မာတိကာသို့ ခုန်သွားရန်

ကိသလယပူဇက

ဝီကီပီးဒီးယား မှ
(အရှင်ကိသလယပူဇကထေရ် မှ ပြန်ညွှန်းထားသည်)

အရှင်ကိသလယပူဇကထေရ်[] နှင့်ပတ်သက်သော အကြောင်းအရာများကို အပဒါန်ပါဠိတော်[]တွင် တွေ့ရှိနိုင်သည်။ []

သိဒ္ဓတ္ထမြတ်စွာဘုရားလက်ထက်

[ပြင်ဆင်ရန်]

အရှင်ကိသလယပူဇကထေရ်လောင်းသည် သိဒ္ဓတ္ထမြတ်စွာဘုရား ကောင်းကင်၌ ကြွသွားတော်မူသည်ကို ဖူးတွေ့ရ၍ မိမိစိုက်ပျိုးထားသော သော်ကပင်မှ သော်ကညွန့်တို့ကို ဆွတ်ခူးကာ ကောင်းကင်၌ ကြဲမြှောက်ပူဇော်ခဲ့သည်။ ထိုအခါ သော်ကညွန့်တို့သည် ဘုရားရှင်၏ နောက်တော်မှ လိုက်ပါသွားကြသည်။

အကျိုးခံစားရခြင်း

[ပြင်ဆင်ရန်]

ထိုကုသိုလ်ကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးဘုံသို့ လားရောက်ခြင်းမရှိဘဲ သုံးဆယ့်ခုနစ်ကမ္ဘာအထက်၌ ဧကိဿရ စကြဝတေးမင်း ဖြစ်ခဲ့သည်။

ဂေါတမမြတ်စွာဘုရားလက်ထက်

[ပြင်ဆင်ရန်]

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်၌ ရဟန်းပြု၍ တရားဓမ္မများကို ကျင့်ကြံအားထုတ်ခဲ့ရာ ရဟန္တာဖြစ်ခဲ့သည်။

အဓိပ္ပာယ်ဖွင့်ဆိုချက်

[ပြင်ဆင်ရန်]

ဤဝတ္ထုသည် သဒ္ဓါစိတ်ဖြင့် ပြုလုပ်သော ပူဇော်မှု၏ အကျိုးကျေးဇူးကို ဖော်ပြထားသည်။ သေးငယ်သော အလှူဒါနပင်လျှင် ဘဝအဆက်ဆက် ကောင်းကျိုးချမ်းသာကို ခံစားစေနိုင်ကြောင်း သွန်သင်ထားသည်။ ရဟန္တာဖြစ်သည်အထိ ကိလေသာမှ လွတ်မြောက်ခြင်းသည် အလှူဒါနတစ်ခုတည်းကြောင့် မဟုတ်ဘဲ ယခုဘဝတွင် တရားဓမ္မများကို ကျင့်ကြံအားထုတ်မှုကြောင့်လည်း ဖြစ်ကြောင်း ထင်ရှားစေသည်။ အလှူဒါနသည် နိဗ္ဗာန်သို့ ရောက်ကြောင်း အထောက်အပံ့ကောင်းတစ်ခု ဖြစ်သော်လည်း ကိုယ်တိုင် ကျင့်ကြံအားထုတ်မှသာ ကိလေသာမှ လွတ်မြောက်နိုင်ကြောင်း သွန်သင်ထားသည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. ထေရာပဒါန်ပါဠိတော်
  2. (အပ၊၁၊၂၂၃)
  3. ပိဋကတ်ဝတ္ထုလမ်းညွှန်