အိုင်ဗန်နိုဗိုရှိ ကျောက်ဆစ်ဘုရားရှိခိုးကျောင်းများ
ပုံပန်းသွင်ပြင်
| အိုင်ဗန်နိုဗိုရှိ ကျောက်ဆစ်ဘုရားရှိခိုးကျောင်းများ* | |
|---|---|
| UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ | |
| တည်ရှိသည့် နိုင်ငံ | |
| အမျိုးအစား | ယဉ်ကျေးမှု |
| ရွေးချယ်သည့်စံနှုန်း | ii,iii |
| ကိုးကား | ၄၅ |
| ဒေသ** | ဥရောပနှင့် မြောက်အမေရိက |
| သတ်မှတ်ခြင်း မှတ်တမ်း | |
| စတင်သတ်မှတ်ခြင်း | ၁၉၇၉ (တတိယအကြိမ်) |
| * ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည် ** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ | |
အိုင်ဗန်နိုဗိုရှိ ကျောက်ဆစ်ဘုရားရှိခိုးကျောင်းများသည် ကျောက်တုံးကို ထွင်းထုထားသော ဘုရားရှိခိုးကျောင်းများ၊ ဝတ်ပြုရာနေရာများ နှင့် ဘုန်းကြီးကျောင်းများဖြစ်ပြီး ဘူဂေးရီးယားနိုင်ငံရှိ အခြားသော ဘုရားကျောင်းများနှင့် မတူပဲ တမူထူးခြားနေကာ ရို့စ်မြို့တောင်ဘက် ၂၀ ကီလိုမီတာ အကွာ၊ ရူဆန်စကီလွန် မြစ်၏ အထက် ၃၂ မီတာ အမြင့် ကျောက်တုံးထူထပ်သော ကမ်းပါးပေါ်၊ အိုင်ဗန်နိုဗို ကျေးရွာအနီးတွင် တည်ရှိသည်။ ထို အဆောက်အဦးများသည် လှပပြီး ကောင်းမွန်စွာ ထိန်းသိမ်းထားသည့် အလယ်ခေတ် ပန်းချီလက်ရာများကြောင့် ထင်ရှားသည်။ ထိုဘုရားကျောင်းများသည် ရူဆန်စကီ လွန် သဘာဝ ဥယျာဉ် အတွင်းတွင် တည်ရှိသည်။