အန္နသံသာဝက၊ သုဘူတိဝဂ်
ပုံပန်းသွင်ပြင်
အရှင်အန္နသံသာဝကထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်၏။[၁]
ဘဝဇာတ်ကြောင်း
[ပြင်ဆင်ရန်]သိဒ္ဓတ္ထဘုရား ပွင့်တော်မူစဉ် အခါက ဖြစ်၏။ အရှင်အန္နသံသာဝကထေရ်သည် မြတ်စွာဘုရားကို ဖူးမြင်ရကာ ပီတိ ဖြစ်လေ၏။ ထို့နောက် မြတ်စွာဘုရားအား ဆွမ်းတို့ဖြင့် လုပ်ကျွေး၏။ ထို့နောက် မြတ်စွာဘုရားသည် ဆွမ်းအနုမောဒနာ ပြုလေ၏။
ထိုသို့ ဆွမ်းလှူခဲ့သည့် အကျိုးကြောင့် အရှင်အန္နသံသာဝကထေရ်သည် အာယုကပ်ပတ်လုံး နတ်ပြည်တွင် နေရ၏။ ဤသို့ ဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်တွင် ဆွမ်းလှူခဲ့သည့်အချိန်မှစကာ အပါယ်လေးဘုံသို့ လုံးဝမကျရောက်ခဲ့ရပေ။
နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်အန္နသံသာဝကထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[၁]