အိုလက်ဂ် ဒါရီပါစကာ

ဝီကီပီးဒီးယား မှ
အိုလက်ဂ် ဒါရီပါစကာ
အိုလက်ဂ် ဒါရီပါစကာ
မွေးသက္ကရာဇ် ဇန်နဝါရီ ၂ရက်၊ ၁၉၆၈
Dzerzhinsk, Nizhny Novgorod Oblast, Russian SSR
အလုပ်အကိုင် Basic Element Company ၏ ဥက္ကဋ္ဌ
ကြွယ်ဝမှု အမေရိကန်ဒေါ်လာ ၁၀.၇ ဘီလျံ
သားသမီး ၂ယောက်
ဝက်ဘ်ဆိုက် Basic Element

၁၉၆၈ ခုနှစ် ဇန်နဝါရီ ၂ ရက်နေ့တွင် မွေးဖွားခဲ့သူ အိုလက်ဂ် ဗယ်ဒီမာရိုဗစ်ချ် ဒါရီပါစကာ သည် Basic Element ကုမ္ပဏီ၏ရုရှားလူမျိုး အမှုဆောင်အရာရှိချုပ်ဖြစ်၍ ရုရှားအလူမီနံယံကုမ္ပဏီတစ်ခုဖြစ်သော RUSAL တွင် ဘုတ်အဖွဲ့၏ဥက္ကဋ္ဌအမှုဆောင်ဖြစ်သည်။ ဒါရီပါစကာ သည် Dukes of Bedford ၏အိမ်ရာစခန်းဖြစ်သော လန်ဒန်ရှိ Belgrave Square တွင် အိမ် တစ်လုံးရှိသည်။ ဒါရီပါစကာ သည် Forbes မဂ္ဂဇင်း၏ခန့်မှန်းချက်အရ ၂၀၀၈ ခုနှစ်တွင် ချမ်းသာကြွယ်ဝမှု ဒေါ်လာ ၂၈ ဘီလျံ ရှိပြီး ကမ္ဘာပေါ်တွင် ၉ ယောက်မြောက် အချမ်းသာဆုံးဖြစ်ခဲ့သည်။၂၀၀၉ ခုနှစ်တွင် ဒါရီပါစကာ သည် အဆင့် ၁၆၄ သို့ကျသွားခဲ့သည်ကို Forbes မဂ္ဂဇင်းက “သူ့အကြွေး တွေနဲ့ အခုပြိုပျက်နေတဲ့ဈေးကွက်ကို တောင့်ခံနိုင်မှာမဟုတ်ဘူး” ဟုဖော်ပြခဲ့သည်။ သို့သော်လည်း ၂၀၁၀ တွင် ခန့်မှန်းချက်အရ ဒေါ်လာ ၁၀.၇ ဘီလျံပိုင်ဆိုင်သောကြောင့် ကမ္ဘာ ပေါ်တွင် အချမ်းသာဆုံးဘီလျံနာစာရင်းတွင် နံပါတ် ၅၇ ဖြစ်လာခဲ့သည်။Forbes မဂ္ဂဇင်းအရ သူသည် အဓိကကုမ္ပဏီကြီးနှစ်ခုကို ရွှေ့ခဲ့ပြီး ရုရှားအစိုးရ၊ ဘဏ်နှင့်အခြား ကြွေးရှင်များကို သူ့ကြွေးတာဝန်များ ပြန်လည်ပေးဆပ်ရန်အတွက် စေ့စပ်ညှိနှိုင်းခဲ့သည်ဟုသိရသည်။

စီးပွားရေးရာကိစ္စများ[ပြင်ဆင်ရန်]

အခြေခံအကြောင်းအရာ[ပြင်ဆင်ရန်]

ဒါရီပါစကာ သည် ရုရှားနှင့်အခြားနိုင်ငံများတွင် ပိုင်ဆိုင်မှုများရှိပြီး ၁၉၉၇ ခုနှစ်တွင်တည်ထောင်ခဲ့သော ကြီးမားသည့်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီဖြစ်သော Basic Element ၏ပိုင်ရှင်ဖြစ်သလို အမှုဆောင်အရာရှိချုပ် လည်းဖြစ်သည်။Basic Element ၏အဓိကရင်းနှီးမြှုပ်နှံမှုများမှာ စွမ်းအင်၊ ထုတ်လုပ်ရေးပိုင်း၊ ဘဏ္ဍာရေးရာ ဝန်ဆောင်မှုများ၊ ဆောက်လုပ်ရေးပိုင်းနှင့် လေယာဉ်ထုတ်လုပ်ခြင်းတို့ဖြစ်သည်။ အဓိကရင်းနှီးမြှုပ်နှံပစ္စည်းများမှာ ကမ္ဘာပေါ်တွင်အကြီးဆုံးအလူမီနံယံထုတ်လုပ်သည့် RUSAL ကုမ္ပဏီ၊ GAZ Group မော်တော်ကားဆိုင်ရာကုမ္ပဏီ၊ နိုင်ငံ၏သက်တမ်းအရှည်ဆုံးသော Ingosstrakh အာမခံ ကုမ္ပဏီ၊ SOYUZ ဘဏ်၊ Aviakor လေယာဉ်ထုတ်စက်ရုံ၊ ရုရှား-အာရှရင်းနှီးမြှုပ်နှံရေးကုမ္ပဏီ၊ စွမ်းအင် ဖြည့်စည်းရေးနှင့် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ Euro Sib Energo၊ စီမံရေးရာနှင့်ဆောက်လုပ်ရေးကုမ္ပဏီ Glavmosstroy တို့ဖြစ်ကြသည်။Basic Element သည် ရုရှား၊ CIS နိုင်ငံများဖြစ်ကြသော အာဖရိက၊ ဩစတြေးလျ၊ အာရှ၊ ဥရောပနှင့် လက်တင် အမေရိကတို့တွင် အခြားသောကုမ္ပဏီအခွဲများကိုလည်း ပိုင်ဆိုင်သေးသည်။Basic Element ကုမ္ပဏီတွင် လူပေါင်း နှစ်သိန်းငါးသောင်းကို အလုပ်ခန့်အပ်ထားသည်။၂၀၀၇ ခုနှစ်တွင် Basic Element ၏တောင့်တင်းလှသော အခွန်ဘဏ္ဍာများသည် ယူအက်စ်ဒေါ်လာ ၂၆ ဘီလျံအထိ ပိုလျှံလာသည်။ ကုမ္ပဏီပိုင်ပစ္စည်းများ၏ ခန့်မှန်းခြေအရဈေးကွက်ပေါက်ဈေးမှာ ယူအက်စ်ဒေါ်လာ ၄၅ ဘီလျံခန့် ရှိသည်။ သို့သော်လည်း Izvestia နှင့် Wiener Zeitung အရ ဘဏ္ဍာရေးပျက်ကပ်ကြောင့် ဒါရီပါစကာ ၏ ကုမ္ပဏီအကြွေးများသည် ၂၀၀၈ နှစ်ဆုံးပိုင်းတွင် ဒေါ်လာ ၁၄ ဘီလျံအထိတိုးလာပြီး တစ်ကမ္ဘာလုံး စီးပွားရေးပျက်ကပ်အတွင်း ရုရှားနိုင်ငံတွင် အကြီးမားဆုံးသောဆုံးရှုံးမှုဖြစ်ခဲ့သည်။

အကြွေးဝန်ထုပ်[ပြင်ဆင်ရန်]

Rusal ကို ၂၀၁၀ ဇန်နဝါရီတွင် ဟောင်ကောင်သို့ပြောင်းရွှေ့လိုက်ခြင်းသည် အနီးအနားပတ်ဝန်းကျင် တွင် အငြင်းပွားမှုများဖြင့် ဖုံးအုပ်နေခဲ့ပြီး များပြားလှသောအကြွေးများကြောင့် ပိုင်ရှင် Oleg ဒါရီပါစကာ ကို Michael Cherney ကတရားစွဲဆိုခဲ့သည်။ အကြွေး ၁၅ ဘီလျံဖြင့် ပြည်သူများရှယ်ယာဝယ်ယူနိုင်ရန် ရုန်းကန်နေရသော Rusal ကုမ္ပဏီကို ငွေကြေး ဆိုင်ရာနယ်ပယ်အဖြစ် တရုတ်ဒေသတွင် အများလက်ခံအောင်လုပ်ခွင့်ပေးလိုက်လျှင် ဟောင်ကောင်ထိန်းသိမ်းမှုအဖွဲ့အစည်းက လျော့ပါးစေလိမ့်မည်ဟူသော ဝေဖန်ချက်ကို IPO က အာမခံပေးသည်။ သို့သော်လည်း ၂၀၁၀ ဇန်နဝါရီတွင် ရုရှားအလူမီနီယံကုမ္ပဏီ Rusal သည် ဟောင်ကောင်နှင့်ပဲရစ် နှစ်ခု၏ IPO များကို ဈေးနှုန်းသတ်မှတ်ခြင်းဖြင့် ယူအက်စ်ဒေါ်လာ ၂.၂၄ ဘီလျံကိုရရှိလာခဲ့သည်။ ကုမ္ပဏီသည် ဟောင်ကောင်ဒေါ်လာ ၁၀.၈ တန်ဖိုးကိုညွှန်ပြသည့် တိုးချဲ့ထားသော ရှယ်ယာအရင်း အနှီး ၁၁ ရာခိုင်နှုန်း ၁.၆၁ ဘီလျံဖိုးရှယ်ယာများထုတ်ရောင်းခဲ့သည်။RUSAL သည် ဟောင်ကောင်တွင် နာမည်ပေါက်သော ပထမဆုံးရုရှားကုမ္ပဏီဖြစ်လာသည်။

အခြားဆက်သွယ်မှုများ[ပြင်ဆင်ရန်]

၂၀၀၄ ခုနှစ်တွင် ဒါရီပါစကာ သည် အာရှ-ပစိဖိတ်စီးပွားပူးပေါင်းရေးအကြံပေးကောင်စီ (ABAC) တွင် ဥက္ကဋ္ဌ လုပ်ရန် ခန့်အပ်ခြင်းခံရသည်။ သူသည် ထိုရာထူးကို ၂၀၀၇ ခုနှစ်ကတည်းက ဆောင်ရွက်ခဲ့သည်။ ဒါရီပါစကာ သည် ရုရှားပြည်ထောင်စု၏စက်မှုလုပ်ငန်းရှင်နှင့်စွန့်ဦးတီထွင်သူအဖွဲ့၏ ဒုတိယဥက္ကဋ္ဌ၊ ရုရှား အပြည်ပြည်ဆိုင်ရာကုန်သည်ကြီးများအသင်း အမှုဆောင်ဘုတ်အဖွဲ့၏ဥက္ကဋ္ဌနှင့် ယှဉ်ပြိုင်မှုနှင့် စွန့်ဦးတီထွင်မှု ကောင်စီအပြင် ရုရှားအစိုးရ၏ကိုယ်စားလှယ်လုပ်ငန်းများတွင် အသင်းဝင်တစ်ဦး ဖြစ်သည်။ သူသည် Bolshoi ပြဇာတ်ရုံ၏အယုံကြည်ခံ၊ စီးပွားရေးစီမံခန့်ခွဲမှုကျောင်း၊ ပြည်သူစီမံခန့်ခွဲရေးကျောင်း၊ မော်စကို တက္ကသိုလ်ရှိ စီးပွားရေးကျောင်းနှင့် St. Petersburg တက္ကသိုလ်ရှိ စီးပွားရေးစီမံခန့်ခွဲမှု ကျောင်းတို့တွင် ဘုတ်အဖွဲ့ဝင်ဖြစ်သည်။ ဒါရီပါစကာ သည် အမျိုးသားသိပ္ပံထောက်ပံ့ရေးဖောင်ဒေးရှင်းနှင့် အမျိုးသားဆေးရန်ပုံငွေအဖွဲ့တို့၏ တွဲဖက် တည်ထောင်သူဖြစ်သည်။၁၉၉၉ ခုနှစ်တွင် ဒါရီပါစကာ သည် ရုရှားပြည်ထောင်စုအဖွဲ့ချုပ်မှ ချီးမြှင့်သော Order of Friendship ဆုကို ရရှိခဲ့သည်။

The Wall Street ဂျာနယ်နှင့် The Financial Timesသတင်းစာတို့နှင့် တွဲဖက်ထုတ်ဝေသော နေ့စဉ်ထုတ်သတင်းစာ Vedomosti မှ ပေးအပ်သည့် နှစ်တစ်နှစ် အတွက် အကောင်းဆုံးစီးပွားရေး သမားဆုကို ၁၉၉၉၊ ၂၀၀၆ နှင့် ၂၀၀၇ ခုနှစ်အတွက် ရရှိခဲ့သည်။ ဒါရီပါစကာ သည် G8 ခေါင်းဆောင်များဆီသို့ တင်ပြရန် အပြည်ပြည်ဆိုင်ရာ စီးပွားရေးအသိုင်းအဝိုင်း များမှ ကမ္ဘာကြီးပူနွေးလာမှုကို အရေးယူရန် အဆိုပြုချက်များကို အနှစ်ချုပ်ဖော်ပြထားသည့် CEO Climate Policy Recommendation မူကြမ်းကိုရေးခဲ့သော နိုင်ငံတကာစီးပွားရေးခေါင်းဆောင် ၁၆ ယောက်ထဲမှ တစ်ယောက် အပါအဝင်ဖြစ်သည်။ ထိုအဆိုပြုချက်သည် တစ်ကမ္ဘာလုံးရှိ အောင်မြင်နေသည့်လုပ်ငန်းပေါင်း ၁၀၀ ထက်မနည်း သဘောတူ လက်မှတ်ထိုးထားကြပြီး ၂၀၀၈ ခုနှစ် ဇွန်လ ၂၀ ရက်နေ့တွင် ဂျပန်ဝန်ကြီးချုပ် Yasuo Fukuda ဆီသို့ ပေးအပ်ခဲ့သည်။G8 ခေါင်းဆောင်များသည် ထိုအဆိုပြုထောက်ခံချက်များကို ၂၀၀၈ ဇူလိုင် ရ ရက်မှ ၉ ရက်နေ့ထိ ထိပ်သီးညီလာခံတွင် ဆွေးနွေးခဲ့ကြသည်။ ထိုဖြစ်စဉ်သည် ကမ္ဘာ့စီးပွားရေးဟစ်တိုင်နှင့် ကမ္ဘာ့စီးပွာေးရးကောင်စီတို့ ပူးပေါင်းလိုက်ကာ တိုးတက်မှု ကို ထိန်းသိမ်းနိုင်ရန် ဆွေးနွေးညှိနှိုင်းနိုင်ခဲ့သည်။

အတ္ထုပတ္တိ[ပြင်ဆင်ရန်]

ပညာရေးနှင့်အစောပိုင်းအသက်မွေးဝမ်းကြောင်းလုပ်ငန်းများ[ပြင်ဆင်ရန်]

ဒါရီပါစကာ သည် Nizhny Novgorod Oblast ရှိ Dzerzhinsk တွင်မွေးဖွားခဲ့သော်လည်း Krasnodar Krai တွင်ကြီးပြင်းခဲ့ရသည်။ ခိုင်မာသောအချက်အလက်များအရ သူသည် နဂိုမူလကပင် Belarusian ဖြစ်သည်။ သူသည် မော်စကိုတက္ကသိုလ်မှ ရူပဗေဒဘာသာကို ၁၉၉၃ ခုနှစ်တွင် မဟာတန်းမှအောင်မြင်ခဲ့ပြီး ၁၉၉၆ ခုနှစ် တွင်တော့ Plekhanov ရုရှားစီးပွားရေးအကယ်ဒမီမှ စီးပွားရေးဘွဲ့ကို ရရှိခဲ့ပြန်သည်။၁၉၉၄-၉၇ ခုနှစ်အတွင်း သူသည် Sayanogorsk Smelter ၏အထွေထွေမန်နေဂျာဖြစ်ခဲ့ပြီး ၁၉၉၇-၂၀၀၁ ခုနှစ်၌ နောက်ပိုင်းတွင် Basic Element ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီဖြစ်လာမည့် Sibirsky အလူမီနီယံ စက်ရုံ၏ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။The Guardian ကဖော်ပြသည်မှာ “ဆိုဗီယက်ပြည်ထောင်စုကြီး ပြိုကွဲသွားပြီးအချိန်တွင် နိုင်ငံသည် ဖရိုဖရဲ ဖြစ်ကာ ယိုယွင်းပျက်စီးလျက်ရှိသည်၊ ဒါရီပါစကာ သည် သူ့ကိုယ်သူငတ်မသေသွားစေရန် ရုရှားတစ်ခုလုံးရှိ ဆောက်လုပ်ရေးဆိုက်ထဲတွင် အလုပ်လုပ်နေခဲ့သည်” ဟုရေးသားခဲ့သည်။ ကျုပ်တို့ပိုက်ဆံလုံးဝမရှိဘူး။ အဲဒါက နေ့စဉ်အတွက် တကယ့်ကိုလက်တွေ့ကျတဲ့ မေးခွန်းတစ်ခုပါပဲစာဆက်သင်ဖို့နဲ့အစားအစာအတွက် ပိုက်ဆံဘယ်ကရမလဲလို့ တွေးခဲ့တယ်။ သူ၏တက္ကသိုလ်တွင် သီအိုရီပိုင်းဆိုင်ရာ ရူပဗေဒနှင့်ပတ်သက်၍ အနည်းငယ်အလားအလာရှိသည်။ ဒါရီပါစကာ သည် သူ၏စာသင်ခြင်းများကို ဂရုမထားတော့ပဲ သတ္ထုအရောင်းအဝယ်လုပ်ငန်း အသေးလေးကို စတင်ခဲ့သည်။၁၉၉၃ နှင့် ၁၉၉၄ ခုနှစ်ကြားကာလများတွင် သူသည် စိတ်ညစ်ဖွယ်ရာ ကွန်မြူနစ်ခေတ် အလုပ်ရှင် တစ်ဦး၏ Siberian အလူမီနီယံစက်ရုံတွင် ရှယ်ယာ ၂၀ ရာခိုင်နှုန်းကို စုဆောင်းမိလာသည်။“ကျုပ်က ကျုပ်ကိုရှယ်ယာပိုင်ရှင်တစ်ယောက်အဖြစ် သတ်မှတ်ဖို့ မျှော်လင့်ထားတာ။ ဒါပေမယ့် သူတို့က မင်းရှယ်ယာမင်းပိုင်တယ် ငါတို့အလုပ်ငါတို့လုပ်မယ်ဆိုတဲ့ပုံစံမျိုးပြီးတော့ အဲဒါကမတူဘူးတဲ့လေ”(ဒါရီပါစကာ သည် အလုပ်သမားထုကို သပိတ်မမှောက်ရန်နှင့် ထုတ်လုပ်မှုကိုသာတိုးမြှင့်ရန် ဖျောင်းဖျ ပြောဆိုခဲ့သော်လည်း ယခုအချိန်ထိ မရှင်းလင်းသေးပေ။)

နောက်ပိုင်းအသက်မွေးဝမ်းကြောင်းလုပ်ငန်းများ[ပြင်ဆင်ရန်]

၂၀၀၅ ခုနှစ်တွင် သူသည် Sunday Times သတင်းစာ၏ လူချမ်းသာစာရင်းတွင် ကြွယ်ဝမှုခန့်မှန်းခြေ ၄၃၇၅ ပေါင်ဖြင့် စာရင်းဝင်ခဲ့ပြီး ၂၀၀၆ တွင်တော့ မပါပြန်ပေ၊ သို့သော် ၂၀၀၆ ဩဂုတ်လထုတ် New York Times သတင်းအရ ရုရှားစီးပွားရေးသတင်းစာ Vedomosti က ဒါရီပါစကာ ၏စုစုပေါင်း ချမ်းသာ ကြွယ်ဝမှုကို ခန့်မှန်းရာ တွင် ဒေါ်လာ ၁၄ ဘီလျံခန့်ဟုပြောပြီး တကယ်သာမှန်ပါက ရုရှားတွင် အချမ်းသာဆုံးဖြစ်သည့်အပြင် Roman Abramovich နှင့် အပြိုင်ဖြစ်ကောင်းဖြစ်မည်ဟုဆိုသည်။၂၀၀၈ အေပရယ် ၁၈ ရက်နေ့ထုတ် Forbes မဂ္ဂဇင်း၏ “ ပိုင်ဆိုင်မှု ဒေါ်လာ ၂၈.၆ ဘီလျံရှိပြီး ယခင်နှစ်ထက် ၁၁.၈ ဘီလျံပိုများလာသည်”ဟူသောသတင်းအရ သူသည်ရုရှားတွင် အချမ်းသာဆုံးလူ ဖြစ်သွားခဲ့သည်။ ဒါရီပါစကာ သည် သူ့ပိုင်ဆိုင်ကြွယ်ဝမှုတွေကို ခန့်မှန်းတာတွေသည် ချဲ့ကားနေကြခြင်းဖြစ်ကြောင်းနှင့် သူကျခံ ရမည့်အကြွေးများကိုသာ ထည့်တွက်မည်ဆိုပါက ရုရှားထိပ်တန်းဘီလျံနာ ၁၀ ယောက် စာရင်းနှင့် အဝေးကြီး ဝေးနေမည်ဟု အပြောင်းအလဲမရှိပြောခဲ့သည်။၂၀၀၉ ခုနှစ်တွင် Forbes မဂ္ဂဇင်းက ဒါရီပါစကာ ၏ကြွယ်ဝချမ်းသာမှုကို ဒေါ်လာ ၂၄.၅ ဘီလျံ လျော့ပါးသွား ပြီး ၃.၅ ဘီလျံသာရှိတော့သည်ဟု ခန့်မှန်းကြသည်။၂၀၀၆ ခုနှစ်တွင် ဗြိတိန်နိုင်ငံ Birmingham မြို့တော်ရှိ ကားထုတ်လုပ်သည့် LDV ဦးပိုင်မှ ရှယ်ယာများ အားလုံးကို အမေရိကန်အဖွဲ့အစည်း Sun Capital ထံမှ ဝယ်ယူနိုင်ခဲ့သည်။LDV ၏အဓိကထုတ်ကုန်မှာ အသေးစားစီးပွားဖြစ် Maxus ကားများဖြစ်သည်။၂၀၀၉ မေလတွင် LDV ကားလုပ်ငန်းသည် မလေးရှားရှိ မော်တော်ကားထုတ်လုပ်ရေးနှင့်ဖြန့်ချိရေး ကုမ္ပဏီ Weststar သို့ရောင်းရန် သဘောတူညီချက်လက်မှတ်ထိုးခဲ့သည်။၂၀၀၇ အေပရယ်တွင် Hans-Peters Haselsteiner ပိုင်ဆိုင်သော Strabag SE ဩစတီးယန်း ဆောက်လုပ်ရေးကုမ္ပဏီတွင် ရှယ်ယာ ၂၅ ရာခိုင်နှုန်း (ယူရို ၁.၀၅ ဘီလျံ) ရရှိခဲ့သည်။

Strabag သည် ဥရောပတွင် ခြောက်ခုမြောက် အကြီးမားဆုံးသော ဆောက်လုပ်ရေးကုမ္ပဏီဖြစ်သည်။၂၀၀၇ ခုနှစ် မေလတွင် Magna International ၏ဥက္ကဋ္ဌဖြစ်သူ Frank Stronach က ဒါရီပါစကာ သည် Magna တွင် နည်းဗျူဟာပိုင်းဆိုင်ရာ တွဲဖော်တွဲဖက်အဖြစ် လုပ်ကိုင်မည်ဖြစ်ကြောင်း ကြေညာခဲ့ သည်။၂၀၀၈ ဇူလိုင် ၂၅ ရက်နေ့တွင် GAZ Group သည် အမေရိကန်ကော်ပိုရေးရှင်း Chrysler ၏အခြေခံကို ဆည်းပူးထားပြီး ဗြိတိသျှစတူဒီယို Ultra Motive မှဒီဇိုင်းထုတ်ထားသော Sedan ကားစီးရီးကို စတင် ထုတ်လုပ်ခဲ့သည်။Magna International မှ အင်ဂျင်နီယာများနှင့်အထူးကျွမ်းကျင်သူများနှင့်အတူ လေ့ကျင့်ထားသော အလုပ်သမားများသည်လည်း ကားတပ်ဆင်ရာတွင် တက်ကြွစွာ စက်ကောင်းမွန်အောင် လုပ်ဆောင်ကြသည်။ အစိတ်အပိုင်းတပ်ဆင်သည့်နေရာတွင် နောက်ထပ်ပုံစံငယ်များ ထုတ်လုပ်နိုင်ရန်အတွက်လည်း ကြံစည်ကြသည်။၂၀၀၈ ခုနှစ် အောက်တိုဘာ ၃ ရက်နေ့တွင် Magna International က ရုရှားစက်ပစ္စည်းများကို ကနေဒီယံရှိ အစိတ်အပိုင်းပြုလုပ်သူ၏ ရှယ်ယာပိုင်ရှင်အဖြစ် ပါဝင်ခွင့်မှရပ်စဲလိုက်ပြီဟု ကြေညာခဲ့ သည်။ သို့သော်လည်း ရုရှားတွင်လုပ်ကိုင်သော ကားပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများလုပ်ငန်းကိုတော့ ဆက်လက်လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ပြောခဲ့သည်။၂၀၀၉ အေပရယ် ၃၀ တွင် Basic Element ကုမ္ပဏီကလည်း Strabag ရှိ သူ၏ရှယ်ယာ ၂၅ ရာခိုင်နှုန်း ကို ကုမ္ပဏီ၏အခြား ရှယ်ယာပိုင်ရှင်များဆီသို့ လွှဲပြောင်းလိုက်ကြောင်းကြေညာခဲ့သည်။Basic Element ကုမ္ပဏီသည် Strabag ၏ရှယ်ယာတစ်နေရာတွင် ဆက်လက်တည်ရှိနေပြီး Strabag ၏ ၉ နေရာရှိသော ကြီးကြပ်စီမံရေးဘုတ်အဖွဲ့တွင် နှစ်နေရာကိုရရှိခဲ့သည်။

လူမှုရေးလုပ်ငန်းများ[ပြင်ဆင်ရန်]

၁၉၉၈ ခုနှစ်တွင် ဒါရီပါစကာ သည် Volnoye Dyelo အမည်ရှိ ရုရှားတွင် အကြီးဆုံးသော လူမှုရေး ဖောင်ဒေးရှင်းတစ်ခု (မေလ ၂၀၀၉ ထုတ် ရုရှား Forbes မဂ္ဂဇင်းတွင်ပါရှိသည်) ကိုတည်ထောင်သည်။ ထိုရန်ပုံငွေအဖွဲ့သည် ပညာရေးနှင့်သိပ္ပံဖွံ့ဖြိုးရေး၊ ဘာသာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်များကို မပျောက်ပျက်အောင်ထိန်းသိမ်းရေးနှင့် ပြည်သူ့ကျန်းမာရေးအဆင့်ကို တိုးမြှင့်ရန်အတွက် ရုရှားတွင် ပဏာမ ခြေလှမ်းပေါင်း ၄၀၀ ခန့်ကို ဦးတည်လှမ်းလျှောက်ခဲ့လေသည်။ သူတို့သည် ကလေးများ၊ သက်ကြီးရွယ်အိုများ၊ ပင်ကိုစွမ်းရည်ရှိသောလူငယ်များ၊ ဆရာဆရာမများ၊ ထူးချွန် ထင်ရှားသောသိပ္ပံသမားများနှင့် အခြားသောအဖွဲ့ဝင်များကို ကူညီကြသည်။ သုံးနှစ်အကျော်တွင် ရန်ပုံငွေအဖွဲ့သည် ငွေဒေါ်လာ ၁၈၀ မီလျံနှင့် ၆၅ မီလျံကို ၂၀၀၈ ခုနှစ်တွင် ရရှိလာသည်။ ရန်ပုံငွေအဖွဲ့၏ အထွေထွေညွှန်ကြားရေးမှူး Tamara Rumyantsyeva ၏ပြောစကားအရ ထိုအဖွဲ့ကို ဒါရီပါစကာ ကိုယ်တိုင် ပြန်လည်ငွေကြေးထောက်ပံ့ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

လတ်တလောကိုးကားချက်များ[ပြင်ဆင်ရန်]

၂၀၀၈ နိုဝင်ဘာလ ၂၂ ရက်နေ့ Peru နိုင်ငံ Lima ရှိ APEC Summit တွင် Oleg ဒါရီပါစကာ သည် ထိုဒေသ တွင်ပြုလုပ်သော APEC ခေါင်းဆောင်များအစည်းအဝေးတွင် ရုရှားသမ္မတ Dmitry Medvedev ကိုလိုက်လျော ခဲ့ပြီး ရုရှားအာဏာကို APEC စီးပွားရေးအကြံပေးကောင်စီသို့ လွှဲပြောင်းရန် ဦးဆောင်ပြောဆိုခဲ့သည်။“ဒီနေ့မှာတော့ ကျုပ်တို့မှာ ထုတ်လုပ်နေဆဲကုန်စည်ဈေးကွက်ကြီးရှိနေပြီ၊ ဘာလို့လည်းဆိုတော့ တစ်ကမ္ဘာလုံး က ကုန်စည်တွေကိုမသုံးမချင်း စီးပွားရေးမှာတိုးတက်မှုမရှိတဲ့အတွက်ကြောင့် ခင်ဗျားတို့ ထုတ်လုပ်မှုစွမ်းရည်ကို တစ်ခါတည်းနဲ့ ပိတ်ရပ်ပစ်လိုက်ဖို့က မဖြစ်နိုင်ဘူး။ အခုတော့ ရောင်းလိုအားနဲ့ဝယ်လိုအားနဲ့ မကိုက်ညီခင် အဲ့ဒိကာလကိုဖြတ်ကျော်ဖို့ အရေးကြီးနေပြီ။ မတ်လနဲ့အေပရယ်လအတွင်းမှာ ကျုပ်တို့အောက်ခြေကိုရောက်နိုင်ပြီး ရောင်းလိုအားဝယ်လိုအားအချိုးကို သေသေချာချာ သိနားလည်နိုင်လိမ့်မယ်”

Bloomberg News – ဒါရီပါစကာ သည် ရုရှားတို့ကို သတ္ထုများဝယ်ရန်တိုက်တွန်းကာ ဝယ်လိုအားကို ပြန်လည် ရှင်သန်လာစေသည်။“နောက်နှစ်နှစ်လောက်အထိ ကျုပ်တို့ဒီလိုပဲ နိုင်ငံတော်ကို အရင်းအမြစ်တွေကို ပိုပြီးထိထိရောက်ရောက်သုံး လာဖို့ကူညီရင်းနဲ့ နေသွားရမှာပဲ။ ကျုပ်တို့တာဝန်ကတော့ စွန့်ပစ်ပစ္စည်းတွေ လျှော့ချဖို့ပဲ။ စီးပွားရေးကပ်လည်း ကြာကြာမခံပါဘူး။ လိုအပ်တာထက် ပိုမိုထုတ်လုပ်မှုရှိနေတဲ့နိုင်ငံတွေသာ ကိုင်တွယ်ဖြေရှင်းရမှာပါ။ ထုတ်လုပ်မှုစွမ်းရည်ကို ၂၀ ကနေ ၅၀ ရာခိုင်နှုန်းလောက် တစ်နိုင်ငံလုံးလျှော့ချနိုင်ဖို့ မျှော်လင့်နေရပြီး ရုရှားဟာ လည်း တချို့တလေကိုမြင်နိုင်လိမ့်မယ်လို့ ထင်ပါတယ်”

“နိုင်ငံနဲ့စီးပွားရေးအဖွဲ့အစည်းကြားမှာ ခင်မင်ရင်းနှီး လက်တွဲဖော်စိတ်တွေ လိုအပ်ပါတယ်။ အိမ်ရာနဲ့အခြေခံအဆောက်အအုံစီမံကိန်းမှာတော့ ရင်းနှီးမြှုပ်နှံလို့ရပါတယ်အိမ်ရာ၊ လမ်း၊ ကျောင်းနဲ့ ရေမီးလျှပ်စစ်ဝန်ဆောင်မှုတွေထဲမှာ ရင်းနှီးတာက တခြားဆောက်လုပ်ရေးပစ္စည်း တွေ၊ စက်ပိုင်းတည်ဆောက်ရေးနဲ့ သတ္ထုကဏ္ဍတွေမှာလိုပဲ ကြွေးကင်းပါတယ်။ တခြားကနေအလုပ်ပြုတ်လာတဲ့ ပြည်သူတွေကိုလည်း အလုပ်ပေးဖို့ ဒီစီမံကိန်းတွေက အကူအညီပေးပါတယ်။ စီးပွားရေးပျက်ကပ်ကနေ အရှုံးတွေရှိလာဦးမယ်၊ အနည်းဖြစ်အောင်လုပ်ဖို့ကတော့ ကျုပ်တို့တာဝန်ပေါ့။ စီးပွားရေးသမားတွေကလည်း အစိုးရဖက်က အရင်းအမြစ်သစ်ရှာဖွေနေတုန်း နောက် ၁၅ မှာ လိုအပ်လာမယ့် အခြေခံပုံစံကိုချန်ထားပြီး သူတို့စီးပွားရေးကို အလိုက်တသိပြုပြင်သင့်တယ်။ နိုင်ငံတော်ကလည်း အထိနာတဲ့လူတွေကို အကူအညီပေးသင့်ပါတယ်။ စီးပွားရေးပျက်ကပ်ကြောင့် ကျုပ်တို့လိုစီးပွားရေးသမားတွေကတော့ တခြားသာမန်ပြည်သူတွေကို မလဲကျသွားဘူး၊ တစ်နည်းနည်းနဲ့တော့ ရှင်သန်နေမှာပဲတခြားလုပ်ငန်းသမားတချို့က ထုတ်လုပ်မှုစွမ်းရည်ကို အတတ်နိုင်ဆုံးထိန်းသိမ်းထား၊ ဈေးမြှင့်ပြီး ပြန်ကောင်း လာမည့်အချိန်ကို စောင့်နေကြတာပဲ။ အဲလိုလုပ်တာက ပြန်လည်တည်ထောင်မယ့် တခြားသူတွေအတွက်တော့ အခက်အခဲဖြစ်သွားတာပေါ့။

ဥပမာဆိုရင် ဈေးပေါပေါကားတွေထုတ်လုပ်ဖို့အတွက် ဈေးကြီးကြီးပြည်တွင်းစက်ပစ္စည်းတွေ မရနိုင်ဘူး။ အစိုးရကလည်း ပိုသိသာထင်ရှားပြီး ခိုင်မာလာသင့်တယ်။ ဈေးနှုန်းမျှတဖို့အတွက်နဲ့ ဝယ်လိုအားရောင်းလိုအားညီမျှအောင်လုပ်ဖို့ကတော့ အစိုးရတာဝန်ပါပဲ။

ဒါအတွက်တော့ Manual ထိန်းချုပ်မှုလိုတယ်။ ဘယ်လိုပဲပြောပြော ကျုပ်တို့ကတော့ ကံကောင်းတဲ့နိုင်ငံပါ။ ဝယ်လိုအားကိုက်ညီနေတဲ့ အနောက်နိုင်ငံတွေနဲ့ပြောင်းပြန် ရုရှားတွေကတော့ ပိုက်ဆံသူတို့လက်ထဲရောက်လာ ပြီဆိုရင် ကျစ်နေအောင်စုထားတတ်ကြတယ်။ ပြောရရင်တော့ မိသားစုပေါင်း ၁၂ မီလျံ မျိုးဆက်တစ်ခုတည်းက တစ်မိုးအောက်ထဲနေကြတာလေ။ အိမ်ရာစီမံကိန်းအကြီးကြီးတစ်ခုတော့ ရှိတယ်၊ ပြည်သူတွေကတော့ သင့်တော်တဲ့ဈေးနှုန်းနဲ့သာရောင်းမယ် ဆိုရင် ဝယ်ကြမှာပဲ ကားနဲ့တခြားပစ္စည်းတွေအတွက်လည်း တူတူပဲပေါ့” ဟုပြောခဲ့သည်။

အမှုအခင်းများ[ပြင်ဆင်ရန်]

၂၀၀၆ ခုနှစ် နိုဝင်ဘာ ၂၄ ရက်နေ့တွင် မိုက်ကယ် ချာနေး သည် လန်ဒန်ရှိ စီးပွားရေးဆိုင်ရာ ဗဟို တရားရုံးချုပ် တွင် ဒါရီပါစကာ ကို တရားဆိုင်ခဲ့သည်။ ချာနေး သည် ဒါရီပါစကာ ကယုံကြည်သောကြောင့် Rusal ၏ရှယ်ယာ ၂၀ ရာခိုင်နှုန်းကို အကျိုးပြုသော ပိုင်ရှင်တစ်ယောက်ဖြစ်ကြောင်း တရားဝင်ကြေညာသည်။ ထိုစွဲချက်မှာ ပယ်ချခံရသည်။

၂၀၀၇ ခုနှစ် မေလ ၃ ရက်နေ့တွင် Mr. Justice Langley က ဒါရီပါစကာ သည် အင်္ဂလန်နှင့်ဝေးလ် တို့တွင် အတည်တကျနေထိုင်ခြင်းမရှိသောကြောင့် အင်္ဂလိပ်ဥပဒေဖြင့် စီရင်ခြင်းမပြုနိုင်ဟု စီရင်ချက် ချလိုက်သည်။

၂၀၀၈ ဇူလိုင် ၃ ရက်နေ့တွင် Mr. Justice Christopher Clarke က ထိုအမှုကို အင်္ဂလန်တွင် ကြိုးစားကြည့်သင့်ကြောင်း၊ သို့သော်လည်း “ဒီအမှုအတွက် တကယ်စီရင်ရမှာက ရုရှားပါ ဘာလို့လည်း ဆိုတော့ ပင်ကို အနေနဲ့ကိုပဲ စီရင်မှုအဆုံးမှာ နှစ်ဦးနှစ်ဖက်လုံးရဲ့စိတ်ဝင်စားမှုကို အသင့်တော်ဆုံး ဖြေရှင်းနိုင်မှာမို့လို့ပဲ” ဟု ပြောခဲ့သည်။ ၂၀၀၈ ဇူလိုင် ၂၂ ရက်နေ့တွင် သူသည် ဒါရီပါစကာ ၏အသနားခံခွင့်ကို ခွင့်ပြုခဲ့သည်။ ၂၀၀၉ ခုနှစ် ဇူလိုင် ၃၁ ရက်နေ့တွင် အင်္ဂလန်နှင့်ဝေးလ်အယူခံရုံးက ဒါရီပါစကာ ၏အယူခံကို ပယ်ဖျက်လိုက်သည်။

ရာဇဝတ်မှုများနှင့်ပတ်သက်နေသော စွပ်စွဲချက်များ[ပြင်ဆင်ရန်]

၂၀၀၆ ဇူလိုင်လတွင် ဒါရီပါစကာ သည် Daimler Chrysler Group ကိုလေလံဆွဲမည့်အထဲ ပါဝင် ပတ်သက်နေပြီး သူ၏ United States ဝင်ခွင့်ဗီဇာကို အကြောင်းရင်းမဖော်ပြဘဲ ပယ်ဖျက်ခဲ့သည်ဟု ဆိုကြသည်။

Wall Street မဂ္ဂဇင်းကတင်ပြသည်မှာ ဒါရီပါစကာ သည် ရုရှားရှိပြစ်မှုများနှင့် ဆက်စပ်မှုရှိသည်ဟု စွပ်စွဲခံရပြီး အမည်မသိ U.S ဥပဒေပြဋ္ဌာန်းရေးရုံးတော်မှ အရင်းအမြစ်နှစ်ခုအတွက် ရုံးတော်သို့ ဆင့်ခေါ်ခံရသည်ဟုဆိုသည်။ ဒါရီပါစကာ သည် ၂၀၀၅ ခုနှစ်တွင် အပြည်ပြည်ဝင်ခွင့်ဗီဇာကို ရရှိခဲ့ပြီး FBI ၏ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ထင်မြင်ချက်ပေးဖို့ ငြင်းဆန်ခဲ့သည်။ သူ၏ကိုယ်စားမဲဆွယ်ပေးခြင်းသည် ဥပဒေပြုအထက်လွှတ်တော်ခေါင်းဆောင်များနှင့် သမ္မတနေရာ ရွေးကောက်ခံမည့် Bod Dole နှင့် သူ၏ဥပဒေဆိုင်ရာလက်တွဲဖော် Alston & Bird တို့မှပြုလုပ်ပေးသွား သည်ဟု အထက်လွွှတ်တော်မှတ်တမ်းများက ပြသည်။

ဒါရီပါစကာ နှင့်ပတ်သက်နေသော “ပြည်နယ်ဝင်ခွင့်မူဝါဒနှင့်လုပ်ထုံးလုပ်စဉ်ဌာန”တွင် လုပ်ကိုင် နေသော Alston & Bird ကို ၂၀၀၅ ခုနှစ်တွင် ဒေါ်လာနှစ်သိန်းခြောက်သောင်းပေးခဲ့သည်။

၂၀၀၉ ခုနှစ်တွင် ဒါရီပါစကာ သည် USA ကိုသွားရောက်လည်ပတ်ခွင့် နှစ်ကြိမ်တိုင်တိုင်ရရှိခဲ့ပြီး Wall Street ဂျာနယ်က ဒါရီပါစကာ သည် အမည်မသိ FBI စုံစမ်းရေးအရာရှိများနှင့် တရားဝင်တွေ့ဆုံပြီး ရာဇဝတ်မှုစစ်ဆေး ခြင်းပြုလုပ်ခံရပြီး စစ်ဆေးသည့်ဖြစ်စဉ်အတိအကျကို မသိရပေဟု ဖော်ပြရေးသားခဲ့ သည်။

ဒါရီပါစကာ သွားရောက်လည်ပတ်စဉ်တွင် ရင်းနှီးမြှုပ်နှံမှုဘဏ်များဖြစ်သည့် Goldman Sachs Morgan Stanley တို့ထံမှ စီမံခန့်ခွဲမှုပုံစံများကို သွားရောက်လေ့လာခဲ့ရသည်။ ဒါရီပါစကာ ဦးဆောင်နေသော အလူမီနံယံကုမ္ပဏီ RUSAL သည် IPO ရှယ်ယာများထုတ်ရောင်းရန် ပြင်ဆင် နေခိုက်ဖြစ်သည်။

ဒါရီပါစကာ ၏ဝင်ခွင့်ဗီဇာပြဿနာသည် သူ့ကုမ္ပဏီအတွက် အလားအလာရှိသောရင်းနှီးမည့်သူများ အား စိတ်ချနေရန်အာမခံချက်မပေးနိုင်တော့ပဲ ဖြစ်လာသည်။

သူ၏ဝင်ခွင့်ဗီဇာကို ထိန်းချုပ်ကိုင်တွယ်ခဲ့သော ပြည်နယ်ဌာနက မည်သည့်အတွက်ကြောင့် ဒါရီပါစကာ ၏ ဗီဇာကိုရုပ်သိမ်းခဲ့ကြောင်းနှင့် ၂၀၀၉ ခုနှစ်အလည်အပတ်ခရီးကို ငြင်းပယ်ခဲ့သည့်အကြောင်းအပေါ် ဘာမှထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ပေ။ ဒါရီပါစကာ ၏စီးပွားရေးအဖွဲ့အစည်းများနှင့် ပတ်သက်၍ US ဖက်မှ ထိုအလည်အပတ်ခရီးသည် ပုံမှန်စီစဉ်ထားခြင်းမျိုးမဟုတ်ဟုသတ်မှတ်ကြသည်။ ဒါရီပါစကာ ကတော့ ရာဇဝတ်မှုနှင့်ဆက်စပ်နေသည်ဟူသော စွဲချက်ကို ထပ်ကာထပ်ကာငြင်းဆိုခဲ့ပြီး သူ၏ စီးပွားရေးပြိုင်ဖက်များက ဗီဇာအသိမ်းခံရအောင် တမင်လုပ်ခြင်းဖြစ်သည်ဟုသာပြောခဲ့သည်။

၂၀၀၉ ဇူလိုင်လအတွင်း BBC ကအင်တာဗျူးသောအခါ ဒါရီပါစကာ က အမေရိကန်အာဏာပိုင်များ သည် သူ၏ဗီဇာကိုရုပ်သိမ်းလိုက်ခြင်းဖြင့် သူ့ကုမ္ပဏီအတွက်ဖြစ်နိုင်ချေရှိသော ရင်းနှီးမည့်သူများကို အဆိုးဖက်မှ အကျိုးသက်ရောက်စေပြီး ဒါရီပါစကာ ကို သူတို့နှင့်ပူးပေါင်းလာအောင် ကြိုးစားနေခြင်း ဖြစ်သည်ကြောင်းပြောခဲ့သည်။ El Mundo တွင်ပါသောဆောင်းပါးအရ ဒါရီပါစကာ နှင့် UGMK ၏အကြီးအကဲဖြစ်သူ Iskander Makhmudov တို့သည် စပိန်ရဲသားတစ်ယောက်ကို ငွေမည်းခဝါချခြင်းအကြောင်းကို စုံစမ်းမေးမြန်း နေခဲ့သည်ဟုရေးသားခဲ့ သည်။

ထိုအကြောင်းကို ဒါရီပါစကာ ၏ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “မစ္စတာ ဒါရီပါစကာ ဟာ စပိန်ဥပေဒေပြု အာဏာပိုင် တွေကို ဘယ်တော့မှချဉ်းကပ်မှာမဟုတ်ဘူး၊ သူဖြစ်စေချင်တာက ဒီပြဿနာကို သတ်မှတ် ထားတဲ့တရားဝင် စည်းမျဉ်းအတိုင်း ဖြေပေးဖို့ပါပဲ” ဟုမီးမောင်းထိုးပြ ယူဆခဲ့သည်။ ဒါရီပါစကာ သည် စပိန်နှင့်အင်္ဂလန်တွင် ငွေမည်းခဝါချခြင်းနှင့်ပတ်သက်၍ FBI ၏ စစ်ဆေးမေးမြန်း ခံခဲ့ရသော်လည်း ထိုအပြစ်ကြောင့် စီရင်ချက်ချခံရခြင်းမရှိခဲ့ပေ။ ၂၀၁၀ ဇန်နဝါရီ ၂၅ ရက်နေ့တွင် Finanical Times သတင်းစာက “Rusal နာတာရှည်အပူ” ဟူသော ခေါင်းစဉ် ဖြင့် ဒါရီပါစကာ နှင့် ရုရှားရှိ နာမည်ကြီးရာဇဝတ်အဖွဲ့ဖြစ်သည့် Sergei Popov နှင့် Anton Malevsky တို့၏ စီးပွားရေးဆက်ဆံရေးများအကြောင်းကို ဖော်ပြရေးသားခဲ့သည်။

ဒါရီပါစကာ သည် Malevsky နှင့် Izmailovskaya အဖွဲ့တို့ကို သူ့ထံမှခြိမ်းခြောက်ငွေညှစ်ရန် ခိုင်းစေခဲ့သော ကြောင့် Michael Chernoy ကို တရားစွဲဆိုခဲ့သည်။ သို့သော်လည်း ဒါရီပါစကာ ကိုယ်တိုင်သည် ကုမ္ပဏီတွင် ရှယ်ယာ ၁၀ ရာခိုင်နှုန်းပိုင်ဆိုင်သော သူ၏အစ်ကို Andrei နှင့်အတူ Malevsky နှင့်အချိတ်အဆက်ရှိသည်ဟု စွပ်စွဲခံထားရပြီးဖြစ်နေသည်။

ထိုစွပ်စွဲချက်များအားလုံးကို ဒါရီပါစကာ ကငြင်းချက်ထုတ်လိုက်သည်။

ပီတာ မန်ဒဲလ်ဆန် နှင့်အဆက်အဆံ[ပြင်ဆင်ရန်]

ဒါရီပါစကာ သည် ပူးပေါင်းကုမ္ပဏီဖြစ်သော Rusal နှင့် Glencore တို့၏အဓိကရင်းနှီးမြှုပ်နှံသူ Nathaniel Rothschild နှင့်ခင်မင်ရင်းနှီးပြီး Rothschild မှတစ်ဆင့် George Osborne နှင့် Lord Peter Mandelson တို့ကို ၂၀၀၈ နွေကာလတွင် Corfu ရှိ သူ၏ရွက်လှေပေါ်တွင် သိကျွမ်းခဲ့ရသည်။ ပီတာ မန်ဒဲလ်ဆန် နှင့် အိုလက်ဂ် ဒါရီပါစကာ တို့သည် အားလပ်ရက်များတွင် ဒါရီပါစကာ ၏ရွက်လှေ Queen K ပေါ်တွင် အတူတူအချိန်ဖြုန်းပြီးနောက် ခင်မင်ခဲ့ခြင်းက သူတို့၏ပတ်သက်မှုကို စဉ်းစားဖွယ်ဖြစ်စေသည်။

EU ကုန်သွယ်ရေးကော်မရှင်အဖွဲ့ဝင် Mandelson သည် EU ၏အလူမီနီယံအခွန်များ လျှော့ချသည့်လုပ်ငန်း တွင် အကြီးအကဲဖြစ်ပြီး ကုမ္ပဏီပိုင်ရှင်၏ကိုယ်စား EU မူဝါဒများကို Mandelson ကကြားဝင်ဖျန်ဖြေပြီး အစု ရှယ်ယာများနှင့်ပတ်သက်၍ သဘောထားကွဲလွဲမှုများကို အကြံဉာဏ်ပေးရန်နှင့် ဒါရီပါစကာ ကို အကျိုးအမြတ် ရရှိစေသည်။

စွဲဆိုချက်များကို ပြန်လည်ချေပသောအားဖြင့် EU ၏အထွေထွေညွှန်ကြားရေးမှူး David O’Sullivan သည် The Sunday Time သတင်းစာသို့ စာတစ်စောင်ပေးပို့ရေးသားခဲ့သည်မှာ “Peter Mandelson, Oleg ဒါရီပါစကာ နဲ့ အလူမီနီယံတွေအကြောင်း ရေးသားစွပ်စွဲထားတဲ့ ဗြိတိသျှသတင်းစာတွေကြောင့် ကျုပ်တော်တော်အံ့ဩသွားရ တယ်။ European Commissioner ကုန်သွယ်ရေးရဲ့လုပ်ပိုင်ခွင့်နဲ့ ရုရှားအလူမီနီယံကုမ္ပဏီ Rusal ကို အလေးပေးခဲ့ တဲ့ Mandelson ရဲ့ပုဂ္ဂိုလ်ရေးကြားဝင်မှုကို သူတို့ထောက်ပြညွှန်းဆိုထားတယ်။ ကျုပ်ရှင်းချင်တာကတော့ အဲဒိလိုကြားဝင်မှုဆိုတာမျိုး ဘယ်တုန်းကမှမဖြစ်ခဲ့ဘူးဆိုတာပဲ။ စွဲချက်တစ်ခုဆိုရင် အလူမီနီယံကုန်ကြမ်းတွေအပေါ် ကောက်ခံတဲ့ EU ရဲ့ကိုးနှစ်ကြာတဲ့ စကားစစ် ထိုးပွဲနဲ့ ပတ်သက်နေတယ်။ ကျန်တာတွေကတော့ ရုရှားအလူမီနီယံတွေအပေါ် အစွံရောင်းမထုတ်တဲ့အခွန်တွေနဲ့ပတ်သက်တယ်။ ဒီဖြစ်စဉ်နှစ်ခုလုံးအတွက် ဆုံးဖြတ်ချက်တွေကတော့ အရင်လိုတိုင်ပင်ဆွေးနွေးပြီးမှ ချခဲ့တာတွေပါပဲ” ဟုဆိုသည်။

Nathaniel Rothschild နှင့် သူ၏အထက်တန်းကျောင်း တက္ကသိုလ်ကျောင်းများမှ သူငယ်ချင်းဖြစ်သူ George Osborne တို့သည် ရွက်လှေပေါ်တွင် ခင်ခဲ့စဉ်တုန်းက Conservative Party အတွက် ဒါရီပါစကာ ထံမှ အလှူငွေတောင်းခံရန် ကြိုးပမ်းနေကြသေးသည်။

ကိုယ်ပိုင်မိသားစုဘဝ[ပြင်ဆင်ရန်]

ဒါရီပါစကာ သည် Valentin Yumasheva နှင့် Tatyana Yeltsina တို့၏သမီးဖြစ်သူ Polina Yumasheva ကို လက်ထပ်ခဲ့ပြီး ကလေးနှစ်ယောက်ထွန်းကားခဲ့သည်။