မာတိကာသို့ ခုန်သွားရန်

အလက်ဇန္ဒား ဖလင်းမင်း

ဝီကီပီးဒီးယား မှ
Alexander Fleming
Sir Alexander Fleming in his laboratory at St Mary's, Paddington, London (1943).
မွေးဖွား(1881-08-06)၆ ဩဂုတ်၊ ၁၈၈၁
Darvel, East Ayrshire, Scotland
ဆုံးပါး၁၁ မတ်၊ ၁၉၅၅(1955-03-11) (အသက် ၇၃)
London, England
ခေါင်းချရာSt. Paul's Cathedral
နိုင်ငံသားBritish
နယ်ပယ်Bacteriology, immunology
မိခင်ကျောင်း
ကျော်ကြားမှုအရင်းခံပင်နီဆီလင် နှင့်
Lysozyme အား ရှာဖွေတွေ့ရှိခြင်း
ထင်ပေါ်ကျော်ကြား ဆုတံဆိပ်များ
လက်မှတ်

ပင်နီဆီလင်ဆေးကို တွေ့ရှိခဲ့သူ ဒေါက်တာ အလက်ဇန္ဒား ဖလင်းမင်း (Alexander Fleming) ကို ၁၈၈၁ ခုနှစ်က စကော့တလန်ပြည်နယ် ကော့ဒ်ဖီလ်မြို့၌ ဖွားမြင့်ခဲ့သည်။ လန်ဒန်မြို့ စိန့်မေရီ ဆေးကျောင်းမှ ဘွဲ့ရပြီး ဖလင်းမင်းသည် ဆေးဝါး သုတေသန လုပ်ငန်းများကို ဇောက်ချလုပ်ကိုင်ခဲ့သည်။

ပထမ ကမ္ဘာစစ်ကြီးတွင် စစ်ဆရာဝန်အဖြစ် ထမ်းဆောင်စဉ် ဒဏ်ရာများကို လေ့လာရာ၌ ရောဂါကာကွယ်ဆေးကြောင့် မိုက်ခရုတ်ပိုးများထက်ပိုပြီး ကိုယ်ခန္ဓာဆဲလ်များမှာ ထိခိုက်မှု ပိုမိုဖြစ်ပွားကြောင်း သတိပြုမိလာသည်။ ဤနေရာတွင် လူသား၏ ဆဲလ်များကို မထိခိုက်စေဘဲ ဘက်တီးရီးယားကို ချေမှုန်းနိုင်မည့် ဆေးဝါးများ တီထွင်ရန် လိုအပ်ကြောင်း သိလာသည်။

စစ်ပြီးကာလ စိန့်မေရီဆေးရုံသို့ ဒေါက်တာဖလင်းမင်း ပြန်လာပြီး သုတေသန ပြုလုပ်သောအခါ လိုင်ဆိုဇုန်းခေါ် ပစ္စည်းတစ်မျိုးကို တွေ့ရှိသည်။ လိုင်ဆိုဇုန်းမှာ လူ့ခန္ဓာမှ ထွက်လာခြင်း ဖြစ်သည်။ ယင်းသည် လူ့ဆဲလ်ကို အန္တရာယ် မဖြစ်ပေ။ မိုက်ခရုတ်များကို ၎င်းက နှိမ်နင်းပေးနိုင်သော်လည်း လူကို အန္တရာယ်ပြုစေသည့် ပိုးမွှားများကိုမူ မနှိမ်နင်းနိုင်ခဲ့ပေ။

ပင်နယ်စီလင်ရှာဖွေတွေ့ရှိပုံ

[ပြင်ဆင်ရန်]

၁၉၂၈ ခုနှစ်တွင် ဓာတ်ခွဲခန်းမှ စတက်ဖိုင်လို ကော့ကပ်စ် ဘက်တီးရီးယားကို လေတွင်ကြာကြာထားသောအခါ မှိုတက်လာသည်ကို တွေ့ရသည်။ ယင်းမှို၏ ပတ်ဝန်းကျင်ရှိ စတက်ဖိုင်လို ကော့ကပ်စ် ဘက်တီးရီးယားတို့် ပျက်စီးသွားရပုံကိုလည်း တွေ့ရှိရသည်။ ဤတွင်မှိုသည် ဘက်တီးရီးယားကို သေစေနိုင်သည့် အဆိပ်အတောက် တစ်မျိုးဖြစ်ရမည်ဟု သူက ကောက်ချက်ချသည်။ မကြာမီတွင် လူကိုဒုက္ခပေးသည့် အခြားဘက်တီးရီးယားများ ကြီးထွားမှုကိုလည်း အလားတူ ဝတ္ထုပစ္စည်းမျိုးက ဟန့်တားပေးပုံကိုလည်း သူပြသနိုင်ခဲ့သည်။

ဤပစ္စည်းကို ပင်နီဆီလီယံ နိုတေတန်မှိုမှ ရသည့်အတွက် ပင်နီဆီလင်ဟု သူက မှည့်ခေါ်ခဲ့သည်။ ယင်းမှာ လူနှင့် သတ္တဝါများအတွက် အဆိပ်အတောက် မဖြစ်စေပါ။

ဒေါက်တာဖလင်းမင်းက ၎င်း၏ တွေ့ရှိချက်များကို ၁၉၂၉ ခုနှစ်တွင် ပုံနှိပ် ထုတ်ဝေသည်။ ဆေးသိပ္ပံလောကတွင် အလွန်အရေးပါမည်ဟု တင်ပြသည်။ သို့သော် ပင်နီဆီလင် အသန့်လုပ်နည်းကို သူကိုယ်တိုင် မတွေ့ခဲ့သေးပေ။ ၁၉၃၀ ပြည့်နှစ် နောက်ပိုင်း ဗြိတိန်အမျိုးသား ဆေးဝါးသုတေသီများ ဖြစ်ကြသည့် ဟောင်းဝါ့ ဝေါ်လတာ ဖလိုရီ (Howard Walter Florey) နှင့် အန့် ဗိုးရစ် ချိန်း (Ernst Boris Chain) တို့က ဒေါက်တာဖလင်းမင်း၏ နည်းအရ ပင်နီဆီလင်ကို သန့်စင်စမ်းသပ်သောအခါ ပထမတွင် တိရစ္ဆာန်များကို စမ်းသပ်အောင်မြင်ကြောင်း တွေ့ရသည်။

ဘဝနိဂုံး

[ပြင်ဆင်ရန်]

၁၉၄၁ ခုနှစ်တွင် ပင်နီဆီလင်ကို လူများနှင့် ပတ်သက်စမ်းသပ်သည်။ အောင်မြင်၍ ၁၉၄၅ ခုနှစ် စစ်ပြီးသောအခါ ပင်နီဆီလင်ကို ကမ္ဘာနှင့်အဝန်း အသုံးပြုလာသည်။ လူကို အန္တရာယ်ပေးသည့် မိုက်ခရိုအော်ဂဲနစ်ဇင် (micro organism) ရောဂါပိုးမွှားကြီးများကို ပင်နီဆီလင်က လူကို အန္တရာယ်ပေးသည့် မိုက်ခရိုအော်ဂဲနစ်ဇင် ရောဂါပိုးမွှားကြီးများကို ပင်နီဆီလင်က လုံးဝနှိမ်နင်းပေးသည်။ ဒေါက်တာဖလင်းမင်းမှာ ၁၉၅၅ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. "Alexander Fleming 1881–1955" (1956). Biographical Memoirs of Fellows of the Royal Society 2: 117–126. doi:10.1098/rsbm.1956.0008.