အယ်လိုဆောရတ်
အယ်လိုဆောရတ် | |
---|---|
![]() | |
Mounted A. fragilis skeleton cast, San Diego Natural History Museum | |
မျိုးရိုးခွဲခြားခြင်း ![]() | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
Clade: | Dinosauria |
မျိုးစဉ်: | Saurischia |
မျိုးစဉ်သေး: | Theropoda |
မျိုးရင်း: | †Allosauridae |
မျိုးရင်းသေး: | †Allosaurinae Marsh, 1878 |
မျိုးစု: | Allosaurus Marsh, 1877 |
Type species | |
†Allosaurus fragilis Marsh, 1877
| |
အခြားမျိုးစိတ်များ | |
Synonyms | |
List
|
အယ်လိုဆောရတ်(Allosaurus)သည် သီရိုပေါ့(Theropod)အုပ်စုဝင် ဒိုင်နိုဆောတစ်မျိုးဖြစ်ပြီး ဂျူရောဆစ်ယုဂ် (Jurassic Period) နောက်ပိုင်းတွင် ကျက်စာခဲ့သည်။ ၁၀ မီတာမှ ၂ မီတာအထိရှိပြီး ရှည်လျားသန်မာသော အမြီးပါရှိ၏။ ၎င်းတို့သည် ခန္ဓာကိုယ်ကြီးမားသော်လည်း ဦးနှောက်အလွန်သေးငယ်သည်။ နောက်ခြေထောက်နှစ်ခေျာင်းပေါ်တွင် အားပြု၍လှုပ်ရှားသွားလာကြ၏။ ရှေ့ခြေများမှာတို၍ ကောက်ကွေးချွန်ထက်သောခြေသည်းများပါရှိသည်။ အယ်လိုဆောရတ်တွင် ကျယ်သောပါးစပ်နှင့် သန်မာသောမေးရိုးရှိ၏။ ဓားမြှောင်ကဲ့သို့ ချွန်ထက်သည့် သွားများပါရှိသည်။ ကြောက်မက်ဖွယ်ကောင်းသော သားစားသတ္တဝါဖြစ်သည်။
အယ်လိုဆောရတ်သည် မြောက်အမေရိကတွင် တွေ့ရသော ကြောက်မက်ဖွယ် ဒိုင်နိုဆောဖြစ်၏။ ၎င်းထက်ကြီးမားသော ဗရွန်တိုဆောရတ်၊ ဒစ်ပလိုဒိုကတ် စသည်တို့ကိုပင် တိုက်ခိုက်စားသောက်သည်။ ၁.၅ မီတာရှိ အကောင်ငယ်ကလေးများမှသည် ၁၁ မီတာရှိအကောင်ကြီးများအထိ အယ်လိုဆောရတ်တို့၏ ကျောက်ဖြစ်ရုပ်ကြွင်းများကို အမေရိကန်ပြည်ထောင်စု၊ ယူးတားပြည်နယ်တွင် တွေ့ရသည်။[၁]
ကိုးကား[ပြင်ဆင်ရန်]
- ↑ ကလေးသူငယ်များအတွက်သုတရတနာသိုက်။ ကမ္ဘာဦးသက်ရှိများ။ ၁၉၈၄။
![]() | ဤ ဒိုင်နိုဆောနှင့်သက်ဆိုင်သော ဆောင်းပါးမှာ ဆောင်းပါးတို တစ်ပုဒ်ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |