အိုလံပတ်တောင်

ဝီကီပီးဒီးယား မှ
Olympus Mons
အိုလံပတ်တောင်အား ဗိုက်ကင်း ၁ အာကာသယာဉ်မှ မြင်ရပုံ
ကိုဩဒိနိတ်18°39′N 226°12′E / 18.65°N 226.2°E / 18.65; 226.2ကိုဩဒိနိတ်: 18°39′N 226°12′E / 18.65°N 226.2°E / 18.65; 226.2[၁]
ဒိုင်မင်းရှင်းများနေအဖွဲ့အစည်းရှိ အရှည်ဆုံးတောင်
အမြင့်ဆုံး၂၁,၂၈၇.၄ m (၆၉,၈၄၁ ft) above datum[၂]
၂၆ km (၈၅,၀၀၀ ft) local relief
၂၆ km (၈၅,၀၀၀ ft) above plains[၃]
ရှာဖွေတွေ့ရှိသူမရီနာ ၉
EponymLatin – Mount Olympus

အိုလံပတ်တောင် သည် အင်္ဂါဂြိုဟ်ရှိ အလွန်ကြီးမားသော မီးတောင်ဖြစ်သည်။ တစ်ခါတိုင်းတာချက်အရ ယင်း၏အမြင့်သည် ၂၅ ကီလိုမီတာ (၁၃.၆ မိုင်) ရှိခဲ့သည်။[၄] အိုလံပတ်တောင်သည် ဧဝရတ်တောင်၏ ပင်လယ်ရေမျက်နှာပြင်အမြင့် ၂ ဆခွဲရှိလေသည်။ ယင်းသည် နေအဖွဲ့အစည်းတွင် အကြီးဆုံး မီးတောင်နှင့် အရှည်ဆုံးတောင်တစ်ခုလည်း ဖြစ်သည်။ အင်္ဂါဂြိုဟ်ပေါ်ရှိ မီးတောင်ကြီးများထဲတွင် သက်တမ်းအနုဆုံးဖြစ်ပြီး ၁၉ ရာစုနှောင်းပိုင်း နက္ခတ္တပညာရှင်များကြားတွင် သိရှိခဲ့သည်။ အာကာသယာဉ်များမှ အတည်ပြုချက် မရရှိသေးခင်ကတည်းက ယင်းအား တောင်တစ်ခုဟု သံသယဝင်ခြင်း ခံခဲ့ရသည်။[၅] မီးတောင်သည် အင်္ဂါဂြိုဟ်၏ အနောက်ဘက်ခြမ်း 18°39′N 226°12′E / 18.65°N 226.2°E / 18.65; 226.2 အနီးတွင် တည်ရှိပြီး Karzok crater နှင့် Pangboche crater ဟူ၍ မီးတောင်ပေါက်ဝ ၂ ခု တည်ရှိသည်။[၆] မီးတောင်ပေါက်ဝများသည် အင်္ဂါဂြိုဟ်၏ ဥက္ကာခဲများ ပေါကြွယ်ဝသည့် ရင်းမြစ်များ ဖြစ်ကြသည်။[၇]

ဖော်ပြချက်[ပြင်ဆင်ရန်]

ပြင်သစ်နိုင်ငံနှင့် အိုလံပတ်တောင်အား ဒေါင်လိုက်နှိုင်းယှဉ်ထားပုံ
Vertical comparison of Olympus Mons with Mount Everest (shown sea-level-to-peak) and Mauna Kea on Earth (measurement is sea-level to peak, not base to peak).

မီးတောင်တစ်ခုအနေဖြင့် အိုလံပတ်တောင်သည် ဟာဝိုင်အီကျွန်းပုံစံကဲ့သို့ တည်ရှိသည်။ အကျယ်အားဖြင့် ၆၀၀ ကီလိုမီတာခန့်ရှိပြီး[၈] ဧရိယာသည် စတုရန်းကီလိုမီတာ ၃၀၀,၀၀၀ ခန့်ရှိလေသည်။[၉] ယင်းသည် အီတလီနိုင်ငံ အရွယ်အစားနီးပါးခန့်ဖြစ်သည်။ ကမ္ဘာမြေနှင့်မတူဘဲ အင်္ဂါဂြိုဟ်၏ ကျောက်လွှာများသည် တည်ငြိမ်နေသောကြောင့် မီးတောင်မှထွက်လာသော ချော်ရည်များသည် အင်မတန်မြင့်မားလာသည်အထိ ထွက်လာနိုင်ပေသည်။[၁၀] အိုလံပတ်တောင်၏ အရွယ်အစားနှင့် တိမ်သော ကုန်းစောင်းများကြောင့် လေ့လာသူတစ်ဦးသည် အဝေးတစ်နေရာမှပင် မီးတောင်တစ်ခုလုံးကို ခြုံငုံကြည့်နိုင်မည်မဟုတ်ပေ။ ဂြိုဟ်၏ ကွေးကောက်မှုနှင့် မီးတောင်ကိုယ်တိုင်က ယင်းကဲ့သို့သော မြင်ကွင်းကို တားဆီးမည်ဖြစ်သည်။[၁၁] အလားတူစွာ လေ့လာသူတစ်ဦးသည် တောင်ထိပ်သို့ မတ်တပ်ရပ်နေသော်လည်း သတိပြုနိုင်မည် မဟုတ်ပေ။ မီးတောင်၏ ကုန်းစောင်းများက မိုးကုတ်စက်ဝိုင်းအလွန်သို့ (၃ ကီလိုမီတာ အကွာခန့်) ရောက်ရှိနေပေလိမ့်မည်။[၁၂] အိုလံပတ်တောင်ထိပ်ရှိ ပျမ်းမျှလေထုဖိအားမှာ ၇၂ pascal ရှိပြီး အင်္ဂါဂြိုဟ်မျက်နှာပြင်တစ်ခုလုံး ပျမ်းမျှလေထုဖိအားဖြစ်သော ၆၀၀ pascal ၏ ၁၂ ရာခိုင်နှုန်းဖြစ်သည်။[၁၃][၁၄] နှိုင်းယှဉ်ရသော် ဧဝရတ်တောင်ထိပ်ရှိ လေထုဖိအားသည် ပင်လယ်ရေမျက်နှာပြင်ရှိ လေထုဖိအား၏ ၃၂ ရာခိုင်နှုန်းဖြစ်သော ၃၂၀၀၀ pascal ရှိသည်။[၁၅] ဤသို့ပင်ဖြစ်လင့်ကစား အလွန်မြင့်မားသော အိုလံပတ်တောင်ထိပ်တွင် မကြာခဏ တိုက်ခတ်လေ့ရှိသော ဖုန်မှုန်များမှာ တည်ရှိလျက်ရှိသည်။[၁၆] အင်္ဂါဂြိုဟ်၏ ပျမ်းမျှလေထုဖိအားသည် ကမ္ဘာ့လေထုဖိအား၏ ၁ ရာခိုင်နှုန်းအောက် နည်းပါးသော်လည်း ကမ္ဘာ့လေထုဖိအားကဲ့သို့ အမြင့်ကိုရောက်လေလေ ပိုမိုနည်းပါးသွားလေ မဖြစ်ပေ။ အိုလံပတ်တောင်တွင် ဆီလီကိတ် ၄၄%၊ အိုင်းယွန်းအောက်ဆိုဒ် ၁၇.၅%၊ အလူမီနီယမ် ၇%၊ ကယ်လစီယမ် ၆%၊ ဆာလာဖာအောက်ဆိုဒ် ၇% အသီးသီး ပါဝင်သည်။ အနာဂတ်တွင် စေလွှတ်မည့် အာကာသယာဉ်များသည် အိုလံပတ်တောင်ပေါ်သို့ ဆင်းသက်စေမည်မဟုတ်ပေ။ အကြောင်းမှာ မြင့်မားသော ကုန်းစောင်းတွင် အာကာသယာဉ်ကို အရှိန်လျှော့ရန် လုံလောက်သော လေထုသိပ်သည်းမှု နည်းပါးသောကြောင့်ဖြစ်သည်။ ထို့အပြင် အိုလံပတ်တောင်သည် အင်္ဂါဂြိုဟ်ရှိ ဖုန်ထူမှုအများဆုံးနယ်မြေများထဲမှ တစ်ခုအပါဝင်ဖြစ်လေသည်။ ယင်းဖုန်မှုန်များသည် ကျောက်ခဲနမူနာများကို စစ်ဆေးရန် အခက်တွေ့စေမည်ဖြစ်ပြီး ရိုဗာများအတွက် အတားအဆီးဖြစ်စေပေလိမ့်မည်။

ကိုးကား[ပြင်ဆင်ရန်]

  1. "အိုလံပတ်တောင်". Gazetteer of Planetary Nomenclature. USGS Astrogeology Research Program.
  2. Mars Orbiter Laser Altimeter: Experiment summary
  3. Neil F. Comins – Discovering the Essential Universe (2012). p. 148
  4. "Morphometric Properties of Martian Volcanoes" (2004). J. Geophys. Res. 109. doi:10.1029/2002JE002031. Bibcode2004JGRE..109.3003P. 
  5. Patrick Moore 1977, Guide to Mars, London (UK), Cutterworth Press, p. 96
  6. New names on Olympus Mons။ USGS။ 30 June 2006 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2006-07-11 တွင် ပြန်စစ်ပြီး။
  7. Frankel, C.S. (2005). Worlds on Fire: Volcanoes on the Earth, the Moon, Mars, Venus and Io; Cambridge University Press: Cambridge, UK, p. 160. ISBN 978-0-521-80393-9.
  8. "Olympus Mons", NASA, retrieved 30 August 2010.
  9. Frankel, C.S. (2005). Worlds on Fire: Volcanoes on the Earth, the Moon, Mars, Venus and Io; Cambridge University Press: Cambridge, UK, p. 132. ISBN 978-0-521-80393-9.
  10. Layers in Olympus Mons Basal Scarp (PSP_001432_2015), High resolution imaging Science Experiment.
  11. Hanlon, M. (2004). The Real Mars; Constable & Robinson: London, p. 22. ISBN 1-84119-637-1.
  12. Martian Volcanoes on HST Images How Far Could I See Standing on Olympus Mons, "2.37 miles", Jeff Beish, Former A.L.P.O. Mars Recorder Archived August 27, 2009, at the Wayback Machine.
  13. Public Access to Standard Temperature-Pressure Profiles Archived 2007-06-21 at the Wayback Machine. Standard Pressure Profiles measured by MGS Radio Science team at ၂၇ km (၁၇ mi) range from approximately 30 to 50 Pa.
  14. Late Martian Weather! Archived 28 April 2006 at the Wayback Machine. stanford.edu temperature/pressure profiles 1998 to 2005
  15. Kenneth Baillie။ High altitude barometric pressure။ Apex (Altitude Physiology Expeditions)။ 2 May 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 October 2018 တွင် ပြန်စစ်ပြီး။
  16. Hartmann, W.K. A Traveler’s Guide to Mars: The Mysterious Landscapes of the Red Planet. Workman: New York, 2003, p. 300.

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]