စင်္ကမနဒါယက
ပုံပန်းသွင်ပြင်
(အရှင်စင်္ကမနဒါယကထေရ် မှ ပြန်ညွှန်းထားသည်)
အရှင်စင်္ကမနဒါယကထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်၏။[၁]
ဘဝဇာတ်ကြောင်း
[ပြင်ဆင်ရန်]အတ္တဒဿီမြတ်စွာဘုရားလက်ထက်
[ပြင်ဆင်ရန်]အတ္တဒဿီမြတ်စွာဘုရား ထက်ထက်တော်အခါက ဖြစ်၏။ အရှင်စင်္ကမနဒါယကထေရ် သည် အုတ်တို့ကိုစီကာ စင်္ကြံပြုလုပ်လှူဒါန်းခဲ့၏။ ထို့ပြင် မြတ်စွာဘုရားအား သဲတို့ကိုကြဲကာ သဲမွေ့ရာ လှူဒါန်းခဲ့၏။[၁]
အကျိုးခံစားရခြင်း
[ပြင်ဆင်ရန်]ဤဘဒ္ဒကမ္ဘာမှ တစ်ထောင့်ရှစ်ရာကမ္ဘာထက်တွင် စင်္ကြံအလှူ ပြုခဲ့သည့်အချိန်မှစကာ အရှင်စင်္ကမနဒါယကထေရ် သည် အပါယ်လေးဘုံသို့ လုံးဝမကျရောက်ခဲ့ရပေ။
ထို့ပြင် သုံးကမ္ဘာပတ်လုံး နတ်မင်းအဖြစ်ကိုလည်းကောင်း၊ လူ့ပြင်တွင် လူဖြစ်သည့်အခါတွင်လည်း မင်းအဖြစ်ကိုလည်းကောင်း၊ သုံးကြိမ် စကြဝတေးမင်းအဖြစ် အကျိုးကျေးဇူးများစွာ ခံစားခဲ့ရသည်။[၁]
ဂေါတမမြတ်စွာဘုရားထက်ထက်
[ပြင်ဆင်ရန်]နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်စင်္ကမနဒါယကထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[၁]