အသုံးချ အနုပညာ
ပုံပန်းသွင်ပြင်
အခြား၂မျိုး ဖြစ်သည့် သုခုမအနုပညာ၊ အလှဆင် အနုပညာ တို့နှင့် ကွဲပြားလျက်သော အသုံးချ အနုပညာ (အင်္ဂလိပ်: Applied Art) ဆိုသည်မှာ အသုံးပြုမှု အဆင်ပြေအောင် နည်းပညာရှုထောင့်မှလည်း ရည်ရွယ်စီစဉ်လျက် အမြင်အားဖြင့်လည်း တမျိုးတဖုံ တင့်တယ်သော အသုံးအဆောင်များကို ဖန်တီးခြင်းအတတ် ဖြစ်သည်။[၁]
အလှမံ အနုပညာကဲ့သို့ ရှုပ်ထွေးသော အဆင်တန်ဆာများထက် အသုံးဝင်မှုကို တိုးပွားစေလျက် အမြင်တွင် ရိုးရှင်းလှပသော ထုတ်ကုန်များ ဖြစ်အောင် အခုခေတ် ထုတ်လုပ်သူ အများစုက ဒီဇိုင်းရေးဆွဲ ဖန်တီးလာကြသည်။
အသုံးချ အနုပညာ ဥပမာ အချို့မှာ
- ဗိသုကာ – သုခုမအနုပညာတွင်လည်း ထည့်သွင်းရေတွက်သည်။
- ပန်းပု – သုခုမအနုပညာတွင်လည်း ထည့်သွင်းရေတွက်သည်။
- လက်မှုအနုပညာ – သုခုမအနုပညာတွင်လည်း ထည့်သွင်းရေတွက်သည်။
- ကြွေထည်
- စက်ပစ္စည်းဒီဇိုင်း
- ဖက်ရှင်ဒီဇိုင်း
- လက်ရေးလှ
- အိမ်တွင်းအလှဆင်
- ဂရပ်ဖစ်ဒီဇိုင်း
ကိုးကား
[ပြင်ဆင်ရန်]- ↑ "Applied art" in The Oxford Dictionary of Art. Online edition. Oxford University Press, 2004. www.oxfordreference.com. Retrieved 23 November 2013.