အသံကြီး​ (၄) ပါး

ဝီကီပီးဒီးယား မှ


ကျမ်းဂန်များ၌ ဇမ္ဗူဒိပ်တစ်ကျွန်းလုံး အကုန်ကြားရပြီး မိမိတို့အိမ်ရှေ့တွင်ရပ်၍ အော်ဟစ်သကဲ့သို့ထင်ရသည့် အသံကြီး (၄)ပါးရှိကြောင်း မိန့်ဆိုထားသည်။

၎င်းတို့မှာ

  • ၁။ ဝိဓူရဇာတ်တော်၌ ပုဏ္ဏကဘီလူးသည် ကောရေဗျမင်းကြီးနှင့် ကြွေအန်ကစားရာတွင် အောင်နိုင်သည့်အတွက် "အဟံဇေယျော" "ငါအောင်ပြီ ငါနိုင်ပြီ"ဟု ဟစ်အော်ကြွေးကြော်သည့်အသံ၊
  • ၂။ အာဠာဝကဘီလူးမင်းသည် ကေလာသတောင်ထိပ်ဝင်ရပ်လျက် "အဟံအာဠာဝကော" "ငါ အာဠာဝကဟေ့"ဟု ဟစ်အော်ကြိမ်းဝါးသည့် အာဠာဝကဘီလူး၏အသံ၊
  • ၃။ ပဘာဝတီမင်းသမီးကို ဆင်ပေါ်သို့တင်၍ ခုနှစ်ပြည်ထောင်မင်းတို့၏အလယ်တွင် "အဟံ ကုသရာဇာ" "ငါကုသမင်းဟေ့"ဟု ဟစ်အော်ကြိမ်းဝါးသည့် အလောင်းတော်ကုသမင်း၏အသံ၊
  • ၄။ ကဿပဘုရားရှင် သာသနာတော်နောက်ပိုင်းတွင် မာတလိနတ်သာကို ခွေးနက်ကြီးယောင်ဆောင်စေ၍ "ငါသည် ယုတ်မာသည့်အဓမ္မဝါဒီ ပုဂ္ဂိုလ်တို့ကို ခဲစား(ကိုက်စား) မည်"ဟု ဟစ်အော်ကြွေးကြော်စေသည့် ခွေးနတ်ကြီး၏အသံတို့ ဖြစ်ကြသည်။

အကိုးအကား[ပြင်ဆင်ရန်]

မိရိုးဖလာဗုဒ္ဓဘာသာဝင်တို့နှင့် သိကြားသာသနာ။ သကျဝံသ။ ကောင်းထွဋ်စာပေ၊ ရန်ကုန်။ ပကြိမ်။ ၂၀၁၀၊ ဒီဇင်ဘာ။