အာရှ အားကစားပြိုင်ပွဲ

ဝီကီပီးဒီးယား မှ
၀၄:၅၈၊ ၂၇ ဩဂုတ် ၂၀၂၀ နေ့က Dhawell.hlugalay (ဆွေးနွေး | ပံ့ပိုး) (Content in this edit is translated from the existing Wikipedia article at en:Asian Games; see its history for attribution.) တည်းဖြတ်သည့်မူ

အာရှအားကစားပွဲ (Asian Games) (Asiad[၁] ဟုလည်း ခေါ်ကြသော အားကစားပွဲ) သည် အာရှတိုက် တစ်တိုက်လုံးရှိ အားကစားသမားများ ပါဝင်ယှဉ်ပြိုင်ကြသော လေးနှစ်လျှင် တစ်ကြိမ်ကျင်းပသည့် ပြိုင်ပွဲမျိုးစုံပါဝင်သည့် အားကစားပွဲ ဖြစ်သည်။ ပထမဆုံး အာရှအားကစားပွဲကို ၁၉၅၁-ခုနှစ်တွင် အိန္ဒိယနိုင်ငံနယူးဒေလီမြို့တွင် ကျင်းပခဲ့သည်။ ဤ ၁၉၅၁-ခုနှစ် အားကစားပွဲမှ ၁၉၇၈-ခုနှစ် ဘန်ကောက် အားကစားပွဲအထိ အာရှအားကစားအဖွဲ့ချုပ်(AGF)မှ ကြီးမှူးကွပ်ကွဲပြုလုပ်ခဲ့သည်။ အာရှအားကစားအဖွဲ့ချုပ်(AGF) ပြိုကွဲပြီးနောက်၊ ၁၉၈၂-ခုနှစ် နယူးဒေလီ အားကစားပွဲမှစပြီး၊ အာရှအိုလံပစ်ကောင်စီ (OCA)မှ အားကစားပွဲကျင်းပခြင်းကို တာဝန်ယူလုပ်ဆောင်ကာ ကြီးမှူးကွပ်ကွဲနေသည်။

ကိုးကား

  1. China's Great Leap: The Beijing Games and Olympian Human Rights Challenges။ Seven Stories။ 2011-01-04။ p. 51ISBN 9781583228432asian games also known as asiad.