မာတိကာသို့ ခုန်သွားရန်

အိမမိယနတ်ကျောင်း

ဝီကီပီးဒီးယား မှ
အိမမိယနတ်ကျောင်း
今宮神社
Imamiya Shrine's main gate
အိမမိယနတ်ကျောင်း သည် ဂျပန်နိုင်ငံ တွင် တည်ရှိသည်
အိမမိယနတ်ကျောင်း
ဂျပန်နိုင်ငံ အတွင်း တည်နေရာပြ မြေပုံ
အချက်အလက်များ
တည်နေရာ21, Imamiya-cho, Murasakino
Kita-ku, Kyoto, Kyoto 603-8231
ကိုဩဒိနိတ်35°2′44.80″N 135°44′31.39″E / 35.0457778°N 135.7420528°E / 35.0457778; 135.7420528ကိုဩဒိနိတ်: 35°2′44.80″N 135°44′31.39″E / 35.0457778°N 135.7420528°E / 35.0457778; 135.7420528
ဘာသာရေး နှီးနွယ်မှုShinto
နတ်ဘုရားŌkuninushi
နိုင်ငံဂျပန်နိုင်ငံ
ဗိသုကာ
စတင်သည့်နှစ်994


အိမမိယနတ်ကျောင်း (今宮神社, Imamiya-jinja) သည် ဂျပန်နိုင်ငံကျိုတိုမြို့ခိတရပ်ကွက်တွင် တည်ရှိသည့် ရှင်တိုနတ်ကျောင်းတစ်ခု ဖြစ်သည်။ ကူးစက်ရောဂါများမှ စောင့်ရှောက်ပေးသည့် နတ်များကို ဆုတောင်းရာမှ ဤကျောင်းသည် ဖြစ်ပေါ်လာခဲ့သည်။ ဤနတ်ကျောင်းရှိ နတ်များထံတွင် အထွေထွေကျန်းမာရေးကောင်းမွန်စေရန် ဆုတောင်းမှုများ ပြုကြသည်။ ဤနတ်ကျောင်းတည်ရှိရာ နေရာသည် သစ်ပင်ကြီးများ တည်ရှိသည်။ အနောက်တောင်ဘက်တွင် ဒိုင်းတိုခုဂျိ တည်ရှိသည်။ နတ်ကျောင်းနေရာတွင် ပင်မနတ်ကျောင်းအပြင် အခြားသောအငယ်စာနတ်ကျောင်းလေးများလည်း များစွာ တည်ရှိသည်။[] ဧပြီလဒုတိယပတ်၏ တနင်္ဂနွေနေ့ရောက်သည့်အခါတိုင်းတွင် ယဆုရအိပွဲတော်ကို ကျင်းပသည်။ ဤပွဲတော်သည် ကျိုတိုမြို့၏ အဓိကကျသည့် ပွဲတော်သုံးခုထဲတွင် ပါဝင်သည်။ အိမမိယဟူသည့် စကားလုံး၏ အဓိပ္ပါယ်မှာ "သစ်လွင်စွာ တည်ဆောက်ခြင်း" ဖြစ်သည်။[]

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

အိမမိယနတ်ကျောင်းကို ဟဲအိအန်ခေတ်ကာလ ၉၉၄ ခုနှစ်တွင် တည်ဆောက်ခဲ့သည်။ ၁၀၀၁ ခုနှစ်တွင် တစ်နှစ်မတိုင်မီက ကျိုတိုမြို့တွင် ဖြစ်ပွားနေသည့် ကူးစက်ရောဂါကို တန်ပြန်ရန်အတွက် လက်ရှိတည်နေရာသို့ ပြောင်းရွှေ့ခဲ့သည်။ လက်ရှိအချိန်မြင်တွေ့နေရသည့် လက်ရာများသည် ၁၉၀၂ ခုနှစ်တွင် ပြန်လည်တည်ဆောက်ထားခြင်း ဖြစ်သည်။ ဤနတ်ကျောင်း၏ ပွဲတော်ဖြစ်သည့် "ယဆုရအိပွဲတော်" သည် ကူးစက်ရောဂါများကို ကာကွယ်ရန်အတွက် ပြုလုပ်ကာကျင်းပကြခြင်း ဖြစ်သည်။[]

ခရီးသွားများအား ဆွဲဆောင်ထားရှိမှုများ

[ပြင်ဆင်ရန်]

အိမမိယနတ်ကျောင်းတွင် ထူးခြားသည့် ခရီးသွားများအား ဆွဲဆောင်ရာနေရာများ ရှိသည်။ နတ်ကျောင်း၏ ကပ်လျက်တွင် ကာလရှည်ကြာတည်ရှိခဲ့သည့် စားသောက်ဆိုင်နှစ်ခု ရှိသည်။ ဤဆိုင်များတွင် အထူးအစားအစာအနေဖြင့် ရောင်းချကြသည်မှာ ကျိုတိုရိုးရာမုန့်ချိုဖြစ်သည့် အဘုရိမိုချိ ဖြစ်သည်။ ဤဆိုင်နှစ်ခု၏ အမည်မှာ "အိချိဝ" နှင့် "ခဇရိယ" တို့ ဖြစ်ကြသည်။ အိချိဝသည် နှစ် ၁၀၀၀ နှင့် ခဇရိယသည် ၁၆၅၆ နှစ် သက်တမ်းအသီးသီး ရှိကြသည်။ ဤဆိုင်နှစ်ခုစလုံးသည် နတ်ကျောင်း၏ အရှေ့ဘက်ဂိတ်ပေါက်ဝအပြင်ဘက်တွင် တည်ရှိကြသည်။[]

နတ်ကျောင်းတွင် မှော်အစွမ်းများကို ပိုင်ဆိုင်ထားသည်ဟု ယုံကြည်ကြသည့် ကျောက်တုံးဖြစ်သည့် "အဟိုခရှိဆန်" တည်ရှိသည်။ ကျောက်တုံးကို ပွတ်သပ်ပြီး မိမိ၏ ကိုယ်ခန္ဓာရှိ အနာရောဂါတည်ရှိရာနေရာကို ပွတ်သပ်ပါက ထိုရောဂါသည် ပုံမှန်ထက်လျင်မြန်စွာ ပျောက်ကင်းသည်ဟု ယုံကြည်ကြသည်။ ထို့အပြင် လူတစ်ယောက်သည် ကျောက်တုံးကို သုံးကြိမ်ခေါက်၍ မပါက ထိုကျောက်တုံးသည် လေးလာသည်ဟု ခံစားရမည် ဖြစ်သည်။ ထို့နောက် ထိုတူညီသည့်သူကပင် ကျောက်တုံးကို သုံးကြိမ်ရိုက်ပုတ်ကာ ဆန္ဒတစ်ခုပြလုပ်ဆုတောင်းပြီး မပါက ကျောက်တုံးသည် ဒုတိယအကြိမ်နှင့် တတိယအကြိမ်များတွင် ပေါ့ပါးလာမည် ဖြစ်သည်။ ထိုသို့ ပေါ့ပါးလာပါက ဆန္ဒများသည် အမှန်တကယ်ဖြစ်လာသည်ဟု ဆိုကြသည်။[] အဟိုခရှိဆန်နှင့် ယဆုရအိပွဲတော်များကို အရေးကြီးသည့်ယဉ်ကျေးမှုအမွေအနှစ်များအဖြစ် သတ်မှတ်ထားသည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. Kyoto Walking map Kyoto Visitor's Guide 2008-05-12 တွင် ပြန်စစ်ပြီး။
  2. 1 2 3 Kawaguchi, Satoko။ Imamiya Shrine Learning about Kyoto 7 February 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2008-05-12 တွင် ပြန်စစ်ပြီး။
  3. Imanaka, Chiaki။ Aburimochi Learning About Kyoto 18 July 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2008-05-12 တွင် ပြန်စစ်ပြီး။