အသုံးပြုသူ:Ko Ko Jack/sandbox

ဝီကီပီးဒီးယား မှ


မော်လမြိုင်မြို့နယ်ရေကြီးရေလျှံရသည့်အကြောင်းအရင်း

             တကယ်က မော်လမြိုင်မြို့ မြို့လယ်ကောင်ကြီးမှာ လွန်ခဲ့တဲ့ (၁၉၉၀) လောက်ကတည်းကနေ ကျနော်တို့ သိတတ်တဲ့ အရွယ် အထိ တခါဖူးမျှ မိုးဘယ်လောက်များများ ရေမကြီးဖူးသလို ရေလဲ မတက်ပါဘူး(ဒီရေတက်ရက်တွေကလွဲလို့ပေါ့) ကားလမ်းတွေက ချိုင့်တွေခွက်တွေ အပြည့်ရှိနေတော့ အာ့ချိုင့်ခွက်တွေထဲ ရေဝင်တာတွေတော့ရှိတာပေါ့..(အာ့အချိန်က စက်ဘီးစစီးတတ်သူတွေဆိုရင် သေချာတယ် စက်ဘီးစီး ကျွမ်းကျင်ချန်ပီယံဆုတွေဘာတွေယနေ့ခေတ်လိုပြိုင်ပွဲကျင်းပပေးရင် မော်လမြိုင်သားတွေရမှာအသေချာဆုံးပဲ)😁😁😁
          အဲ့ဒီအချိန်တုန်းက တောင်ပေါ်တန်းကနေ ရပ်ကွက်ကျို ရက်ကွက်ကြားကနေ ကွေ့ဝိုက်စီးဆင်းနေတဲ့ အိမ်နောက်ဖေးချောင်းတွေ မြောင်းတွေ ဟာ အတော်လေးနက်သလို ကျယ်လဲကျာ်ဝန်းတယ်..ဒီရေတက်ချိန်ရေဆင်းကူးရင်းရေကူးတတ်ခဲ့တာ အဲ့ဒီချောင်းတွေရဲ့ကျေးဇူးကအများကြီးပါတယ်.. (၁၉၉၉/၂၀၀၀) ခုနှစ်နောက်ပိုင်း ရပ်ကွက်တွင်း လမ်းသွယ်အတော်များများ ပြင်ကြသလို အိမ်တွေအတော်များများ ရေလောင်းအိမ်သာကျင်းတွေကို (ချောင်းတွေမြောင်းတွေထဲပိုက်ချထားတဲ့စနစ်အစားထိုးခြင်း) ချောင်းတွေ မြောင်းတွေထဲ ဆားဗစ်ကန်တွေလုပ်ဖို့ စည်ပင်ရဲ့ အမိန့်အရ မဖြစ်မနေလုပ်ကြရာနေစပြီး ပြသနာတွေ စခဲ့တာလို့ပြောလို့ရပါတယ် ငွေကြေးတတ်နိုင်သူတွေကတော့ အိမ်နောက်ဖေး မြေကိုချောင်းတွေ မြောင်းတွေထဲမြေဖို့ချဲ့ထွင်လိုက်ကြတာ ချောင်းမြောင်းနယ်နိမိတ်အတော်များများ အိမ်နောက်ဖေးနယ်နိအဖြစ်ပြောင်းသွားတာဆိုရင် တမြို့လုံးက မြို့ပေါ်ရပ်ကွက်အတော်များများ မှာဖြစ်ကုန်တယ်လို့ပြောလို့ရပါတယ်. ဒီအတွက်လတ်တလောမှာ ဘာမှမဖြစ်တဲ့အတွက် ဘာအသံမှလဲမထွက်လာကြသလို ဘာဆိုဘာမှလဲ မထူးခြားခဲ့ပါဘူး (၂၀၁၇/၂၀၁၈) မှာ တော့ ပြသနာက စပါပြီ မိုးသဲထန်စွာရွာသွန်းမှုကြောင့် တောင်ကျရေတွေကျဆင်းတာ အတော်လေးကြမ်းပါလေရော..အမှိုက်တွေကလဲ စည်းကမ်းမဲ့ပစ်ထားတော့ ချောင်းမြောင်း အကျဉ်းလေးထဲရေအားကောင်းကောင်း အမှိုက်အားကောင်းကောင်းနဲ့ ဝင်ဆောင့်တာချောင်းတွေမြောင်းတွေရဲ့ အချို့နံရံတွေ ပြို ချောင်းကျယ်တဲ့နေရာကိုစီးဆင်းရင်း တနှစ်အတွင်း ချောင်းတွေမြောင်းတွေကော ပါလေရော..(မယုံရင် အာ့နားမှာနေထိုင်ကြသူတွေကိုမေးလို့ရပါတယ်) အခုတော့ သဘာဝတရားကြီးပျက်စီးကာ သဘာဝဘေးအန္တရာယ်တွေလဲ ကျရောက်တော့..အခုလိုရေကြီးရေလျှံမှုတွေမလိုအပ်ပဲဖြစ်ပျက်လာတာတွေကို ထိန်းသိမ်းပြုပြင်ဖို့ မည်သူ့တွင် တာဝန်ရှိနေပါသနည်း...