မာတိကာသို့ ခုန်သွားရန်

အိုင်လင်းလီ

ဝီကီပီးဒီးယား မှ
အိုင်လင်းလီ
ဇာတိ အမည်Aileen Lee
မွေးဖွား၁၉၇၀ (အသက် ၅၅၅၆)[]
စတိတ်တန်၊ နယူးယောက်ပြည်နယ်
နိုင်ငံလူမျိုးအမေရိကန်
မိခင်ကျောင်းမက်ဆာချူးဆက် စက်မှုတက္ကသိုလ်
ဟားဘတ်စီးပွားရေးကျောင်း
ကျော်ကြားမှုအရင်းခံCowboy Ventures တည်ထောင်သူ

အိုင်လင်းလီ (အင်္ဂလိပ်: Aileen Lee) (၁၉၇၀ မွေးဖွား) သည် အမေရိကန်လူမျိုး အစုဝင်ရင်းနှီးမြုပ်နှံသူ (seed investor) ဖြစ်ပြီး Cowboy Ventures ကို တည်ထောင်သူ ဖြစ်သည်။[][][][][][][][][၁၀] ဆီလီကွန်တောင်ကြား၌ အမျိုးသမီး ရင်းနှီးမြုပ်နှံသူ တိုးပွားလာစေသည့် လူဆော် (public advocate) အဖြစ် ထင်ရှားသည်။

ချိုပေါက်မြင်းဟူသော ဝေါဟာရကို ချိုပေါက်မြင်းကလပ်က ကြိုနေတာ (Welcome to the Unicorn Club: Learning from Billion-Dollar Startups) ဟူသော ဆွေးနွေးပွဲခေါင်းစဉ်၌ စသုံးသည်။ ဒေါ်လာ သန်း ၁၀၀၀ ခန့်နှင့် အရင်းစသော လုပ်ငန်းပေါက်များမှာ ရှားပါးသည်ဖြစ်၍ ချိုပေါက်မြင်းဟု တင်စားခြင်း ဖြစ်သည်။[၁၁]

၁၉၇၀ ပြည့်တွင် တရုတ်မှ အမေရိကားသို့ ပြောင်းရွေ့အခြေချသူတို့မှ မွေးသည်။ နယူးဂျာစီ၌ ကြီးပြင်းသည်။

အမ်အိုင်တီ စလုံး စီမံခန့်ခွဲမှုကျောင်း (MIT Sloan Management School) မှ ၁၉၉၂ ခုတွင် ကျောင်းပြီးသည်။

ထို့နောက် ဘဏ္ဍာရေးဆိုင်ရာဆန်းစစ်သူ (financial analyst) အဖြစ် မော်ဂန်စတန်လေ (Morgan Stanley) လုပ်ငန်းတွင် ၂ နှစ်ခန့် လုပ်သည်။[၁၂] စီးပွားစီမံ မဟာဘွဲ့ကို ဟားဘတ်စီးပွားရေးကျောင်းမှ ၁၉၉၇ ခုတွင် ရသည်။[]

အရင်းရှင်ခရီး

[ပြင်ဆင်ရန်]

၁၉၉၉ ခုတွင် ကလိန်နာပါကင် (Kleiner Perkins) နှင့် ပေါင်းကာ RMG Networks ကို တည်ထောင်သည်။ ၁၃ နှစ်ကြာ လုပ်ခဲ့ပြီး ၂၀၁၂ တွင် ထွက်ခဲ့သည်။[၁၃]

အစုဝင်ရင်းနှီးမြုပ်နှံမှုလုပ်ငန်း Cowboy Ventures ကို ထူထောင်သည်။[၁၄] အမျိုးသမီးဦးစီးသော ပထမဆုံး ရင်းနှီးမြုပ်နှံသည့်လုပ်ငန်း ဖြစ်သည်။ ၂၀၁၇ ခုတွင် တက်ဝမ် (Ted Wang) ကို လုပ်ငန်းဖော်အဖြစ် ပါစေသည်။ Cowboy Ventures သည် ခြောက်နှစ်တာကာလအတွင်း အကြီးစားရင်းနှီးငွေ (fund) ၃ ခု ရခဲ့ပြီး ပမာဏမှာ ဒေါ်လာ ၉၅ သန်းမျှ ရှိသည်။[၁၅][၁၆]

ဘွဲ့ထူးဂုဏ်ထူးများ

[ပြင်ဆင်ရန်]

၂၀၁၈ ခု ဖော်ဘီ မဂ္ဂဇင်း၏ စွမ်းအားအရှိဆုံးအမျိုးသမီး ၁၀၀ စာရင်း (နံပါတ် ၉၃) နှင့်[၁၇] ထိပ်တန်းအမျိုးသမီးရင်းနှီးမြုပ်နှံသူ ၁၀၀ စာရင်း (နံပါတ် ၉၇) တို့တွင် ပါသည်။[၁၈]

၂၀၁၉ ခု တိုင်းမ် မဂ္ဂဇင်း၏ တနှစ်တာအတွက် လွှမ်းမိုးမှုအရှိဆုံးသူ ၁၀၀ စာရင်းတွင်လည်း ဝင်သည်။[၁၉]

ပရဟိတလုပ်ဆောင်ချက်များ

[ပြင်ဆင်ရန်]

၂၀၁၈ ခုတွင် All Raise အမျိုးသမီး ရင်းနှီးမြုပ်နှံသူတို့အတွက် မတည်ငွေ ပေးသည့် အမြတ်မယူအဖွဲ့ကို တွဲဖက် ထူထောင်သည်။ အယောက် ၃၀ ထက်မနည်းပါသော အစုစပ်အဖွဲ့ ဖြစ်ပြီး အမျိုးသမီး ရင်းနှီးမြုပ်နှံသူတို့ တိုးပွားလာရန် ရည်သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. 1 2 Executive profile Boardroom Insiders (2015-07-22)။ 23 September 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2016-07-31 တွင် ပြန်စစ်ပြီး။
  2. Lee, Aileen (2 November 2013)။ Welcome To The Unicorn Club: Learning From Billion-Dollar Startups TechCrunch AOL။
  3. Schubarth, Cromwell (13 January 2014)။ VC Aileen Lee on rarity of $1B tech 'unicorns,' diversity Silicon Valley Business Journal
  4. Tsotsis, Alexia (10 April 2012)။ Brit Morin Engages $1.25M From Marissa Mayer, Aileen Lee, Founders Fund And More To Launch Her First App, Weduary TechCrunch AOL။
  5. Aileen Lee crunchbase.com
  6. Kolodny, Lora (17 December 2013)။ VC in 2014: Kleiner Perkins’ Aileen Lee on How Venture Needs to Deliver Better Returns WSJ
  7. Perez, Sarah (30 July 2012)။ Aileen Lee Almost Done Raising $40 Million For New Seed Called "Cowboy Ventures" TechCrunch AOL။
  8. Taylor, Colleen (6 April 2012)။ VC Giants, Thinking Smaller: Why Kleiner Perkins’ Aileen Lee Is Getting Into Seed Funding TechCrunch AOL။
  9. Ryan Lawler။ "Aileen Lee’s Cowboy Ventures Is Raising A $55 Million Second Fund"၊ September 26, 2014 March 27, 2015 တွင် ပြန်စစ်ပြီး
  10. Jonathan Krim။ "Working Their Way Around Male VC Dominance"၊ March 1, 2015 March 27, 2015 တွင် ပြန်စစ်ပြီး "“Can we give this to VC firms for free?” quipped Aileen Lee, a prominent venture capitalist who two years ago left her full time work at Kleiner Perkins to co-found her own VC firm, Cowboy Ventures."
  11. Manjoo, Farhad (5 July 2015)။ Unicorn: A Fitting Label for Its Time and Place NYTimes The New York Times။
  12. Bryant၊ Adam။ "Aileen Lee of Cowboy Ventures: Aim to See Beneath the Surface"၊ 2015-12-03။
  13. Recode: Women in tech are held to tougher standards than men — and that has to change, investor Aileen Lee says 9 April 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 October 2019 တွင် ပြန်စစ်ပြီး။
  14. Loizos၊ Connie။ "VC Aileen Lee just offered some very specific advice to female founders looking for funding" (in en)၊ TechCrunch
  15. Pando: Aileen Lee on hiring Ted Wang and making VC more “human” 28 October 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 October 2019 တွင် ပြန်စစ်ပြီး။
  16. Crunchbase: Cowboy Ventures Closes Capital For $95 Million Third Fund
  17. Forbes: For The World's Most Powerful Women, Is Power In Peril?
  18. Forbes: Meet The Top Women Investors On Midas In 2018
  19. 100 most influential people 2019 17 April 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 October 2019 တွင် ပြန်စစ်ပြီး။