အီဂျောင်းရှင်း

ဝီကီပီးဒီးယား မှ
အီဂျောင်းရှင်း
Lee Jung-shin
၂၀၂၀
မွေးဖွား (1991-09-15) စက်တင်ဘာ ၁၅၊ ၁၉၉၁ (အသက် ၃၂)
အီဆန်၊ တောင်ကိုရီးယား
အလုပ်အကိုင်
တက်ကြွလှုပ်ရှားနှစ်များ၂၀၀၉-ယနေ့ထိ
ဂီတခရီးလမ်း
ဂီတဟန်
တူရိယာဘေ့စ်ဂီတာ
တေးသံသွင်း ကုမ္ပဏီFNC Entertainment
ပူးတွဲ ပါဝင်မှုCNBLUE
ဝက်ဘ်ဆိုက်fncent.com
အီဂျောင်းရှင်း
အက္ခရာဖလှယ်ခြင်းများ
ဟန်ဂုလ်
ဟန်ဂျာ
RRအက္ခရာဖလှယ်ခြင်း:I Jeong-sin
MRအက္ခရာဖလှယ်ခြင်း:I Chŏng-sin

အီဂျောင်းရှင်း (ကိုရီးယား이정신, ၁၉၉၁ စက် ၁၅ ဖွား) သည် တောင်ကိုရီးယား ဂီတသမား၊ အဆိုတော်၊ ရက်ပါနှင့် သရုပ်ဆောင် ဖြစ်သည်။ တောင်ကိုရီးယား ရော့ခ်အဖွဲ့ CNBLUE ၏ ဘေ့စ်တီးသူ ဖြစ်ကာ၊ ၂၀၁၀ ဇန်နဝါရီတွင် ပွဲဦးထွက်သည်။ မြန်မာသို့ ပရဟိတ လာရောက်ဖူးသည်။

ဘဝ[ပြင်ဆင်ရန်]

ငယ်ဘဝနှင့် သက်မွေး[ပြင်ဆင်ရန်]

အီဂျောင်းရှင်းကို ၁၉၉၁ စက်တင်ဘာ ၁၅ တွင် ဆိုးလ်၌ မွေးသည်။[၁] မိဘများနှင့် အစ်ကို တစ်ယောက် ရှိသည်။ မိသားစုသည် အီဆန်မှာ နေထိုင်ပြီး၊ သူသည် အထက်တန်းကို အီဆန်မှာ ရှိသော ဂျောင်းဘလ် အထက်တန်းကျောင်းမှ အောင်မြင်သည်။

၂၀၀၉ မှာ FNC Entertainment အောက်တွင် သင်တန်းဆင်းပြီး၊ ထိုနှစ် စက်တင်ဘာတွင် CNBLUE အဖွဲ့၌ ပွဲဦးထွက်ပြီး မကြာခင် နုတ်ထွက်သွားသော ကွန်းဂွမ်းဂျင်း နေရာ၌ အစားထိုး ဘေ့စ်တီးသူ အဖြစ် ဝင်ရောက်သည်။ ဘေ့စ်အပြင် ရက်ပါနှင့် နောက်ခံ အဆိုသမားလည်း ဖြစ်သည်။

ပင်တိုင်အလုပ်[ပြင်ဆင်ရန်]

Lee at Music Bank, 2014

သရုပ်ဆောင်အဖြစ် ၂၀၁၂ တွင် ဆောယောင်း ငါ့သမီးလေး မိသားစုဇာတ်လမ်းတွင် ပါဝင် ပွဲဦးထွက်သည်။[၂] ကြည့်ရှုနှုန်း ၄၇.၆% ဖြင့် ထိပ်ဆုံးရပ်တည်ရာ၊ ၂၀၁၃ ကိုရီးယားဒရာမာထဲ အမြင့်ဆုံး ဇာတ်လမ်းတွဲအဖြစ် မှတ်တမ်းတင်သည်။[၃] သရုပ်ဆောင် ကောင်းမွန်သည်ဟု ချီးမွမ်းခံရပြီး၊ ဒေသဆုပေးပွဲများတွင် အကောင်းဆုံး သရုပ်ဆောင်သစ်ဆုအတွက် လျာထားခံရသည်။[၄][၅]

၂၀၁၃ တွင် The Blade and Petal ၌၊ ၂၀၁၄ တွင် Tempation ၌ ဇာတ်ပို့အဖြစ် ဆက်တိုက် ပါဝင်သည်။[၆][၇] နောက်တခုကြောင့်၊ တတိယကြိမ် DramaFever ,ဆုပေးပွဲတွင် အကောင်းဆုံး မျက်နှာသစ်စတားဆုကို ရရှိရာ၊ ပထဆုံးရရှိသော သရုပ်ဆောင်ဆု ဖြစ်သည်။

၂၀၁၅ တွင် ကျေးဇူးပါ ငါ့သား ဇာတ်လမ်းတွဲ၌ ခေါင်းဆောင်မင်းသား ဖြစ်လာသည်။[၈][၉] ထိုနှစ်မှာပင် ရှင်းနီးအဖွဲ့မှ ကီးနှင့် တွဲဖက်၍ M ကောင့်ဒေါင်း အစီအစဉ်၌ ပင်တိုင်တင်ဆက်သူ ဖြစ်လာသည်။[၁၀] ၂၀၁၆ တွင် ရှိုးမှ ထွက်သည်။

၂၀၁၆ တွင် ဂျောင်အီဝူ၊ ပတ်ဆိုဒမ်းနှင့် တွဲ၍ စင်ဒရဲလားနှင့် သူရဲကောင်း လေးဦး၌ ပါဝင်သည်။[၁၁] ယင်းဒရာမာအတွက် သူ ပထမဆုံး ဆိုလိုဆင်ဂယ် Confession သီချင်းကို ဖြန့်ချိသည်။

၂၀၁၇ တွင် My Sassy Girl ၌ သရုပ်ဆောင်သည်။[၁၂] တစ်နှစ်တည်း၊ တမ်းတနှလုံးသား(Longing Heart)၌ ပါဝင်ရိုက်ကူးသည်။[၁၃]

နိုင်ငံတကာ လမ်းဘေးစာရွက်များ ကွန်ရက် (International Network of Street Papers) က ၂၀၁၉ ဇွန် ၇ တွင် ကျင်းပမည့် INSP အကောင်းဆုံးဓာတ်ပုံ ဆုပေးပွဲတွက် ဆန်ကာတင် ထိပ် ၅ ဦးတွင် အီ၏ ဓာတ်ပုံ ပါဝင်နေသည်ဟု ကြေညာသည်။ ထိုဓာတ်ပုံများကို ၂၀၁၈ ဖေဖော်ဝါရီတွင် LOVE FNC ဖောင်ဒေရှင်းက မြန်မာပြည်တွင် ပရဟိတ လုပ်အားပေး ဆောင်ရွက်စဉ် အီ ရိုက်ယူခဲ့ခြင်း ဖြစ်ပြီး၊ The Big Issue Korea သို့ အခမဲ့ ဖြန့်ဝေခဲ့သည်။ ဆုရရှိသူကို ဇွန် ၁၉ တွင် ဂျာမနီ၊ ဟန်နိုဗာမြို့၌ ဂလိုဘယ် လမ်းဘေးစာရွက်များထိပ်သီး၏ တစိတ်တဒေသအဖြစ် ကျင်းပသော INSP ဆုပေးပွဲအခမ်းအနား၌ ကြေညာသည်။[၁၄]

၂၀၁၉ ဇူလိုင် ၂၂ တွင် ကြက်သွန်နီပြာဟု အမည်ပေးထားသော ဂျပန် ဆင်ဂယ်ကို ဖြန့်ချိသည်။[၁၅] စက်တင်ဘာ ၂၅ တွင် ထိုသီချင်း အပါအဝင် နောက်ထပ် ဂျပန်လိုဆို သီချင်း လေးပုဒ် ထပ်ထည့်ကာ အယ်လ်ဘမ် ထုတ်ဝေသည်။[၁၆]

ပရဟိတ[ပြင်ဆင်ရန်]

၂၀၁၈ ဇွန် ၁ မှ ၁၀ ထိ ဆိုးလ်၊ ဂန်နမ် ကင်နွန် အိမ်ရာ B1/F ၈၂၉ ဆောလူးလမ်းရှိ ကင်နွန်ပြခန်း၌ အစ်ကို အီယုံရှင်းနှင့် ပူးပေါင်း၍ အလှူခံ ဓာတ်ပုံပြပွဲ ကို ပြုလုပ်ခဲ့သည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီက မြန်မာနိုင်ငံ ရန်ကုန်ရှိ YWAM နေ့ကလေးထိန်းစင်တာနှင့် ကလောရှိ လေးကျောင်းမြောက် LOVE FNC ကျောင်းသို့ ပရဟိတလှုပ်ရှားမှုအဖြစ် အလည်အပတ် သွားရောက်စဉ် မှတ်တမ်းတင် ရိုက်ကူးခဲ့သော ဓာတ်ပုံများ ဖြစ်ပြီး၊ ဒုဓလီပန်းမှုန်များကို ဒို့ လေမှုတ်ပစ်ခဲ့တယ်ဟု ခေါင်းစီး တပ်ခဲ့သည်။ LOVE FNC ဖောင်ဒေရှင်းက ကမကထ လုပ်သော ပရောဂျက် တစ်ခုအတွက် ကင်ဆောဟွန်းနှင့် အတူ ရှိခဲ့သည်။ ဘောင်ကွပ်ဓာတ်ပုံများ၊ ပို့စကတ်များနှင့် ပိုစတာများသည် ရောင်းရန် ဖြစ်သည်။ ရောင်းရငွေများသည် မြန်မာရှိ စကောလားရှစ် အစီအစဉ်အတွက် ရန်ပုံငွေ အဖြစ် ထည့်ဝင်လှူဒါန်းရန် ဖြစ်သည်။[၁၇][၁၈]

၂၀၁၉ ဧပြီ ၇ တွင် ဂန်ဝန်ခရိုင် တောမီးဘေး ဒုက္ခသည်များအတွက် ဝမ် ၁၀ သန်းကို အီ လှူဒါန်းသည်ဟု မျှော်လင့်တံတား နိုင်ငံ့ဘေးအန္တရာယ် ကာကွယ်ရေးအသင်းက တင်ပြသည်။[၁၉]

စစ်မှုထမ်း[ပြင်ဆင်ရန်]

အီသည် ၂၀၁၈ ဇူလိုင် ၃၁ တွင် စစ်မှုထမ်းဆောင်ရန် စာရင်းသွင်းသည်။[၂၀][၂၁]

စက်တင်ဘာ ၅ တွင် သူ့အခြေခံ စစ်သင်တန်း ပြီးဆုံးကြောင်းကို ကိုယ်ပိုင် အင်စတာဂရမ်အကောင့်၌ ဓာတ်ပုံများ တင်လိုက်ခြင်းဖြင့် သိရသည်။[၂၂]

၂၀၁၈ အောက်တိုဘာတွင် တပ်မတော်ပွဲတော်အတွက် ပင်တိုင်တင်ဆက်သူ လုပ်သည်။ ပွဲကို အောက်တိုဘာ ၅ မှ ၉ ထိ ကျင်းပသည်။ ၂၀၁၈ အောက်တိုဘာ ၁၀ ၌ ကျရောက်သော စစ်သားတည်ဆောက်ရေး အနှစ် ၇၀ ကြိမ်မြောက် နှစ်ပတ်လည် တပ်တွင်း ဂီတဖျော်ဖြေပွဲအတွက်လည်း သဘာပတိ လုပ်သည်။[၂၃]

၂၀၂၀ မတ် ၁၉ တွင် ခွင့်ယူထားစဉ်အတွင်း စစ်မှုထမ်းသက်တမ်း ပြည့်ရာ၊ နိုင်ငံကာကွယ်ရေးမူဝါဒ ဝန်ကြီးဌာန အရ စခန်းသို့ ပြန်မလာရဘဲ တရားဝင် ပြီးဆုံးခွင့် ပြုသည်။[၂၄]

ဓာတ်ပြားသွင်း[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - CNBLUE discography

Soundtracks appearances[ပြင်ဆင်ရန်]

ခေါင်းစဉ် နှစ် Peak chart positions ရောင်း အယ်လ်ဘမ်
KOR
[၂၅]
"Confession" (ကိုရီးယား고백; RRGobaek) ၂၀၁၆ စင်ဒရဲလားနှင့် သူရဲကောင်း လေးဦး OST

သီချင်းရေးသားထုတ်လုပ်ခြင်း[ပြင်ဆင်ရန်]

နှစ် အယ်လ်ဘမ် အနုပညာရှင် သီချင်း လေဘယ် စာသား တေးဂီတ
Credited With Credited With
2015 Colors CNBLUE "Daisy" FNC Entertainment Yes Yes Jung Yong-hwa
2gether "Control" Yes No

ရုပ်ရှင်ရုပ်သံ[ပြင်ဆင်ရန်]

ရုပ်သံဇာတ်လမ်းတွဲ[ပြင်ဆင်ရန်]

နှစ် ခေါင်းစဉ် နက်ဝပ် ဇာတ်ကောင် မှတ်ချက် Ref.
၂၀၁၂ ငါ့ယောက်ျားမှာ မိသားစုနဲ့ KBS2 ကိုယ်တိုင် ဧည့်
ဆောယောင်း၊ ငါ့သမီးလေး ကန်ဆောင်းဂျယ်
၂၀၁၃ The Blade and Petal ရှီဝူ
၂၀၁၄ Temptation SBS နာဟုန်းဂယူ
၂၀၁၅ Drama Special ကျေးဇူးပါ ငါ့သား KBS2 ဂျန်ရှီဝူ
အနံ့မြင်သူမလေး SBS ကိုယ်တိုင် ဧည့် (episode 6)
၂၀၁၆ စင်ဒရဲလားနှင့် သူရဲကောင်း လေးဦး TvN ကန်ဆောဝူ
၂၀၁၇ My Sassy Girl SBS ကန်ဂျွန်ယောင်း
၂၀၁၈ ငါ့အချစ်ဦး OCN ကန်ရှင်းဝူ
အသံ အီဂျယ်အီ ဧည့် (season 2, episode 8)
၂၀၂၁ Summer Guys KT Seezn ဆွန်း [၂၆][၂၇]

စုံစိရှိုး[ပြင်ဆင်ရန်]

နှစ် ခေါင်းစဉ် နက်ဝပ် မှတ်ချက်
၂၀၁၅ Shaolin Clenched Fist[၂၈] SBS မိန်းအဖွဲ့သား
ဖက်ရှင်ကင်း ကိုရီးယား SBS
၂၀၁၅-၁၆ M ကောင့်ဒေါင်း Mnet ပင်တိုင်

ကိုးကား[ပြင်ဆင်ရန်]

  1. Mark Russell (April 29, 2014)။ K-Pop Now!: The Korean Music Revolution။ Tuttle Publishing။ p. 56။ ISBN 978-1-4629-1411-1
  2. CNBlue's Lee Jung-shin to debut as an actor in 'My Daughter Soyoung' (August 7, 2012)။
  3. My Daughter Seo-yeong is the highest rated drama this yearHancinema (December 26, 2013)။ March 30, 2014 တွင် ပြန်စစ်ပြီး။
  4. CN Blue's Lee Jung-shin cast in KBS drama (September 18, 2012)။
  5. Kim၊ JiYeon။ "CN Blue′s Lee Jung Shin Launches Acting Career Successfully with My Daughter Seo Young"၊ September 17, 2012။ 26 August 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 15 October 2012။ 
  6. CNBLUE Jungshin Cast in Historical Drama10Asia (May 10, 2013)။ 17 August 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 August 2021 တွင် ပြန်စစ်ပြီး။
  7. CN Blue′s Lee Jung Shin Confirmed for ′Temptation′ with Kwon Sang WooenewsWorld (June 13, 2014)။ 17 August 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 August 2021 တွင် ပြန်စစ်ပြီး။
  8. Grace Danbi Hong (January 28, 2015)။ CN Blue′s Lee Jung Shin Cast as Lead for 2-Episode KBS Drama SpecialenewsWorld။ 4 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 August 2021 တွင် ပြန်စစ်ပြီး။
  9. CNBlue member lands lead role (January 29, 2015)။
  10. Key, Lee to host 'M Countdown' (February 17, 2015)။
  11. CNBLUE's Lee Jung-shin to transform into top singer on "Cinderella and Four Knights" (January 22, 2015)။
  12. Lee Jung-shin updates fans on "My Sassy Girl" (June 13, 2017)။
  13. "Lee Jung-shin, Lee Yul-eum and Seo Ji-hoon to star in "Longing Heart""၊ Hancinema။ 
  14. https://insp.ngo/insp-awards-announcing-the-2019-best-photograph-finalists/
  15. https://www.oricon.co.jp/news/2140666/full/?ref_cd=tw_pic
  16. https://cnblue-official.jp/news/detail.php?id=1075461
  17. https://www.scmp.com/magazines/style/news-trends/article/2149166/cnblue-bassist-lee-jung-shins-photo-exhibition-captures
  18. https://hellokpop.com/news/lee-jung-shin-photo-exhibit-dandelion-flower-seed/
  19. https://m.entertain.naver.com/read?oid=076&aid=0003401198&lfrom=twitterf
  20. CNBLUE's Lee Jung-shin to enlist for military service in end-July (July 5, 2018)။
  21. CNBlue members enter military (August 1, 2018)။
  22. https://www.soompi.com/article/1226095wpp/cnblues-lee-jung-shin-updates-fans-army-photos
  23. https://www.instagram.com/p/BorRWK2gBtb/
  24. https://www.soompi.com/article/1386427wpp/cnblues-kang-min-hyuk-and-lee-jung-shin-to-be-discharged-according-to-militarys-covid-19-protocol
  25. Gaon Chart - Digital Chart (in ko)။ Gaon Music Chart။ November 30, 2018 တွင် ပြန်စစ်ပြီး။
  26. CNBLUE's Lee Jung Shin, gugudan's Mina, Kwon Hyun Bin, And Lim Nayoung Cast In New Drama (in en)။ Soompi (August 27, 2020)။
  27. Kang Seok-bong။ "드라마 '썸머가이즈', 3월 전세계 100개국 동시 공개" (in ko)၊ January 28, 2021။ 
  28. Lee Jung-shin joins new variety showKpop Herald (June 1, 2015)။

ပြင်ပလင့်များ[ပြင်ဆင်ရန်]