အဗစ္စီ
ပုံပန်းသွင်ပြင်
| Avicii | |
|---|---|
၂၀၁၄ ခု၊ စက်တင်ဘာလတွင် တွေ့ရသော အဗစ္စီ | |
| မွေးဖွား | တင် ဘားဂလင်း ၈ စက်တင်ဘာ၊ ၁၉၈၉ စတော့ဟုမ်း၊ ဆွီဒင် |
| ကွယ်လွန် | ၂၀ ဧပြီ၊ ၂၀၁၈ (အသက် ၂၈) အိုမန်နိုင်ငံ၊ မူစကတ်မြို့ |
| သေဆုံးရခြင်း အကြောင်းရင်း | သတ်သေ |
| နိုင်ငံလူမျိုး | ဆွီဒင် |
| အလုပ်အကိုင် |
|
| တက်ကြွလှုပ်ရှားနှစ်များ | 2006–2018 |
| မိဘများ |
|
| ဝက်ဘ်ဆိုဒ် | avicii.com |
| လက်မှတ် | |
တင် ဘားဂလင်း (အင်္ဂလိပ်: Tim Bergling ) (၁၉၈၉-၂၀၁၉) သည် စင်တက်အမည် အဗစ္စီ (အင်္ဂလိပ်: Avicii) ဖြင့် ကျော်ကြားသည့် ဆွီဒင်လူမျိုး ဂီတပညာရှင်၊ တေးနှောနှင့် တေးသံသွင်းသူ ဖြစ်သည်။
အသက် ၁၆ နှစ်အရွယ်တွင် ဂီတဖိုရမ်များတွင် သီချင်းများတင်ရာမှ ခွေထုတ်ပေးရန် ကတိရလာသည်။ ၂၀၁၁ ခုထွက် အထပ်များ (Levels) သီချင်းနှင့် ပေါက်သွားပြီ: ပထမဆုံးအခွေသည်လည်း လူကြိုက်များသည်။ ထိုအခွေ၌ပါသော ငါ့ကို နှိုးပါ (Wake Me Up) မှာ ဥရောပနှင့် အမေရိကားတို့တွင် ထိပ်တန်း (၁၀) ပုဒ်စာရင်းတွင် ပါခဲ့သည်။
စိတ်ကျန်းမာရေးပြဿနာကြောင့် နယ်လှည့်ဖျော်ဖြေပွဲများကို ၂၀၁၆ ခု၌ ရပ်နားထားရာမှ ၂၀၁၈ ခု၊ ဧပြီလ ၂၀ ရက်တွင် အိုမန်နိုင်ငံ၊ မူစကတ်မြို့၌ မိမိကိုယ်မိမိ အဆုံးစီရင်သွားသည်။ ဂျွန်လ ၈ ရက်တွင် သူ၏ဇာတိ စတော့ဟုမ်းတွင် မြုပ်နှံသဂြိုဟ်သည်။