အနောက် ခြေသေးလင်းနို့

ဝီကီပီးဒီးယား မှ
အနောက်ခြေသေးလင်းနို့
(Western small-footed Bat)
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Mammalia
မျိုးစဉ်: Chiroptera
မျိုးရင်း: Vespertilionidae
မျိုးရင်းသေး: Myotinae
မျိုးစု: Myotis
မျိုးစိတ်:
M. ciliolabrum
ဒွိနာမ
Myotis ciliolabrum
(Merriam, 1886)[၁]

အနောက်ခြေသေးလင်းနို့ (western small-footed bat) (Myotis ciliolabrum) သည် အနောက်ခြေသေး မြောတစ် (myotis) ဟု ခေါ်ပြီး၊ မြောက်အမေရိကတွင် ပေါက်ဖွားသော ဗက်စပါ လင်းနို့ (vesper bat)[မှတ်စု ၁] အမျိုးအစား တမျိုးဖြစ်သည်။

သွင်ပြင်လက္ခဏာ[ပြင်ဆင်ရန်]

အနောက်ခြေသေးလင်းနို့များသည် အတော်ပင် သေးငယ်သော လင်းနို့များ ဖြစ်ပြီး၊ စုစုပေါင်း အရှည် ၈ မှ ၁၀ စင်တီမီတာ (၃.၁ မှ ၃.၉ လက်မ) ထိ ရှိကာ၊ အတောင်ပံ ဖြန့်လျှင် ၂၄ စင်တီမီတာ (၉.၄ လက်မ) ရှိသည်။. သူတို့သည် ၄ ဂရမ်မှ ၅ ဂရမ် (၀.၁၄ မှ ၀.၁၈ အောင်စ) ထိ လေးကာ၊ အမများသည် အထီးများထက် ကြီးသည်။ အမွေးနုများသည် ညိုဝါရောင် ရှိပြီး၊ အောက်ပိုင်းသည် ပိုဖျော့တော့ကာ တခါတရံ အဖြူရောင် ဖြစ်တတ်သည်။ နှုတ်သီးနှင့် မေးသည် အနက်ရောင် ဖြစ်ကာ၊ ၁၁ မီလီမီတာ မှ ၁၆ မီလီမီတာ (၀.၄၃ မှ ၀.၆၃ လက်မ) ထိ ရှည်သော နားရွက်များသည်လည်း မည်းသည်။ အမြီးသည် ၃ မှ ၅ စင်တီမီတာ (၁.၂ မှ ၂.၀ လက်မ)ထိ ရှည်ပြီး၊ ယူရိုပတေဂျီယံ (uropatagium) ခေါ်သော ခြေကွက်ကြား အမြှေးပါးအတွင်း လုံးဝ ဖုံးအုပ်နေပြီး၊ အနည်းငယ်မျှသာ အစွန်းထွက်နေတတ်သည်။  အမည်တွင်ထားသည့် အတိုင်းပင် ခြေ‌များသည် သာမန်မဟုတ် သေးငယ်ကာ၊ ခြေသလုံးရိုး (tibia)၏ အရှည် တဝက်ခန့်သာ ရှိသည်။ [၂]

The bats have a wing aspect ratio of 6.1 and a wing loading of 6.7 N/m2, which are both relatively low values for bats.[၃] သူတို့သည် ကယ်လီဖိုးနီးယား မြောတစ်နှင့် သွေးနီးစပ်သည့် ပုံ ပေါ်သည်။ ကယ်လီဖိုးနီးယား မြောတစ်သည် ဤလင်းနို့ အမျိုးအစားနှင့် အဆင့်သတ်မှတ်ချက်များ အချို့ တူသော်လည်း၊ မတူသည့် တခုမှာ ဤခြေသေး မျိုးစိတ်ကဲ့သို့ မည်းနက်သော မျက်နှာပုံ မရှိခြင်း ဖြစ်သည်။[၂]

ပြန့်နှံ့ပုံ[ပြင်ဆင်ရန်]

အနောက် ခြေသေး လင်းနို့များကို မြောက်ဘက်တွင် ဗြိတိသျှ ကိုလံဘီယာနှင့် ဆက်စကက်ချီဝမ်နယ်မှသည် တောင်ဘက်တွင် ဘာဂျ ကယ်လီဖိုးနီးယား၊ ဇကတီကတ်စ် နှင့် နုအဲဗို လီယွန်ပြည်နယ်အထိ မြောက်အမေရိကတိုက် အနောက်ပိုင်း တဝက်လောက်၌ များစွာ တွေ့ရသည်။ ဤ ဒေသကြီး အတွင်း၌ ကန္တာရနှင့် ဖုန်းဆိုးမြေများ ကဲ့သို့သော ခြောက်သွေ့သော၊ တဝက်တပျက် ခေါင်သော နေရာများတွင် အများဆုံး နေထိုင်သည်ကို တွေ့ရသော်လည်း၊ အထူးသဖြင့် ပိုမြင့်သော အမြင့်ပိုင်းတွင် ထင်းရှူးတော သို့မဟုတ် ဂျူနီပါတောများ၌ တွေ့နိုင်သည်။ သူတို့ကို မီတာ ၃၀၀ မှ ၃၃၀၀ အတွင်း (ပေ ၉၈၀ မှ ၁၀၈၃၀) တွေ့နိုင်သည်။ မျိုးစိတ်ခွဲ နှစ်ခုမှာ၊

ဇီဝဗေဒနှင့် အမူအကျင့်[ပြင်ဆင်ရန်]

အနောက်ခြေသေးလင်းနို့များသည် ညမှ ထွက်လာပြီး၊ ပိုးကောင်များ ဖမ်းစားတတ်ကာ၊ ပိုးဖလံများ၊ နောက်ချေးပိုးထိုးကောင်များနှင့် ယင်ကောင်များကို စားသုံးသည်။[၄] ပျံသန်းမှုသည် နှေးသော်လည်း တိုက်ခိုက်ရန် တိကျမှု ရှိသည်၊ မကြာခဏ ရေ သို့မဟုတ် ကျောက်ဆောင်ပေါသည့် ကမ်းပါးများနှင့် နီးနီးကပ်ကပ် နေထိုင်သည်။ သူတို့သည် မကြာခဏ ဂူများထဲတွင် နေ့အချိန် အိပ်တန်းတက်သော်လည်း၊ ပိုသေးငယ်သော အက်ကွဲကြောင်းများ၊ လူလုပ် အဆောက်အဦများ သို့မဟုတ် လျော့ရဲသော သစ်ခေါက်များ အောက်၌လည်း တွေ့ရှိရသည်။ အထီးသည် တကိုယ်တည်း အိပ်တန်းတက်လေ့ ရှိသော်ငြား၊ အမသည် ကလေးများကို စောင့်ရှောက်ရန် ဆယ့်ကိုးကောင်အထိ အုပ်စုကလေးများ ဖွဲ့ပြီး စုစည်း နေထိုင်တတ်သည်။ ဆောင်းရာသီတွင်၊ များအားဖြင့် တကောင်တည်း ဆောင်းခိုသည်။[၅] လင်းနို့များသည် ဇွန်နှင့် ဇူလိုင်လကြားတွင် ရင်သွေး တကောင် မွေးသည်။ မွေးကင်းစများသည် အမွေးပြောင်နေပြီး၊ ၁.၁ ဂရမ် (၀.၀၃၉ အောင်စ) လေးကြောင်း မှတ်တမ်း တင်ထားသည်။

မှတ်စု[ပြင်ဆင်ရန်]

  1. vesper မှာ ညနေဝင်ဟု အဓိပ္ပာယ်ရသဖြင့် မြန်မာလို ညထွက် လင်းနို့ဟု ခေါ်နိုင်သည်၊ တနည်း အတွေ့ရ အများဆုံးသော သာမန် လင်းနို့ အမျိုးအစား ဖြစ်ပြီး၊ မျိုးစိတ်ပေါင်း ၃၀၀ ခန့်ကို အန္တာတိကတိုက်မှ လွဲ၍ တကမ္ဘာလုံးတွင် တွေ့နိုင်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ Arroyo-Cabrales, J. (2008). "Myotis ciliolabrum". IUCN Red List of Threatened Species 2008. IUCN. 
  2. ၂.၀ ၂.၁ "Myotis ciliolabrum" (2001). Mammalian Species: Number 670: pp. 1–5. doi:10.1644/1545-1410(2001)670<0001:MC>2.0.CO;2. 
  3. "Ecological morphology and flight in bats (Mammalia: Chiroptera): wing adaptations, flight performance, foraging strategy and echolocation" (1987). Philosophical Transactions B 316 (1179): 335–427. doi:10.1098/rstb.1987.0030. 
  4. Warner, R.M. (1985). "Interspecific and temporal dietary variation in an Arizona bat community". Journal of Mammalogy 66 (1): 45–51. doi:10.2307/1380954. 
  5. Szewczak, J.M. (1998). "Bats of the White and Inyo mountains of California–Nevada". Western North American Naturalist 58 (1): 66–75.