အိန္ဒိယရူပီးသင်္ကေတ

ဝီကီပီးဒီးယား မှ

အိန္ဒိယရူပီးသင်္ကေတ (သင်္ကေတ: ; ကုဒ်: INR) သည် အိန္ဒိယနိုင်ငံ၏ တရားဝင်ငွေကြေးဖြစ်သော အိန္ဒိယရူပီးငွေအတွက် ငွေကြေးသင်္ကေတတစ်ခု ဖြစ်သည်။ D. Udaya Kumar ရေးဆွဲခဲ့သည့် ဒီဇိုင်းဖြစ်ကာ အိန္ဒိယအစိုးရမှ ၂၀၁၀ ခုနှစ် ဇူလိုင်လ ၁၀ ရက်တွင် အများပြည်သူသို့ စတင်မိတ်ဆက်ခဲ့သည်။[၁] သင်္ကေတသည် ယူနီကုဒ်ကာရိုက်တာ U+20B9 indian rupee sign ကို အသုံးပြုသည်။ ဤသင်္ကေတကို အသုံးမပြုမီက ရူပီးသင်္ကေတများအဖြစ် RsRe သို့မဟုတ် အသုံးပြုသည့် အိန္ဒိယဘာသာစကားများအလိုက် သင့်လျော်သည့် အတိုကောက်ကို အသုံးပြုခဲ့ကြသည်။ သင်္ကေတအသစ်သည် အိန္ဒိယရူပီးငွေအတွက်သာ ဖြစ်ကာ၊ အခြားရူပီးအသုံးပြုသည့်နိုင်ငံများဖြစ်သည့် သီရိလင်္ကာပါကစ္စတန် နှင့် နီပေါ စသည့်နိုင်ငံများကမူ U+20A8 rupee sign ကိုသာ အသုံးပြုလျက်ရှိသည်။

ဒီဇိုင်းအရ Devanagari အက္ခရာ "र" (ra) နှင့် လက်တင် စာလုံးအကြီး "R" ကို ပေါင်းစပ်၍ ထိပ်ပိုင်းတွင် ရေပြင်ညီမျဉ်းနှစ်ကြောင်း ထည့်သွင်းထားသည့်ပုံစံ ဖြစ်သည်။

သင်္ကေတရင်းမြစ်[ပြင်ဆင်ရန်]

၂၀၀၉ ခုနှစ် မတ်လ ၅ ရက်နေ့တွင် အိန္ဒိယအစိုးရမှ အိန္ဒိယရူပီးငွေအတွက် သင်္ကေတတစ်ခု ဖန်တီးရန် ပြိုင်ပွဲတစ်ခုကို ပြုလုပ်ခဲ့သည်။[၂][၃] ၂၀၁၀ ပြည်ထောင်စုဘတ်ဂျက်နှစ်တွင် သမ္မတဖြစ်သူ ပရာနတ်မူခါဂျီး က အိန္ဒိယအသိုင်းအဝိုင်း၏ လက္ခဏာနှင့် ယဉ်ကျေးမှုတို့ကို ထင်ဟပ်စေမည့် သင်္ကတကို ဖန်တီးကြရန် ပြောဆိုခဲ့သည်။[၄] လက်ခံရရှိသည့်ပြိုင်ပွဲဝင် ၃,၃၃၁ ခုအနက်မှ သင်္ကေတ ငါးခုကို ပဏာမအဆင့်ရွေးချယ်ခဲ့ပြီး[၅] ယင်းအနက်မှ တစ်ခုကို အိန္ဒိယပြည်ထောင်စုအစိုးရ ဝန်ကြီးအဖွဲ့၏ ၂၀၁၀ ခုနှစ် ဇွန်လ ၂၄ ရက်တွင်ပြုလုပ်သည့် အစည်းအဝေးတွင် ရွေးချယ်ခဲ့သည်။[၆] သို့သော် ဘဏ္ဍာရေးဝန်ကြီး၏ တောင်းဆိုမှုကြောင့် ဆုံးဖြတ်ချက်ကို ရွေ့ဆိုင်းခဲ့ကာ[၄] ၂၀၁၀ ခုနှစ် ဇူလိုင် ၁၅ ရက်တွင် ပြုလုပ်သည့် အစည်းအဝေးတွင်မှ နောက်ဆုံး ဆုံးဖြတ်ရွေးချယ်ခဲ့ရာ[၁] ဂဝါဟတီ အိန္ဒိယနည်းပညာသိပ္ပံ မှ တွဲဖက်ပါမောက္ခ Udaya Kumar ၏ ဒီဇိုင်းကို ရွေးချယ်ခဲ့ကြသည်။[၇]

အသုံးပြုခြင်း[ပြင်ဆင်ရန်]

၂၀၁၀ ဇူလိုင်တွင် သင်္ကေတကို ရွေးချယ်အပြီး အိန္ဒိယအစိုးရမှ နိုင်ငံတွင်းတွင် ခြောက်လအတွင်းနှင့် ကမ္ဘာတစ်ဝန်းတွင် ၁၈ လမှ ၂၄ လအတွင်း သင်္ကေတသစ်ကို အသုံးပြုနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။[၁]

ဦးဘွန်တု စက်မောင်းစနစ်သည် ရူပီးသင်္ကေတသစ်ကို စတင်အထောက်အပံ့ပေးသည့် ပထမဆုံးသော ကွန်ပျူတာဆော့ဖ်ဝဲလ်တစ်ခု ဖြစ်သည်။[၈]

ဘဏ်များမှလည်း ယခင် သင်္ကေတ ₨ အသုံးပြုထားသည့် ချက်လက်မှတ်များအစား သင်္ကေတအသစ်ဖြင့် ချက်လက်မှတ်များ စတင်ရိုက်နှိပ်ခဲ့သည်။ အိန္ဒိယစာပို့ဌာနသည် ရူပီးသင်္ကေတအသစ်ဖြင့် တံဆိပ်ခေါင်းများကို ၂၀၁၀ ခုနှစ် အောက်တိုဘာ ၃ ရက်တွင် ဓနသဟာယကစားပွဲ အထိမ်းအမှတ်တံဆိပ်ခေါင်းများအနေဖြင့် စတင် ထုတ်ဝေခဲ့သည်။[၉] ငွေကြေးတန်ဖိုး ₹ ၁၊ ₹ ၂၊ ₹ ၅ နှင့် ₹ ၁၀ တန် ဒင်္ဂါးများကိုလည်း သင်္ကေတအသစ်ဖြင့် ထုတ်ဝေခဲ့သည်။[၁၀][၁၁] ၂၀၁၂ ခုနှစ် ဇန်နဝါရီလတွင် ₹ ၁၀၊ ₹ ၁၀၀၊ ₹ ၅၀၀ နှင့် ₹ ၁၀၀၀ တန် ငွေစက္ကူများတွင်လည်းကောင်း[၁၂][၁၃][၁၄][၁၅] ၂၀၁၂ ခုနှစ် ဧပြီလ ၁၂ ရက်နေ့တွင် ₹ ၂၀ နှင့် ₹ ၅၀ တန် ငွေစက္ကူများတွင်လည်းကောင်း ရူပီးသင်္ကေတသစ်ကို ထည့်သွင်းအသုံးပြုခဲ့သည်။[၁၆]

အခြားကြည့်ရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ "Cabinet approves new rupee symbol"၊ Times of India၊ 2010-07-15။ 2010-07-15 တွင် ပြန်စစ်ပြီး 
  2. http://finmin.nic.in/the_ministry/dept_eco_affairs/currency_coinage/Comp_Design.pdf COMPETITION FOR DESIGN
  3. "India seeks global symbol for rupee"၊ Hindustan Times၊ 2009-03-06။ 2009-03-07 တွင် ပြန်စစ်ပြီး [လင့်ခ်သေ]
  4. ၄.၀ ၄.၁ "Cabinet defers decision on rupee symbol"၊ Sify Finance၊ 2010-06-24။ 2010-07-10 တွင် ပြန်စစ်ပြီး 
  5. List of Five Entries which have been selected for Final။ Ministry of Finance, Govt of India။ 11 July 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2010-07-15 တွင် ပြန်စစ်ပြီး။
  6. "Rupee to get a symbol today!"၊ Money Control.com၊ 2010-02-26။ 2010-07-10 တွင် ပြန်စစ်ပြီး 
  7. IITG Department of Design
  8. Ubuntu 10.10 First OS to Have Indian Rupee Symbol။ 12 August 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 19 July 2015 တွင် ပြန်စစ်ပြီး။
  9. http://www.indiapost.gov.in/netscape/Stamps2010.html Archived 27 April 2011 at the Wayback Machine. ၂၀၁၀ ခုနှစ် အိန္ဒိယတံဆိပ်ခေါင်းများ ထုတ်ဝေခြင်း
  10. Issue of new series of Coins။ RBI။ 29 July 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 November 2011 တွင် ပြန်စစ်ပြီး။
  11. "This numismatist lays hands on coins with Rupee symbol"၊ 29 August 2011။ 4 November 2011 တွင် ပြန်စစ်ပြီး။ Archived from the original on 7 November 2011။ 
  12. Issue of ₹10 Banknotes with incorporation of Rupee symbol။ RBI။ 11 June 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 January 2012 တွင် ပြန်စစ်ပြီး။
  13. Issue of ₹ 500 Banknotes with incorporation of Rupee symbol။ RBI။ 29 July 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 January 2012 တွင် ပြန်စစ်ပြီး။
  14. Issue of ₹ 1000 Banknotes with incorporation of Rupee symbol။ RBI။ 29 July 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 January 2012 တွင် ပြန်စစ်ပြီး။
  15. Issue of ₹ 100 Banknotes with incorporation of Rupee symbol။ RBI။ 11 June 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 January 2012 တွင် ပြန်စစ်ပြီး။
  16. "RBI to issue Rs 20 and Rs 50 notes with the new rupee symbol"၊ 12 April 2012။ 30 April 2012 တွင် ပြန်စစ်ပြီး