အလုံသင်္ဘောကျင်း

ဝီကီပီးဒီးယား မှ

အလုံသင်္ဘောကျင်း(Fact File)* ၁၉၀၄ ခုနှစ်တွင် (RANGON FOUNDRY ) ရန်ကုန်သံရည်ကြိုစက်ရုံအဖြစ်စတင်ခဲ့။

  • သင်္ဘောတည်ဆောက်မှု လုပ်ငန်း၊ သံရည်ကြေးရည်ကြိုလုပ်ငန်း၊ ရန်ကုန်မြစ်အတွင်းရှိ နိုင်ငံခြားသင်္ဘောများအား ရေချိုပို့ဆောင်သည့် လုပ်ငန်းများပြုလုပ်ခဲ့။
  • ၁၉၄၈ ခုနှစ်တွင် နိုင်ငံပိုင် အလုံသင်္ဘောကျင်းအဖြစ် အမည်ပြောင်းလဲ
  • ၁၉၈၆ ခုနှစ်တွင် လုပ်ငန်းလိုအပ်ချက်အရ မီးရထားဌာနမှ အထက်တန်း၊ လူစီးတွဲ၊ ကုန်တင်တွဲများအား ပြုပြင်တည်ဆောက်ပေးခဲ့။
  • ၁၉၉၀နောက်ပိုင်း ဌာနပိုင်ရေယာဉ်များ ပြုပြင်ခြင်း၊ အသစ်တည်ဆောက်ခြင်းအပြင် ပုဂ္ဂလိက အပ်နှံသည့် သင်္ဘောများကိုလည်း စတင်တည်ဆောက်ပေးခဲ့။
  • ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးပိုင် သင်္ဘောကျင်းခြောက်ခုအနက် သင်္ဘောတည်ဆောက်ပြုပြင်မှု အများဆုံးသင်္ဘောကျင်းဖြစ်။
  • သင်္ဘောကျင်းဧရိယာ ၂၆ ဧကဝန်းကျင်ရှိ။
  • ကမ်းနားလမ်းတိုးချဲ့ တည်ဆောက်ရေးအတွက် အလုံသင်္ဘောကျင်း၏ ဧရိယာအချို့နှင့် ဝန်ထမ်းအိမ်ရာအချို့ ဖျက်သိမ်းပေးခဲ့။

ကိုးကား[ပြင်ဆင်ရန်]