အာထွာဆောင်း

ဝီကီပီးဒီးယား မှ
အာထွာဆောင်းရိုက်နေပုံ

အာထွာဆောင်း သို့ အာထရာဆောင်း (အင်္ဂလိပ်: ultrasound) သည် လူကြားနိုင်သော အသံလှိုင်းထက် အနည်းငယ်သာမြင့်သည့် အသံလှိုင်းတမျိုး ဖြစ်သည်။ လူကြားနိုင်သော လှိုင်းခွင်မှာလည်း ကျန်းမာသောလူငယ်အရွယ်တွင် ပျမ်းမျှအားဖြင့် ၂၀ ကီလိုဟာ့သာ ရှိသဖြင့် အာထွာဆောင်းစက်တို့ကို ၂၀ ကီလိုဟာ့မှ အချို့ ဂစ်ဂါဟာ့ပမာဏအတွင်း ထားသည်။

အာထွာဆောင်းကို နယ်ပယ်အသီးသီးတွင် အသုံးပြုကြရာ အရာဝတ္ထုရှိမရှိ စစ်ဆေးခြင်း၊ အကွာအဝေးတိုင်းထွာခြင်းတို့တွင် သုံး၏။ အာထွာဆောင်းဖြင့်ပုံရိပ်ဖော်ခြင်း ခေါ် ဆိုနိုဂရပ္ဖီကို ဆေးပညာဘက်တွင် အများ သုံးသည်။ စက်မှုနယ်ပယ်၌ မဖြိုမဖြတ်စစ်ဆေးခြင်းအတွက်၎င်း၊ ဓါတုပစ္စည်းများ ရောခြင်း၊ သန့်ခြင်း၊ ဓါတုဖြစ်စဉ်ကိုအရှိန်မြှင့်ခြင်းတို့အတွက်၎င်း သုံး၏။ လင်းပိုင်နှင့် လင်းနို့သို့သော တိရစ္ဆာန်များသည် သားကောင်နှင့် ရှေ့အဆီးအတားတို့ ရှာရန် အာထွာဆောင်းကို သုံးသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. Novelline R (1997). Squire's Fundamentals of Radiology (5th ed.). Harvard University Press. pp. 34–35.