အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေး

ဝီကီပီးဒီးယား မှ

အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေး သည်မြိတ်မြို့၊ အင်းလေးမြိုင်စက်မှုဇုံ၌ တည်ရှိကာ၊ ၁၀၃.၅၇ ဧက ကျယ်ဝန်းသော မြေပေါ်တွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ၂၉.၉.၂၀၀၀ ရက်စွဲပါ ခွင့်ပြုချက်အမှတ် ၃၄၈/၂၀၀၀ ဖြင့် စီမံကိန်း စတင်ခဲ့သည်။

မြေငှားသက်တမ်း ၂၅+၅+၅= ၃၅ နှစ်ရှိကာ၊ ငါးလုပ်ငန်း ဦးစီးဌာနမှ အစုရှယ်ယာ ၃၀ % နှင့် မြန်မာစီထရာကိုကုမ္ပဏီမှ ၆၀ % ထိ ပါဝင်သည်။ ကျန် ၁၀ % မှာ လုပ်ငန်းရှင် အမည် ဖြစ်သည်။ ပြည်ပချေးငွေ ကန်ဒေါ်လာ သန်း ၂၀ ဖြင့် ၂၀၀၁ အောက်တိုဘာ ၁ တွင် လုပ်ငန်း စတင်ဆောင်ရွက်ခဲ့သော်လည်း၊ အတွေ့အကြုံနည်းပါးခြင်း၊ လုပ်ငန်းကျွမ်းကျင်မှု မရှိခြင်း၊ အရောင်းအဝယ်မသွက်လက်ခြင်းတို့ကြောင့် ၂၀၀၃ ဖေဖော်ဝါရီ ၂၈ တွင် စီမံကိန်းကို ယာယီပိတ်သိမ်းခဲ့သည်။[၁]

ဝိရောဓိများ[ပြင်ဆင်ရန်]

သက်ဆိုင်ရာဌာနများ ပူးပေါင်းပါဝင်မှု အားနည်းခြင်းကြောင့် ရပ်တန့်ခဲ့ရသော ငါးလေလံဈေး ပြန်လည်ဖြစ်ပေါ်အောင် ကြိုးပမ်းရာတွင် ရေထွက်ကုန်အခွန် ရှောင်တိမ်းရန် ကြိုးစားနေသော ရေလုပ်ငန်းရှင်များကြောင့် ကြန့်ကြာရသည်ဟု လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဟိန်းက ဆိုသည်။ တနင်္သာရီတိုင်းဒေသကြီးအတွင်း ကိုယ်ပိုင် ငါးလေလံဈေး ဖြစ်ပေါ်အောင် အားမထုတ်နိုင်သောကြောင့်၊ ထိုင်းဘက်သို့ အဓိက တင်ပို့ရောင်းနေရရာ၊ ကုန်ချိန်နှင့် ငါးအမျိုးအစား မမှန်ပြခြင်း ကဲ့သို့ကော တရားမဝင် ရောင်းဝယ်ဖောက်ကားမှုများ ပေါ်ပေါက်လာသည်။ နှစ်စဉ် ၁၅၀ ဘီလျံကျပ် နစ်နာဆုံးရှုံးသည်[၂]

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာသန်း ၂၀ ဖြင့် ပြန်လည်လည်ပတ်ရန် သက်ဆိုင်ရာကုမ္ပဏီက အဆိုပြုပြီး၊ မြန်မာပြည် အပြည်ပြည်ဆိုင်ရာ နိုင်ငံတကာအဆင့်မီ ငါးလေလံဈေး အမှုဆောင်ဒါရိုက်တာက အစိုးရဆီမှ ရရန်ရှိ အကြွေးများ လျော်ပေးမည်ဟု အဆိုပြုသော်လည်း၊ ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနက မခွင့်ပြုသေးချေ။ ငါးဖမ်းသင်္ဘောပိုင်ရှင်များနှင့် ရေလုပ်ငန်းရှင်များက ငါးလေလံဈေးကို အဓိက ချုပ်ကိုင်ထားပါက အောက်ခြေဝန်ထမ်းများနှင့် အဂတိလိုက်စားမှုများ ဖြစ်နိုင်သည်ဟု လွှတ်တော်ကိုယ်စားလှယ်က ဆိုသည်[၂]

ယင်းကို ရေလုပ်ငန်းရှင်တဦးက ငါးလေလံဈေး မအောင်မြင်ရသည့်အကြောင်းမှာ ဒေသတွင်း လျှပ်စစ်မီတာဈေး ကြီးမြင့်ခြင်း၊ အအေးခန်းစက်ရုံများ မလုံလောက်ခြင်း၊ ပြည်ပဝယ်လိုအားဈေးကွက် မရှိခြင်းတို့ကြောင့်ဟု တုံ့ပြန်သည်။[၂]

၂၀၁၉ နိုဝင်ဘာလဆန်းတွင် အပြည်ပြည်ဆိုင် ငါးလေလံဈေးအတွင်းရှိ ညငါးဈေးကို ရပ်ကွက်အတွင်း သို့ စည်ပင်က ပြန်လည်ပြောင်းရွှေ့ခိုင်းသည်။[၃]

မြိတ်ပင်လယ်ကမ်းရိုးတန်းဒေသရှိ ငါးသယံဇာတသည် ငါးခိုးဖမ်းလှေများကြောင့် ပြုန်းတီးနေရကာ၊ အိမ်နီးချင်းထိုင်းက ငါးဈေးကွက်ကြီးကို ချုပ်ကိုင်ထားသည်။ မြန်မာက ၁ နှစ် ကန်ဒေါ်လာ သန်း ၇၀၀ သာ တင်ပို့နိုင်ချိန်တွင်၊ ထိုင်းက တနှစ် ရေထွက်ပစ္စည်း တင်ပို့မှု ကန်ဒေါ်လာ ၇ ဘီလျံကျော် ရရှိသည်။[၄]

ကိုးကား[ပြင်ဆင်ရန်]

  1. တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြိတ်မြို့နယ် ဒေသဆိုင်ရာအချက်အလက်များ။ September 2019။ p. 41-42October 9, 2020 တွင် ပြန်စစ်ပြီး
  2. ၂.၀ ၂.၁ ၂.၂ မြိတ် ငါးလေလံဈေး ကြန့်ကြာနေမှု ရေလုပ်ငန်းရှင်ကြီးများကြောင့်ဟု လွှတ်တော်ကိုယ်စားလှယ်ပြော - DVB
  3. အပြည်ပြည်ဆိုင်ရာငါးလေလံဈေးရှိ ညငါးဈေးအား ပြောင်းရွှေ့ရန် သက်ဆိုင်ရာမှ စာထုတ်ပြန် | Eleven Media Group Co., Ltd
  4. အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေးဖွင့်ရန် ရင်းနှီးမြှုပ်နှံမှု ဒေါ်လာသန်း ၂၀ ထပ်တိုးခွင့်ပြုရန် ပြင်သစ်ကုမ္ပဏီတင်ပြ | The Farmer Myanmar[လင့်ခ်သေ]