အဠာရသ ဆယ့်ရှစ်ရပ်

ဝီကီပီးဒီးယား မှ

လောကနီတိ ကျမ်းလာပညာဆယ့်ရှစ်ရပ်မှာ-

  1. သုတိ - အကြားအမြင်များခြင်း
  2. သမ္မုတိ - ဓမ္မသတ် ဥပဒေအတတ်
  3. သင်္ချာ - ဂဏန်းသင်္ချာပညာ
  4. ယောဂါ - တံစဉ်းစူးဆောက်သုံးစွဲသောအတတ်
  5. နီတိ - လောကနီတိတတ်မြောက်ခြင်း
  6. ဝိသေသိကာ - ယာယီယြတာစသောဗျာကရိုဏ်းကျမ်းအတတ်
  7. ဂန္ဓဗ္ဗာ - ဂီတတူရိယာ သီဆိတီးမှုတ်ခြင်းအတတ်
  8. ဂဏိကာ - အက္ခရာသင်္ချာနှင့် ဂဲဩမေထရီအတတ်
  9. ဓနုဗေဒါ - လေးမြားအတတ်
  10. ပုရာဏာ - ရှေးစကားဟောင်းတို့ကို ဖော်ပြသော ပုရာဏ်ကျမ်းအတတ်
  11. တိကိစ္ဆာ - ဆေးပေးဆေးကု အတတ်
  12. ဣတိယာသာ - ရယ်ရွင်ဖွယ်အတတ်
  13. ဖောတိ- နက္ခတ်ဗေဒင်အတတ်
  14. မာယာ - လှည့်ပတ်သောအတတ်
  15. ဆန္ဒာ - ဆန်းကျမ်းအတတ်
  16. ကေတု - သံတမန်အတတ်
  17. မန္တာ - ဂါထာမန္တာန် စီရင်တတ်သောအတတ်
  18. သဒ္ဒါ - သဒ္ဒါကျမ်းအတတ်[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ( သုခမှတ် ၊ စာ ၄၃၃ - ၄ ၊ ရာဇော ၊ စာ ၁၇၅ )