အသုံးပြုသူ:Aungwin.htut/Archives

ဝီကီပီးဒီးယား မှ
This page is where I stick all my projects and archives, Wikipedia or otherwise. They may end up not used in Wikipedia, in which case they will be filed here for my personal use, or the use of those who will find it useful.


ဝီကီတွင် ကျွန်တော်လုပ်လက်စ စာမျက်နှာများ[ပြင်ဆင်ရန်]

၁။ လေကြောင်းနှင့် အာကာသပညာ - ယူနီကုဒ် ဗားရှင်း ၅.၁ သို့ပြောင်းလဲခြင်း ပြီးစီး၍ ထပ်မံဖြည့်စွက်ရန် Aerospace

၂။ ဗုဒ္ဓဘာသာ - ယူနီကုဒ် ဗားရှင်း ၅.၁ သို့ပြောင်းလဲခြင်း

ရေးပြီးသမျှ မှတ်စုများ[ပြင်ဆင်ရန်]

လေကြောင်းနှင့် အာကာသပညာ[ပြင်ဆင်ရန်]

လေကြောင်းနှင့် အာကာသပညာ သည် လေကြောင်းနှင့် အာကာသ ခရီးသွားခြင်း နှင့် ၄င်းတို့နှင့် သက်ဆိုင်သော သုတေသန ပြုမှုများ အစရှိသော ကျယ်ပြန့်သော ပညာရပ် နယ်ပယ်ကို ရည်ညွှန်းပါသည်။ လေကြောင်းနှင့် အာကာသ ပညာသည် အလွန် ကျယ်ပြန့်သော နယ်ပယ် ဖြစ်ပြီး အားလုံးသော လူသားတို့၏ ဘ၀ နှင့် တိုက်ရိုက် ဆက်စပ်လျက်ရှိပါသည်။


အကျဉ်း[ပြင်ဆင်ရန်]

စက်မှု နိုင်ငံ အများစုတွင် လေကြောင်းနှင့် အာကာသ လုပ်ငန်းသည် အများပိုင် နှင့် ပုဂ္ဂလိကပိုင် လုပ်ငန်းများ ပူးပေါင်း လုပ်ဆောင်လေ့ ရှိကြပါသည်။ ဥပမာအားဖြင့် အချို့သော နိုင်ငံများတွင် အာကာသ အစီအစဉ်များသည် အစိုးရ၏ ကွပ်ကဲမှုအောက်တွင် ရှိနေပါသည်။ အမေရိကန် ပြည်ထောင်စု ရှိ နာဆာ၊ ဥရောပရှိ အီးအက်စ်အေ၊ ကနေဒါရှိ ကနေဒါ အာကာသ အေဂျင်စီ၊ ရုရှားရှိ အာရ်ကေအေ၊ အိန္ဒိယရှိ အိန္ဒိယ အာကာသ သုတေသန အဖွဲ့၊ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ ရှိ တရုတ်အမျိုးသား အာကာသ စီမံခန့်ခွဲရေး တို့ကို ဥပမာ အားဖြင့် တွေ့မြင်နိုင်ပါသည်။ ထိုသို့သော အများပိုင် အာကာသ အစီအစဉ်များနှင့်အတူ ကုမ္ပဏီ အများစုသည် အာကာသယာဉ်များ နှင့် ဂြိုလ်တုများ အစရှိသော နည်းပညာဆိုင်ရာ ကိရိယာများနှင့် ပစ္စည်းများ ထုတ်လုပ်ကြသည်။ Lockheed Martin, Northrop Grumman, Airbus နှင့် Boeing အစရှိသော ကုမ္ပဏီများသည် အာကာသ အစီအစဉ်တွင် ပါ၀င်သည်ဟု သိရသည်။ ထို ကုမ္ပဏီများ သည် လေယာဉ် တည်ဆောက်ခြင်း အစရှိသည့် အခြား လေကြောင်းနှင့် အာကာသ ဆိုင်ရာ နယ်ပယ်များတွင်လည်း ပါ၀င်ပက်သက်နေကြသည်။ နိုင်ငံ အများစုတွင် Air France နှင့် Air India အစရှိသော လေကြောင်းသယ်ယူပို့ဆောင်ရေး ကုမ္ပဏီများ ပိုင်ဆိုင်ကြသည်။


သမိုင်းကြောင်း[ပြင်ဆင်ရန်]

လေကြောင်းနှင့် အာကာသ ပညာရပ်၏ နယ်ပယ်သည် ၁၉၀၃ ခု ဒီဇင်ဘာ ၁၇ ရက် အမေရိကန် ပြည်ထောင်စု မြောက်ကယ်ရိုလိုင်းနား ပြည်နယ် ကစိတီဟော့မြို့၌ ရွိုက် ညီနောင် တို့ ၏ ပထမဆုံး စက်အားသုံး လေယာဉ်ပျံမှ စတင်ခဲ့သည်။