မာတိကာသို့ ခုန်သွားရန်

အားစုနှုန်းထား

ဝီကီပီးဒီးယား မှ
ဒြပ်ထုကို အမျိုးမျိုးပုံယွင်းစေသော အားစုနှုန်းထား(stress) အသွင်အမျိုးမျိုး။

ဒြပ်တသားထု မက္ကဲန်းနစ် (Continuum Mechanics) တွင် အားစုနှုန်းထား (အင်္ဂလိပ်: stress) ဆိုသည်မှာ ဒြပ်သားထု တခုခုကို အထိုက်အလျောက် အပေါ်ယွင်းစေနေသည့် အားတို့ စုစည်းသက်ရောက်နေနှုန်း အချိုးအစား ဖြစ်၍၊ ဖိအား (pressure) နှင့် ယူနစ်ချင်း တူသည်။

  • ဒြပ်ထု၏ မျက်နှာပြင်ပေါ်သို့ ထောင့်မတ်ကျလျက် ဖိခြင်းဆွဲခြင်း သက်ရောက်နေသော အားတို့ကို တွက်ကြည့်လျှင် ပြင်ပေါ်တည့် အားစုနှုန်းထား(normal stress) ဟု ခေါ်သည်။ အဆွဲအဆန့် (tension) ဖြစ်လျှင် ဒြပ်ထု၏ အလျားတမျိုးမျိုးကို ရှည်ဆံ့နေစေမည်၊ အဖိအသိပ် (compression) ဖြစ်လျှင် တိုကျုံ့နေစေမည်။
  • ဒြပ်ထု၏ မျက်နှာပြင်လျှောက် ပွတ်ဆွဲသည့်အလား သက်ရောက်နေသော အားတို့ကို တွက်ကြည့်လျှင် ပြင်ပွတ် အားစုနှုန်းထား (shear stress) ဟု ခေါ်သည်။ ဒြပ်ထု၏ မျက်နှာပြင်တမျိုးမျိုး၌ ထောင့်ပြောင်းလဲမှုအားဖြင့် ပုံယွင်းစေသည်။
  • ဒြပ်ထု၏ အလျားတလွှားကို ပတ်ခွေသည့်အလား သက်ရောက်နေသည့် အားတို့ကို တွက်ကြည့်လျှင် တလျှောက်လိမ် အားစုနှုန်းထား (torsion stress) ဟု ခေါ်သည်။ ဒြပ်ထု၏ အပြင်သား၌ ထိုတလျှောက်လားရာအတိုင်း မျဉ်းကြောင်းရှိလျှင် ထိုလမ်းကြောင်းတို့ လိမ်ကုန်သည်မျိုးကို ပုံယွင်းမှုအဖြစ် တွေ့ရမည်။