ပဉ္စာနန္တရိယကံ
အနန္တရိယကံ သည် ငါးပါး ရှိသည်။ ပဉ္စာနန္တရိယကံ ဟုလည်း ခေါ်ကြသည်။ ကြီးလေးသောကံတရားဖြစ်ပြီး ကျူးလွန်မိသောသူအား ကြီးလေးသော အပြစ်အန္တရာယ်များ ကျရောက်စေသည်။[၁][၂] အနန္တရိယဟု ခေါ်ဆိုခြင်းမှာ 'အ' (မရှိ)၊ 'နန္တရ' (ကြားကာလ) ဖြစ်ပြီး အဓိပ္ပာယ်အားဖြင့် ကျူးလွန်သူသည် ကြားကာလမရှိဘဲ နောက်ဘဝ၌ ချက်ချင်း ထိုကံ၏ ဆိုးကျိုးကို ခံစားရမည် ဖြစ်သည်။ တစ်နည်းအားဖြင့် ကျူးလွန်သူသည် အဝီစိငရဲပြည်သို့ သေချာပေါက်ရောက်မည် ဖြစ်သည်။[၃] ဗုဒ္ဓဘာသာ၌ ထိုကဲ့သို့ ကြီးလေးသည့် အန္တရိယကံကို ကျူးလွန်သူအား ထိုဘဝ၌ သောတာပန်၊ သကဒါဂါမ်၊ အနာဂမ်၊ ရဟန္တာ စသည့်အရိယာများ ဖြစ်ခွင့်မရှိအောင်ပင် ပိတ်ပင်တားဆီးသည်။[၄] အန္တရိယကံ ငါးမျိုးတို့မှာ အောက်ပါတို့ ဖြစ်သည် - [၅][၆][၇]
- (၁) မာတုဃာတက - အမိရင်းကိုသတ်သူ၊
- (၂) ပိတုဃာတက - အဖရင်းကိုသတ်သူ၊
- (၃) အရဟန္တဃာတက - ရဟန္တာကိုသတ်သူ၊
- (၄) လောဟိတုပ္ပါဒက - ဘုရားအားသွေးစိမ်းတည်အောင်ပြုသူ၊
- (၅) သံဃဘေဒက - သံဃာတော်တို့အား ဂိုဏ်းအသင်းခွဲသူ၊
ဤအနန္တရိယကံကို ကျူးလွန်သူငါးဦးတို့သည် ကုသိုလ်ကောင်းမှုမည်မျှပင်ပြုပြု သေသည်၏အခြားမဲ့က အဝီစိငရဲ စသည်သို့ မုချသွားရောက် ခံစားရမည်ဖြစ်သည်။[၈]
ကျမ်းဂန်လာ အနန္တရိယကံကျူးလွန်သူများ
[ပြင်ဆင်ရန်]အရှင်ဒေဝဒတ်
[ပြင်ဆင်ရန်]ဘုရင်ကြီး သုပ္ပဗုဒ္ဓ၏ သားဖြစ်သူ၊ ယသောဓရာ၏ မောင်တော်စပ်သူ၊ သိဒ္ဓတ္ထမင်းသား၏ တစ်ဝမ်းကွဲညီအစ်ကိုနှင့် ယောက်ဖတော်စပ်သူဖြစ်သည်။ အရှင်ဒေဝဒတ်သည် မြတ်စွာဘုရားအား ဂိဇ္ဈကုဋ်တောင်ပေါ်မှ ကျောက်တုံးလှိမ့်ချကာ မြတ်စွာဘုရားအား သတ်ဖို့ကြိုးစားရာတွင် မြတ်စွာဘုရား၏ ခြေတော်၌ သွေးစိမ်းတည်အောင်ပြုလုပ်ခြင်း၊ သံဃာသင်းခွဲခြင်း စသည့်ကံများကြောင့် အစီစိငရဲသို့ ကျရောက်ခဲ့ရသည်။
အဇာတသတ်
[ပြင်ဆင်ရန်]အဇာတသတ်သည် ဖခင်ဖြစ်သူ ဗိမ္ဗိသာရမင်းကြီးကို သတ်ခဲ့သည့် အနန္တရိယကံကို ကျူးလွန်သည့်အတွက် အဝီစိငရဲသို့ ကျရောက်ရန်ရှိခဲ့သော်လည်း မိမိ၏ အမှားကို သိမြင်ကာ တောင်းပန်ကန်တော့ခဲ့သောကြောင့် လောဟကုမ္ဘီငရဲသို့သာ ကျရောက်ခဲ့သည်။
ပဉ္စာနန္တရိယကံ အဆုံးအဖြတ်များကို အဋ္ဌာနပါဠိ-ပဌမဝဂ်မှာ ကြည့်ပါ။
ပဉ္စာနန္တရိယကံ-၅-ပါးနှင့်စပ်၍ မှတ်သားဖွယ်များ
[ပြင်ဆင်ရန်]- [၉] ပရိကုပ္ပသုတ်၊ [၁၀] ။
- ဝေါရောပိတသုတ်၊ [၁၁]။
- စေတနာမပါလျှင် ပဉ္စာနန္တရိယကံမထိုက်ကြောင်း ရှင်းပြသော အသဉ္စိစ္စကထာ၊ [၁၂] ။
- ၎င်းတို့ခံရသောငရဲ၊ [၁၃]။
- ၎င်းတို့ကို ရှင်ရဟန်းပြုမပေးရဟု ပညတ်ထားသော သိက္ခာပုဒ်၊ [၁၄]
ကိုးကား
[ပြင်ဆင်ရန်]- ↑ Gananath Obeyesekere (1990)၊ The Work of Culture: Symbolic Transformation in Psychoanalysis and Anthropology၊ University of Chicago၊ ISBN 978-0-226-61599-8
- ↑ "The Buddha's Bad Karma: A Problem in the History of Theravâda Buddhism" (1990). Numen 37 (1): 70–95.
- ↑ ဖျာပုံတိုက်သစ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အရှင်ဩဘာသာဘိဝံသ ရေးသားသော သုတေသန သရုပ်ပြအဘိဓာန်ကျမ်း
- ↑ Nakamura၊ Hajime (1991)။ Ways of Thinking of Eastern Peoples: India, China, Tibet, Japan။ Motilal Banarsidass။ p. 285။ ISBN 978-8120807648။
- ↑ The Sutra Preached by the Buddha on the Total Extinction of the Dharma။ buddhism.org။ 15 April 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 January 2013 တွင် ပြန်စစ်ပြီး။
- ↑ Nyanatiloka (1980)၊ Buddhist Dictionary: Manual of Buddhist Terms and Doctrines၊ Buddhist Publication Society၊ ISBN 978-955-24-0019-3
- ↑ Triplegem glossary Archived 2006-12-28 at the Wayback Machine.
- ↑ ဖျာပုံတိုက်သစ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အရှင်ဩဘာသာဘိဝံသ ရေးသားသော သုတေသန သရုပ်ပြအဘိဓာန်ကျမ်း
- ↑ ပဏ်-၃-ပါ-၁၁၀၊ ပဏ်-၃-ဋ္ဌ-၇၄။ ။ နေတ္တိ-ပါ-၇၇၊ နေတ္တိ-ဋ္ဌ-၁၅၇။
- ↑ အံ-၅-ပါ-၁၂၉၊ အံ-၅-ဋ္ဌ-၄၆။
- ↑ အံ-၆-ပါ-၃၈၀။ ။ ဝိ-၃-ပါ-၁၂၁၊ ၁၂၂၊ ဝိ-၃-ဋ္ဌ-၃၀၄၊ သင်္ဂဟ-ဋ္ဌ-၁၅၁။ ။ အဘိ-၂-ပါ-၃၉၂၊ အဘိ-၂-ဋ္ဌ-၄၈၆။ အဘိ-၂-ပါ-၃၄၉၊ အဘိ-၂-ဋ္ဌ-၄၀၆၊ ၄၀၇။ ။ အံ-၃-ပါ-၂၈၊ အံ-၃-ဋ္ဌ-၃၅၃၊ ၄၊ ၅၊ ၃၅၆
- ↑ အဘိ-၅-ပါ-၄၂၇၊ အဘိ-၅-ဋ္ဌ-၂၇၁။
- ↑ ဇာတက-ပါ-ဒု-အုပ်-၆၂၊ ဇာတက-ဋ္ဌ-မ-အုပ်-၂၈၅၊ ၂၉၁။ ။ ဇာတက-ပါ-ဒု-အုပ်-၁၉၂၊ ဇာတက-ဋ္ဌ-ဆ-အုပ်-၁၄၀။
- ↑ ဝိ-၃-ပါ-၁၂၁၊ ဝိ-၃-ဋ္ဌ-၃၀၄။ ။ ပိဋကတ်လမ်းညွှန်[02/006]