မာတိကာသို့ ခုန်သွားရန်

အရရှိယာမဝါးတော

ဝီကီပီးဒီးယား မှ

ကိုဩဒိနိတ်: 35°00′34″N 135°40′00″E / 35.009465°N 135.666772°E / 35.009465; 135.666772

ဆဂနိုရှိဝါးတော

အရရှိယာမဝါးတော (အခြားအခေါ်အဝေါ်များ - ဝါးတော၊ ဆဂနိုဝါးတော) သည် ဂျပန်နိုင်ငံကျိုတိုမြို့အရရှိယာမတွင် တည်ရှိသည့် သဘာဝဝါးတောတစ်ခု ဖြစ်သည်။ ဤဝါးတောတွင် မိုးဆိုးဝါးများသည် အများဆုံး ဖြစ်ကြသည်။ လည်ပတ်ကြသူများနှင့် ခရီးသွားများသည် များစွားသောလျှောက်လမ်းများတွင် လှည့်လည်ကြည့်ရှုလည်ပတ်နိုင်ကြသည်။ ၂၀၁၅ ခုနှစ်မတိုင်မီအထိ ဤဝါးတောသို့ ဝင်ရောက်ရန် ဝင်ကြေးပေးရသည်။ ဤဝါးတောသည် တန်းရူးဂျိနှင့် အနီးအနားတွင် တည်ရှိသည်။[][]

တည်နေရာ

[ပြင်ဆင်ရန်]

ဝါးတောသည် ကျိုတိုမြို့၏ အနောက်မြောက်ဘက်တွင် တည်ရှိသည်။ အနီးအနားတွင် တန်းရူးဂျိကျောင်းတော်လည်း တည်ရှိသည်။ ဧရိယာ ၁၆ စတုရန်းကီလိုမီတာ (၆.၂ စတုရန်းမိုင်) ရှိသည်။ ကမ္ဘာပေါ်ရှိ အပူအအေးသင့်တင့်မျှတသည့်နေရာများထဲမှ တစ်ခုလည်း ဖြစ်သည်။[]

ရာသီဥတု

[ပြင်ဆင်ရန်]

ဝါးတောတည်ရှိရာနေရာသည် ကြိုတင်ခန့်မှန်းရန်မလွယ်သည့်ရာသီဥတုရှိပြီး အေးမြကာ နေရောင်ခြည် တောက်ပသည်။ နွေရာသီတွင် ပူ၍ တိမ်ထူလေ့ရှိသည်။ ဆောင်းရာသီတွင် အေးမြပြီး လေတိုက်ခတ်ကာ တိမ်ထူလေ့ရှိသည်။ တစ်နှစ်ပတ်လုံး စိုစွတ်နေသည့် ရာသီဥတုမျိုး ရှိသည်။ အပူချိန်သည် 32 °F (0 °C) မှ 89 °F (32 °C) အထိ အပြောင်းအလဲ ရှိသည်။ နွေရာသီသည် ၂ လကြာမြင့်ပြီး ဇွန်လမှ စက်တင်ဘာလအလယ်မတိုင်မီ ဖြစ်သည်။ နွေရာသီ၏ ပျှမ်းမျှအပူချိန်သည် 80 °F (27 °C) အကျော် ဖြစ်သည်။ ဆောင်းရာသီသည် ၃ လကြာမြင့်ကာ ဒီဇင်ဘာလအစောပိုင်းမှ မတ်လအလယ်ပိုင်းအထိ ဖြစ်ပြီး နေ့စဉ်ပျှမ်းမျှအပူချိန်သည် 53 °F (12 °C) အောက် ဖြစ်သည်။[]

ပြင်ပလင့်များ

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. Cripps၊ Karla။ "Sagano Bamboo Forest -- a most enchanting grove"၊ CNN၊ 6 April 2018။ 29 July 2018 တွင် ပြန်စစ်ပြီး 
  2. Sim၊ Walter။ "Bamboo trees in Kyoto's iconic Arashiyama forest defaced by tourists"၊ 17 May 2018။ 29 July 2018 တွင် ပြန်စစ်ပြီး 
  3. Where is Arashiyama, Kyoto, Japan on Map Lat Long Coordinates။ 2021-08-12 တွင် ပြန်စစ်ပြီး။
  4. Chibber၊ Kabir (2020-11-14)။ Sagano Bamboo Forest Climate (in en-US)။ 2020-12-11 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2022-01-21 တွင် ပြန်စစ်ပြီး။