အသုံးပြုသူ:Ko Ko Jack

ဝီကီပီးဒီးယား မှ
  • ဝေးသေး *

အိပ်မက်တွေ ခူးလို့တောင်မှ မဝသေးဘူး....

အခုတော့ကြွေကျပြန်ပီ..

ကဗျာတွေမသီကုံးတော့ပါဘူးလို့

ဘယ်လောက်ပဲ စိတ်ကိုဒုံးဒုံးချခဲ့ပါစေ

အာ့ညက..ငါလေ..

မင်းနဲ့တဖဝါးမှမဝေးခဲ့ဘူးလို့တွေး

အိပ်မက်လို့ကောင်းတုန်းပေါ့...

ခဏတာလေးအတွက်နဲ့

သွေးလေခြောက်ခြား အိပ်မက်တွေ

အယောင် အမှားမှား အနာဂတ်တွေ

သွေးသံအလိန်းလိန်းနဲ့ လောင်မြိုက်မှုတွေ

တစာစာ အော်ညည်းနေတဲ့

အမိအဖမဲ့ခြင်းတွေ

ညည်းညူသံလိုကြားနေရတဲ့ စက်ဆုပ်ဖွယ်

သားချော့တေးတွေအလား...

အား..........

ခြောက်ကပ်ကပ်ရယ်သံကြီးနဲ့

ဝုန်းကနဲပြိုကျလာတဲ့ နတ်ဆိုးလက်နက်

နတ်ဆိုးရဲ့ အဆင်တန်ဆာ

ကိရိယာတန်ဆာပလာအစုံအလင်တပ်ဆင်ပီး

ဘာသဘောတူညီချက်မှမယူ

နားလည်မှုလဲတခုမှမရှိ

ထင်ရာစိုင်း ရိုင်းချင်သလိုရိုင်းဖို့

လောကကိုဆင်းလာတဲ့မင်း...မင်း..

ငါတို့တွေအလွန်မုန်းတယ်....

ေ ဟး..ကောင်....

စစ်....

မင်း.ငါတို့နားကဝေးဝေးထွက်သွား..

ငါတို့မင်းကိုအလိုမရှိဘူး...

ကြိုက်သလိုငိုကြွေး.. ကြိုက်သလောက်သေ

သူမဖြုံဘူး..

ကျုပ်တို့သာကျေ..ကျုပ်တို့သာမြေမှုန်ဖြစ်မယ်

သူအေးဆေး..သူ့နောက်တော်ပါတေလဲ

အေးဆေး....

ဒါနဲ့ပဲ..ငြိမ်းချမ်းရေးဆိုတာကလဲ...

ဝေးသေး...

ဝေးသေး...

ဝေး....သေး.....


#ဝေးသေး#

20 Nov 2020

ဂျက်[မောရ]

AM.02/18