။ ၂၀၁၆မှာ စတည်ထောင်ခဲ့သော ခေတ်ဆန်းပါတီ (ပြင်သစ်: Renaissance) ၏ အဖွဲ့ဝင်တစ်ဦးဖြစ်ပါသည်။
ပြင်သစ်နိုင်ငံ သမ္မတ ရာထူးအလျောက်တာဝန်ယူရသော အင်ဒိုရာနိုင်ငံ ၏ ပူတွဲမင်းသား ဖြစ်သည်။
အစောပိုင်း ဘာဝ
[ပြင်ဆင်ရန်]၁၉၇၇ ဒီဇင်ဘာ ၂၁ ရက်နေ့မှာ အီမန်နျူရယ် မက်ခရွန် သည် အာမျန်မြို့ (Amiens) တွင် မိခင် ဆရာဝင်မ Francoise Noguès နှင့် ဖခင် အာရုံကြောဆိုင်ရာပါမောက္ခ Jean-Michel Macron မှမွေးဖွားခဲ့သည်။[၁] ၂၀၁၀ ခုနှစ်မှာ မိဘ ၂ ပါး ပြတ်စဲကွားရှင်ခဲ့သည်။[၂] သူမိသားစုက ဘာသာမဲ့များ ဖြစ်ပေမဲ့ အသက် ၁၂ နှစ်ကလေးအနေနဲ့ အီမန်နျူရယ်က ကက်သလစ် အသင်းတော်ထဲ ရေနှစ်ခြင်းမင်္ဂလာပြုရန် တောင်ဆိုခဲ့သည်။ သို့သော်လည်း ယနေ့မှာ သူသည် ဘုရားရှိမှုကို သံသယရှိသူ တစ်ဦးဖြစ်သည်။[၃]
Lycée la Providence ယေးရှုအသင်းဂိုဏ်းကျောင်း မှာ ပညာသင်ယူပြီး ပါရီမြို့ စတုတ္ထမြောက်ဟင်နရီကျောင်း (ပြင်သစ်: Lycée Henri-IV) မှာ နောက်ဆုံးနှစ် သင်တန်းဝင်ပြီး အထက်တန်းကျောင်းဘွဲ ရရှိခဲ့သည်။[၄] သူ့မိဘတွေက အီမန်နျူရယ်နှင့် မင်္ဂလာဆောင်ပြီး ကလေး ၃ ယောက် ရှိပြီးသော ကျောင်းဆရာမ ဘရစ်ဂျက် ဩဇီရဲ နဲ့ အလွန်ရင်းနှီးမှု ဖြစ်ပေါ်လာခြင်းကို စိုးရိမ်၍ သူ့ကို ပါရီမြို့သို့ ကျောင်းအသစ်သို့ ပို့ခဲ့သည်။ အီမန်နျူရယ် နောက်ပိုင်းဘာဝမှာ ဤကျောင်းဆရာမကို ဇနီးအဖြစ်ယူခဲ့သည်။[၅] ဤ စတုတ္ထမြောက်ဟင်နရီကျောင်း မှာဘဲ ရိုးရိုးတက္ကသိုလ်ဘွဲ့လဲ ရရိုခဲ့သည်။[၆]
ပါရီ နန်တယ်ရ် တက္ကသိုလ် (Paris Nanterre University) မှာ ဒဿနိကဗေဒဘာသာရပ်ကို လေ့လာခဲ့သည်။ သူသည် Sciences Po ကောလိပ်မှာ Diplôme d'études approfondies အဆင့်မြင့်လေ့လာမှုများ မဟာဘွဲ့ကို ပြီးဆုံးခဲ့သည်။ ပြီးနောက် သူသည် နိုင်ငံတော်အပ်ချုပ်ရေးကျောင်း (ပြင်သစ်: École Nationale d'administration) မှာ ဆက်သင်ယူပြီး ပြည်သူ့ရေရာ မဟာဘွဲ့ ထက်မှန်ရခဲ့သည်။ [၇]
စီးပွားရေးအလုပ်အကိုင်
[ပြင်ဆင်ရန်]၂၀၀၄ ခုနှစ်မှာ ကျောင်းပြီးနောက် ပြင်သစ်နို်င်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနမှာ စစ်ဆေးရေးမှူး ဖြစ်ခဲ့သည်။[၈] ၂၀၀၇ ခုနှစ်မှာ ပြင်သစ်တိုးတက်မှုကိုထုတ်လွှတ်ရန်ကော်မရှင် ၏ လက်ထောက်ကိုယ်စားလှယ်အဖြစ် Jacques Attali အောက်မှာ လုပ်ဆောင်ခဲ့သည်။[၉]
၂၀၀၈ ခုနှစ်မှာ မက်ခရွန် အစိုးရစာချုပ်မှ သူ့ကိုယ်သူ ဝယ်ယူရန် ယူရို ၅၀,၀၀၀ ပေးချေခဲ့သည်။[၁၀] ပြီးနော်က
သူသည် Rothschild & Co ကုမ္ပဏီတွင် ငွေရေးကြေးရေး စစ်ဆေးရေးမှူးအလုပ်ယူခဲ့သည်။[၁၁] မက်ခရွန်သည် Le Monde ကုမ္ပဏီ ၏ ကြီးကြပ်ရေးဘုတ်အဖွဲ့ဝင် စီးပွားရေးသမား Alain Minc နှင့် ရင်းနီးဆက်ဆံရေး ထူထောင်ခဲ့သည်။[၁၂] ၂၀၁၀ ခုနှစ်တွင် မက်ခရွန် Le Monde ၏ ပြန်လည်ငွေစုငွေထုတ်မှုနှင့် Siemens လျှပ်စစ်ကုမ္ပဏီ မှ Atos ကုမ္ပဏီ ကို ဝယ်ယူခြင်းကို နှစ်ခု အောင်မြင်ပြီးနောက် စီးပွားဖက်အဖြစ် ရာထူးတိုးခဲ့သည်။[၁၃] ထိုနှစ်တွင်ပင် မက်ခရွန်သည် Nestlé ကုမ္ပဏီ မှ Pfizer ၏ မွေးကင်းစကလေးများအာဟာရပစ္စည်းဌာနခွဲကို ယူရို ၉ ဘီလီယံဝယ်ဖြင့် ယူခြင်းကို အောင်မြင်စွာ ဦးဆောင်ပြီးနောက့် မက်ခရွန်သည် သန်းကြွယ်သူဌေးတစ်ဦး ဖြစ်လာသည်။[၁၄]
အစောပိုင်း နိုင်ငံရေး
[ပြင်ဆင်ရန်]အငယ်ဘာဝ ၁၉၉၈ ခုနှစ်တွင် နိုင်ငံသားများလှုပ်ရှားမှု အထဲဝင် ပါခဲ့သည်။[၁၅] Sciences Po ကောလိပ် မှာ ကျောင်းသာဖြစ်တုံးက ပါရီမြို့ ၁၁ မြောက် မြို့နယ်စိုးမိုးရေးဒေသဝန်ကြီး ၏ လက်ထောက် လုပ်ဆောင်ခဲ့သည်။[၁၆] အသက် ၂၄ နှစ်ပြည့်ပြီးနောက် ၂၀၀၆ မှ ၂၀၀၉ ခုနှစ်အထိ ဆိုရှယ်လစ်ပါတီဝင် ဖြစ်ခဲ့[၁၇]
၂၀၁၀ မှာ ဖရန်ဆွာ ဟော်လန် နှင့် တွေဆုံပြီး သူ့၏ ဝန်ထမ်းအထဲ ပါဝင်ခဲ့သည်။[၁၈] ၂၀၁၂ မေ ၁၅ မှာ ပြင်သစ်နိုင်ငံရွေးကောက်ပွဲ ပြီးနောက် သမ္မတအသစ် ဖရန်ဆွာ ဟော်လန်လက်အောက် သမ္မတရုံး ဧလီစီနန်းတော် (Palais de l'Élysée) ဒုတိယအထွေထွေအတွင်းရေးမှူး အကြီးတန်းရာထူး တာဝန်ဆောင်ရရို့ခဲ့သည်။[၁၉] ၂၀၁၄ ခုနှစ် ဇွန်လ ၁၀ မှာ အလုပ်ထွက်ခဲ့သည်။ နုတ်ထွက်ရခြင်းအကြောင်းအရင်းမှာ ဝန်ကြီးချုပ်အသစ် မန်နျူဝယ် ဗောစ် (Manuel Valls) ၏ ပထမဆုံးအစိုးရတွင် မပါဝင်ရခြင်းကြောင့် စိတ်ပျက်ခဲ့ရခြင်းနှင့် သူအဆိုပြုထားသော ပြုပြင်ပြောင်းလဲမှုများအပေါ် အစိုးရမလက်ခံသောကြောင့် စိတ်ပျက်ခြင်းကြောင့် နိုင်ငံရေးမှ ထွက်ခွာခဲ့သည်။[၂၀]
စီးပွားရေးနှင့် စက်မှုဝန်ကြီး (၂၀၁၄-၂၀၁၇)
[ပြင်ဆင်ရန်]၂၀၁၄ ဩဂုတ်လ ၂၆ ရက် ဗောစ်ဒုတိယအစိုးရအဖွဲ့၏ စီးပွားရေးနှင့် စက်မှုဝန်ကြီး ခန့်အပ်ခံရသည်။[၂၁] Montebourg က လက်ဝဲယိမ်း ဥရောပသမဂ္ဂကိုယုံကြည်သက်ဝင်မှုမရှိသူဖြစ်ပြီး မက်ခရွန် က လစ်ဘရယ်ဝါဒကျ ဥရောပသမဂ္ဂကို အားပေးသူဖြစ်သောကြောင့် သတင်းမီဒီယာက မက်ခရွန်ကို ယခင်စီးပွားရေးနှင့် စက်မှုဝန်ကြီး Arnaud Montebourg ၏ လုံးဝဆန့်ကျင်ဘက် လိုခေါ်ခဲ့သည်။ [၂၂]
စီးပွားရေးဝန်ကြီးအဖြစ် မက်ခရွန်သည် စီးပွားရေးနှင့်လိုက်လျောညီထွေရှိသော ပြုပြင်ပြောင်းလဲမှုများကို တွန်းအားပေးရာတွင် ရှေ့တန်းမှ ဦးဆောင်ခဲ့ပါသည်။ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် ဝန်ကြီးချုပ် မန်နျူဝယ် ဗောစ်သည် မက်ခရွန် တွန်းအားပေးထားသော ဥပဒေကို ပါလီမန်ထဲ လွှတ်တော်အမတ်တွေ တုံ့ဆိုင်းနေသောလဲ တွန်းအားပေးခဲ့ပြီး ဤဥပဒေကို သဘောတူလက်ခံအောင်လုပ်နိုင်ခဲ့သည်။[၂၃] ဤ ဥပဒေက ယခင်စီးပွားရေးဝန်ကြီး Arnaud Montebourg ဆလုပ်အပ်ခဲ့သောလဲ မက်ခရွန်ဥပဒေဟု နာမည်ပေါက်ခဲ့သည်။ ဤ ဥပဒေက ဝယ်ယူမှုစွမ်းအား နှင့် သက်ဆိုင်ရာ စည်းမျဉ်းများအဆိုပါခေါ်သော အပါဝင်မျာ တနင်္ဂနွေနှင့် ညဘက်အလုပ်လုပ်ခြင်း၊ အများပြည်သူပို့ဆောင်ရေး ဇိမ်ခံဘတ်စကားများ၊ ကြွေးမြီကောက်သူများ၊ ဝတ်လုံတော်ရရှေ့နေများ၊ လေလံတင်သူများ၊ ဂ္ဂလိကကုမ္ပဏီများထံမှ စစ်လက်နက်ပစ္စည်းများ ငှားရမ်းခြင်း စသောအရာတွေနှင့် သက်ဆိုင်ရာ စည်းမျဉ်းများကို လျှော့ပေါ့ပေးသော ဥပဒေဖြစ်ခဲသည်။ [၂၄] ဤဥပဒေကို သမ္မတ တွန်းအားပေး၍ ၂၀၁၅ ဧပြီလ ၁၀ ရက်နေ့မှာ အတည်ပြုခဲ့သည်။[၂၅] ဤဥပဒေကြောင့် စုစုပေါင်း ပြည်တွင်းထုတ်ကုန် (GDP) ၀.၃% မှ ၀.၅% တိုးလာနိုင်မည်ဟု ခန့်မှန်းခဲ့သည်။[၂၆]
၂၀၁၇ ပြင်သစ်သမ္မတရွေးကောက်ပွဲ
[ပြင်ဆင်ရန်]၂၀၁၆ တွင် ပထမ မက်ခရွန်ဥပဒေထက် အတိုင်းအတာပိုမိုကျယ်ပြန့်သော "မက်ခရွန်ဥပဒေ နံပါတ် ၂" အမည်ခေါ် ဥပဒေကို ဗောစ်အစိုးရ နှင့် သမ္မတ ဟော်လန် မအားပေးသောကြောင့် မက်ခရွန် ၎င်းအစိုးရကို သစ္စာရှိတေးလား မေးခွန် ပိုများလာသည်။[၂၇] ၂၀၁၆ ဧပြီလ ၆ တွင် အစိုးရနှင့် ဆက်ဆံရေးတင်းမာမှုများလာပြီးနောက် မက်ခရွန် က "အရှေ့ဆက်ပါတီ" (ပြင်သစ်: En Marche) ခေါ် နိုင်ငံရေးပါတီအသစ် ထည်ထောင်ပြီး အစိုးရနှင့် စပြီး လမ်းခွဲခဲ့သည်။[၂၈] ပါတီအသစ်က သတင်းမီဒီယာများ၏ အာရုံစိုက်မှုနှင့် လွှတ်တော်အမတ်တွေ အားပေးမှုများစွာ ရရှိခဲ့သည်။[၂၉][၁၈] ၂၀၂၆ ခုနှစ် ဩဂုတ် ၃၀ ရက်နေ့မှာ မက်ခရွန်က အစိုးရမှ တရားဝင်ထွက်ခွာခဲ့သည်။[၃၀]
၂၀၁၆ ခုနှစ် နိုဝင်ဘာ ၁၆ ရက်မှာ သမ္မတရွေးကောက်ပွဲ အတွက် ရှင်ပြိုင်ရန် ရည်ရွယ်ချက်ကို ကြေညာခဲ့သည်။ ဤကြောငြာချက် မိန့်ခွန်းမှာ ပြင်သစ်နိုင်ငံ၏ ပိတ်ဆို့မှုများကို ဖျက်ချရန် "ဒီမိုကရေစီ တော်လှန်ရေး" လှပ်ရန်လိုအပ်ကြောင်း ခေါ်ဆိုခဲ့သည်။[၃၁] နိုဝင်ဘာလ ၂၄ ရက်နေ့မှာ မက်ခရွန်သည် "တော်လှန်ရေး" (ပြင်သစ်: Révolution ခေါ် စာအုပ် ထုတ်ဝေခဲ့ပြီး ဒီဇင်ဘာလတွင် ဤစာအုပ် ပြင်သစ်အရောင်းရဆုံးစာရင်းမှာ ပဉ္စမနေရာသို့ ရောက်ရှိခဲ့သည်။[၃၂] သူ့ရဲ့ ရွေးကောက်ပွဲစည်းရုံးလုံ့ဆော်အဖွဲ့ အလှူငွေ ယူရို ၃.၇ သန်း ရခဲ့ပြီး ရှေ့ပြေးအပြိုင်ဘက် Alain Juppe ထက် ၃ စ များခဲ့သည်။[၃၃] မက်ခရွန်သည် Rothschilds တွေနဲ့ အလုပ်လုပ်ခဲ့သည့်အချိန်ကြောင့် အကျိုးစီးပွားဝိရောဓိဖြစ်မှု ရှိကြောင်း၊ မဲဆွယ်စည်းမရုံးဘဲ နာမည်ကြီးမီဒီယာလူတွေနှင့် တွေ့ဆုံရန် ရန်ပုံငွေများကို အသုံးပြုခြင်းကြောင်း သူ့ကို ဝေဖန်ခဲ့သည်။[၃၄][၃၅]
မက်ခရွန်သည် ဒီမိုကရက်တစ်လှုပ်ရှားမှု (MoDem) ၏ François Bayrou ထောက်ခံအားပေးမှု၊ လွှတ်တော်အမတ် Daniel Cohn-Bendit၊ ဂေဟဗေဒပညာရှင် François de Rugy၊ ဆိုရှယ်လစ်ပါတီ အမတ် Richard Ferrand စသောသူအပါ မြောက်မြားစွာသော ပါတီအမျိုးစုံများ၏ ထင်ရှားသော ပါတီဝင်အများတို့၏ ထောက်ခံချုပ်တွေရရှိခဲ့သည်။[၃၆] ၂၀၁၇ ဧပြီ ၂၃ ရက် ရွေးကောက်ပွဲ ပထမအပိုင်မှာ မဲဆန္ဒ ၈ သန်းကျော် (၂၄%) ရရှိပြီး မဲအများရခဲ့သည်။ ပြိုင်ဘက် François Fillon နှင့် Benoît Hamon သူ့ကို ရွေးကောက်ပွဲ ဒုတိယအပိုင်မှာ အားပေးခဲ့သည်။[၃၇]

ရွေးကောက်ပွဲ ဒုတိယအပိုင်မှာ လက်ယာယိမ်းလူကြိုက်များသော သမ္မတလောင်း မာရင်း လီ ပန် နှင့် ရင်ဆိုင်ရပြီး ဥရောပကော်မရှင်ဥက္ကဋ္ဌ Jean-Claude Juncker၊ ဂျာမန်အဓိပတိ အင်ဂျလာ မာကယ် နှင့် အမေရိကန်သမ္မတဟောင်း ဘာရက် အိုဘားမား တို့အပါအဝင် ပြည်ပနိုင်ငံရေးသမားများက မက်ခရွန်ကို ထောက်ခံအားပေးခဲ့ကြသည်။[၃၈][၃၉] မက်ခရွန် နှင့် လီ ပန် တို့သည် ၂၀၁၇ ခုနှစ် မေလ ၃ ရက်မှာ စကားစစ်ထိုးရန် စီစဉ်ခဲ့သည်။ ဤစကားစစ်ထိုးပွဲသည် နှစ်နာရီကြာပြီး သဘောထားစစ်တမ်းကောက်ယူမှုများအရ မက်ခရွန် အနိုင်ရသည်ဟု ထင်မြင်ယူဆများခဲ့သည်။[၄၀] ရွေးကောက်ပွဲ မတိုင်မီ နှစ်ရက်အလိုတွင် မက်ခရွန် ၏ မဲဆွယ်စည်းရုံးမှု၏ ထောင်ပေါင်းများစွာသော အတွင်းအီးမေးလ်များ ရုရှားအဖွဲ့ Fancy Bear နှင့် ချိတ်ဆက်ထားသောသူတွေ အွန်လိုင်းပေါ် ပေါက်ကြားတင်ခဲပြီး ဟက်ခ်ျတက်ဂ် #MacronLeaks နာမည် မီဒီယာမုန်တိုင်းတစ်ခု ဖြစ်ပေါ်ခဲ့သည်။[၄၁]
၂၀၁၇ မေလ ၇ ရက်နေ့ ရွေးကောက်ပွဲမှာ လူဦးရေ ၂၅.၄% လာရောက်မပါဝင်သောလဲ မဲဆန္ဒ ၆၆.၁% အနိုင်ရရှိပြီး သမ္မတဖြစ်လာသည်။[၄၂]
သမ္မတသက်တမ်း
[ပြင်ဆင်ရန်]ပထမ သက်တမ်း (၂၀၁၇-၂၀၂၂)
[ပြင်ဆင်ရန်]၂၀၁၇ ခုနှစ်မှာ မက်ခရွန်သည် အသက် ၃၇ နှစ်ပြည့်အနေနှင့် ပြင်သစ်နိုင်ငံ၏ အငယ်ဆုံးဖြစ်ခဲ့ဖူးသော သမ္မတဖြစ်လာသည်။[၄၃] မေ လ ၁၄ ရက်နေ့မှာ သမ္မတသက်တမ်းစတင် အပ်ချုပ်ပြီး ပထမနေ့မှာ ဂျာမန်အဓိပတိ အင်ဂျလာ မာကယ် နှင့် နှစ်နိုင်ငံဆက်ဆံမှု ပိုမိုနှီးစေအောင် နှင့် ဥရောပ သမဂ္ဂ အတွက် အတူတူလမ်းကျောဆွဲရန် သွားတွေ့ဆွေးနွေးခဲ့သည်။[၄၄][၄၅] ၂၀၁၇ ပြင်သစ်အမျိုးသားလွှတ်တော် ရွေးကောက်ပွဲမှာလဲ မက်ခရွန်ရဲ့ အရှေ့ဆက်ပါတီ နှင့် ပူးပေါင်းညီညွတ်သောပါတီများ အနိုင်ရရိုခဲ့သည်။[၄၆]
ပြင်သစ်နိုင်ငံရေးသမား François Fillon သည် ဆွေမျိုးတွေကို အလုပ်မလုပ်ရသော ရာထူးတွေကို ပေးအပ်ခဲ့သော Fillon affair မကောင်းသတင်းပြဿနာကြောင့် အမျိုးသားလွှတ်တော်သည် ပြင်သစ်နိုင်ငံရေးတွင် အကျင့်ပျက်ခြစားမှုကို ရပ်တန့်ရန် မက်ခရွန် အဆိုပြုထားသည့် ရွေးကောက်ခံကိုယ်စားလှယ်များကို မိသားစုဝင်များကို ငှားရမ်းခြင်း တားမြစ်ခြင်းဥပဒေ တစ်ခုကို ၂၀၁၇ ခုနှစ် ဇူလိုင်လမှ အတည်ပြုခဲ့သည်။[၄၇] သို့သောလည်း မက်ခရွန်က ဤဥပဒေကို အားပေးပြီးနောက် သူ့ဇနီးကို အစိုးရအရာရှိအဖြစ် ခန့်ရန် လုပ်ကိုင်သောကြောင့် ပြည်သူများ သူ့ကို ဝေဖန်ခဲ့သည်။[၄၈]
မက်ခရွန်သည် ပြင်သစ်၏ ပြိုင်ဘက်သမဂ္ဂစီမံခန့်ခွဲမှုပုံစံကို ဂျာမနီနှင့် စကင်ဒီနေးဗီးယားတို့၏ စနစ်နှင့် ပိုမိုလိုက်လျောညီထွေအောင် အများဆန္ဒဖြင့်ဆုံးဖြတ်သောစနစ်သို့ ပြောင်းလဲအောင် အဆိုပြုမှုများကို လုပ်အားခသက်သာသော အရှေ့ဥရောပနိုင်ငံများမှ "လူမှုရေး အမှိုက်လာပစ်ခြင်း" ကို တိုက်ဖျက်မည်ဟုလဲ ကတိပြုခဲ့သည်။[၄၉][၅၀] သူ၏ အဆိုပြုချက်များသည် သမဂ္ဂများထံမှ ရောထွေးသော တုံ့ပြန်မှုများကို ရင်ဆိုင်ခဲ့ရသည်။ [၄၉] အမျိုးသားလွှတ်တော်မှ ဤအဆိုပြုချက်ကို အတည်ပြုပြီးနောက် မက်ခရွန်သည် အလုပ်သမားဥပဒေများကို ပြုပြင်ပြောင်းလဲရန် အမိန့် ၅ မိန့် ကြေညာခဲ့သည်။[၅၁] ၂၀၁၇ ခုနှစ်မှစ၍ အလုပ်လက်မဲ့နှုန်းသည် ၁.၈% ကျဆင်းခဲ့သည်။[၅၂]
၂၀၁၇ ခုနှစ် ဇူလိုင် ၁၉ ရက်မျာ ပြင်သစ်စစ်တပ်အထွေထွေအပ်ချုပ်ရေးမှူးကြီး Pierre de Villiers သည် မက်ခရွန် စစ်အသုံးစရိတ်လျော့ချပြီးနောက် "ငါ့ကိုယ်ငါ ဒီလို မလိုးမခံဘူး" ပြောပြီး ဤထိပ်တိုက်တွေ့ပြီးနောက် ရာထူးမှဆင်းခဲ့သည်။[၅၃]
ဇူလိုင်လမှာ ပြင်သစ်အထက်လွှတ်တော်က အငြင်းပွားဖွယ်များသော အကြမ်းဖက်မှုဆန့်ကျင်ရေးဥပဒေမူကြမ်းကို ပထမဆုံးဖတ်ကြားမှု အတည်ပြုခဲ့သည်။ နောင် အောက်တိုဘာလမှာ ဒုတိယဖတ်ကြားမှု မှာ ဤဥပဒေကို လက်ခံအတည်ပြုခဲ့သည်။[၅၄] ဤဥပေဒေကို လူ့အခွင့်အရေးသမားများက ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်များကို ကန့်သတ်မည်ဟု ဝေဖန်ခဲ့ကြသော်လည်း လူထု ၅၇% ထောက်ခံခဲ့သည်။[၅၅]
မက်ခရွန်၏အစိုးရသည် ပထမဆုံးဘတ်ဂျက်ကို စက်တင်ဘာ ၂၇ ရက်တွင်တင်ပြခဲ့ပြီး ဥရောပသမဂ္ဂဘဏ္ဍာရေးစည်းမျဉ်းများနှင့်အညီ အခွန်လျှော့ချခဲ့သည်။[၅၆] ဘတ်ဂျက်အထဲမှာလဲ စည်းစိမ်ဥစ္စာအခွန် အစား အိမ်ခြံမြေအခွန်သစ် အကောင်အထည်ဖော်ခဲ့သည်။[၅၇]
ကာလေးမြို့တောတွင်း ခေါ် ဒုက္ခသည်စခန်းတစ်ခုအကြောင်းနှင့် ပတ်သက်၍ မက်ခရွန်သည် လူဝင်မှုကြီးကြပ်ရေးနှင့် ခိုလှုံခွင့်ဆိုင်ရာ အစိုးရမူဝါဒကို မဖော်ပြမီ ပါရီမြို့တွင် အခြားဒုက္ခသည်စခန်းတစ်ခု ဖွဲ့စည်းခွင့်မပြုကြောင်း ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၆ ရက်တွင် ပြောကြားခဲ့သည်။[၅၈]
နိုင်ငံခြားရေး
[ပြင်ဆင်ရန်]
မက်ခရွန်သည် သမ္မတအနေ ပထမဆုံး မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့အစည်းအဝေးကို ၂၀၁၇ ခုနှစ် မေလ ၂၅ ရက် တက်ရောက်ခဲ့ပြီး ဒေါ်နယ်လ် ထရမ့် နှင့် လက်ဆွဲနှုတ်ဆက်မှုသည် "အာဏာ-ရုန်းကန်မှု" သင်္ကေတဖြစ်လာသော အဖြစ် အာရုံစိုက်ခဲ့သည်။[၅၉]
မေလ ၂၉ ရက်နေ့တွင် ဗလာဒီမီယာ ပူတင်နှင့် တွေ့ဆုံခဲ့ပြီး Russia Today နှင့် Sputnik သတင်းစာများကို ဝါဒဖြန့်ချိရေးဖြစ်ကြောင်း ပြောကြားခဲပြီး နှစ်နိုင်ငံ အိုင်အက်စ် ကိုတိုက်ခိုက်ရန် ပူးပေါင်းဆောင်ရွက်ရန် ဆီးရီးယားနိုင်ငံမှာ ဓာတုလက်နက်များအသုံးပြုပါက စစ်ရေးအရ လက်တုံ့ပြန်မည်ဟု သတိပေးခဲ့သည်။[၆၀][၆၁]၂၀၁၇ ခုနှစ် ဩဂုတ်လတွင် အဓိကနိုင်ငံခြားရေးပေါ်လစီမိန့်ခွန်းတွင် မက်ခရွန်က အစ္စလာမ္မစ်အကြမ်းဖက်ဝါဒသည် ပြင်သစ်နိုင်ငံ၏ ထိပ်တန်းဦးစားပေးအဖြစ် သတ်မှတ်ခဲ့သည်။ အီရန်နျူကလီးယားသဘောတူညီချက်ကို ထောက်ခံပြီး ဗင်နီဇွဲလားအစိုးရကို အာဏာရှင်စနစ်ဟု ပြောကြားခဲ့သည်။[၆၂]၂၀၂၀ မြူးနစ်မြို့လုံခြုံရေးညီလာခံမတိုက်ခင် နေတိုး၏ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ရုရှားနိုင်ငံနှင့် ပိုမိုကောင်းမွန်သောဆက်ဆံရေးအပါအဝင် ဥရောပအတွက် ၁၀ နှစ်မျှော်မှန်းချက်ကို အဆိုပြုခဲါသည်။[၆၃] ၂၀၁၉ G7 ထိပ်သီးညီလာခံမတိုင်မီ ပူတင်ကို ပြင်သစ်နိုင်ငံသို့ ဖတ်ခေါ်ဆွေးနွေးခဲ့သည်။[၆၄]
၂၀၁၉ ခုနှစ်တွင် မက်ခရွန် နှင့် ရှီကျင့်ဖျင် တို့သည် လေကြောင်း၊ စားနပ်ရိက္ခာတင်ပို့မှု၊ လေအားစွမ်းအင်နှင့် စက်မှုခေတ်မီရေးတို့ အပါဝင် ယူရို ၃၀ ဘီလီယံ တန်ပိုးရို ကုန်သွယ်သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့သည်။[၆၅] ၂၀၂၀ ခုနှစ်တွင် မက်ခရွန်သည် တူရကီနိုင်ငံကို မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ဝင် နိုင်ငံအနေ အဆင့်အတန်းမြင့်စွာ ထိန်းသိမ်းထားသင့်သည်ဟု အကြောင်းပြပြီး ဂရိ၊ ဆိုက်ပရပ်စ်နှင့် လစ်ဗျားနိုင်ငံများကို ကျူးကျော်အနိုင်ကျင့်ခြင်းကို ရှုတ်ချခဲ့သည်။[၆၆][၆၇]
ထိုနှစ်တွင်ပင် ဩစတြေးလျနှင့် ပြင်သစ်နှင့် ရေငုပ်သင်္ဘောဆိုင်ရာ သဘောတူညီချက် ဖျက်သိမ်းပြီးနောက် ပြင်သစ်သံတမန်များကို ပြန်လည်ခေါ်ယူခဲ့သောကြောင့် အမေရိကန်-ပြင်သစ် ဆက်ဆံရေးသည် AUKUS နှင့် ပတ်သက်၍ ယိုယွင်းလာခဲ့သည်။[၆၈] မက်ခရွန် နှင့် ဂျိုး ဘိုင်ဒင် တို့သည် တင်းမာမှုတွေကို လျှော့ချသဘောတူညီ နိုင်ခဲ့ကြသည်။[၆၉]
၂၀၂၂ သမ္မတရွေးကောက်ပွဲ
[ပြင်ဆင်ရန်]၂၀၂၂ ပြင်သစ်နိုင်ငံသမ္မတရွေးကောက်ပွဲတွင် မက်ခရွန်သည် ၂၀၀၂ ကတည်းက ပထမ ပြန်လည်အရွေးခံရသောသမ္မတ ဖြစ်လာခဲ့သည်။[၇၀] မာရင်း လီ ပန် နှင့် ပြန်လည် ရင်ဆိုင်ပြီး မဲဆန္ဒ ၅၈.၅၅% သာ ရရှိပြီး ပိုမိုအနီးကပ်ပြီး အနိုင်ယူခဲ့သည်။[၇၁] စက်တင်ဘာလတွင် မက်ခရွန်သည် သူ့ အရှေ့ဆက်ပါတီကို ခေတ်ဆန်းပါတီ (ပြင်သစ်: Renaissance) ဟု နာမည်ပြောင်းခဲ့သည်။[၇၂]
ရွေးကောက်ပွဲ မဲဆွယ်ကာလအချိန်၂၀၂၂ ရုရှားနိုင်ငံမှ ယူကရိန်းနိုင်ငံအား ကျူးကျော်ခြင်းစပြီးကာစ မက်ခရွန်က ဥရောပနိုင်ငံခေါင်းဆောင်တွေကို ရုရှားသမ္မတ ပူတင်နှင့် ဆက်လက်စကားပြောရန် ခေါ်ဆိုခဲ့သည်။[၇၃]
ဒုတိယ သက်တမ်း (၂၀၂၂ - ယခု)
[ပြင်ဆင်ရန်]
၂၀၂၂ ခုနှစ် မေ လ ၁၄ ရက်နေ့မှာ မက်ခရွန်အစိုးရ ဒုတိယ သက်တမ်းစတင်ခဲ့သည်။ ဇွန်လ ၂၀၂၂ ပြင်သစ်အမျိုးသားလွှတ်တော် ရွေးကောက်ပွဲမှာ သူ့ပါတီ ပါလီမန်အမတ်အများစု ဆုံးရှုံးပြီး ချိတ်ဆွဲထားသောလွှတ်တော် ရလဒ်ပြန်လည်ရရှိခဲ့သည်။[၇၄] မက်ခရွန်အစိုးရ၏ ဝန်းကြီး ၃ ဦး ရွေးကောက်ပွဲအနိုင်မရသောကြောင့် ရာတူးဆင်ခံရသည်။[၇၅] ထို့ကြောင့် ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် သူ့အစိုရ အရှရှိတွေ ရွေပြောင်းပြီး အနည်းစုအစိုးရ တည်ထောင်ခဲ့ရသည်။[၇၆]
ဤရလဒ်မကောင်းသောလည်း မက်ခရွန်အစိုးရသည် လူနေမှုကုန်ကျစရိတ်အကျပ်အတည်းကို ဖြေလျှော့ရန်ဥပဒေ ကိုအတည်ပြုနိုင်ခဲ့သည်။[၇၇]
၂၀၂၃ မတ်လမှာ အငြိမ်းစားယူသည့်အသက်ကို ၆၂ နှစ်မှ ၆၄ နှစ်အထိ တိုးမြှင့်ပေးသည့် ဥပဒေတစ်ရပ်ကို လွှတ်တော်ကို ကျော်လွန်၍ တစ်စိတ်တစ်ပိုင်း အတည်ပြုခဲ့သည်။ ပြုပြင်ပြောင်းလဲမှု အောင်မြင်ပြီးနောက် နိုင်ငံတဝှမ်း ဆန္ဒပြမှုများ ပြင်းထန်လာသည်။[၇၈] ဇွန် ၂၀၂၃ မှာ ၂၀၂၂ စတည်ထောင်ခဲ့သည့်အချိန်မှ ၁၇ မြောက် အယုံအကြည်မရှိမဲခေါ်ဆိုရေးကို ဆန့်ကျင်အောင်မြင်ခဲ့သည်။[၇၉]၂၀၂၃ နွေရာသီမှာ ၁၇ နှစ် အသက်ပြည့်သား Nahel M. ကို ရဲတစ်ယောက်သတ်မိခြင်းကို ဝေဖန်ရန် အဓိကရုဏ်းများနှင့် ဆန္ဒပြမှုများ ပိုမိုဖြစ်ပွားခဲ့သည်။[၈၀] မက်ခရွန်သည် အဓိကရုဏ်းများကို နှိမ်နင်းရန် ရဲတပ်ဖွဲ့များ တပ်ဖြန့်ခဲ့သည်။[၈၁] ၂၀၂၃ ဇူလိုင် ၂၀ မှာ "ရက်တစ်ရာ ကျေနပ်မှုလုပ်ဆောင်ချက်" ခေါ်ပြုပြင်ပြောင်းလဲမှုအဆုံးအတွက် မက်ခရွန်သည် အစိုးရဝန်ကြီးများကို ပြန်လည်ပြောင်းလဲခဲ့သည်။[၈၂]
၂၀၂၃ ဩဂုတ်လ မှာ စစ်အသုံးစရိတ်ကို ယူရို ၄၁၃ ဘီလီယံ ပြန်တိုးခဲ့သည်။[၈၃] ဖေဖော်ဝါရီလမှစပြီး ဆွေးနွေးကြေညားထားသာ ခိုလှုံခွင့်လူဝင်မှုပြောင်းလဲပြုပြင်ရန်ဥပဒေ သည် ဒီဇင်ဘာလ မှာ နောက်ဆုံးအရှုံးခံရသည်။.[၈၄] သို့သော်လဲ မက်ခရွန်သည် ကွန်ဆာဗေးတစ်များ၏ အကူအညီဖြင့် ဒီဇင်ဘာ ၁၉ တွင် ၎င်းမူကြမ်း၏ အစိတ်အပိုင်းကို အတည်ပြုနိုင်ခဲ့သည်။[၈၅]
ဤလူဝင်မှုဥပဒေက အငြင်းပွားဖွယ်များလာပြီး မက်ခရွန်သည် သူ့အစိုးရဝန်ကြီးချုပ် Élisabeth Borne ကို ရာထူးပြုတ်ပြီး Gabriel Attal ကို ဝန်ကြီးချုပ်အသစ်အနေ ရာထူးပေးအပ်ခဲ့သည်။[၈၆] ဤအစိုးရက မက်ခရွန်းသမ္မတလက်ထက်၏ လက်ယာအရှိဆုံးအစိုးရဖြစ်လာသည်။[၈၇] မတ်လတွင် မက်ခရွန်သည် ပြင်သစ်အစိုးရသည် ၂၀၂၃ မှာ သက်မှတ်ထားသော ဘဏ္ဍာရေးရည်မှန်းချက်များကို လွန်စွာလွဲချော်သွားကြောင်း အစီရင်ခံစာများ ပြသသောကြောင့် ပြင်သစ်နိုင်ငံ၏ ပြည်သူ့ဘဏ္ဍာရေးဆိုင်ရာ ဆွေးနွေးရန် မတ်လတွင် အကျပ်အတည်းအစည်းအဝေး ကြင်းပခဲ့သည်။[၈၈]
မက်ခရွန်သည် ပြင်သစ်နိုင်ငံအခြေခံဖွဲ့စည်းပုံဥပဒေကို ၂၀၂၃ အောက်တိုဘာလမှာ ပြောင်းလဲရန် အားပေးပြောကြားထားသော ပြောင်းလဲမှု ၃ ချက်ထဲက ၁ ချက်ဖြစ်သော ကိုယ်ဝန်ဖျက်ချခြင်းသည် အာမခံထားသည့် လွတ်လပ်မှုဖြစ်ကြောင်း အခြေခံဖွဲ့စည်းပုံဥပဒေကို ၂၀၂၄ ခုနှစ် မတ်လ ၄ ရက်မှာ ပြင်သစ်းပါလီမန်ပူးတွဲအစည်းအဝေး အတည်ပြု ပြောင်းလဲခဲ့သည်။[၈၉]

၂၀၂၄ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် မက်ခရွန်၏ပါတီသည် ဥရောပပါလီမန်ရွေးကောက်ပွဲမှာ မဲဆန္ဒ ၁၄.၆% သာရရှိခဲ့ပြီးနောက် မက်ခရွန်သည် နိုင်ငံတော်လွှတ်တော်ရွေးကောက်ပွဲ ကို စောပြီးကျင်းပရန် အများမမျှော်လင့်ဘဲ အမိန့်ကြေညာခဲ့သည်။[၉၀]ရွေးကောက်ပွဲ ပထမအပိုင်မှာ ခေတ်ဆန်းပါတီနှင့် မဟာမိတ်များက မဲဆန္ဒ ၂၀.၀၄% ဖြင့် တတိယနေရာရလဒ် ရရှိခဲ့သည်။[၉၁] ရွေးကောက်ပွဲ ဒုတိယအပိုင်မှာ ဘယ်ညာ နှစ်ဘက်ပါတီတွေ အမတ်စုအများစုအနိုင်မရရိုပြီး မက်ခရွန်အတွက် ရလဒ်ပြန်လည်သက်သာလာခဲ့ပေမယ့် ခေတ်ဆန်းပါတီလဲ စုစုပေါင်းအနိုင်ရသော အမတ်အရည်ထွက် နည်းသွားသည်။[၉၂] ဆွေးနွေးပြီးနောက် သူသည် လီ ပန် အစား ရှေးရိုးဆန်သော François Bayrou နှင့် ပူပေါင်းပြီး စည်းလုံးညီညွတ်ရေးအစိုးရကို ဖွဲ့စည်းခဲ့သည်။[၉၃] သို့သော်လည်း ဒီဇင်ဘာလမှာ Bayrou သည် ပါလီမန်ခွင့်ပြုချက်မရှိဘဲ ၂၀၂၅ လူမှုဖူလုံရေးဘတ်ဂျက်ကို အတည်ပြုခဲ့ပြီးနောက် ၎င်းအား အယုံအကြည်မရှိမဲခေါ်ဆိုရေးကို ဆုံးရှုံးခဲ့သည်။[၉၄] မက်ခရွန်သည် Bayrou ၏နုတ်ထွက်စာကို လက်ခံခဲ့သော်လည်း အစိုးရပြိုကွဲမှုအတွက် လက်ဝဲစွန်းနှင့် လက်ယာစွန်းများကို အပြစ်တင်ပြီး သူ့ကိုယ်သူ သမ္မတသက်တမ်းကုန်ဆုံးသည်အထိ ဆက်ရှိနေမည်ဟု ကတိပြုခဲ့သည်။[၉၅]
နိုင်ငံခြားရေး
[ပြင်ဆင်ရန်]
၂၀၂၂ ခုနှစ် ဇွန်လ ၁၆ ရက်နေ့တွင် မက်ခရွန်သည် ဂျာမန်အဓိပတိ အောလော့ဖ် ရွှိုက်ဇ် နှင့် အီတလီဝန်ကြီးချုပ် မာရီယိုဒရာဂီ တို့နှင့်အတူ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနှင့် တွေ့ရှိဆွေးနွေးပြီး ယူကရိန်းအတွက် "ဥရောပစည်းလုံးညီညွတ်မှု" လိုအပ်ကြောင်း ပြောကြားခဲ့သည်။[၉၆] မက်ခရွန်သည် ရုရှား-ယူကရိန်းစစ်ပွဲတွင် ဘက်မလိုက်သောနိုင်ငံများသည် သမိုင်းဝင်အမှားတစ်ခုပြုလုပ်ခဲ့နေပြီး နယ်ချဲ့စနစ်သစ်တွင် ရှုပ်ထွေးနေသည်ဟု ပြောဆိုခဲ့သည်။[၉၇] ၂၀၂၃ ခုနှစ် ဇွန်လ ၁၂ ရက်နေ့တွင် မက်ခရွန်သည် ယူကရိန်း၏ တန်ပြန်ထိုးစစ်အတွက် လက်နက်နှင့် အထောက်အပံ့များ ပိုမိုရရှိမည်ဟု ကတိပြုခဲ့သည်။[၉၈]
၂၀၂၃ ခုနှစ်မျာ တရုတ်နိုင်ငံတွင် ထိပ်သီးစည်းဝေးပွဲကို တက်ရောက်ပြီး မက်ခရွန် သည် ဥရောပအား အမေရိကန်အပေါ် မှီခိုအားထားမှုကို လျှော့ချရန်၊ အလားအလာရှိသော ထိုင်ဝမ်ဆိုင်ရာပဋိပက္ခနှင့် ပါဝင်ရခြင်းကိုရှောင်သင့်ကြောင်၊ ဥရောပက "တတိယစူပါပါဝါ" အဖြစ် "မဟာဗျူဟာမြောက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်" ကို ဆက်လက်လုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။.[၉၉] ဥရောပနိုင်ငံခြားဆက်ဆံရေးကောင်စီ၏ ဇွန်လ ၂၀၂၃ ခုနှစ်အစီရင်ခံစာတွင် ဥရောပသားအများစုသည် တရုတ်နှင့်အမေရိကန်အပေါ် မက်ခရွန်၏အမြင်များကို သဘောတူကြောင်း တွေ့ရှိခဲ့သည်။[၁၀၀]
အောက်တိုဘာ ၂၀၂၃ တွင် ဟာမတ်စ် နှင့် အစ္စရေးနိုင်ငံ စစ်ပြစ်ပြီးနောက် နိုဝင်ဘာလ ၁၀ ရက်နေ့မှာ အပစ်အခတ်ရပ်စဲရေး တောင်းဆိုပြီး ဂါဇာကို ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် အရပ်သားများကို သတ်ဖြတ်ခြင်းများကို ရပ်တန့်ရန် အစ္စရေးကို တိုက်တွန်းခဲ့သည်။[၁၀၁]
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် မက်ခရွန်သည် ယူကရိန်းသို့ မြေပြင်တပ်များ စေလွှတ်နိုင်ခြေကို အကြံပြုခြင်းကြောင့် အငြင်းပွားမှုများ ဖြစ်ပွားခဲ့သည်။ [၁၀၂] ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် မက်ခရွန်သည် ရုရှားအား ဥရောပ၏ “တည်ရှိနိုင်ရေးကို ခြိမ်းခြောက်နေသည်” ဟုပြောဆိုပြီး ဥရောပတုံ့ပြန်မှုကို ညှိနှိုင်းဆောင်ရွက်ရန် အထူး Weimar+ အစည်းအဝေးကို သဘောတူခဲ့သည်။[၁၀၃]
အင်ဒီုရာနိုင်ငံ ပူတွဲမင်းသား
[ပြင်ဆင်ရန်]ပြင်သစ်နိုင်ငံ သမ္မတ ရာထူးအလျောက်တာဝန်ယူရသော အင်ဒိုရာနိုင်ငံ ၏ ပူတွဲမင်းသား ဖြစ်သည်။ ၂၀၁၇ ခုနှစ် သမ္မတရုံးတက်ပြီးနောက် ဇွန်လ ၁၅ ရက်နေ့မှာ အင်တိုရာလာဗီလာမြို့ ဗောရဲတိုက်မှာ သူ့ကိုယ်စာလှယ်ခန့်ထားသော Patrick Strzoda က အင်ဒီုရာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေကို ကတိသစ္စာပြုခဲ့သည်။[၁၀၄]
၂၀၂၀ ခုနှစ် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေသောအချိန်မှာ အင်ဒိုရာနိုင်ငံအစိုးရက ပြင်သစ်နိုင်ငံကို စီးပွားရေးအကူအညီ တောင်းဆိုပေမဲ့ မက်ခရွန် လက်မခံခဲပါ။ ပြင်သစ်နိုင်ငံဗဟိုဘာဏ်သည် တခြားနိုင်ငံကို ဥရောပဗဟိုဘာဏ်အတည်မပြုခင် ချီးငွေပေးခွင့်မရှိကြောင်း မက်ခရွန် ဖော်ပြခဲသည်။[၁၀၅]
၂၀၂၄ နိုဝင်ဘာမှာ မက်ခရွန်က သူ၏ အကြီးအကဲအသစ် Patrice Faure ကို ပြင်သစ်ပူတွဲမင်း၏ အင်ဒိုရာနိုင်ငံကိုယ်စားလှယ်အဖြစ် ခန့်အပ်ခဲ့သည်။[၁၀၆]
ကိုယ်ရေးဘဝ
[ပြင်ဆင်ရန်]
မက်ခရွန် သည် အယင်အထက်တန်းကျောင်း ၃၉နှစ်ပြည့် ပြဇာတ်သင်တန်းဆရာမ ဘရစ်ဂျက် တရိုနိုး (Brigetter Trogneux) နှင့် မက်ခရွန် ၁၅ နှစ်အရွယ်မှ စတွေ့ခဲ့သည်။[၁၀၇][၁၀၈] သူ့မိဘတွေက အသက်ကွားသောကျောင်းဆရာမနှင့် အလွန်ရင်းနှီးမှု ဖြစ်ပေါ်လာခြင်းကို စိုးရိမ်၍ သူ့ကို ပါရီမြို့သို့ ကျောင်းအသစ်သို့ ပို့ခဲ့သည်။[၅] မက်ခရွန် တက္ကသိုလ်ပြီးနောက် ၂၀၀၇မျာ နှစ်ဦးတွဲထပ်မံဆုံတွေပြီး ၂၀၀၇ ခုနှစ်မှာ မင်္ဂလာဆောင်ခဲ့သည်။ ဘရစ်ဂျက်သည် အရင်ယောက်ျားနှင့် ကလေး ၃ ယောက်ရှိပြီး မက်ခရွန်က ကလေးမရှိ။[၁၀၉][၁၁၀] ၂၀၁၇ သမ္မတရွေးကောက်ပွဲအတွက် ဘရစ်ဂျက်က လူများရှေ့စကားပြောနည်းသင်ပြရာ အထောက်ကူအလွန်အရေးကြီးခဲ့သည်ဟု မက်ခရွန်၏ အနည်းဆက်မဟာမိတ်တွေပြောဆိုကြသည်။[၁၁၁]
မက်ခရွန်က စန္ဒယားတီးပြီး ဆယ်နှစ်လောက် လေ့လာခဲ့တယ်။[၆]
ဘောလုံးဝါသနာပါ၍ ပြင်သစ်ကလပ် Olympique de Marseilleကို ထောက်ခံအားပေးသည်။[၁၁၂] ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ဘယ်လ်ဂျီယံဘုရင် ဖီးလစ် နှင့်အတူ ပြင်သစ်နှင့် ဘယ်လ်ဂျီယံတို့၏ ဆီမီးဖိုင်နယ်မှာ အားပေးကြည့်ရှု တက်ရောက်ခဲ့ပြီး ခရိုအေးရှားနှင့် ကမ္ဘာ့ဖလားဖိုင်နယ်ပွဲတွင် ခရိုအေးရှားသမ္မတ Kolinda Grabar-Kitarović နှင့်အတူ ထိုင်ဂုဏ်ပြုခဲ့သည်။[၁၁၃][၁၁၄]
ကိုးကား
[ပြင်ဆင်ရန်]- ↑ Dans un livre, Anne Fulda raconte Macron côté intime (in fr)။ JDD à la Une (၂၁ ဧပြီ ၂၀၁၇)။ ၁၉ မေ ၂၀၁၇ တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၅ ဧပြီ ၂၀၁၇ တွင် ပြန်စစ်ပြီး။
- ↑ "Qui sont le frère et la sœur d'Emmanuel Macron? – Gala" (in fr)၊ Gala.fr။ Archived from the original on ၁၆ မေ ၂၀၁၇။
- ↑ "La jeunesse très catholique des candidats à la présidentielle"၊ La Croix၊ ၁၀ ဧပြီ ၂၀၁၇။ Archived from the original on ၁၂ မေ ၂၀၁၇။
- ↑ Emmanuel Macron (in fr)။ Gala France (၃ မတ် ၂၀၁၇)။ ၉ မေ ၂၀၁၇ တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- ↑ ၅.၀ ၅.၁ "What Emmanuel Macron's home town says about him"၊ ၄ မေ ၂၀၁၇။ Archived from the original on ၄ မေ ၂၀၁၇။
- ↑ ၆.၀ ၆.၁ Thiollet၊ Jean-Pierre (၂၀၁၅)။ 88 notes pour piano solo။ Neva Editions။ p. 193။
- ↑ "Emmanuel Macron, le coup droit de Hollande – JeuneAfrique.com" (in fr)၊ JeuneAfrique.com၊ ၃ မတ် ၂၀၁၅။ Archived from the original on ၂၇ မတ် ၂၀၁၆။
- ↑ Coignard၊ Sophie။ "Coignard – Derrière Macron, l'ombre de Jouyet" (in fr)၊ Le Point၊ ၂၂ ဧပြီ၂၀၁၆။ Archived from the original on ၇ ဩဂုတ် ၂၀၁၇။
- ↑ "Emmanuel Macron, un ex-banquier touche-à-tout à Bercy" (in fr)၊ France 24၊ ၂၇ ဩဂုတ် ၂၀၁၄။ Archived from the original on ၁၅ မတ် ၂၀၁၇။
- ↑ Marnham၊ Patrick။ "Who's behind the mysterious rise of Emmanuel Macron?"၊ The Spectator၊ ၄ ဖေဖော်ဝါရီ ၂၀၁၇။ Archived from the original on ၆ မေ ၂၀၁၇။
- ↑ "Au fait, il faisait quoi chez Rothschild, Emmanuel Macron ?" (in fr-FR)၊ L'Obs။ Archived from the original on ၂၇ ဇူလိုင် ၂၀၁၇။
- ↑ Comment Macron m'a séduit puis trahi (in fr)။ StreetPress (10 February 2017)။ ၂ ဇွန် ၂၀၁၇ တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၇ ဩဂုတ် ၂၀၁၇ တွင် ပြန်စစ်ပြီး။
- ↑ Rothschild & Cie coopte trois nouveaux associés (၁၆ ဒီဇင်ဘာ ၂၀၁၀)။ ၈ အောက်တိုဘာ ၂၀၁၇ တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၇ ဩဂုတ် ၂၀၁၇ တွင် ပြန်စစ်ပြီး။
- ↑ "Macron, ce chouchou des patrons qui succède à Montebourg" (in fr)၊ Challenges။ Archived from the original on ၁၉ မတ် ၂၀၁၇။
- ↑ "Macron, ce jeune chevènementiste" (in fr)၊ Marianne၊ ၁၂ နိုဝင်ဘာ ၂၀၁၅။ Archived from the original on ၁၈ မေ ၂၀၁၇။
- ↑ Prissette၊ Nicholas (၂၀၁၆)။ Emmanuel Macron en marche vers l'Élysée။ Plon။ p. ၇၉။
- ↑ "Emmanuel Macron n'est plus encarté au Parti socialiste" (in fr)၊ Le Figaro၊ ၁၈ ဖေဖော်ဝါရီ ၂၀၁၅။ Archived from the original on ၂၈ ဖေဖော်ဝါရီ ၂၀၁၇။
- ↑ ၁၈.၀ ၁၈.၁ "Ces journaux qui en pincent pour Macron" (in fr)၊ Libération။ Archived from the original on ၁၁ စက်တင်ဘာ ၂၀၁၆။
- ↑ Arrêté du 15 mai 2012 portant nomination à la présidence de la République။ ၂ ဩဂုတ် ၂၀၁၇ တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂ ဩဂုတ် ၂၀၁၇ တွင် ပြန်စစ်ပြီး။
- ↑ Berretta၊ Emmanuel။ "Hollande remanie l'Élysée et recrute Laurence Boone" (in fr)၊ Le Point၊ 10 June 2014။ Archived from the original on ၁၄ ဇွန် ၂၀၁၄။
- ↑ "French gov't reshuffle expels dissident ministers"၊ 26 ဩဂုတ် ၂၀၁၄။ Archived from the original on ၃၁ ဩဂုတ် ၂၀၁၄။
- ↑ V.V. (၂၆ ဩဂုတ် ၂၀၁၄)။ Macron, l'anti-Montebourg (in fr)။ ၆ ဩဂုတ် ၂၀၁၇ တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- ↑ "Loi Macron: comment le 49-3 a été dégainé comme un dernier recours" (in fr)၊ ၁၇ ဖေဖော်ဝါရီ ၂၀၁၇။ Archived from the original on ၂ ဇူလိုင် ၂၀၁၇။
- ↑ 5 Things About the Macron Law (in en) (၉ မတ် ၂၀၁၅)။ ၂၁ ဇူလိုင် ၂၀၁၇ တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- ↑ LOI n° 2015-990 du 6 août 2015 pour la croissance, l'activité et l'égalité des chances économiques | Legifrance (in fr)။ ၇ ဇူလိုင် ၂၀၁၇ တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၅ ဩဂုတ် ၂၀၁၇ တွင် ပြန်စစ်ပြီး။
- ↑ Visot၊ Marie။ "La Loi Macron ne devrait créer que peu de croissance" (in fr-FR)၊ Le Figaro၊ ၁၈ စက်တင်ဘာ ၂၀၁၇။ Archived from the original on ၈ ဇူလိုင် ၂၀၁၇။
- ↑ "Emmanuel Macron, le dernier maillon fort qui pourrait lâcher" (in fr)၊ L'Opinion၊ ၁၆ ဖေဖော်ဝါရီ ၂၀၁၆။ Archived from the original on ၈ မတ် ၂၀၂၁။
- ↑ "Emmanuel Macron lance un " mouvement politique nouveau " baptisé " En marche ! "" (in fr)၊ ၆ ဧပြီ ၂၀၁၆။ Archived from the original on ၆ ဩဂုတ် ၂၀၁၉။
- ↑ Macron et l'héritage de Jeanne d'Arc (in fr-FR) (၈ မေ ၂၀၁၆)။ ၂ ဩဂုတ် ၂၀၂၃ တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၆ ဇူလိုင် ၂၀၁၇ တွင် ပြန်စစ်ပြီး။
- ↑ "Macron évite soigneusement d'évoquer sa candidature" (in fr)၊ Le Figaro၊ ၃၀ ဩဂုတ် ၂၀၁၆။ Archived from the original on ၂၉ မတ် ၂၀၁၆။
- ↑ France's Macron Joins Presidential Race to 'Unblock France'။ BBC, UK (၁၆ နိုဝင်ဘာ ၂၀၁၆)။ ၂၃ ဧပြီ ၂၀၁၇ တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- ↑ ""Révolution", le livre-programme de Macron se hisse dans le top des ventes" (in fr)၊ Challenges။ Archived from the original on ၁၆ ဒီဇင်ဘာ ၂၀၁၆။
- ↑ Vaudano၊ Maxime။ "Primaire de la droite: ce que les comptes racontent de la campagne" (in fr)၊ Le Monde၊ ၂၂ ဒီဇင်ဘာ ၂၀၁၆။
- ↑ Mathieu၊ Mathilde။ "Macron et ses donateurs: et voilà le débat sur la transparence!" (in fr-FR)၊ Mediapart။ Archived from the original on ၆ ဩဂုတ် ၂၀၁၇။
- ↑ Vaudano၊ Maxime။ "Emmanuel Macron peut-il être inquiété dans l'affaire des " frais de bouche " ?" (in fr)၊ Le Monde၊ ၃ ဖေဖော်ဝါရီ ၂၀၁၇။ Archived from the original on ၆ ဩဂုတ် ၂၀၁၆။
- ↑ "Qui sont les soutiens d'Emmanuel Macron ?"၊ ၂၈ ဖေဖော်ဝါရီ ၂၀၁၇။
- ↑ "Emmanuel Macron se voit en "président des patriotes face à la menace nationaliste""၊ Le Parisien၊ ၂၃ ဧပြီ ၂၀၁၇။ Archived from the original on ၁၉ မေ ၂၀၁၇။
- ↑ "Obama wishes French presidential hopeful Macron good luck ahead of key vote"၊ CNBC၊ ၂၁ ဧပြီ ၂၀၁၇။ Archived from the original on ၂၁ ဧပြီ ၂၀၁၇။
- ↑ Juncker breaks tradition with support for Macron။ EUobserver (၂၄ ဧပြီ ၂၀၁၇)။ ၂၈ ဧပြီ ၂၀၁၇ တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- ↑ "Débat Macron-Le Pen: la presse étrangère abasourdie par la violence des échanges"၊ La Tribune။
- ↑ "En marche ! dénonce un piratage " massif et coordonné " de la campagne de Macron" (in fr)၊ Le Monde၊ ၆ မေ ၂၀၁၇။ Archived from the original on ၁၈ ဩဂုတ် ၂၀၁၇။
- ↑ Résultats de l'élection présidentielle 2017 (in fr-FR)။ ၁၀ ဇူလိုင် ၂၀၁၇ တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၆ ဩဂုတ် ၂၀၁၇ တွင် ပြန်စစ်ပြီး။
- ↑ Plowright၊ Adam (၇ မေ ၂၀၁၇)။ Emmanuel Macron: a 39-year-old political prodigy။ MSN။ ၂၅ စက်တင်ဘာ ၂၀၂၀ တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၀ ဖေဖော်ဝါရီ ၂၀၂၀ တွင် ပြန်စစ်ပြီး။
- ↑ C.Sa။ "Passation de pouvoir: François Hollande passera "le flambeau" à Macron dimanche 14 mai" (in fr)၊ ၈ မေ ၂၀၁၇။ Archived from the original on ၈ မေ ၂၀၁၇။
- ↑ Narayan၊ Chandrika။ "French President Macron heads to Berlin for his first official foreign visit"၊ CNN၊ ၁၅ မေ ၂၀၁၇။ Archived from the original on ၁၆ မေ ၂၀၁၇။
- ↑ Résultats des élections législatives 2017။ ၁၉ ဇူလို်င် ၂၀၁၇ တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၆ ဩဂုတ် ၂၀၁၇ တွင် ပြန်စစ်ပြီး။
- ↑ "France bans hiring of spouses by politicians in wake of Fillon scandal"၊ Reuters၊ ၂၇ ဇူလိုင် ၂၀၁၇။ Archived from the original on ၉ ဩဂုတ် ၂၀၁၇။
- ↑ Masters၊ James။ "Emmanuel Macron under fire over wife's 'First Lady' role"၊ CNN။ Archived from the original on ၈ ဩဂုတ် ၂၀၁၇။
- ↑ ၄၉.၀ ၄၉.၁ Pierre Briacon (၁၇ မေ ၂၀၁၇)။ Emmanuel Macron plunges head-first into labor reform: France's new president is counting on divisions in the labor movement and fast-track legislation။ Politico။ ၂ ဩဂုတ် ၂၀၁၇ တွင် မူရင်းအား မော်ကွန်းတင်ပြီး။.
- ↑ France's Macron, on Eastern Europe trip, to raise issue of cheap labor။ Reuters (၇ ဩဂုတ် ၂၀၁၇)။ ၂၉ ဒီဇင်ဘာ ၂၀၁၇ တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- ↑ "French parliament approves Macron's labour reforms" (in en)၊ France 24၊ ၃ ဩဂုတ် ၂၀၁၇။ Archived from the original on ၈ ဩဂုတ် ၂၀၁၇။
- ↑ "France sees big drop in unemployment rate in boost for Macron" (in en)၊ 25 October 2017။ Archived from the original on ၂၈ အောက်တိုဘာ ၂၀၁၇။
- ↑ "French army chief resigns over Macron spat" (in en)၊ Politico၊ ၁၉ ဇူလိုင် ၂၀၁၇။ Archived from the original on ၁၉ ဇူလိုင် ၂၀၁၇။
- ↑ "Macron urges French police to make full use of draconian anti-terror powers" (in en)၊ ၁၉ အောက်တိုဘာ ၂၀၁၇။ Archived from the original on ၂၄ မေ ၂၀၁၈။
- ↑ "France to enshrine some state of emergency measures into law"၊ Deutsche-Welle။ Archived from the original on ၂၁ အောက်တိုဘာ ၂၀၁၇။
- ↑ "French government sees EU credibility in reach with 2018 budget"၊ Reuters၊ ၂၀ အောက်တိုဘာ ၂၀၁၇။ Archived from the original on ၂၁ အောက်တိုဘာ ၂၀၁၇။
- ↑ "Macron fights 'president of the rich' tag after ending wealth tax"၊ Reuters၊ ၂၀ အောက်တိုဘာ ၂၀၁၇။ Archived from the original on ၂၁ အောက်တိုဘာ ၂၀၁၇။
- ↑ Willsher၊ Kim (၁၆ ဇန်နဝါရီ ၂၀၁၆)။ France will not allow another refugee camp in Calais, says Macron (in en)။ ၁၁ ဖေဖော်ဝါရီ ၂၀၁၈ တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- ↑ "'Their knuckles turned white': Donald Trump and Emmanuel Macron's awkward handshake"၊ The Telegraph၊ ၂၁ ဇူလိုင် ၂၀၁၇။ Archived from the original on ၁၀ ဇန်နဝါရီ ၂၀၂၂။
- ↑ "Macron denounces Russian media on Putin visit"၊ BBC News။ Archived from the original on ၉ ဇူလိုင် ၂၀၁၇။
- ↑ Chrisafis၊ Angelique။ "Macron warns over Syrian chemical weapons in frank meeting with Putin"၊ The Guardian၊ ၂၁ ဇူလိုင်၂၀၁၇။ Archived from the original on ၂၁ ဇူလိုင် ၂၀၁၇။
- ↑ "Emmanuel Macron: Fighting Islamist terror is France's top priority"၊ Deutsche-Welle။ Archived from the original on ၂၁ အောက်တိုဘာ ၂၀၁၇။
- ↑ France's Macron urges better long-term relations with Russia (၁၅ ဖေဖော်ဝါရီ ၂၀၂၀)။ ၂၀ မေ ၂၀၂၀ တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- ↑ "The Macron method"၊ Politico၊ ၈ ဒီဇင်ဘာ ၂၀၂၀။ Archived from the original on ၁၉ နိုဝင်ဘာ ၂၀၂၀။
- ↑ Rym Momtaz (၂၅ မတ် ၂၀၁၉)။ Macron steals Trump's thunder with Chinese Airbus order: France lands €30B aviation deal with Beijing။ POLITICO။ ၂၆ မတ် ၂၀၁၉ တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- ↑ "Macron seeks EU sanctions over Turkish 'violations' in Greek waters"၊ Reuters၊ ၂၃ ဇူလိုင် ၂၀၂၀။ Archived from the original on ၂၃ ဇူလိုင် ၂၀၂၀။
- ↑ "France's Macron slams Turkey's 'criminal' role in Libya"၊ Al Jazeera၊ ၃၀ ဇွန် ၂၀၂၀။ Archived from the original on ၂၃ ဩဂုတ် ၂၀၂၀။
- ↑ Explainer: Why is a submarine deal sparking a diplomatic crisis? (၂၅ စက်တင်ဘာ ၂၀၂၁)။ ၃ ဒီဇင်ဘာ ၂၀၂၁ တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- ↑ Macron, Biden agree to soothe tensions after submarine row (၂၂ စက်တင်ဘာ ၂၀၂၁)။ ၂၃ စက်တင်ဘာ ၂၀၂၁ တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- ↑ "Emmanuel Macron, premier président réélu depuis Jacques Chirac en 2002" (in fr)၊ ၂၅ ဧပြီ ၂၀၂၂။ Archived from the original on ၁၈ ဩဂုတ် ၂၀၂၂။
- ↑ "Macron wins French presidential election"၊ Le Monde၊ ၂၄ ဧပြီ ၂၀၂၂။ Archived from the original on ၂၉ စက်တင်ဘာ ၂၀၂၃။
- ↑ "Renaissance, un nouveau parti pour réactiver le " dépassement " macroniste" (in fr)၊ Le Monde.fr၊ ၁၉ စက်တင်ဘာ ၂၀၂၂။
- ↑ Gijs၊ Camille (၂၉ ဧပြီ ၂၀၂၂)။ Macron: Keep talking to Putin to avoid 'new world war'။ ၂၆ ဧပြီ၂၀၂၂ တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- ↑ "France risks gridlock after Macron handed hung parliament"၊ Reuters၊ ၂၀ ဇွန် ၂၀၂၂။ Archived from the original on ၉ ဇွန် ၂၀၂၃။
- ↑ Robin၊ Julien။ "Ministres battus aux législatives: ce qu'a changé la règle de de voir démissionner après une défaite" (in fr)၊ Le JDD၊ 20 June 2022။ Archived from the original on ၂၄ ဇွန် ၂၀၂၃။
- ↑ "Macron urges minority government to 'hang in there' after cabinet reshuffle"၊ France 24၊ ၄ ဇူလိုင် ၂၀၂၂။ Archived from the original on ၁၄ ဒီဇင်ဘာ ၂၀၂၂။
- ↑ "France's hung parliament passes 20-bn-euro inflation package"၊ RFI၊ ၂၂ ဇူလိုင် ၂၀၂၂။ Archived from the original on ၉ ဇူလိုင် ၂၀၂၃။
- ↑ "France's Pension Plan: Macron Pushes French Pension Bill Through Without Full Vote"၊ ၂၀ မတ် ၂၀၂၃။ Archived from the original on ၉ ဇွန် ၂၀၂၃။
- ↑ Gentilhomme၊ Célestine။ "Retraites: la motion de censure de la Nupes rejetée à l'Assemblée" (in fr)၊ ၁၂ ဇွန် ၂၀၂၃။ Archived from the original on ၁၂ ဇွန် ၂၀၂၃။
- ↑ "At least 150 arrests in protests across France over police killing of teen"၊ ၂၉ ဇွန် ၂၀၂၃။ Archived from the original on ၂၉ ဇွန် ၂၀၂၃။
- ↑ "Protests are sweeping France. Here's what you need to know"၊ 1 July 2023။
- ↑ Michel Rose (၂၀ ဇူလိုင် ၂၀၂၃)။ Macron reshuffles ministers after French riots "stunned" country။ Reuters။ 22 July 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- ↑ "Macron présente une loi de programmation militaire 2024–30 de «transformation des armées»" (in fr)၊ ၂၀ ဇန်နဝါရီ ၂၀၂၃။ Archived from the original on ၁၆ ဩဂုတ် ၂၀၂၃။
- ↑ "French parliament rejects Macron's immigration bill in surprise vote" (in en)၊ ၁၁ ဒီဇင်ဘာ ၂၀၂၃။ Archived from the original on ၁၂ ဒီဇင်ဘာ ၂၀၂၃။
- ↑ "Tougher French immigration bill passes, Macron's parliament majority wobbles" (in en)၊ ၂၀ ဒီဇင်ဘာ ၂၀၂၃။ Archived from the original on ၁၉ ဒီဇင်ဘာ ၂၀၂၃။
- ↑ "Macron appoints rising star as PM, leaves presidential hopefuls stunned" (in en)၊ ၉ ဇန်နဝါရီ ၂၀၂၄။
- ↑ "The reshuffle seen by the "left wing" of the macronie: "It's no longer pragmatism, it's prostitution"" (in fr)၊ Libération၊ ၁၂ ဇန်နဝါရီ ၂၀၂၄။
- ↑ "Crisis meeting around Emmanuel Macron to talk about poor polls and finances in the red" (in fr)၊ Le Monde၊ ၂၁ မတ် ၂၀၂၄။
- ↑ France enshrines abortion as a constitutional right in historic vote (in en) (၄ မတ် ၂၀၂၄)။
- ↑ Breeden၊ Aurelien။ "What to Know About France's Snap Parliamentary Elections" (in en-US)၊ The New York Times၊ ၁၀ ဇွန် ၂၀၂၄။
- ↑ "LÉGISLATIVES 2024 : LES RÉSULTATS DÉFINITIFS DU 1ER TOUR, LE RN ET SES ALLIÉS EN TÊTE, PARTICIPATION EN FORTE HAUSSE" (in fr)၊ LCP Assemblée Nationale၊ ၁ ဇူလိုင် ၂၀၂၄။
- ↑ "French elections: Left wins most seats, ahead of Macron's coalition and far right" (in en)၊ Le Monde၊ ၇ ဇူလိုင် ၂၀၂၄။
- ↑ Macron appoints Michel Barnier as new PM, hoping to end political impasse (၅ စက်တင်ဘာ ၂၀၂၄)။
- ↑ "France's Prime Minister Loses No-Confidence Vote and Is Expected to Resign" (in en)၊ NYT၊ ၃ ဒီဇင်ဘာ ၂၀၂၄။
- ↑ Macron blames alliance of 'extreme left and extreme right' for fall of French government (in en) (၅ ဒီဇင်ဘာ ၂၀၂၄)။
- ↑ Macron, Scholz and Draghi arrive in Kyiv for historic visit (in en-US) (၁၆ ဇွန် ၂၀၂၂)။ ၁၆ ဇွန် ၂၀၂၂ တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- ↑ "French President Macron tells Jake Tapper Russia's invasion of Ukraine is a "post Covid-19 consequence" and countries that do not align with Ukraine are complicit in a new wave of imperialism"၊ CNN၊ ၂၂ စက်တင်ဘာ ၂၀၂၂။
- ↑ "France to intensify arms delivery to help Ukraine counter-offensive"၊ Reuters၊ ၁၂ ဇွန် ၂၀၂၃။ Archived from the original on ၂၅ ဇူလိုင် ၂၀၂၃။
- ↑ Europe must resist pressure to become 'America's followers,' says Macron။ POLITICO (၉ ဧပြီ ၂၀၂၃)။ ၉ ဧပြီ ၂၀၂၃ တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- ↑ Most Europeans agree with Macron on China and US, report shows (in en)။ Politico (၇ ဇွန် ၂၀၂၃)။ ၈ ဇွန် ၂၀၂၃ တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- ↑ "Macron says 'no justification' for bombing civilians as he calls for Gaza ceasefire"၊ The Guardian၊ ၁၁ နိုဝင်ဘာ ၂၀၂၃။ Archived from the original on ၁၁ နိုဝင်ဘာ ၂၀၂၃။
- ↑ "Nato allies reject Emmanuel Macron idea of troops to Ukraine"၊ BBC News၊ ၂၈ ဇန်နဝါရီ ၂၀၂၄။
- ↑ Bryant၊ Miranda။ "Denmark to spend billions on defence, citing fears over Russian rearmament" (in en-GB)၊ The Guardian၊ ၁၉ ဖေဖဝါရီ ၂၀၂၅။
- ↑ Macron promet la Constitució a través del seu representant a Casa de la Vall။ 8 November 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- ↑ "Coronavirus: Face à la crise, l'Andorre demande de l'aide à la France, qui lui envoie une fin de non-recevoir"၊ L'Indépendant၊ ၁၄ မေ ၂၀၂၀။ Archived from the original on ၁၇ နိုဝင်ဘာ ၂၀၂၂။
- ↑ "Patrice Faure és nomenat representant personal del Copríncep francès" (in Catalan)။
- ↑ Emmanuel Macron Enigmatic Aspirant။ ၂၅ ဧပြီ ၂၀၁၇ တွင် ပြန်စစ်ပြီး။
- ↑ "Brigitte Macron – Trogneux: le rôle essentiel de la femme d'Emmanuel Macron" (in fr)၊ Linternaute။
- ↑ Brigitte Macron (၁၅ နိုဝင်ဘာ ၂၀၁၈)။ ၁၁ ဒီဇင်ဘာ ၂၀၂၄ တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- ↑ Emmanuel Macron lacks authority because he has no children, says Nicolas Sarkozy (၁၈ နိုဝင်ဘာ ၂၀၂၁)။ ၁၄ ဇန်နဝါရီ ၂၀၂၄ တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- ↑ Macron, one year on: What's changed in France?။ FRANCE 24 English (၄ မေ ၂၀၁၈)။ ၇ ဇူလိုင် ၂၀၁၉ တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- ↑ Emmanuel Macron: "OM made me dream, cry, vibrate"။ Le Figaro။ ၂ ဧပြီ ၂၀၁၇ တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- ↑ "'France were lucky,' Belgian PM tells Macron" (in en)၊ Reuters၊ ၁၁ ဇူလိုင် ၂၀၁၈။ Archived from the original on ၁၅ ဇူလိုင် ၂၀၁၈။
- ↑ Morrin၊ Siobhan။ "Controversy, Joy and Politics: 5 Takeaways From the World Cup Final" (in en)၊ ၁၆ ဇူလိုင် ၂၀၁၈။ Archived from the original on ၂၀ ဇူလိုင် ၂၀၁၈။