အီစိုး

ဝီကီပီးဒီးယား မှ
အီစိုး
ကိုယ်ရေးအချက်အလက်များ
အမည် အပြည့်အစုံ အီစိုး
မွေးသက္ကရာဇ် (1996-11-15) ၁၅ နိုဝင်ဘာ၊ ၁၉၉၆ (အသက် ၂၇)
မွေးရပ်ဇာတိ မြစ်ကြီးနားမြို့, မြန်မာ
အရပ်အမြင့် ၁.၆၉ m (၅ ft   in)
ကစားသည့်နေရာ တိုက်စစ်
ကလပ်နှင့်သက်ဆိုင်သောအချက်အလက်များ
လက်ရှိအသင်း
ရန်ကုန်ယူနိုက်တက်
အင်္ကျီနံပါတ် 27
လူငယ်ဘဝကလပ်များ
၂၀၁၅-၂၀၁၆ မနောမြေလူငယ်အသင်း
အကြီးတန်း ကစားသမား*
ခုနှစ် အသင်း ကစားပွဲ (သွင်းဂိုး)
၂၀၁၇ - ရန်ကုန်ယူနိုက်တက် ၂၀ (၉)
နိုင်ငံကိုယ်စားပြုအသင်း
၂၀၁၆-၂၀၁၇ မြန်မာယူ ၂၁ (၂)
2018– မြန်မာ 3 (0)

* ဂိုးအရေအတွက်ကို ကလပ်အသင်းကြီး ကစားခြင်းနှင့်
ပြည်တွင်းလိဂ်အတွက်သာ ရေတွက်ပြီး 30 January 2018အထိ ဖြစ်သည်။
† ကစားသည့် ပွဲအရေအတွက် (သွင်းဂိုး)

‡ 30 January 2018 အထိ နိုင်ငံကိုယ်စားပြုပွဲနှင့် သွင်းဂိုးများ

အီစိုး (၁၉၉၆ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့ဖွား) သည် ဂေါ်ရခါးနွယ်ဖွား မြန်မာဘောလုံးကစားသမား ဖြစ်သည်။ မြန်မာယူ ၂၁ အသင်း၏ တိုက်စစ်မှူးဖြစ်ပြီး ရန်ကုန်ယူနိုက်တက်ကလပ်အသင်းတွင် ကစားခဲ့သည်။[၁] အီစိုးသည် လက်ရှိတွင် လာအိုနိုင်ငံ၏ Young Elephant ကလပ်အသင်း၏တိုက်စစ်မှူးအဖြစ် လာအိုလိဂ်ဝမ်း (Lao League 1)တွင် ကစားလျက် ရှိသည်။ FOX Sports Asia က နေမာနှင့် တိုက်စစ်ကစားပုံခြင်းဆင်တူသည့်အတွက် "မြန်မာနိုင်ငံ၏ နေမာ" ဟု တင်စားခေါ်ဝေါ်ခဲ့သည်။

ကလပ်ကစားသမားဘဝ[ပြင်ဆင်ရန်]

အစောပိုင်းနှစ်များ[ပြင်ဆင်ရန်]

၂၀၁၅ ခုနှစ်တွင် မနောမြေလူငယ်အသင်းတွင် ကစားခဲ့ပြီး ကျွမ်းကျင်မှုကို ပြသနိုင်ခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် မနောမြေအသင်းကြီးအတွက် ရွေးချယ်ခြင်း ခံရသည်။ သို့သော် မနောမြေအသင်းသည် 2016 MNL ရာသီတွင် ထွက်ခဲ့သည်။ ထို့နောက်တွင် ရန်ကုန်ယူနိုက်တက်အသင်း၏ နည်းပြများသည် ရန်ကုန်ယူနိုက်တက်အသင်းသို့ ခေါ်ခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် 2017 International U-21 Thanh Niên Newspaper Cup အတွက် ကစားရန် မြန်မာယူ ၂၁ အသင်းအတွက် ခေါ်ခြင်းခံခဲ့ရသည်။ သူသည် အကောင်းဆုံးစွမ်းရည်ဖြင့် ကစားနိုင်ခဲ့ပြီး ၂ ဂိုးသွင်းယူနိုင်ခဲ့သည်။

ရန်ကုန်ယူနိုက်တက်[ပြင်ဆင်ရန်]

၂၀၁၈ ခုနှစ်တွင် ရန်ကုန်ယူနိုက်တက်အသင်းသည် ၂၀၁၈ ခုနှစ် မြန်မာနေရှင်နယ်လိဂ်ပွဲအတွက် ကစားသမားစာရင်းတွင် ထည့်သွင်းခဲ့သည်။[၂]ဇန်နဝါရီလ ၂၈ ရက်နေ့တွင် အီစိုးသည် သူ၏ ပထမဆုံးပရော်ဖက်ရှင်နယ်ကစားသမားဘဝ ပြိုင်ပွဲအဖြစ် စစ်ကိုင်းယူနိုက်တက် FC အသင်းနှင့် အဝေးကွင်းပွဲ ကစားခဲ့သည်။[၃]

ကိုးကား[ပြင်ဆင်ရန်]