အသုံးပြုသူ:HpkJoj

ဝီကီပီးဒီးယား မှ

ဂျွန်တင်းအမျိုးသားလွတ်လပ်ရေးနေ့[ပြင်ဆင်ရန်]

ဂျွန်တင်းလွတ်မြောက်‌ရေးနေ့ အထိမ်းအမှတ် အခမ်းအနား၊ တက္ကဆပ်ပြည်နယ်၊ ၁၉၀၀ ခုနှစ်။

ဇွန်လ ၁၇ရက်၊ ၂၀၂၁ တွင် “ဂျွန်တင်းအမျိုးသားလွတ်လပ်ရေးနေ့အက်ဥပဒေ” ကို သမ္မတဘိုင်ဒင်က ဥပဒေအဖြစ် အသိအမှတ်ပြု လက်မှတ်ရေးထိုးလိုက်သည့်အတွက်[၁] ဂျွန်တင်းအမျိုးသားလွတ်လပ်ရေးနေ့ ကို အမေရိကန်ပြည်ထောင်စု၏ အများပြည်သူရုံးပိတ်ရက် တစ်ရက်အဖြစ် တရားဝင်သတ်မှတ်လိုက်ပါသည်။ သို့ဖြစ်ရာ ဇွန်လ ၁၈ ရက်၊ ၂၀၂၁ သည် ဂျွန်တင်းနေ့ကျရောက်သောကြောင့် အမေရိကန်သံရုံးပိတ်ပါသည်။


ဂျွန်တင်းနေ့ကို အမေရိကန်ပြည်ထောင်စုအတွင်း ကျွန်စနစ်အမှန်တကယ်အဆုံးသတ်ခြင်းအတွက် ကျင်းပကြပါသည်။ တောင်ပိုင်းဒေသအတွင်း ကျွန်စနစ်ဖျက်သိမ်းလိုက်ပြီဖြစ်သည့်အကြောင်း သမ္မတလင်ကွန်း၏ကြေညာချက်ထုတ်ပြန်အပြီး နှစ်နှစ်ကျော်အကြာ ၁၈၆၅ ခုနှစ် ဇွန်လ ၁၉ ရက်မှသာ ကျွန်ပြုခံထားသည့်လူအားလုံးထံသို့ နောက်ဆုံးတွင်ထိုသတင်းရောက်ရှိခဲ့ခြင်းဖြစ်သည်။ ဤအချက်သည် နေရာအနှံ့ဖြစ်ပေါ်နေသောလူမျိုးရေးခွဲခြားမှုအဆုံးသတ်ရေးနှင့် ဥပဒေအကာအကွယ်ပေးမှု တန်းတူညီမျှရရှိရေးအတွက်ဆောင်ရွက်ရာတွင် ပိုမိုတိုးတက်ရေးအတွက် အရေးကြီးသော သတိပေးချက်တစ်ခုဖြစ်သည်။ ပိုမိုကောင်းမွန်သောအနာဂတ်တစ်ခုတည်ဆောက်ရေးနှင့် အားလုံးအတွက်လွတ်လပ်ရေးဆိုင်ရာ ကတိကဝတ်ကိုလက်တွေ့ဖော်ဆောင်ရာတွင် နာကျင်မှုများနှင့်ပြည့်နှက်နေသောအတိတ်သမိုင်းနှင့်လက်ရှိစိန်ခေါ်မှုများကို မိမိတို့အနေနှင့်ရိုးသားစွာထင်ဟပ်အမှတ်ရနေရမည်ဖြစ်သည်။

ကိုးကားချက်[ပြင်ဆင်ရန်]

https://www.facebook.com/usembassy.rangoon/posts/4052481171500338

  1. https://www.whitehouse.gov/briefing-room/speeches-remarks/2021/06/17/remarks-by-president-biden-at-signing-of-the-juneteenth-national-independence-day-act/