အသုံးပြုသူ:Vanished user 20210921/ဇာဇာထက်

ဝီကီပီးဒီးယား မှ

ဇာဇာထက် (၁၉၉၀-) သည် မြန်မာလူမျိုး ဓာတ်ပုံကိုယ်ဟန်ပြမယ် ဖြစ်သည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

၁၉၉၀ ပြည့်၊ မတ်လ ၁၀ ရက်တွင် ကလော၌ မွေးသည်။ ဖခင်မှာ ဝန်ထမ်းဖြစ်၍ နိုင်ငံအနှံ့ ပြောင်းရွေ့ ဝန်ထမ်းရသည်။ မွေးချင်း အစ်ကို ၁ ယောက်၊ မောင် ၁ ယောက် ရှိသည်။

စတုတ္ထတန်းတက်စဉ် မိဘများ ကွဲရာ ဖခင်နှင့် နေသည်။ မိခင်က ရှမ်းပြည်တောင်ပိုင်း ရှမ်းပြည်လွတ်မြောက်ရေးတပ်မတော် (MFA) ရှိရာ နားရိုင်းဒေသ၌ တောခိုသွားသည်။

၂၀၀၇ ခုတွင် ဒသမတန်းအောင်ပြီး တောင်ကြီး၌ ဥပဒေအထူးပြုနှင့် ကျောင်းတက်သည်။

မိခင် အလင်းဝင်လာပြီးနောက် ရန်ကုန်၌ အခြေချရာ မောင်ဖြစ်သူနှင့်အတူ မိခင်ထံ နေသည်။ ဥပဒေ ဒုတိယနှစ်ကို ရန်ကုန်၌ တက်သည်။ ထိုကာလတွင် ဂျပန်စာ သင်ယူသည်။

လုပ်ငန်း၌ ငွေလိမ်ခံရသော မိခင်က စိတ်ဖိစီးကာ လေဖြတ်သွားသည်။ ဆေးရုံ၌ ၆ လကျော် နေရသည်။ တတိယနှစ် ဆက်မတက်ဖြစ်။ ကျူရှင်ပြခြင်း၊ ဂျပန်စာ အိမ်လိုက်သင်ခြင်းဖြင့် ငွေရှာသည်။

ပညာရေး[ပြင်ဆင်ရန်]

၂၀၁၂ ခုတွင် ဥပဒေဘွဲ့ ရသည်။

ဂျပန်ရှိ စကိုင်းဗေလီ အဆင့်မြင့်အိမ်သင်ကျောင်း တက္ကသိုလ် (Sky Valley Advanced Home School Academy) ၌ တက်ရန် ပညာသင်ဆုရသည်။

၂၀၁၈ ခုတွင် ရန်ကုန်တက္ကသိုလ်၌ အသုံးချစိတ်ပညာသင်တန်း တက်ရာ ၂၀၁၉ ခုတွင် ဒီပလိုမာ ရသည်။

အနုပညာခရီး[ပြင်ဆင်ရန်]

ဂျပန်ပညာတော်သင်ဖြေရန် လုံးပန်းစဉ် ဂျွန်လွင်နှင့် တွေ့ကာ နွေရာသီအခမဲ့သင်တန်း တက်သည်။ သင်တန်းပြီးသော်လည်း မိတ်မရှိ၍ မော်ဒယ်ရှိုးများ၌ မလျှောက်ရ။ အသိတယောက်မှတဆင့် ဓာတ်ပုံဆရာတဦးနှင့် ချိတ်မိ၍ လိင်ဆွဲဆောင်မှုအသားပေးဓာတ်ပုံများ ရိုက်ရန် လက်ခံလိုက်သည်။ တလခန့်ရှာရသော ငွေကို တရက်နှင့်ရနိုင်၍ ထိုအလုပ်ကို သဘောတွေ့သွားသည်။ ဘေးထွက်ဆိုးကျိုးမှာ ဖခင်က အတွေ့မခံ။ ဆွေမျိုး၊ သူငယ်ချင်းအချို့က ကျဉ်ခြင်း ခံရသည်။

ပြင်ပလင့်များ[ပြင်ဆင်ရန်]

ဖေ့စ်ဘွတ်ခ် ပေါ်ရှိ Vanished user 20210921/ဇာဇာထက်

ကိုးကား[ပြင်ဆင်ရန်]