အဗ္ဗဒူ ဂါနီ ဘရာဒါ

ဝီကီပီးဒီးယား မှ

မူလာ အဗ္ဗဒူ ဂါနီ ဘရာဒါ (Dari: عبدالغنی برادراخوند‎‎ ၊ ၁၉၆၈ ဘွား) သည် အာဖဂန်လက်နက်ကိုင်အဖွဲ့ဝင်ဖြစ်ပြီး အာဖဂန်နစ္စတန်ရှိတာလီဘန်ကို စဖွဲ့သည့် ခေါင်းဆောင်သူတို့အနက် တဦးဖြစ်သည်။ [၁][၂] တာလီဘန်အဖွဲ့ခေါင်းဆောင် မိုဟာမက်အိုမာ၏ အောက်တွင် ဒုတိယခေါင်းဆောင်အဖြစ် တာဝန်ယူသည်။ အမည်ရင်းမှာ အဗ္ဗဒူဂါနီဖြစ်သော်လည်း အူမာက ဘရာဒါ (အဓိပ္ပာယ်၊ ညီလေး) ဟု ခေါ်တတ်သဖြင့် လက်အောက်ငယ်သားတို့က မူလာဘရာဒါ (အဓိပ္ပာယ်၊ ခေါင်းဆောင်လေး) ဟူ၍ လိုက်ခေါ်ကြသည်။ [၃] ၂၀၁၀ ပြည့်၊ ဖေဖော်ဝါရီလတွင် ပါကစ္စတန်၌ ရှောင်နေစဉ် ဘရာဒါကို အပြည်ပြည်ဆိုင်ရာထောက်လှမ်းရေးအဖွဲ့နှင့် ဗဟိုထောက်လှမ်းရေးအဖွဲ့တို့က ဖမ်းမိသည်။ [၄] ၂၀၁၈ ခု၊ အောက်တိုဘာလ ၂၄ ရက်တွင် အမေရိကန်တို့၏ မေတ္တာရပ်ခံချက်ကြောင့် ပြန်လွတ်လာသည်။ [၅] လွတ်သည်နှင့် အာဖဂန်တာလီဘန်လှုပ်ရှားမှုများတွင် ဩဇာကြီးသူ ပြန်ဖြစ်လာသည်။ [၆]

ကိုးကား[ပြင်ဆင်ရန်]

  1. "Why Does Pakistan's Release of a Key Taliban Leader Matter?". thediplomat.com. Retrieved 16 August 2021.
  2. "Profile: Mullah Abdul Ghani Beradar". BBC News. 17 February 2010. Archived from the original on 18 February 2010. Retrieved 19 August 2021.
  3. Green, Matthew (20 February 2010). "Man in the News: Mullah Abdul Ghani Baradar". Financial Times. Retrieved 17 August 2021.
  4. "Beradar, Abdul Ghani". Interpol. Archived from the original on 18 April 2012. Retrieved 16 February 2010.
  5. Mashal, Mujib; Shah, Taimoor (25 October 2018). "Taliban Deputy Is Released Amid Push for Afghan Peace Talks". The New York Times. Archived from the original on 28 October 2018. Retrieved 28 October 2018.
  6. "Who is Abdul Ghani Baradar, the man who led the Taliban takeover of Afghanistan?". The Times of Israel. 16 August 2021. Retrieved 18 August 2021.