အာနန္ဒာ ခရှစ်နန်
တတ်ပရာနန်ဒမ် အာနန္ဒာ ခရှစ်နန် | |
---|---|
မွေးသက္ကရာဇ် | ၁၊၄၊၁၉၃၈ |
ကြွယ်ဝမှု | အမေရိကန်ဒေါ်လာ ၇.၆ ဘီလျံ (၂၀၁၀) |
မွေးရပ်ဇာတိ | ကွာလာလမ်ပူမြို့၊ မလေးရှား။ |
သားသမီး | ၃ ဦး |
တတ်ပရာနန်ဒမ် အာနန္ဒာ ခရှစ်နန် (၁၉၃၈ ခုနှစ်ဖွား) သီရိလင်္ကာတမီးလူမျိုး၊ မလေးရှား စီးပွားရေးသမားတစ်ဦးဖြစ်ပြီး စာနာကူညီတတ်သူဖြစ်သည်။ သူ့ကို တက်ခ် ဟု နာမည်ပြောင်ခေါ်ကြပြီး Forbes ၏ အချမ်းသာဆုံးလူများ နောက်ဆုံးစာရင်းအရ လက်ရှိငွေကြေးပမာဏ ရ.၆ ဘီလျံဒေါ်လာဖြင့် အရှေ့တောင်အာရှတွင် Robert Kuok နှင့် Ng Teng Fong တို့နောက် အချမ်းသာဆုံး အမှတ် ၃ ဖြစ်၍ ကမ္ဘာ့အချမ်းသာဆုံး အမှတ် ၁၁၉ ဖြစ်သည်။
သူသည် လူသိရှင်ကြားဖြစ်မှုများကို ရှောင်ရှားလေ့ရှိပြီး သူ့လုပ်နိုင်စွမ်းရှိသမျှမလုပ်ဘဲ လျှို့လျှို့ဝှက်ဝှက် ရိုးရိုးကုပ်ကုပ်သာ နေသူအဖြစ် လူသိများသည်။
ငယ်ဘဝ
[ပြင်ဆင်ရန်]အာနန္ဒာ ခရှစ်နန် ကို ၁၉၃၈ ခုနှစ်တွင် ကွာလာလမ်ပူမြို့ရှိ “Little India”ဟု ခေါ်သော Brickfields တွင် တမီးမိဘနှစ်ပါးက မွေးဖွားခဲ့သည်။ သူသည် ကွာလာလမ်ပူ Brickfields ရှိ Vivekananda တမီးကျောင်းတွင် တက်ရောက်ခဲ့ပြီး Victoria Institution ကိုပြောင်းရွှေ့ခဲ့သည်။ ထို့နောက် Colombo Plan စကော်လာဖြင့် ဩစတျေးလျနိုင်ငံ မဲလ်ဘုန်းတက္ကသိုလ်တွင် တက်ရောက်ခဲ့ပြီး နိုင်ငံရေးသိပ္ပံ(ဂုဏ်ထူးတန်း)ဘွဲ့ကို ရရှိခဲ့သည်။
ထိုအချိန်က သူသည် မဲလ်ဘုန်းမြို့ ဆင်ခြေဖုန်းဖြစ်သော Hawthorn တွင်နေထိုင်ခဲ့ရသည်။ ထို့နောက် ၁၉၆၄ ခုနှစ်တွင် ဟားဗတ်တက္ကသိုလ်၌ စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာ မာစတာဘွဲ့ကို ရရှိခဲ့သည်။
စီးပွားရေး
[ပြင်ဆင်ရန်]ခရှစ်နန် ၏ပထမဆုံး စီးပွားရေးလုပ်ငန်းသည် MAI Holdings ၏ ကွာလာလမ်ပူအတိုင်ပင်ခံဖြစ်သည်။ တိုင်းပြည်အများအပြားတွင် ရေနံတူးဖော်ခြင်းလုပ်ငန်း၌ ရင်းနှီးမြှုပ်နှံမည်ဖြစ်သော Exoil ကုန်သွယ်မှုများကို ထိန်းချုပ်ရခြင်းဖြစ်သည်။ နောက်ပိုင်းတွင် သူသည် (မလေးရှားနိုင်ငံ၌) လောင်းကစားအသိုင်းအဝိုင်းသို့ ပြောင်းရွှေ့သွားခဲ့သည်။
၁၉၉၀ နှစ်ဦးပိုင်းများတွင် မာတီမီဒီယာပြိုင်ပွဲများအဖြစ်သို့ရောက်အောင် ပြောင်းလဲမှုအမျိုးမျိုးကို သူ စလုပ်ခဲ့သည်။
လက်ရှိအားဖြင့် သူသည် ဖျော်ဖြေရေးလုပ်ငန်းများ၊ Astro ဂြိုဟ်တုတယ်လီဗေးရှင်း၊ အာကာသ (MEASAT)၊ သင်္ဘောလုပ်ငန်းများ (Bumi Armada)၊ ကြေးနန်းဆက်သွယ်ရေးများ (Maxis နှင့် Aircel) တို့တွင် ရင်းနှီးမြှုပ်နှံထားသည်။ သူ့ကိုယ်ပိုင်လုပ်ငန်းဖြစ်သော Usaha Tegas Sdn.Bhd မှ တဆင့် စွမ်းအင်ထုတ်လုပ်ခြင်း (Powertek)၊ လောင်းကစားခြင်း (Pan Malaysian Pools)၊ အပန်းဖြေရိပ်သာများ (Tropical Island နှင့် Tanjong Golden Billage (TVG)) တို့ လက်အောက်ခံပါဝင်သည့် ရင်းနှီးမြှုပ်နှံမှုများကို ထိ်န်းချုပ်ထားသော Tanjong Public လိမိတက် ကုမ္ပဏီတွင်လည်း ပိုင်ဆိုင်မှုများရှိထားသည်။
မာလ်တီမီဒီယာလုပ်ငန်းများ
[ပြင်ဆင်ရန်]၁၉၈၀ နှစ်လည်ပိုင်းတွင် Bob Geldof ၏ Live Aid ပွဲကို ကူညီစီစဉ်ပေးခြင်းအားဖြင့် ဤလုပ်ငန်းကို ပထမဆုံးကျွမ်းဝင်လာခဲ့သည်။ ၁၉၉၀ နှစ်စောပိုင်းတွင် သူသည် ယခုအခါ သတင်းနှင့်ကြေးနန်းဆက်သွယ်ရေး ကုမ္ပဏီ ၂ ခုဖြစ်သည့် Maxis Communication နှင့် MEASAT Broadcast Network System တို့ပါဝင်နေပြီဖြစ်သော မာလ်တီမီဒီယာအင်ပိုင်ယာကြီးကို စတည်တည်ထောင်ခဲ့ပြီး ကမ္ဘာ့အခြေအနေကို ဖော်ပြသည့် ဆက်သွယ်ရေးဂြိုဟ်တု ၃ ခုပါရှိခဲ့သည်။ သူသည် တိုင်းပြည်တွင် အကြီးဆုံးဆယ်လူလာဖုန်း ကုမ္ပဏီဖြစ်သည့် Maxis Communication ၏ ၄၆%ကို British Telecom နှင့် AT&T မှ မီလျံဒေါ်လာ ၆၈၀ ဖြင့် ဝယ်ယူအောင်လုပ်နိုင်ခဲ့ပြီး သူ၏မြှုပ်နှံမှုကို ရ၀% အထိတိုးမြှင့်ခဲ့သည်။
Maxis တွင် ကုမ္ပဏီခွဲပေါင်း ၁၀ သန်းကျော်ရှိပြီး မလေးရှားနိုင်ငံဈေးကွက် ၄၀%ဝန်းကျင်ကို ရယူထားသည်။ လက်ရှိတွင် Maxis သည် Aircel နှင့် Tamil Nadu တို့၏ အကြီးဆုံး ဆယ်လူလာဖုန်းကုမ္ပဏီများကို ရရှိထားပြီး အိန္ဒိယနိုင်ငံအပိုင်းများသို့ ဖြန့်ကျက်ထားသည်။ Maxis က အင်ဒိုနီးရှားဆယ်လူလာဖုန်း ကုမ္ပဏီများကိုပါ ဝယ်ယူ၍ တိုးချဲ့လုပ်ကိုင်ရန် ဆွေးနွေးညှိနှိုင်းလျက်ရှိသည်။ Astro နှင့် အိန္ဒိယ၏ Sun Network တို့အကြား သဘောတူညီမှုအရ သူသည် အမေရိကန်နှင့် ဥရောပနိုင်ငံများတွင် အိန္ဒိယဈေးကွက်ကို ဦးတည်၍ Tamil diaspora ကို အဓိကထားသော တီဗီချယ်နယ်လ်တစ်ခုကို ထုတ်လွှင့်ရန် စီစဉ်သည်။
ဝက်ဘ် စာမျက်နှာများကို အခြေခံသည့် အပြန်အလှန်ဆက်သွယ်နိုင်သော တီဗီဝန်ဆောင်မှုတစ်ခုကို လုပ်ဆောင်ရန်လည်း စီစဉ်လျက်ရှိသည်။ Ananda Krishnan သည် TVB.com နှင့် Shaw ညီအစ်ကိုများ ရုပ်ရှင်ထုတ်လုပ်ရေးတွင်လည်း ပိုင်ဆိုင်မှုများရှိသည်။
အပိုဆောင်းကြည့်ရှုစရာများ
[ပြင်ဆင်ရန်]- Malaysian billionaire Ananda Krishnan bails out Johnston Press
- Malaysia and Singapore: Asian Nations of Economic Success by Globalization 6 September 2008 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
- Malaysian Tycoon Ananda Krishnan reaps £120m from sale of Excel 12 June 2011 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
- “Monkey” Business in Malaysia 15 July 2010 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
- WHEN TWO MEDIA TITANS CLASH 19 September 2008 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
- Ananda Krishnan's empire missing link
- Ananda Krishnan
- Ananda Krishnan 21 November 2008 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
- T. Ananda Krishnan
- [၁] (Article on T. Ananda Krishnan in Rama and Ravana at the Altar of Hanuman: on Tamils, Tamil Literature & Tamil Culture - related to an interview in Malaysian Business Magazine - by T. Wignesan)