အသုံးပြုသူ:Mmthinker
{{subst:#ifeq:a|b||{{subst:#ifexist:Wikipedia:ဖျက်ပစ်ရမည့်ဆောင်းပါးများ/{{subst:PAGENAME}}|{{subst:lessthan}}!-- ဤစာတွဲကို ထည့်သွင်းစဉ် ဤဆောင်းပါးအတွက် အဆိုပြုစာမျက်နှာသည် ရှိနှင့်ပြီး ဖြစ်သည်။ ဆောင်းပါးကို ဖျက်ပစ်ရန်အတွက် ယခင်က အဆိုပြုထားခြင်း ရှိနှင့်နေပြီး နောက်တစ်ဖန် ပြန်လည် အဆိုပြုလိုပါက ကျေးဇူးပြု၍ "page={{subst:PAGENAME}}" ကို "page={{subst:PAGENAME}} (ဒုတိယအကြိမ် အဆိုပြုခြင်း)" ဖြင့် ဆက်လက်မဆောင်ရွက်မီ ထည့်သွင်းပေးပါ။
-->}}}}This template must be substituted. Replace {{afd with {{subst:afd.
{{subst:lessthan}}!-- ဆွေးနွေးချက် ပိတ်သိမ်းပြီးပါက ဆွေးနွေးချက် စာမျက်နှာတွင်
| ဤ page အား {{subst:#time:j F Y|{{subst:CURRENTTIMESTAMP}} }} တွင် ဖျက်ပစ်ရန် အဆိုပြုထားခဲ့သည်။ The result of the discussion was keep. |
တမ်းပလိတ်ကို ထားရှိပေးပါ။ -->
| my | ဤအသုံးပြုသူ၏ မိခင်ဘာသာစကားမှာ မြန်မာစကား ဖြစ်သည်။ |
|---|
သင်ကာသည် ဤ ဝီကီ၏ အက်ဒမင် တစ်ဦးဖြစ်ပါသည်။ ဘလော့ဂ်စတင်ရေးချိန် အမည်မှာ အမ်.အမ်. ဖီလော်ဆိုဖာဖြစ်သည်။ နောက်ပိုင်းတွင် အမ်.အမ်. သင်ကာ ဟုပြောင်းလဲလိုက်သည်။ သင်ကာမှာ အင်္ဂလိပ်စကား Thinker ကိုယူထားခြင်းဖြစ်ပြီး တွေးဆမှုကို အလေးပေးသူဟု ဆိုလိုချင်သည်။ အမ်.အမ်.မှာ အခြားဘလော်ဂါ သင်ကာများနှင့် ကွဲပြားစေရန် မြန်မာပြည်ကို ကိုယ်စားပြု၍ ထည့်သည်။ ဘလော့ဂ်အကျော်အမော် ကလိုစေးထူးက “တွေးဆသူ”ဟု အမည်ပေးသည်။ ဘလော့ဂ်ရေးဘက် အပေါင်းအသင်းများက “အတွေးသမား”၊ “သင့်ကာ”စသည်ဖြင့် အဆင်သင့်သလို ခေါ်ကြသည်။
ဘလော့ဂ်ရေးခြင်း
[ပြင်ဆင်ရန်]ဩဂုတ်လ ၂၀ဝ၇ မှ စ၍ ဘလော့ဂ်ရေးသည်။ Blogspot မှ Wordpress, ထိုမှ Free Host ဖြင့်ထိုင်သော Wordpress သို့ပြောင်းရေးသည်။ လတ်တလော ဘလော့ဂ်လိပ်စာမှာ အမ်.အမ်. ဖရီးသင်ကာ ဖြစ်သည်။ ဒဿန၊ ခရီးသွားဆောင်းပါး၊ အတွေးအမြင်၊ ဂန္ထဝင်စာပေများပြန်လည်ဆန်းသစ်ခြင်း၊ အက်ဆေး၊ ကဗျာ၊ ပန်းချီ တို့ကို ပို့စ်ရေးသားသည်။
မီဒီယာ
[ပြင်ဆင်ရန်]ပြည်တွင်းဂျာနယ်၊ မဂ္ဂဇင်းများတွင် ကဗျာ၊ ဝတ္တု၊ အတွေးအမြင်၊ နိုင်ငံတကာရေးရာ၊ ဘာသာပြန်ဆောင်းပါး ၁၂၀ ကျော်ကို ကလာင်ခွဲအမျိုးမျိုးဖြင့်ရေးသားခဲ့သည်။ ဆက်လက်ရေးသားနေဆဲလည်း ဖြစ်သည်။ အများဆုံးရေးဖြစ်သော မီဒီယာများမှာ သုတစွယ်စုံမဂ္ဂဇင်း၊ နိုင်ငံတကာရေးရာ သတင်းလွှာဂျာနယ်၊ Living Color မဂ္ဂဇင်း၊ ရွှေဗေဒင်ဂျာနယ်၊ Three Seasons အားကစားစာစောင်၊ ခေတ်မြန်မာဂျာနယ်၊ The Voice Weekly ဂျာနယ်၊ ထရုနယူးစ်ဂျာနယ် နှင့် အတွေးအမြင်စာစောင်တို့ဖြစ်သည်။ အွန်လိုင်းမီဒီယာများအနက် ဧရာဝတီ၊ ပိတောက်နွေနှင့် လူထုအသံတို့တွင် အများဆုံးရေးသည်။
သူငယ်ချင်း၊ ဆရာသမားများနှင့် ပူးတွဲ၍ ပန်းချီပြပွဲတစ်ခုလည်း ပြုလုပ်ခဲ့သည်။ ၂၀ဝ၈ ခုနှစ်မှစ၍ အနုပညာရှင် ဘလော်ဂါများ၊ ပြင်ပဝါသနာရှင်များကိုစုစည်း၍ အွန်လိုင်းပေါ်မှ သုတ၊ ရသစုံဖော်ပြသော ဖွဲ့တည်ရာမဂ္ဂဇင်း ကို အခမဲ့ ဖြန်ချိထုတ်ဝေခဲ့သည်။
လစ်ဗင်း ကာလာ မဂ္ဂဇင်း၊ ဧရာဝတီ သတင်းဌာနတို့တွင် အယ်ဒီတာ တာဝန်ယူခဲ့ပြီး မြန်မာကေဘယ်နယူးစ် (MCN) သတင်းဌာနတွင် ဝက်ဘ်သတင်းပိုင်းဆိုင်ရာ အယ်ဒီတာနှင့် နိုင်ငံတကာရေးရာ အယ်ဒီတာ တာဝန်ယူခဲ့သည်။
ဝီကီတွင် သင်ကာ၏ ပံ့ပိုးမှုများ
[ပြင်ဆင်ရန်]my.wikipedia တွင် ပံ့ပိုးမှုများ
wikimyanmar တွင် ပံ့ပိုးမှုများ
ယူနီကုဒ်စနစ် မြန်မာစာတွင် တွင်ကျယ်ရေးကိုလည်း ကူညီနေပါသည်။
ဝီကီမှာ ပြင်ဆင်စရာများနှင့် အကူအညီ
[ပြင်ဆင်ရန်]သင်ကာ၏ Wiki Adminship Request
[ပြင်ဆင်ရန်]ကျနော်သည် ဝီကီတွင် မြင်ရသလောက်သော အမှားများကို ကူညီပြင်ဆင်ရန်၊ လိုအပ်သည်တို့ကို ဖြည့်စွက်ရေးသားရန် ဤမြန်မာဝီကီတွင် အက်ဒမင် အရွေးခံခဲ့ပါသည်။ Wikipedia:Requests for adminship
Ko Hintha's Good Topics
[ပြင်ဆင်ရန်]ဟင်္သာ စထားခဲ့တဲ့ ခေါင်းစဉ်ကောင်းတွေ ကို တွေ့ရပါတယ်။ ဒါတွေကိုလည်း မရေးရ မစရသေးတာတွေမှာ လိုက်ဖြည့်နေပါတယ်။
ကော်မန့်ပေးရန်
[ပြင်ဆင်ရန်]အင်ဖိုဘောက်တွေက အထဲက ပြင်ရမှာ.. အပြင်က ပြင်ရင်စာတွေပြောက်သွားပါလိမ့်မည်။ အကိုလုပ်နေတာ တွေ့လို့ လှမ်းသတိပေးတာ..ဒီနေ့တော့ အထဲမဝင်သေးဘူး၊ ထိုင်ပိန်မှာလည်း မိုးမျော်စင်များ ဆိုပြီးတော့ အင်ဖိုဘောက်တစ်ခုက ထပ်ရှိသေးတယ်. ဟိုကောင်က လုပ်ပြီးသား၊ ဒါက အဆောက်အဦးဆိုတော့ ပို အခြေခံဖြစ်သလားလို့.ထိုက်မင်း (talk) ၁၄:၄၉၊ ၂၈ ဒီဇင်ဘာ ၂၀၁၂ (UTC)
Deleteme ကို စိစစ်ပေးဖို့ အကူအညီတောင်းထားလို့ ဆက်ပြီး ဖျက်သိမ်းပစ်သင့်တာတွေ ဖျက်သိမ်းနေပါတယ်။ Mmthinker ၀၈:၁၃၊ ၄ နိုဝင်ဘာ ၂၀၁၅ (UTC)