အာယု (စီးပွားရေးလုပ်ငန်းရှင်)
အာယု | |
---|---|
မွေးဖွား | ဧရာဝတီတိုင်းဒေသကြီး၊ဟင်္သာတမြို့ | ၂၇ ဒီဇင်ဘာ၊ ၁၉၅၃
နိုင်ငံလူမျိုး | မြန်မာ |
မိခင်ကျောင်း | ရန်ကုန်တက္ကသိုလ် |
အလုပ်အကိုင် | စီးပွားရေးလုပ်ငန်းရှင် |
ကျော်ကြားမှုအရင်းခံ | ဘဏ်လုပ်ငန်းပညာရှင် |
ဦးအာယု ( စီးပွားရေးလုပ်ငန်းရှင် ) သည် မြန်မာလူမျိုး စီးပွားရေးလုပ်ကိုင်သူ နှင့် ဘဏ်လုပ်ငန်းပညာရှင် တစ်ဦးဖြစ်သည်။သူသည် မြန်မာ့ ဘဏ်နှင့် ငွေရေးကြေးရေး ကဏ္ဍ အပါအဝင် ကုန်သွယ်မှုနှင့်စိုက်ပျိုးထုတ်လုပ်တင်ပို့မှု တို့တွင် နှစ်ပေါင်းများစွာကျင်လည်ခဲ့သူတစ်ဦးဖြစ်သည်။ လက်ရှိတွင် A Bank ဟု အတိုကောက်ခေါ်သည့် ဧရာဝတီတောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်လီမိတက် ၏ ဥက္ကဋ္ဌ အဖြစ် ထမ်းဆောင်နေသည်။[၁]
ပညာရေးနှင့်ဘဝဖြတ်သန်းမှု
[ပြင်ဆင်ရန်]သူ့ကို ဧရာဝတီတိုင်းဒေသကြီး၊ဟင်္သာတမြို့ တွင် မွေးဖွားသည်။ ရန်ကုန်တက္ကသိုလ် မှနေ၍ စီးပွားရေးဘာသာရပ်အထူးပြုဖြင့် B.A (Eco) ဘွဲ့ရရှိသည်။သူသည် ၁၉၇၁ ခုနှစ် ကစပြီး မြန်မာ့စီးပွားရေးဘဏ် တွင် အလုပ်ဝင်ခြင်းဖြင့် ဘဏ်လုပ်ငန်းနှင့်ငွေကြေးကဏ္ဍ ၌ ဘဝဖြတ်သန်းသည်။ ထိုကဏ္ဍထဲ ကြီးကြပ်ရေးမှူးတာဝန်အထိ နှစ်ပေါင်း ၂၂ နှစ်ကြာ လုပ်ကိုင်ပြီးနောက် အစိုးရဘဏ်ဝန်ထမ်း အလုပ်မှ ထွက်ခွာခဲ့ပြီး ပုဂ္ဂလိကစီးပွားရေးကဏ္ဍ ထဲသို့ ဝင်ရောက်သည်။သူ၏ ကနဦးစီးပွားရေးခြေလှမ်းမှာ ဆန်စပါးနှင့်ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်တင်ပို့မှု ဖြစ်သည်။သူသည် ဆန်စပါးအသင်းချုပ်၏ ဒုတိယ ဥက္ကဋ္ဌ အဖြစ်လည်း ဆောင်ရွက်ခဲ့သည်။[၂] [၃] အလားတူ ပဲနှမ်းအသင်း၊ဆီကုန်သည်အသင်း၊ဘဏ်လုပ်ငန်းအသင်း တို့တွင်ပါ ထဲထဲဝင်ဝင်ဆောင်ရွက်သည်။ သူသည် ၂၀၁၈ခုနှစ် အရောက်တွင် A Bank ၏ ဒုတိယ ဥက္ကဋ္ဌ ရာထူးတာဝန် ဖြင့် မြန်မာ့ဘဏ်လုပ်ငန်း၊ငွေကြေးကဏ္ဍ အား ဆောင်ရွက်သည်။ ၂၀၂၃ခုနှစ် တွင် ယင်းဘဏ်၏ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူပြီး ပုဂ္ဂလိကဘဏ်လုပ်ငန်းတစ်ခုကို ဦးဆောင်သည်။
မိသားစုဘဝ
[ပြင်ဆင်ရန်]သူသည် အိမ်ထောင်သည်တစ်ဦးဖြစ်သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ Board of Directors။ A Bank,Myanmar။ 25 April 2024 တွင် ပြန်စစ်ပြီး။
- ↑ တရုတ်သို့ ဆန်တန်ချိန် ၁ သိန်း တင်ပို့မည်။ The Irrawaddy (၉ ဇူလိုင် ၂၀၁၉)။ ၂၅ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဆန်/ဆန်ကွဲများတင်ပို့ရေးအတွက် ကုမ္ပဏီများမှတ်ပုံတင်ခွင့် ရရှိရေးဆိုင်ရာသင်တန်း။ Deparment of ConsumerAffrais,Myanmar (၁၆ ဇွန် ၂၀၂၁)။ ၂၅ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။