အိုရိုင်ယွန် ခါးပတ်

ဝီကီပီးဒီးယား မှ
Orion's Belt and nebulosity, including the Flame Nebula (left) and Horsehead Nebula (lower left) named after a relatively small dark cloud, rotated 90° somewhat resembling a seahorse

အိုရိုင်ယွန် ခါးပတ် သည် အိုရိုင်ယွန် ကြယ်စုတန်းရှိ ဘုရင်သုံးပါး သို့မဟုတ် ညီအစ်မသုံးဖော်[၁]ဟုလည်း လူသိများသည့် ခါးပတ်တစ်ခုဖြစ်သည်။ ယင်းခါးပတ်တွင် Alnitak၊ Alnilam နှင့် မီတက ဟုခေါ်သည့် တောက်ပသော ကြယ်သုံးစင်း ပါဝင်သည်။ အိုရိုင်ယွန် ခါးပတ်အား ညဖက်ကောင်းကင်ယံ၌ ရှာဖွေရသည်မှာ လွယ်ကူပြီး ကြယ်သုံးစင်းသည် အနည်းနှင့်အများ မျဉ်းဖြောင့်အတိုင်း တစ်တန်းတည်းပင် တွေ့ရလေ့ရှိသည်။ မြောက်ကမ္ဘာခြမ်းရှိ ဆောင်းတွင်းနှင့် တောင်ကမ္ဘာခြမ်းရှိ နွေရာသီများတွင် အကောင်းဆုံး မြင်ရသည်။ ယေဘုယျအားဖြင့် ဇန်နဝါရီလ ည ၉ နာရီခန့်တွင်ဖြစ်သည်။[၂]


ကိုးကား[ပြင်ဆင်ရန်]

  1. Orion's Belt: Stars, Facts, Location, Myths | Constellation Guide (in en-US)။ 2018-06-24 တွင် ပြန်စစ်ပြီး။
  2. Dolan၊ Chris။ Orion။ 2011-11-28 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2011-11-28 တွင် ပြန်စစ်ပြီး။