အရှင်တေဇနိယ

ဝီကီပီးဒီးယား မှ

အရှင်တေဇနိယ သည် ဗုဒ္ဓဘာသာရဟန်းတော်တစ်ပါး ဖြစ်သည်။[၁]

အတ္ထုပ္ပတ္တိ[ပြင်ဆင်ရန်]

အရှင်တေဇနိယကို ၁၉၆၇ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့ စနေနေ့ (၁၃၂၄ ခုနှစ် တန်ခူးလဆန်း ၃ ရက်နေ့) တွင် ခမည်းတော် ဦးကျင်မောင်ကြီး + မယ်တော် ဒေါ်ညွန့်စိန် တို့က ရန်ကုန်မြို့၌ ဖွားမြင်ခဲ့သည်။[၁]

ရဟန်းဘဝ[ပြင်ဆင်ရန်]

အရှင်တေဇနိယသည် ၁၉၉၆ ခုနှစ် ဧပြီလ ၇ ရက်နေ့တွင် ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေဥမင်တောရရိပ်သာ၌ ရွှေဥမင်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တကောသလ္လကို ဥပဇ္ဈာယ်ပြုကာ ရဟန်းဝတ်ခဲ့သည်။[၁]

ရေးသားခဲ့သည့် စာအုပ်များ[ပြင်ဆင်ရန်]

အင်္ဂလိပ်ဘာသာ[ပြင်ဆင်ရန်]

  1. Don't Look Down on the Defilement, they will laugh at you
  2. Awareness Alone is not enough.
  3. The practice of Mindfulness will change you.
  4. Dhamma Everywhere.[၁]

မြန်မာဘာသာ[ပြင်ဆင်ရန်]

  1. သဘောထားမှန်မှ အားထုတ်ပါ
  2. နံနက်ခင်းအသိပေးတရားများ
  3. ဘဝထဲမှာ တရားရှိစေချင်ပါတယ်[၁]

သာသနာပြုလုပ်ငန်းများ[ပြင်ဆင်ရန်]

ဆရာတော်သည် မင်္ဂလာဒုံမြို့နယ် ပတ္တမြားမြို့သစ်၊ ကုန်းတလပေါင်းကျေးရွာ “ရွှေဥမင်ဓမ္မသုခတောရရိပ်သာ” ၏ ကမ္မဋ္ဌာနာစရိယ ဆရာတော်အဖြစ် ဆောင်ရွက်လျက်ရှိသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ ဘဝထဲမှာ တရားရှိစေချင်ပါတယ်