မာတိကာသို့ ခုန်သွားရန်

အလက်ဇန္ဒား လူကာရှင်ကို

ဝီကီပီးဒီးယား မှ
အလက်ဇန္ဒါး ဂြီဂိုရိုင်ဗစ် လူကာသျှန်ကို
Alexander Grigoryevich Lukashenko
လူကာသျှန်ကို ၂၀၂၄
ဘီလာရုဇ်နိုင်ငံ၏ သမ္မတ
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၂၀ ဇူလိုင် ၁၉၉၄ [][]
ယခင်လူမီချစ်စလာဝ် ဟရစ်
Myechyslaw Hryb
(ဘီလာရုစ် အမြင့်ဆုံးကောင်စီ ဥက္ကဋ္ဌ)
ဘီလာရုစ် အမြင့်ဆုံးကောင်စီ
အဖွဲ့ဝင်
တာဝန်သက်တမ်း
၂၅ ဩဂုတ် ၁၉၉၁  ၂၀ ဇူလိုင် ၁၉၉၄
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1954-08-30) ၃၀ ဩဂုတ်၊ ၁၉၅၄ (အသက် ၇၁)
ကိုပစ်စ်မြို့၊ ဘီလာရုဇ်နိုင်ငံ (ယခင် ဆိုဗီယက်ပြည်ထောင်စု)
နိုင်ငံရေးပါတီတစ်သီးပုဂ္ဂလ နိုင်ငံရေးသမား (၁၉၉၂–လက်ရှိ)
အခြား
နိုင်ငံရေးလွှမ်းမိုးမှု
  • ဆိုဗီယက်ပြည်ထောင်စုကွန်မြူနစ်ပါတီ (၁၉၇၉–၁၉၉၁)
  • Communists for Democracy (၁၉၉၁–၁၉၉၂)
ကြင်ဖော်Galina Zhelnerovich
သားသမီး၃ ဦး
အလုပ်အကိုင်နိုင်ငံရေးသမား
ကျွမ်းကျင်မှုစီးပွားရေးလုပ်ငန်းရှင် နှင့် လယ်ယာလုပ်ငန်းရှင် []
လက်မှတ်
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံဆိုဗီယက်ပြည်ထောင်စု
တပ်/တပ်ဖွဲ့ခွဲ
  • ဆိုဗီယက်နယ်စပ်တပ်ဖွဲ့
အမှုထမ်းကာလ
  • ၁၉၇၅ - ၁၉၇၇
  • ၁၉၈၀ - ၁၉၈၂
  • ၁၉၉၄ - လက်ရှိ
ရာထူးဒုတိယဗိုလ်ချုပ် []

အလက်ဇန္ဒါး ဂြီဂိုရိုင်ဗစ် လူကာသျှန်ကို (၃၀ ဩဂုတ် ၁၉၅၄ မွေးဖွား) သည် ဘီလာရုဇ်လူမျိုး၊ နိုင်ငံရေးသမားဖြစ်သည်။ဘီလာရုဇ်နိုင်ငံ တွင် ရွေးကောက်ခံအစိုးရစတက်သည့် ၁၉၉၄ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်ကတည်းကပင် ဘီလာရုဇ်နိုင်ငံ၏ သမ္မတရာထူးကို တသမတ်တည်း ထိန်းချုပ်ထားနိုင်ခဲ့သူဖြစ်သည်။ ယခင်နိုင်ငံရေးသမားလမ်းကြောင်း၌ ဘီလာရုဇ်သမ္မတဟူ၍ မပေါ်ပေါက်မီ ဘယ်လာရုစ် ဆိုဗီယက်ဆိုရှယ်လစ်သမ္မတနိုင်ငံ၏ အဓိပတိကောင်စီ အဖွဲ့ဝင် အဖြစ်လည်းကောင်း၊ရှခ်လိုဗ်ခရိုင်ဂိုရိုဒက် နိုင်ငံပိုင်လယ်ယာလုပ်ငန်း၏ ညွှန်ကြားရေးမှူးအဖြစ် လည်းကောင်း၊ ဆိုဗီယက်တပ်မတော်၏ နယ်ခြားစောင့်တပ်၌လည်းကောင်း တာဝန်များထမ်းဆောင်ခဲ့သည်။

ငယ်ဘဝနှင့်ပညာရေး

[ပြင်ဆင်ရန်]

အလက်ဇန္ဒါး လူကာသျှန်ကို သည် ၁၉၅၄ ခုနှစ်၊ ဩဂုတ် ၃၀ ရက်နေ့တွင် ဘီလာရုဇ်နိုင်ငံ၊အိုရှာခရိုင်၊ ကိုပစ်စ်မြို့ (ယခင်ဆိုဗီယက်ပြည်ထောင်စု)တွင် မွေးဖွားခဲ့သည်။

လူကာသျှန်ကို သည် ရှခ်လိုဗ်ခရိုင်၊ အလက်ဇန်း ဒရီးယားမြို့ရှိ အထက်တန်းကျောင်းတွင် ပညာသင်ကြားခဲ့သည်။ ၁၉၇၅ ခုနှစ်တွင် ကူလယ်ရှော့မိုဂီလက်ဗ် ဆရာအတတ်သင်တက္ကသိုလ်မှ သမိုင်းဘာသာရပ်ဖြင့် ဘွဲ့ရရှိခဲ့သည်။ ၁၉၈၅ ခုနှစ်တွင် ဘယ်လာရုစ်စိုက်ပျိုးရေးတက္ကသိုလ်မှ စီးပွားရေးဒီပလိုမာဘွဲ့ကို ရရှိခဲ့သည်။

စစ်ရေးနှင့် နိုင်ငံရေးဖြတ်သန်းမှုများ

[ပြင်ဆင်ရန်]

သူသည် ၁၉၇၅ခုနှစ် မှ ၁၉၇၇ ခုနှစ်အထိ ဆိုဗီယက်နယ်ခြားစောင့်တပ်တွင် လည်းကောင်း၊ ၁၉၈၀ ပြည့်နှစ် မှ ၁၉၈၂ ခုနှစ်အထိ ဆိုဗီယက်စစ်တပ်တွင် လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့အပြင် သူသည် ဆိုဗီယက်လူငယ်ပါတီ၊ နိုင်ငံရေးနှင့် စစ်ရေးလေ့ကျင့်ရေး အဖွဲ့ ဖြစ်သည့် All-Union Leninist Young Communist League (Komgsomile)၊ လီနင်ဝါဒီလူငယ်ကွန်မြူနစ်အဖွဲ့ချုပ် (Komgsomile)တွင်လည်း ပါဝင်ဖြတ်သန်းခဲ့သည်။

၁၉၈၂ ခုနှစ်တွင် လူကာသျှန်ကို သည် ဆိုဗီယက်စစ်တပ်မှ ထွက်ခွာပြီးနောက် စုပေါင်းလယ်ယာစနစ်တွင် အဆင့်ဆင့် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။

အခြားတာဝန်များ

[ပြင်ဆင်ရန်]

အလက်ဇန္ဒါး လူကာသျှန်ကို သည်၁၉၇၇ ခုနှစ် မှ ၁၉၉၀ ပြည့်နှစ်အထိ ဘီလာရုစ်နိုင်ငံ အရှေ့ပိုင်း မိုဂီလက်ဗ်ဒေသ၏ အစားအသောက်ကွပ်ကဲရေးဆိုင်ရာ ကွန်ဆိုမိုးလ်ကော်မတီ၏ အတွင်းရေးမှူး ဖြစ်သည်။

ထို့အပြင် မိုဂီလက်ဗ်ဒေသ၊ အိုကြာဘစ်စကီခရိုင် စီမံခန့်ခွဲရေးကော်မတီ၏ သင်တန်းနည်းပြဆရာ လည်း ဖြစ်ခဲ့သည်။

သူသည် ရှခ်လိုဗ်ခရိုင် ဇနာနီအများပြည်သူပိုင်အဖွဲ့အစည်း၏ အတွင်းရေးမှူးတာဝန်၊ရှခ်လိုဗ်ခရိုင် အူဒါနစ် စုပေါင်းလယ်ယာလုပ်ငန်း၏ ဒုတိယဥက္ကဋ္ဌ၊ ရှခ်လိုဗ်ဆောက်လုပ်ရေးပစ္စည်းစက်ရုံ၏ ဒုတိယညွှန်ကြားရေးမှူး၊ လီနင်စုပေါင်းလယ်ယာလုပ်ငန်း၏ အတွင်းရေးမှူး အစရှိသည့် တာဝန်များလည်း ပေးအပ်ခံရသည်။

အသက် ၃၃ နှစ်အရွယ်တွင် ရှခ်လိုဗ်ခရိုင်ဂိုရိုဒက် နိုင်ငံပိုင်လယ်ယာလုပ်ငန်း၏ ညွှန်ကြားရေးမှူးအဖြစ် ခန့်အပ်ခြင်းခံခဲ့ရပြီး၊ထိုတာဝန်ကို ၁၉၈၇ ခုနှစ်မှ ၁၉၉၄ ခုနှစ်အထိ ထမ်းဆောင်ခဲ့သည်။

၁၉၉၀ ပြည့်နှစ် အရောက်တွင် ဘယ်လာရုစ် ဆိုဗီယက်ဆိုရှယ်လစ်သမ္မတနိုင်ငံ၏ အဓိပတိကောင်စီတွင် အဖွဲ့ဝင်အဖြစ် ရွေးချယ်တင်မြှောက်ခံရသည်။

ထိုတာဝန်ဖြင့် နိုင်ငံ၏ ကုန်သွယ်ရေးအဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်ချက်များအား ကြပ်မတ်စစ်ဆေးသည့် ကော်မရှင်ကို ဦးဆောင်ခဲ့သည်။[]

၁၉၉၃ ခုနှစ်၊ ဇွန်လတွင် လွှတ်တော်၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို တာဝန်ယူခဲ့ရသည်။

သမ္မတဖြစ်လာပုံ

[ပြင်ဆင်ရန်]

ဆိုဗီယက်ပြည်ထောင်စုပြိုကွဲမှု (၁၉၈၅ -၁၉၉၁)ဖြစ်စဉ် ဖြစ်ပွားကာလ ၁၉၉၀ ပြည့်နှစ်၊ ဇူလိုင်လ (၂၇)ရက်တွင် ဘယ်လာရုဇ်ပါလီမန်သည် အချုပ်အခြာအာဏာပိုင်မှုကို ကြေညာခဲ့သည်။ ၁၉၉၁ခုနှစ်၊ ဩဂုတ်လ (၂၅)ရက်တွင် လွတ်လပ်ရေးကြေညာခဲ့သည်။ အလက်ဇန္ဒား လူကာသျှန်ကို (Alexander Lukashenko) သည် ၁၉၉၄ ခုနှစ်မှစ၍ သမ္မတဖြစ်လာခဲ့သည်။

ဆိုဗီယက်ပြည်ထောင်စုမှ ဘယ်လာရုဇ်နိုင်ငံ ခွဲထွက်လာပြီးနောက် ဆိုဗီယက်ခေတ်၏သင်္ကေတအဖြစ် နိုင်ငံ၏ အရေးပါသောလုပ်ငန်းများကို အစိုးရပိုင်အဖြစ် ဆက်ထားခဲ့သည်။ ၎င်းအခြေအနေကို ဘယ်လာရုဇ်၏အလံရှိ အနီရောင်တွင် လည်းကောင်း၊ နိုင်ငံ့တံဆိပ်ရှိ ကြယ်နီတွင် လည်းကောင်း မြင်နိုင်တွေ့နိုင်သည်။

အငြင်းပွားစရာဖြစ်ခဲ့သည့် ၁၉၉၅ ခုနှစ် ပြည်သူ့ဆန္ဒခံယူပွဲတွင် လူကာသျှန်ကို အား လွှတ်တော်အဖွဲ့ဝင်ကို ရာထူးမှဖြုတ်နိုင်သည်အထိ အာဏာပေးထားသည်။ နောက်နှစ်လုပ်သည့် ဆန္ဒခံယူပွဲသည်လည်း ၎င်းကို အာဏာဆက်လက် ထိန်းသိမ်းနိုင်ရန် ပြင်ဆင်ပေးသည်သာ ဖြစ်ခဲ့သည်။

လူကာသျှန်ကို သမ္မတအဖြစ် ထမ်းဆောင်ပြီးနောက် ရုရှားဘာသာစကားကို ဘယ်လာရသျှန်စကားနည်းတူ ရုံးသုံးအဖြစ် သတ်မှတ်ပေးပြီး၊ ရုရှားနှင့် စီးပွားရေးချည်နှောင်မှုများ တိုးခဲ့သည်။ ၎င်းအခြေအနေမှသည် ပြည်ထောင်စုဝင်ပြည်နယ်အဖြစ် ဖန်တီးကာ ဘယ်လာရုဇ်သားတို့ ရုရှား၌ စီးပွားရှာ ပညာယူလုပ်နိုင်ရန် လွတ်လပ်စွာ သွားလာနိုင်ရန် ခွင့်ပြုခဲ့သည်။ ရုရှားမှလည်း အလားတူ အခွင့်ပေးခဲ့သည်။ သို့သော် အမြဲအဆင်ချောသည်တော့ မဟုတ်။ နို့စစ်ပွဲ (ဘယ်လာရုဇ်မှနို့ကို ရုရှားမှ အသွင်းမခံသဖြင့် ဖြစ်ရသည့် စီးပွားရေးပဋိပက္ခ) ကဲ့သို့ အဖုအထစ်လည်း ရှိခဲ့သည်။

ဝေဖန်ခံရမှုများ

[ပြင်ဆင်ရန်]

သမ္မတအဖြစ် နှစ်ရှည်တာဝန်ထမ်းဆောင်နေသည့် လူကာသျှန်ကိုအား ဥရောပ၏နောက်ဆုံးအာဏာရှင်ဟု မကြာခဏပင် တင်စားကြသည်။ပြုလုပ်သည့် ရွေးကောက်ပွဲများသည် နိုင်ငံတကာစောင့်ကြည့်သူများအမြင်အရ လွတ်လပ်ခြင်းမရှိ။ အတိုက်အခံများကိုလည်း ဦးချိုးထားပြီး မီဒီယာသည်လည်း ကန့်သတ်ခံရသည်။ လူကာသျှန်ကိုနှင့် အခြား ဘယ်လာရုမှအရာရှိကြီးများကို ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ထားသည်။ မဲခိုး၍ နိုင်သည်ဟု အလွန်နာမည်ကြီးခဲ့သော ၂၀၂၀ ရွေးကောက်ပွဲ၌ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ အလွန်အားကောင်းခဲ့ပြီး သူအုပ်ချုပ်သည့်သက်တမ်းတလျှောက် အကြီးဆုံးဟု ဆိုနိုင်သည်။

အဆိုပါဆန္ဒပြသူတို့သည်လည်း အာဏာပိုင်တို့၏ အကြမ်းဖက်ဖြိုခွင်းမှုနှင့် ကြုံရသည်။ ကုလသမဂ္ဂလူ့အခွင့်အရေးရုံးမှ ထိုနှစ် စက်တင်ဘာလ ၁ ရက်တွင်ထုတ်သောစာ၌ ဖမ်းဆီးထားသူ အယောက် ၄၅၀ ခန့်ကို နှိပ်စက်ညှင်းပန်းမှုများ ရှိခဲ့ပြီး လိင်အကြမ်းဖက်မှုနှင့် အဓမ္မမှုများလည်း ပါကြောင်း ဆိုသည်။ ၎င်းရွေးကောက်ပွဲရလဒ်ကို ယူနိုက်တက်ကင်းဒံးဥရောပသမဂ္ဂနှင့် အမေရိကန်ပြည်ထောင်စုတို့က အသိအမှတ်မပြုခဲ့ချေ။

ကိုးကား

[ပြင်ဆင်ရန်]
  1. Belarus leader Lukashenko holds secret inauguration amid continuing protests (23 September 2020)။
  2. "Belarus: Mass protests after Lukashenko secretly sworn in"၊ BBC News၊ 23 September 2020။ "Several EU countries and the US say they do not recognise Mr. Lukashenko as the legitimate president of Belarus."
  3. "Europe's 'last dictator': Who is Belarus's Alexander Lukashenko?"၊ Aljazeera၊ 25 November 2021။
  4. Lukashenko reveals his military rank 13 August 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 February 2019 တွင် ပြန်စစ်ပြီး။
  5. ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ မစ္စတာအလက်ဇန္ဒား လူကာရှန်ကို၏ ကိုယ်ရေးအကျဉ်း MOI Myanmar (၂၇ နိုဝင်ဘာ ၂၀၂၅)။ ၂၇ နိုဝင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။