အဒရှိနိုနန်းဘုဆွတ်ဘုရား
အဒရှိနိုနန်းဘုဆွတ်ဘုရား (化 野 念 仏 寺 ) သည် ဂျပန်နိုင်ငံ၊ ကျိုတိုမြို့၊ အုခယောရပ်ကွက် (Uky0ku) ရှိ ဗုဒ္ဓရုပ်ပွားတော် ဖြစ်သည်။ ၈၁၁ တွင် ခူးခိုင် (Kūkai) သည် ရုပ်ပွားတော်အား တည်ဆောက်ခဲ့သည်။ ဟိုနန်း (Honen) က လက်ရှိအချိန်တည်ရှိနေသည့် နန်းဘုဆွတ်ရုပ်ပွားတော်ကို ပြင်ဆင်ခဲ့သည်။ ရုပ်ပွားတော်သည် မြင့်မားသည့် တောင်ကုန်းပေါ်တွင် တည်ရှိပြီး အနောက်မြောက်ဘက်မှနေ၍ မြို့တစ်ခုလုံး၏ မြင်ကွင်းကို ရှုစားနိုင်ပေသည်။ ဟဲအိအန် (Heian) ကာလအတွင်းက လူများသည် သေဆုံးပြီးသော လူများ၏ ကိုယ်ခန္ဓာများကို ထိုနေရာတွင် လာရောက်ပစ်ထားကြသည်။ မိုးရွာသည့် အခါများနှင့် လေတိုက်သောအခါများတွင် သေဆုံးပြီးသူတို့၏ အလောင်းများကို လှစ်ဟကာ စွန့်ပစ်ကြသည်။ ယခုအခါတွင်မူ ဗုဒ္ဓရုပ်ပွားတော် ရှစ်ထောင်သည် အဒရှိနိုရုပ်ပွားတော်၏ ပတ်လည်တွင် တည်ရှိလျက် ရှိသည်။ ထိုရုပ်ပွားတော် ရှစ်ထောင်ကို ၁၉၀၃ ခုနှစ်တွင် ပြုလုပ်ခဲ့ပြီး သေဆုံးသွားသည့် ဝိဉာဉ်များအတွက် အမှတ်တရအထိမ်းအမှတ်အနေဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ သေဆုံးသူများ၏ ဝိဉာဉ်များအတွက် အခမ်းအနားကို ပြုလုပ်ကြပြီး ဆန်းတိုခုယို ဟု လူသိများကြသည်။ ထိုအခမ်းအနားတွင် ကျောက်ဖြင့်ပြုလုပ်ထားသည် တစ်သောင်းခန့်ရှိသည့် ရုပ်ပွားတော်များတွင် ဖယောင်းတိုင်များ ထွန်းညှိကြသည်။
သွားရောက်မှု
[ပြင်ဆင်ရန်]၁၇၊ အဒရှိနိုချိုး၊ ဆဂတိုရီးမိုတိ၊ အုခရောခု၊ ကျိုတို ကျိုတိုဘတ်စကား (ကျိုတိုစီတီးဘတ်စကား မဟုတ်ပါ) စီး၍ မှတ်တိုင်သို့ ငါးမိနစ်ခန့် လမ်းလျှောက်ပါ။
ကိုးကား
[ပြင်ဆင်ရန်]- Pictures and discussion in English
- Pictures in German and English[လင့်ခ်သေ]
- Photos and historical information on Adashino Nenbutsuji
35°01′37″N 135°39′52″E / 35.026806°N 135.664522°Eကိုဩဒိနိတ်: 35°01′37″N 135°39′52″E / 35.026806°N 135.664522°E