မာတိကာသို့ ခုန်သွားရန်

အနုရ ကုမာရ ဒိသာနာယက

ဝီကီပီးဒီးယား မှ
အနုရ ကုမာရ ဒိသာနာယက
අනුර කුමාර දිසානායක
அநுர குமார திசாநாயக்க
သီရိလင်္ကာနိုင်ငံ၏ ဒသမမြောက် သမ္မတ
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၂၃ စက်တင်ဘာ ၂၀၂၄
ဝန်ကြီးချုပ်ဟာရီနီအမရာဆူရီယာ
ယခင်လူရာနေးလ် ဝစ်ခ်ရီမီဆင်းဟီ
သီရိလင်္ကာနိုင်ငံ
စိုက်ပျိုးရေး၊မြေယာနှင့်မွေးမြူရေးဝန်ကြီး
တာဝန်သက်တမ်း
၁၀ ဧပြီ ၂၀၀၄ – ၂၄ ဇွန် ၂၀၀၅
သမ္မတချန်ဒရီကာ ဗန္ဓရာနိုက်ကေး ကူမာရာတွန်ဂါ
ဝန်ကြီးချုပ်Mahinda Rajapaksa
ယခင်လူS. B. Dissanayake
ဆက်ခံသူRatnasiri Wickremanayake
အမျိုးသားပြည်သူ့အင်အားစု
(National People's Power)
ခေါင်းဆောင်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁၄ ဇူလိုင် ၂၀၁၉
ယခင်လူကိုယ်တိုင်
ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (JPV) ခေါင်းဆောင်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၂၉ စက်တင်ဘာ ၂၀၁၄
ယခင်လူSomawansa Amarasinghe
သီရိလင်္ကာနိုင်ငံ၏ လွှတ်တော်အမတ်
တာဝန်သက်တမ်း
၁ စက်တင်ဘာ ၂၀၁၅ – ၂၃ စက်တင်ဘာ ၂၀၂၄
ဆက်ခံသူLakshman Nipuna Arachchi
သီရိလင်္ကာနိုင်ငံ၏ အတိုက်အခံခေါင်းဆောင်
တာဝန်သက်တမ်း
၃ စက်တင်ဘာ ၂၀၁၅ – ၁၈ ဒီဇင်ဘာ ၂၀၁၈
ယခင်လူJohn Seneviratne
ဆက်ခံသူMahinda Amaraweera
သီရိလင်္ကာနိုင်ငံ၏ လွှတ်တော်အမတ်
တာဝန်သက်တမ်း
၁ ဧပြီ ၂၀၀၄ – ၈ ဧပြီ ၂၀၁၀
သီရိလင်္ကာနိုင်ငံ၏ လွှတ်တော်အမတ်
တာဝန်သက်တမ်း
၂၂ ဧပြီ ၂၀၁၀ – ၁၇ ဩဂုတ် ၂၀၁၅
ကိုယ်ရေး အချက်အလက်များ
မွေးဖွားDissanayaka Mudiyanselage Anura Kumara Dissanayake
(1968-11-24) ၂၄ နိုဝင်ဘာ၊ ၁၉၆၈ (အသက် ၅၅)
သီရိလင်္ကာနိုင်ငံ
မြောက်အလယ်ပိုင်းပြည်နယ်
အနူရာဒပူရခရိုင် ရှိ ဂါလီဝီလာရွာ
နိုင်ငံရေးပါတီပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ဂျေဗွီပီ)
အခြား
နိုင်ငံရေးလွှမ်းမိုးမှု
အမျိုးသားပြည်သူ့အင်အားစု (အင်န်ပီပီ)
ကြင်ဖော်(များ)Mallika Dissanayake
သားသမီး၁ ဦး
မိခင်ကျောင်းကီလာနီယာတက္ကသိုလ်
လက်မှတ်
ဝက်ဘ်ဆိုဒ်akd.lk

အနုရ ကုမာရ ဒိသာနာယက(သီဟိုဠ်: අනුර කුමාර දිසානායක, ရောမအက္ခရာ: Anura Kumāra Disānāyaka) သို့မဟုတ် အနုရ ကုမာရ တိစာနာယက္က(တမီးလ်: அநுர குமார திசாநாயக்க, ရောမအက္ခရာ: Anura Kumāra Ticānāyakka; ၂၄ နိုဝင်ဘာ ၁၉၆၈ ~ )သည် မာ့က်စ်ဝါဒီ သီရိလင်္ကာ နိုင်ငံရေးသမားဖြစ်ပြီး သီရိလင်္ကာနိုင်ငံ၏ ဒသမမြောက်နှင့် လက်ရှိ သမ္မတ ဖြစ်သည်။ သီရိလင်္ကာနိုင်ငံ၏ ပထမဆုံး လက်ဝဲယိမ်း သမ္မတအဖြစ် မှတ်တမ်းတင်ခံရသည်။[] ယင်းမတိုင်မီက ပါလီမန်အမတ်၊ ဝန်ကြီး၊ အတိုက်အခံခေါင်းဆောင်စသည့် နိုင်ငံရေးဖြတ်သန်းမှုများကို ဆောင်ရွက်ခဲ့ဖူးသည်။

ငယ်ဘဝနှင့် ပညာရေး

[ပြင်ဆင်ရန်]

ဒိသာနာယကကို သီရိလင်္ကာနိုင်ငံ မာတာလီခရိုင်၊ ဂါလီဝီလာရွာတွင် ၁၉၆၈ခုနှစ် နိုဝင်ဘာ ၂၄ရက်တွင် မွေးဖွားခဲ့သည်။[] ဖခင်သည် သာမန် ရုံးဝန်ထမ်းဖြစ်ပြီး မိခင်မှာ အိမ်ရှင်မ တစ်ဦး ဖြစ်သည်။[] သူ့၏ ရွာတွင် တက္ကသိုလ် တက်ခွင့်ရသည့် ပထမဆုံး ကျောင်းသား ဖြစ်ခဲ့သည်။ တက္ကသိုလ် ကျောင်းသားဘဝတွင် ဆိုရှယ်လစ် ကျောင်းသားများ သမဂ္ဂသို့ ဝင်ရောက်ခဲ့သည်။ သူသည် ကလာနီယာ တက္ကသိုလ်(University of Kelaniya)မှ B,Sc(Physical Science)ဘွဲ့ ရခဲ့သည်။

နိုင်ငံရေးဖြတ်သန်းမှု

[ပြင်ဆင်ရန်]

ဒိသာနာယကသည် ကျောင်းသားအရွယ်ကတည်းက နိုင်ငံရေးလှုပ်ရှားမှုများကို စိတ်ဝင်စားခဲ့သူ ဖြစ်သည်။ သီရိလင်္ကာနိုင်ငံရှိ အမျိုးသားရေးပါတီ တစ်ခု ဖြစ်သည့် ဂျာနာသာဗီမွတ်က်သီ ပယ်ရာ မူနာ ပါတီ(JPV) တနည်း ပြည်သူ့လွတ်မြောက်ရေးတပ်ဦး၏ နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်ခဲ့ပြီး အသက် ၁၉ နှစ် အရွယ် ၁၉၈၇ ခုနှစ်တွင် အဆိုပါ ပါတီသို့ ဝင်ရောက်ခဲ့သည်။ ပါတီ၏ နိုင်ငံရေး လှုပ်ရှားမှုများ၌ တက်ကြွစွာ ပါဝင်ခဲ့သည်။ ဒိသာနာယကသည် ၁၉၉၈ ခုနှစ်တွင် ဂျေဗီပီပါတီ၏ နိုင်ငံရေး ဗျူရိုအဖွဲ့ဝင် ဖြစ်လာသည်။ ထို့နောက် ၂၀၀၀ ပြည့်နှစ်တွင် လွှတ်တော်အမတ် ဖြစ်လာခဲ့ပြီး အသက် ၃၅နှစ် အရွယ် ၂၀၀၄ ခုနှစ် ဧပြီလ ၁၀ ရက်နေ့တွင် စိုက်ပျိုးရေး၊မြေယာနှင့် မွေးမြူရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရသည်။ အစိုးရအဖွဲ့ဝန်ကြီး တာဝန်ကို တစ်နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် ဂျေဗီပီပါတီ၏ ခေါင်းဆောင်ဖြစ်လာခဲ့ပြီး အတိုက်အခံခေါင်းဆောင်အဖြစ် ၂၀၁၅ ခုနှစ် မှ ၂၀၁၈ ခုနှစ် အထိ တာဝန်ထမ်းသည်။ ၂၀၁၉ ခုနှစ်တွင် အမျိုးသားပြည်သူ့အင်အားစု(အင်န်ပီပီ)နှင့် မိတ်ဖက်ညွန့်ပေါင်းပါတီ အဖွဲ့အစည်းများ၏ ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သည်။ သီရိလင်္ကာနိုင်ငံ၏ စီးပွားရေး ၂၀၂၂ ခုနှစ်တွင် ပြိုလဲခဲ့ပြီးသည့် နောက်ပိုင်း မာ့က်စ်ဝါဒီ လွှတ်တော်အမတ် နိုင်ငံရေးသမား တစ်ဦး ဖြစ်သူ ဒိသာနာယကသည် နိုင်ငံအတွင်း ထောက်ခံမှုများ ရလာသည်။

သမ္မတဖြစ်လာပုံ

[ပြင်ဆင်ရန်]

၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၁ ရက် သီရိလင်္ကာနိုင်ငံ သမ္မတရွေးကောက်ပွဲတွင် လက်ဝဲယိမ်းပါတီ National People's Power ၏ ခေါင်းဆောင်အဖြစ် ဝင်ရောက် အရွေးခံသည်။ နဝမမြောက် သမ္မတ ဖြစ်သူ ရာနေးလ် ဝစ်ခ်ရီမီဆင်းဟီနှင့် အတိုက်အခံ United People's Power ခေါင်းဆောင် Sajith Premadasa တို့နှင့် ယှဥ်ပြိုင်ရာတွင် အနိုင်အရှုံးရလဒ် မပေါ်ခဲ့သည့်အတွက် တစ်ကျော့ပြန် မဲပေးရွေးချယ်မှုကို ပြုလုပ်ခဲ့ပြီးနောက် မဲစုစုပေါင်း၏ ၅.၇၄ သန်းဖြင့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည်။[] ၂၀၂၄ခုနှစ် စက်တင်ဘာ ၂၃ ရက် မနက်ခင်းတွင် ကိုလံဘိုမြို့တော်ရှိ ကိုလိုနီခေတ် သမ္မတအတွင်းဝန်ရုံးတွင် ကျမ်းသစ္စာ ကျိန်ဆိုပြီး သမ္မတ တာဝန်ကို စတင် ထမ်းဆောင်ခဲ့သည်။[][]

ကိုးကား

[ပြင်ဆင်ရန်]
  1. သီရိလင်္ကာ သမ္မတရွေးကောက်ပွဲ မာ့က်စ်ဝါဒီ Dissanayake အနိုင်ရVOA Burmese (၂၃ စက်တင်ဘာ ၂၀၂၄)။ ၂၆ စက်တင်ဘာ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  2. "Who is Sri Lanka's new president Anura Kumara Dissanayake?"။ 
  3. Ellis-Petersen၊ Hannah။ "Anura Kumara Dissanayake: who is Sri Lanka's new leftist president?" (in en-GB)၊ The Guardian၊ 23 September 2024။ 
  4. သီရိလင်္ကာသမ္မတရွေးကောက်ပွဲမှာ လက်ဝဲယိမ်း သမ္မတလောင်း အနိုင်ရရှိခဲ့NHK (၂၃ စက်တင်ဘာ ၂၀၂၄)။ ၂၆ စက်တင်ဘာ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  5. Anura Kumara to be sworn in as President today (in en)။ 23 September 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 September 2024 တွင် ပြန်စစ်ပြီး။
  6. သီရိလင်္ကာသမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုVOA Burmese (၂၃ စက်တင်ဘာ ၂၀၂၄)။ ၂၆ စက်တင်ဘာ ၂၀၂၄ တွင် ပြန်စစ်ပြီး။