ရူပီး
ပုံပန်းသွင်ပြင်

ရူပီး သည် အိန္ဒိယ၊ သီရိလင်္ကာ၊ နီပေါ၊ ပါကစ္စတန်၊ မောရစ်ရှ၊ ဆေးရှဲ၊ မော်လဒိုက် နှင့် အင်ဒိုနီးရှား နိုင်ငံများမှ အသုံးပြုသည့် တရားဝင်ငွေကြေးဖြစ်သည်။ ရူပီးငွေကို မြန်မာ နှင့် အာဖဂန်နစ္စတန် နိုင်ငံများတွင် ယခင်က အသုံးပြုခဲ့ဖူးသည်။ သမိုင်းများအရ mahajnapadas များမှ ၉၀၀ ဘီစီခန့်တွင် "ရူပီယာ" အမည်ဖြင့် စတင်အသုံးပြုခဲ့ကြသည်။
သင်္ကေတများ
[ပြင်ဆင်ရန်]"ရူပီး" (Rupee) ကို အတိုကောက် Re. (အနည်းကိန်း)၊ Rs. (အများကိန်း)၊ နှင့် အိန္ဒိယရူပီးငွေအတွက် ₹ (အိန္ဒိယရူပီးသင်္ကေတ) ကို အသုံးပြုသည်။
ရူပီးငွေနှင့် အခြားဆင်တူသည့် ငွေကြေးအသုံးပြုသည့် နိုင်ငံများ
[ပြင်ဆင်ရန်]| နိုင်ငံ | ငွေကြေး | ISO 4217 ကုဒ် | အမေရိကန်ဒေါ်လာနှင့် လဲလှယ်နိုင်မှုနှုန်းထား (၂၀၁၄ အောက်တိုဘာ ၂၇) |
|---|---|---|---|
| အိန္ဒိယရူပီးငွေ | INR | 59.310 အိန္ဒိယ ရူပီးငွေ | |
| နီပေါရူပီးငွေ | NPR | 99.670 နီပေါ ရူပီးငွေ | |
| မော်လဒိုက်ရူဖီးယာငွေ | MVR | 15.370 မော်လဒိုက် ရူဖီးယာငွေ | |
| အင်ဒိုနီးရှားရူပိုင်းငွေ | IDR | 12160.00 အင်ဒိုနီးရှား ရူပိုင်းငွေ | |
| ပါကစ္စတန်ရူပီးငွေ | PKR | 102.90 ပါကစ္စတန် ရူပီးငွေ | |
| သီရိလင်္ကာရူပီးငွေ | LKR | 130.850 သီရိလင်္ကာ ရူပီးငွေ | |
| မောရစ်ရှရူပီးငွေ | MUR | 31.70 မောရစ်ရှ ရူပီးငွေ | |
| ဆေးရှဲရူပီးငွေ | SCR | 13.870 ဆေးရှဲ ရူပီးငွေ |