မာတိကာသို့ ခုန်သွားရန်

စင်္ကမနဒါယက

ဝီကီပီးဒီးယား မှ
ရဟန်းရုပ်တု

အရှင်စင်္ကမနဒါယကထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်၏။[]

ဘဝဇာတ်ကြောင်း

[ပြင်ဆင်ရန်]

အတ္တဒဿီမြတ်စွာဘုရားလက်ထက်

[ပြင်ဆင်ရန်]

အတ္တဒဿီမြတ်စွာဘုရား ထက်ထက်တော်အခါက ဖြစ်၏။ အရှင်စင်္ကမနဒါယကထေရ် သည် အုတ်တို့ကိုစီကာ စင်္ကြံပြုလုပ်လှူဒါန်းခဲ့၏။ ထို့ပြင် မြတ်စွာဘုရားအား သဲတို့ကိုကြဲကာ သဲမွေ့ရာ လှူဒါန်းခဲ့၏။[]

အကျိုးခံစားရခြင်း

[ပြင်ဆင်ရန်]

ဤဘဒ္ဒကမ္ဘာမှ တစ်ထောင့်ရှစ်ရာကမ္ဘာထက်တွင် စင်္ကြံအလှူ ပြုခဲ့သည့်အချိန်မှစကာ အရှင်စင်္ကမနဒါယကထေရ် သည် အပါယ်လေးဘုံသို့ လုံးဝမကျရောက်ခဲ့ရပေ။

ထို့ပြင် သုံးကမ္ဘာပတ်လုံး နတ်မင်းအဖြစ်ကိုလည်းကောင်း၊ လူ့ပြင်တွင် လူဖြစ်သည့်အခါတွင်လည်း မင်းအဖြစ်ကိုလည်းကောင်း၊ သုံးကြိမ် စကြဝတေးမင်းအဖြစ် အကျိုးကျေးဇူးများစွာ ခံစားခဲ့ရသည်။[]

ဂေါတမမြတ်စွာဘုရားထက်ထက်

[ပြင်ဆင်ရန်]

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်စင်္ကမနဒါယကထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ထေရာပဒါန်ပါဠိတော်၊ ဥပါလိဝဂ်